Zawgyi ဖြင့်ဖတ်ရန်
2. မျက်နှာဖြူ အမျိုးသမီး နဲ့ အင်ဒီးယန်းတက်တူး, 1863
1979 မှာ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ခေတ်ပြောင်းတော်လှန်ေ၇းစခဲ့ပြီး အရင်က အဆိုတော်တွေကို သီချင်းဆိုခွင့်နဲ့ အဝတ်အစားဆင်ယင်မှုကို မပိတ်ခင်က ပုံဖြစ်ပါတယ်။
Unicode ဖြင့်ဖတ်ရန်
သမိုင်းကို ဖော်ပြနိုင်တဲ့ အံ့သြစရာဓါတ်ပုံ (17) ပုံ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖုန်းတွေ မပေါ်သေးလို့ ဓာတ်ပုံတွေ အလွယ်တကူရဖို့ ခက်ခဲခဲ့ပေမယ့် ဓာတ်ပုံဆရာတွေဟာ အကောင်းဆုံး အထူးဆန်းဆုံးပုံတွေဖန်တီးနိုင်ခဲ့ပါတယ်။သမိုင်းကို ဖော်ပြနိုင်တဲ့ အံ့သြစရာ 17 ပုံကို ဖော်ပြပေးလိုက်ပါတယ်။
1. လူ့သမိုင်းရဲ့ ပထမဆုံးပုံ , 1838
ငွေမင်ပလိပ်ပြားနဲ့ပြဒါးငွေ့သုံး ပထမဆုံးဓာတ်ပုံကို ပြင်သစ်မှာ ရှိတဲ့ Boulevard du ဘုရားကျောင်းနားမှာရှိတဲ့ ပြတင်းပေါက်ကနေ Louis က 1838 မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။လူအနည်းငယ်ရှိတဲ့ လမ်းမှာ လူတယောက် ဖိနပ်တိုက်နေတာဖြစ်ပါတယ်။အဲ့ပုံဟာ သူ့ရဲ့ အကောင်းဆုံးအချက်အဖြစ် အဲ့ဒီခေတ်က နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
2. မျက်နှာဖြူ အမျိူးသမီးနဲ့ အင်ဒီးယန်းတက်တူး, 1863
ပုံမှာပါတဲ့အမျိုးသမီးဟာ Olive Oatman ဖြစ်ပြီး သူမရဲ့ မိဘတွေဟာ သူမ အသက် 14 နှစ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။သူမကို ပြန်ပေးဆွဲပြီး အင်ဒီးယန်းတွေထံ ရွှေနဲ့ ရောင်းချခြင်းခံရတာဖြစ်ပြီး အင်ဒီးယန်း ယဉ်ကျေးမှုအတိုင်း ၅ နှစ်တိုင် နေထိုင်ပြီးမှ အမေရိကန် လူ့အဖွဲ့အစည်းထဲပြန်ရောက်လာသူဖြစ်ပါတယ်။သူမမှာ တက်တူးတွေပါလာတာဟာ အဲ့ခေတ်က မျက်နှာဖြူတွေအတွက် အထူးအဆန်းဖြစ်ခဲ့ပါတယ်။
3. လက်ဟန်ခြေဟန်နဲ့ ညစ်ညမ်းတဲ့ပုံလုပ်ပြခဲ့တဲ့ ပထမဆုံးပုံ, 1886
ဓာတ်ပုံရိုက်သူရဲ့ အမှားအယွင်းတစုံတရာကြောင့် ဘေ့စ်ဘော အားကစားသမား Charles Radbourn ဟာ စိတ်မရှည်ဟန်နဲက လက်ခလယ်ထောင်ပြခဲ့တဲ့ ပုံဖြစ်ပြီး ပုံတွေထဲမှာ ညစ်ညမ်းဟန်လုပ်ပြတဲ့ ပထမဆုံးဓာတ်ပုံအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
4. ကျောင်းသားတွေ Snowball fight ကစားပြီးပုံ, 1893
Priceton ကျောင်းမှ ကျောင်းသားတွေရဲ့ Snowball ကစားနည်းဟာ စစ်သားတွေ စစ်မြေပြင်ရောက်နေတာထက် ခက်ခဲပြီး အထိုးအကြိတ် အသတ်အပုတ်နဲ့ အနိုင်ကစားခဲ့ရတာဖြစ်ပါတယ်။
5. စစ်မှုထမ်းဟောင်းတဦးရဲ့ မျက်နှာပျက်စီးမှုကို ဖုံးပေးထားတဲ့ မျက်နှာဖုံးနဲ့ ဓာတ်ပုံ, 1917
20 ရာစုမှာ အစပြုပြီး ပလတ်စတစ်ဆာဂျရီ ပေါ်လာခဲ့တာဟာ Snna Coleman Ladd ရဲ့ မျက်နှာဖုံးက စခဲ့တာဖြစ်ပြီး မျက်နှာကို ပြုပြင်ဖို့နည်းလမ်းတွေ တဖြေးဖြေးရှာဖွေခဲ့ကြတာဖြစ်ပါတယ်။မျက်နှာပျက်စီးတဲ့ လူအများစုဟာ ကိုယ့်ကိုယ်ကို သတ်သေမှုများလာတဲ့အတွက် သူတို့မျက်နှာကုသမှုကို ဦးစားပေးတီထွင်ခဲ့ကြတာဖြစ်ပါတယ်။
6. ကမ္ဘာ့အရပ်ရှည်ဆုံးလူသားကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တဲ့ အချိန်က, 1930s
Robert Pershing Wadlow ဟာ ကမ္ဘာမှတ်တမ်းမှာ အရပ်ရှည်ဆုံးစာရင်းဝင်ခဲ့ပြီး ၈ ပေ နဲ့ ၁၁ လက်မ ရှိခဲ့ပါတယ်။သူ့ရဲ့ ကိုယ်အလေးချိန်ဟာ 439 ပေါင်ဖြစ်ပြီး သူဟာ အသက် ၂၂ နှစ်အရွယ် 1940 ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။
7. ဂျာမာန်အလုပ်သမားပါတီရဲ့ အလေးပြုခြင်း သင်္ကေတမှာ မပါခဲ့သူ, 1936
August Landmesser ဟာ ဂှာမာန်ရဲ့ တတိယအင်အားစုဖြစ်တဲ့ ဟစ်တလာရဲ့ ဥပဒေပြု မိန့်ခွန်းကို ကန့်ကွက်တဲ့အနေနဲ့ အလေးမပြုခဲ့ပါဘူးအဲ့အတွက် သူဟာ Irma Eckler နဲ့ လက်မထပ်ခဲ့ရသလို ကောင်မလေးက အသတ်ခံခဲ့ရပြီး သူက ပြစ်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။
8. တိုက်လေယာဉ်တွေမှာ လောင်စာအဖြစ် ဘီယာကို သုံးခဲ့, 1944
ဘီယာဟာ လောင်စာမဟုတ်ပါဘူး။ဒါပေမယ့် ဗြိတိသျှ စစ်သားတွေဟာ လောင်စာနဲက ဘီယာကို စပ်ပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
9. Elizabeth II ဘုရင်မရဲ့ တပ်မတော်, 1945
© ASSOCIATED PRESS/FOTOLINK/East News
ဒုတိယ ကမ္ဘာစစ်မှာ ဘုရင်မဟာ အမျိုးသမီး အကြမ်းဖက်တိုက်ဖျက် အရံတပ်ဖွဲ့ ဖွဲ့ ခဲ့ပြီး ဆေးရုံကားမောင်းနှင်မှုကို တာဝန်ခန့်အပ်ခဲ့ပါတယ်။သူ့ရဲ့ အဖွဲ့အတွက် ခေါင်းဆောင်တယောက်အား နာရီလက်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။
10.အမေရိကန်စစ်သားတွေရဲ့ အိမ်အပြန်, 1945
ဥရောပအနောက်ဖက်စစ်ပွဲအပြီးမှာ အင်္ဂလန်ဘုရင်မကြီးရဲ့ အစီအစဉ်နဲ့ အမေရီကန်စစ်သားတွေ နယူးယောက်ကို ပြန်လာခဲ့ကြတာဖြစ်ပါတယ်။
11. Sophia Loren နဲ့ Jayne Mansfield, 1957
Paramount က ကျင်းပတဲ့ ပါတီတခုမှာ Sophia ရဲ့ ဝတ်စားမှုကို သရော်ဟန်မျက်လုံးနဲ့ Jayne က ကြည့်ခဲ့တာကို ဓာတ်ပုံထဲပါလာဖြစ်ပါတယ်။အဲ့ဒီၤဓာတ်ပုံထါက်တော့ Jayne ဖြေရှင်းချက်ပေးခဲ့တာက ” ကျမက သူ့ရဲ့ နို့သီးခေါင်းတွေ ပန်းကန်ပြားထဲရောက်သွားမလားလို့ စိုးရိမ်ပြီး ကြည့်မိတာ ” လို့ ပြန်ဖြေခဲ့ပါတယ်။
12.ကမ္ဘာ့ခါးအသေးဆုံး အမျိုးသမီး , 1959
Ethel Granger ကမ္ဘာခါးအသေးဆုံးအမျိုးသမီးအဖြစ် ဂရင်းနစ် စံချိန်ဝင်ခဲ့တာဖြစ်ပြီး သူမရဲ့ သာမာန် ခါးဟာ 62 cm ဖြစ်ပြီး နောက်ပိုင်းမှာ 33cm အထိဖြစ်သွားပါတယ်။
13. The Beatles ရဲ့ Abbey Road Cover, 1969
ကမ္ဘာကျော်ပုံတပုံဖြစ်တဲ့ ဘီတဲလ်အဖွဲရဲ့ “Abbey Road” Cover ပုံဖြစ်ပြီး နေရာ ခြောက်နေရာ ရွေးရိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ ဘောင်သွင်းပြီးသား မူရင်း ဓာတ်ပုံကို 1986 မှာ ပေါင် 2530 နဲက ရောင်းချခဲ့ရတာဖြစ်ပါတယ်။
14.Uncle Sam ရဲ့ မူလပထမ ပုံ, 1970
Uncle Sam ရဲ့ စောင့်ကြည့်နေတဲ့ဆိုတဲ့ ကမ်ပိန်းပိုစတာက ပထမဆုံး လူသား ဓာတ်ပုံ Uncle Sam ဖြစ်ပြီး Walter Botts က သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
15. လကမ္ဘာပေါ်က မိသားစု ဓာတ်ပုံ , 1972
Astronaut Charles Duke က Apollo 16 mission နဲ့ သွားခဲ့တုန်းက သူ့ရဲ့ မိသားစုဓာတ်ပုံလေးကို ချပြီး လကမ္ဘာပေါ်မှာချပြီး ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။
16. အစ္စလာမ်မစ် ခေတ်ပြောင်းတော်လှန်ရေးမစခင်က အာရေဘီယံ Pop အဆိုတော်များ
1979 မှာ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ခေတ်ပြောင်းတော်လှန်ရေးစခဲ့ပြီး အရင်က အဆိုတော်တွေကို သီချင်းဆိုခွင့်နဲ့ အဝတ်အစားဆင်ယင်မှုကို မပိတ်ခင်က ပုံဖြစ်ပါတယ်။
17. Kurt Cobain ဂစ်တာလိုက်တီးနေဟန်, 1993
Are You Gonna Go My Way ဆိုတဲ့ သီချင်းကို ကြည့်ပြီး Sep 2 ရက် 1993 မှာ ကြည့်ပြီး Kurt ဟာ ဂီတမှာ စီးမျောခံစားနေတာဖြစ်ပါတယ်။
Credit : www.cantwait2say.com