Zawgyi ျဖင့္ဖတ္ရန္

ဆံပင္ အစားထိုး စိုက္ျခင္းဟာ ခြဲစိတ္ စရာမလိုဘဲ ဆံပင္ ကၽြတ္ျခင္း ျပႆနာ ကိုေျဖရွင္းတဲ့ နည္းတစ္နည္းပါ။ အႏၲရာယ္ ကင္းတဲ့နည္းတစ္နည္းျဖစ္ျပီး ေလွ်ာ္နုိင္တယ္၊ ဖီးနုိင္တယ္၊ ေခၽြးထြက္လည္းျဖစ္တယ္၊ ေနာက္ဆံုး ကုိယ့္ ခ်စ္သူ ကလက္ေလးနဲ႔ သပ္ေပးတာကိုပါ တြန္႔ဆုတ္စရာ၊ စိုးရိမ္စရာမရွိဘဲခံနုိင္ပါတယ္။

ထိုနည္းဟာ ဆံပင္ ကပ္ေန၊ တာရွည္ခံေနမယ့္ ေဆးနည္း ေတြနဲ႔ ရက္သတၲပတ္အမ်ားၾကီးၾကာေအာင္ ခံပါတယ္။

ဆံပင္ ကပ္ျခင္း

ယာယီ ဆံပင္ စိုက္ျခင္းနည္းတစ္နည္းျဖစ္တယ္။ ေဆး တစ္မ်ိဳးသံုးကာ ဆံပင္ ပါး ေနေသာ၊ မရွိေသာ ဦးေရျပားေနရာမွာ ဆံပင္အသစ္မ်ားကို ကပ္ျခင္းျဖစ္တယ္။ ထိုကပ္မည့္ ဆံပင္ အပိုကုိ အေရာင္၊ အထူ၊ အေျဖာင့္၊ အေကာက္ စသည္ျဖင့္ မူလ ဆံပင္ နဲ႔ အဆင္ေျပမွာကို ေရြးခ်ယ္ျပီးကပ္ေလ့ရွိပါတယ္။

လြယ္ကူျပီး ရိုရွင္းေသာအဆင့္မ်ားသာပါ၀င္တယ္။ ပထမ အဆင့္ က မူလ ဆံပင္ နမူနာယူကာ သဘာ၀က်က်တူေအာင္ ေရြးျခင္းျဖစ္တယ္။ ထို႔ေနာက္ ဆႏၵရွိသည့္၊ ေမွ်ာ္လင့္ထားသည့္အတို္င္းရေအာင္စီကာ ဦးေရျပားေပၚ မူရင္းဆံပင္မ်ားၾကားစိုက္ျခင္းျဖစ္တယ္။

ဆံပင္ ေနာက္တစ္ခါျပန္ညွပ္ရမယ့္အခ်ိန္ခန္႔ ေလးပတ္မွေျခာက္ပတ္ခန္႔အၾကာမွာ ျပန္ျပင္ရပါတယ္။ ဆံပင္ထူေစရန္အျပင္ ပံုမွန္ဆံပင္ထဲ အေရာင္ထည့္ရန္လည္း သံုးလုိ႔ရပါတယ္။ လူတုိင္းမွာ ဆႏၵအမ်ိဳးမ်ိဳးရွိနုိင္တာေၾကာင့္ ေသခ်ာေဆြးေႏြးဖို႔က အေရးၾကီးဆံုးပါ။

ဆံပင္စိုက္ျခင္း

ခြဲစိတ္ စရာမလိုပဲ ထိပ္ေျပာင္ျခင္းကုိဖံုးကာရန္၊ ဆံပင္ပိုထူေစရန္ ဦးေရျပားမွာဆံပင္မ်ားထည့္သြင္းစိုက္ျခင္း ျဖစ္တယ္။ ထို ဆံပင္ အပိုမ်ားကို ဦးေရျပားမွာတုိက္ရိုက္ထည့္ကပ္ျခင္းျဖစ္ျပီး မူလရွိေသာဆံပင္နွင့္ ကိုက္ညီသည့္ဆံပင္မ်ားသာသံုးပါတယ္။

နည္းအမ်ိဳးမ်ိဳးသံုးကာ ထည့္သြင္းစိုက္ေလ့ရွိျပီး မူရင္းဆံပင္မ်ားနွင့္ ယွက္ျဖာျပီးစိုက္ျခင္းက ေနာက္ဆံုးနည္းျဖစ္တယ္။ ဆံပင္မ်ားကို တင္းၾကပ္ေနေအာင္ က်စ္တာေၾကာင့္ ဆံပင္ေပါက္မ်ားေရာင္ရမ္းကာ ဆံပင္ကၽြတ္ျခင္းပိုဆိုးနုိင္ေခ်ရွိေသာေၾကာင့္ ထိုနည္းကိုေရွာင္တာေကာင္းပါလိိမ့္မယ္။

ဆံပင္ ဆက္ျခင္း

ဆံပင္ အထူအျပင္ အရွည္ပါတိုးေစေသာနည္းျဖစ္တယ္။ မူရင္းရွိေသာဆံပင္တြင္ ေနာက္ထပ္ဆံမွ်င္မ်ားကပ္ျခင္းျဖစ္ျပီး ဆံပင္ အေရာင္ ဆုိးလိုသည့္အခါ၊ ဆံပင္ပံုစံအသစ္စမ္းထားခ်င္သည့္အခါ ဆံပင္လည္းမပ်က္စီးေအာင္ အသံုးျပဳနုိင္ေသာ နည္းတစ္နည္းျဖစ္ပါတယ္။

ဆံပင္ ဆက္ျခင္းဟာ ခုဆိုရင္ လူအမ်ားၾကားမွာ ေခတ္စားလာေသာနည္းတစ္နည္းျဖစ္ျပီး တိုးတက္လာေသာ နည္းပညာ ေတြအေလ်ာက္ ဆက္လိုက္ေသာ ဆံပင္ ရဲ႕ အျမင္နဲ႔ခံစားရေသာခံစားခ်က္ကလည္း တဟုန္ထိုးေျပာင္းလဲလ်က္ရွိပါတယ္။ ဆံပင္ ညီညီပါးသူမ်ားႏွင့္ ထိပ္ေျပာင္ေသာဧရိယာ မမ်ားသူမ်ားမွာ သံုးတတ္ပါတယ္။

ဆံပင္ မ်ားကိုအနုစိတ္ယွက္သြယ္စိုက္ျခင္း

နာက်င္မႈကင္းျပီး လ်င္ျမန္၊ ေဘးကင္းေသာ ခြဲစိတ္ စရာမလိုသည့္ နည္းတစ္နညး္ျဖစ္တယ္။ ျပီးလွ်င္ ျပန္စစ္ေဆးစရာ၊ ျပန္ျပစရာမလိုေသာ လတ္တေလာ ဆန္းသစ္ေျပာင္းလဲလာတဲ့ နည္းတစ္နည္းျဖစ္တယ္။

ထိုနည္းမွာ အထူး ဒီဇိုင္း ထြင္ထားေသာ ကလစ္ေပ်ာက္မ်ားနွင့္ ဆံပင္ကုိညွပ္ျခင္းျဖစ္ျပီး ေခါင္းေလွ်ာ္၊ ဆံညွပ္၊ ဆံပင္ ပံုသြင္း၊ အေရာင္ဆိုးျခင္းမ်ားအတြက္လည္း ကန္႔သတ္သတ္မွတ္ခ်က္ နည္းနည္းသာရွိေသာနည္းျဖစ္တယ္။

မည္သည့္ ဆံပင္ ေျပာင္ျခင္းနွင့္မဆို သင့္ေလ်ာ္ျပီးး ေဘး အႏၲရာယ္ လည္းထူးထူးျခားျခားမရွိပါဘူး။ ထပ္ထည့္လိုက္ေသာ ဆံပင္မ်ားမွာ မူလဆံသားအတိုင္း သဘာ၀က်က်နွင့္ အျပစ္ကင္းစြာရွိေနမည္ျဖစ္ျပီး ထိုဆံပင္နွင့္ ေရပင္ကူးလို႔ရနုိင္ပါေသးတယ္။

ထိုခဲြစိတ္စရာမလိုဘဲ ဆံပ င္စိုက္နည္း၊ ဆက္နည္းေတြဟာ မခဲြမစိတ္လိုဘဲ ဆံပင္အျပည့္လိုခ်င္ၾကသူမ်ား အတြက္အလြန္ကိုေကာင္းမြန္ေသာ နည္းေတြျဖစ္ပါတယ္။ ဆံပင္ကပ္ျခင္း၊ စိုက္ျခင္း၊ ဆက္ျခင္း စသည္ျဖင့္ နည္းအမ်ိဳးမ်ိဳးရွိပါတယ္။
ေရးသားသူ Dr.Aye Myat Myat Noe
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar.

Unicode ဖြင့်ဖတ်ရန်

မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ

 

ဆံပင်အစားထိုးစိုက်ခြင်းဟာ ခွဲစိတ်စရာမလိုဘဲ ဆံပင်ကျွတ်ခြင်းပြဿနာကိုဖြေရှင်းတဲ့ နည်းတစ်နည်းပါ။ အန္တရာယ်ကင်းတဲ့နည်းတစ်နည်းဖြစ်ပြီး လျှော်နိုင်တယ်၊ ဖီးနိုင်တယ်၊ ချွေးထွက်လည်းဖြစ်တယ်၊ နောက်ဆုံး ကိုယ့်ချစ်သူကလက်လေးနဲ့ သပ်ပေးတာကိုပါ တွန့်ဆုတ်စရာ၊ စိုးရိမ်စရာမရှိဘဲခံနိုင်ပါတယ်။

ထိုနည်းဟာ ဆံပင်ကပ်နေ၊ တာရှည်ခံနေမယ့် ဆေးနည်းတွေနဲ့ ရက်သတ္တပတ်အများကြီးကြာအောင် ခံပါတယ်။

ဆံပင်ကပ်ခြင်း

ယာယီဆံပင်စိုက်ခြင်းနည်းတစ်နည်းဖြစ်တယ်။ ဆေးတစ်မျိုးသုံးကာ ဆံပင်ပါးနေသော၊ မရှိသော ဦးရေပြားနေရာမှာ ဆံပင်အသစ်များကို ကပ်ခြင်းဖြစ်တယ်။ ထိုကပ်မည့်ဆံပင်အပိုကို အရောင်၊ အထူ၊ အဖြောင့်၊ အကောက် စသည်ဖြင့် မူလဆံပင်နဲ့ အဆင်ပြေမှာကို ရွေးချယ်ပြီးကပ်လေ့ရှိပါတယ်။

လွယ်ကူပြီး ရိုရှင်းသောအဆင့်များသာပါဝင်တယ်။ ပထမအဆင့်က မူလဆံပင်နမူနာယူကာ သဘာဝကျကျတူအောင် ရွေးခြင်းဖြစ်တယ်။ ထို့နောက် ဆန္ဒရှိသည့်၊ မျှော်လင့်ထားသည့်အတိုင်းရအောင်စီကာ ဦးရေပြားပေါ် မူရင်းဆံပင်များကြားစိုက်ခြင်းဖြစ်တယ်။

ဆံပင်နောက်တစ်ခါပြန်ညှပ်ရမယ့်အချိန်ခန့် လေးပတ်မှခြောက်ပတ်ခန့်အကြာမှာ ပြန်ပြင်ရပါတယ်။ ဆံပင်ထူစေရန်အပြင် ပုံမှန်ဆံပင်ထဲ အရောင်ထည့်ရန်လည်း သုံးလို့ရပါတယ်။ လူတိုင်းမှာ ဆန္ဒအမျိုးမျိုးရှိနိုင်တာကြောင့် သေချာဆွေးနွေးဖို့က အရေးကြီးဆုံးပါ။

ဆံပင်စိုက်ခြင်း

ခွဲစိတ်စရာမလိုပဲ ထိပ်ပြောင်ခြင်းကိုဖုံးကာရန်၊ ဆံပင်ပိုထူစေရန် ဦးရေပြားမှာဆံပင်များထည့်သွင်းစိုက်ခြင်း ဖြစ်တယ်။ ထိုဆံပင်အပိုများကို ဦးရေပြားမှာတိုက်ရိုက်ထည့်ကပ်ခြင်းဖြစ်ပြီး မူလရှိသောဆံပင်နှင့် ကိုက်ညီသည့်ဆံပင်များသာသုံးပါတယ်။

နည်းအမျိုးမျိုးသုံးကာ ထည့်သွင်းစိုက်လေ့ရှိပြီး မူရင်းဆံပင်များနှင့် ယှက်ဖြာပြီးစိုက်ခြင်းက နောက်ဆုံးနည်းဖြစ်တယ်။ ဆံပင်များကို တင်းကြပ်နေအောင် ကျစ်တာကြောင့် ဆံပင်ပေါက်များရောင်ရမ်းကာ ဆံပင်ကျွတ်ခြင်းပိုဆိုးနိုင်ချေရှိသောကြောင့် ထိုနည်းကိုရှောင်တာကောင်းပါလိမ့်မယ်။

ဆံပင်ဆက်ခြင်း

ဆံပင်အထူအပြင် အရှည်ပါတိုးစေသောနည်းဖြစ်တယ်။ မူရင်းရှိသောဆံပင်တွင် နောက်ထပ်ဆံမျှင်များကပ်ခြင်းဖြစ်ပြီး ဆံပင်အရောင်ဆိုးလိုသည့်အခါ၊ ဆံပင်ပုံစံအသစ်စမ်းထားချင်သည့်အခါ ဆံပင်လည်းမပျက်စီးအောင် အသုံးပြုနိုင်သော နည်းတစ်နည်းဖြစ်ပါတယ်။

ဆံပင်ဆက်ခြင်းဟာ ခုဆိုရင် လူအများကြားမှာ ခေတ်စားလာသောနည်းတစ်နည်းဖြစ်ပြီး တိုးတက်လာသော နည်းပညာတွေအလျောက် ဆက်လိုက်သောဆံပင်ရဲ့ အမြင်နဲ့ခံစားရသောခံစားချက်ကလည်း တဟုန်ထိုးပြောင်းလဲလျက်ရှိပါတယ်။ ဆံပင်ညီညီပါးသူများနှင့် ထိပ်ပြောင်သောဧရိယာ မများသူများမှာ သုံးတတ်ပါတယ်။

ဆံပင်များကိုအနုစိတ်ယှက်သွယ်စိုက်ခြင်း

နာကျင်မှုကင်းပြီး လျင်မြန်၊ ဘေးကင်းသော ခွဲစိတ်စရာမလိုသည့် နည်းတစ်နည်းဖြစ်တယ်။ ပြီးလျှင် ပြန်စစ်ဆေးစရာ၊ ပြန်ပြစရာမလိုသော လတ်တလော ဆန်းသစ်ပြောင်းလဲလာတဲ့ နည်းတစ်နည်းဖြစ်တယ်။

ထိုနည်းမှာ အထူးဒီဇိုင်းထွင်ထားသော ကလစ်ပျောက်များနှင့် ဆံပင်ကိုညှပ်ခြင်းဖြစ်ပြီး ခေါင်းလျှော်၊ ဆံညှပ်၊ ဆံပင်ပုံသွင်း၊ အရောင်ဆိုးခြင်းများအတွက်လည်း ကန့်သတ်သတ်မှတ်ချက် နည်းနည်းသာရှိသောနည်းဖြစ်တယ်။

မည်သည့်ဆံပင်ပြောင်ခြင်းနှင့်မဆို သင့်လျော်ပြီးး ဘေးအန္တရာယ်လည်းထူးထူးခြားခြားမရှိပါဘူး။ ထပ်ထည့်လိုက်သော ဆံပင်များမှာ မူလဆံသားအတိုင်း သဘာဝကျကျနှင့် အပြစ်ကင်းစွာရှိနေမည်ဖြစ်ပြီး ထိုဆံပင်နှင့် ရေပင်ကူးလို့ရနိုင်ပါသေးတယ်။

ထိုခွဲစိတ်စရာမလိုဘဲ ဆံပင်စိုက်နည်း၊ ဆက်နည်းတွေဟာ မခွဲမစိတ်လိုဘဲ ဆံပင်အပြည့်လိုချင်ကြသူများ အတွက်အလွန်ကိုကောင်းမွန်သော နည်းတွေဖြစ်ပါတယ်။ ဆံပင်ကပ်ခြင်း၊ စိုက်ခြင်း၊ ဆက်ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးရှိပါတယ်။
ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

Credit to