Zawgyi ျဖင့္ဖတ္္ရန္

ဒါးပိန္ (အထက) ေက်ာင္း တြင္ (၉)တန္း ေက်ာင္းသား တစ္ဦးအား အတန္းပိုင္ ဆရာမ က ပါးရိုက္ဆုံးမ

ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးျမိဳ႕နယ္ ဒါးပိန္ျမိဳ႕ အေျခခံပညာ အထက္တန္း တြင္ (နဝမ)တန္း ေက်ာင္းသားတစ္ဦးကို အတန္းပိုင္ ဆာ ဆရာမ က ပါးရိုက္ ဆုံးမခဲ႕မွဳ႕ ေအာက္တိုဘာ(၁၉)ရက္ ေန႕လည္ပိုင္းက ျဖစ္ပြားခဲ႕ေႀကာင္းသိရသည္။

ဒါးပိန္ျမိဳ႕ အေျခခံပညာ အထက္တန္းေက်ာင္း တြင္ ပညာသင္ႀကားေနေသာ နဝမတန္းေက်ာင္းသား ေမာင္—-ကို အတန္းပိုင္ ဆရာမ “ေဒၚေမ***”ဆိုသူက ပါးရိုက္ ဆုံးမခဲ႕ျခင္းျဖစ္သည္ဟု ေမာင္—–၏ အတန္းေဖာ္သူငယ္ခ်င္းမ်ားထံက သိရသည္။

အဆိုပါျဖစ္စဥ္နွင့္ပတ္သက္၍ ကာယကံရွင္ ျဖစ္သူ ေမာင္—နွင့္ေတြ႕ဆုံေမးျမန္းစဥ္”အတန္းPTအခ်ိန္မွာ က်ြန္ေတာ္တို႕အခန္းက သူငယ္ခ်င္း ေတြ ေဆာ့ေျပး ကစားႀကပါတယ္ အဲဒီအခ်ိန္မွာ အျခားစာသင္ခန္းထဲကို က်ြန္ေတာ္ ဝင္ေျပးမိခဲ႕လို႕ ဆရာ မက က်ြန္ေတာ့ ရင္ဘတ္ ကိုဆြဲျပီး ပါး ကို ေလးခ်က္ရိုက္ခဲ႕တာပါ”ဟု ေမာင္—က ေျပာႀကားသည္။

“ဒီအေႀကာင္းကို က်ြန္ေတာ္ တို႕ တစ္ေက်ာင္းလုံးက သိသြားပါတယ္ က်ြန္ေတာ္ အရမ္းရွက္သြားပါတယ္ ေက်ာင္း ေတာင္ ဘယ္လိုမ်က္နွာနဲ႕ျပန္တက္ရမလည္း ဆ္ိုတာေတာင္ မသိေတာ့ပါဘူး ဒီေန႕ က်ြန္ေတာ္ ေက်ာင္းမ တက္ပါဘူး က်ြန္ေတာ့ အေမ ေတာင္ က်ြန္ေတာ့ ပါး ကို ရိုက္ခဲ႕တာမဟုတ္ပါဘူး က်ြန္ေတာ့ပါးကိုရိုက္ခဲ႕တဲ႕ ဆရာမကို က်ြန္ေတာ္ (လုံးဝ)မေက်နပ္နိုင္ဘူး က်ြန္ေတာ့ကိုယ္က်ြန္ေတာ္လည္း ေကာင္းတယ္ မေျပာပါဘူး က်ြန္ေတာ္ ဆိုးလို႕ ဆရာမ က တံျမက္စည္းနဲ႕ရိုက္လိုက္/ေျခေထာက္နဲ႕ကန္လိုက္ဗ်ာ က်ြန္ေတာ္ လက္ခံပါတယ္ အခုက ပါး ကို ရိုက္တာဗ် စိတ္ထဲလည္း မေကာင္းဘူးဗ်ာ”ဟု ေမာင္—-က ဆက္လက္ ေျပာႀကားသည္။

 

လွည္းကူးျမိဳ႕နယ္ ရွိ အေျခခံပညာ အထက္တန္း ေက်ာင္း မ်ားတြင္ ဆရာမ မွ ေက်ာင္းသား အား ပါးရိုက္ဆုံးမခဲ႕ျခင္းမွာ (အထက) ဒါးပိန္ျမိဳ႕ မွ ပထမအစျဖစ္သည္ဟု စုံစမ္းသိရွိရျပီး ၎ျဖစ္စဥ္နွင့္ပတ္သက္၍ အတန္းေဖာ္သူငယ္ခ်င္းမ်ားနွင့္ ဒါးပိန္ျမိဳ႕ ခံမ်ားကလည္း မေက်မနပ္ျဖစ္ေနရေႀကာင္း သိရသည္။

ရြာအျပင္က သာဒင္

share from : လှည်းကူးငါးပိချက်

 

Unicode ဖြင့်ဖတ်ရန်

(၉)တန်း ကျောင်းသား တစ်ဦးအား အတန်းပိုင်ဆရာမက ပါးရိုက်ဆုံးမ

 

ဒါးပိန် (အထက)ကျောင်းတွင် (၉)တန်း ကျောင်းသား တစ်ဦးအား အတန်းပိုင်ဆရာမက ပါးရိုက်ဆုံးမ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒါးပိန်မြို့ အခြေခံပညာ အထက်တန်းတွင် (နဝမ)တန်း ကျောင်းသားတစ်ဦးကို အတန်းပိုင်ဆာ ဆရာမက ပါးရိုက်ဆုံးမခဲ့မှု့ အောက်တိုဘာ(၁၉)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဒါးပိန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်းကျောင်းသား မောင်—-ကို အတန်းပိုင် ဆရာမ “ဒေါ်မေ***”ဆိုသူက ပါးရိုက်ဆုံးမခဲ့ခြင်းဖြစ်သည်ဟု မောင်—–၏ အတန်းဖော်သူငယ်ချင်းများထံက သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်ဖြစ်သူ မောင်—နှင့်တွေ့ဆုံမေးမြန်းစဉ်”အတန်းPTအချိန်မှာ ကျွန်တော်တို့အခန်းက သူငယ်ချင်းတွေ ဆော့ပြေး ကစားကြပါတယ် အဲဒီအချိန်မှာ အခြားစာသင်ခန်းထဲကို ကျွန်တော်ဝင်ပြေးမိခဲ့လို့ ဆရာမက ကျွန်တော့ ရင်ဘတ်ကိုဆွဲပြီး ပါးကို လေးချက်ရိုက်ခဲ့တာပါ”ဟု မောင်—က ပြောကြားသည်။

“ဒီအကြောင်းကို ကျွန်တော်တို့ တစ်ကျောင်းလုံးက သိသွားပါတယ် ကျွန်တော် အရမ်းရှက်သွားပါတယ် ကျောင်းတောင် ဘယ်လိုမျက်နှာနဲ့ပြန်တက်ရမလည်း ဆိုတာတောင် မသိတော့ပါဘူး ဒီနေ့ ကျွန်တော် ကျောင်းမတက်ပါဘူး ကျွန်တော့ အမေတောင် ကျွန်တော့ ပါးကို ရိုက်ခဲ့တာမဟုတ်ပါဘူး ကျွန်တော့ပါးကိုရိုက်ခဲ့တဲ့ ဆရာမကို ကျွန်တော် (လုံးဝ)မကျေနပ်နိုင်ဘူး ကျွန်တော့ကိုယ်ကျွန်တော်လည်း ကောင်းတယ် မပြောပါဘူး ကျွန်တော်ဆိုးလို့ ဆရာမက တံမြက်စည်းနဲ့ရိုက်လိုက်/ခြေထောက်နဲ့ကန်လိုက်ဗျာ ကျွန်တော် လက်ခံပါတယ် အခုက ပါးကိုရိုက်တာဗျ စိတ်ထဲလည်း မကောင်းဘူးဗျာ”ဟု မောင်—-က ဆက်လက် ပြောကြားသည်။

 

လှည်းကူးမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဆရာမမှ ကျောင်းသားအား ပါးရိုက်ဆုံးမခဲ့ခြင်းမှာ (အထက)ဒါးပိန်မြို့မှ ပထမအစဖြစ်သည်ဟု စုံစမ်းသိရှိရပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အတန်းဖော်သူငယ်ချင်းများနှင့် ဒါးပိန်မြို့ခံများကလည်း မကျေမနပ်ဖြစ်နေရကြောင်း သိရသည်။

ရွာအပြင်က သာဒင်

share from : လှည်းကူးငါးပိချက်