Zawgyi ျဖင့္ဖတ္္ရန္

အေမရိကန္ နိုင္ငံမွာ စုံတြဲ တတြဲဟာ အားလပ္ရက္ ေနထုိင္ဖို႔ အဲဘီအန္ဘီ (Airbnb) ဧည္ခံႀကိဳဆုိေရးနဲ႔ အြန္လုိင္း ေစ်းကြက္ ကုမၸဏီ ကတဆင့္ ငွားရမ္းခဲ့တဲ့ အိမ္ ထဲက မီးခိုး အနံ႔ခံစက္ထဲ လွ်ဳိ႕ဝွက္ တပ္ဆင္ထားတဲ့ ကင္မရာ နဲ႔ မုိက္က႐ုိဖုန္း ေတြ ေတြ႔ရွိလို႔ ရဲ ကို တုိင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

ဧည့္သည္ ၂ ဦးျဖစ္တဲ့ ဒဲရက္စတားနက္စ္နဲ႔ ဇနီးျဖစ္သူ တုိ႔ဟာ အားလပ္ရက္ အပန္းေျဖဖုိ႔အတြက္ အေမရိကန္ နိုင္ငံ ဖေလာ္ရီဒါျပည္နယ္ ေလာင္းဘုတ္ကီးၿမိဳ႕မွာ အိမ္ တလံုး ငွားရမ္းေနထုိင္စဥ္ လွ်ဳိ႕ဝွက္တပ္ဆင္ထားတဲ့ ကင္မရာ ေတြကုိ ေတြခဲ့တာလို႔ ဆုိပါတယ္။

အိပ္ခန္း က်ယ္အတြင္းရွိ အိပ္ယာ အေပၚဘက္က မီးခိုးအနံ႔ခံစက္ ေပၚမွာ ထူးထူးဆန္းဆန္း အမည္းေရာင္အစက္ေလးကုိ စတားနက္စ္ ေတြ႔ခဲ့ၿပီး အနီးကပ္ၾကည့္ဖုိ႔ ဆံုးျဖတ္ခဲ့တာလုိ႔ ရဲေတြက ေျပာပါတယ္။

ဒီ အမည္းစက္ က ကင္မရာမွန္ဘီလူးလို႔ သိလုိက္ၿပီး သူ ဖြင့္လိုက္ခ်ိန္မွာေတာ့ အထဲမွာ အသံဖမ္း ကိရိယာ ေတြကိုပါ ေတြ႔ခဲ့တာလို႔ ဆုိပါတယ္။

ေနာက္ထပ္ ကင္မရာ တလံုးနဲ႔ အသံဖမ္းစက္ ေတြကိုလည္း ဧည့္ခန္းထဲက မီးခိုးအနံ႔စက္ထဲမွာ ေတြ႔ခဲ့ပါတယ္။

စတားနက္စ္တုိ႔စံုတြဲလည္း ရဲကို တုိင္ၾကားခဲ့ၿပီး အိမ္ခန္း ပုိင္ရွင္ ဝိန္းနက္ကို တျခားသူေတြ လိင္ဆက္ဆံေနတဲ့ ႐ုပ္သံၾကည့္ၿပီး စိတ္ေက်နပ္မႈရွာတဲ့ အမႈနဲ႔ တရားစြဲခဲ့သလို သူ႔ရဲ႕ ကြန္ပဴ်တာ ပစၥည္းေတြနဲ႔ ႐ုပ္သံဖုိင္ေတြကို ရဲေတြက သိမ္းယူခဲ့ပါတယ္။

ဝိန္းနက္ က ကင္မရာ ေတြဟာ သူ႔အိမ္မွာ ပါတီပြဲ က်င္းပတဲ့အခါ သူ႔ရဲ႕ တကုိယ္ေရ အသံုးျပဳမႈအတြက္သာျဖစ္ၿပီး ဧည့္သည္ေတြ အခန္းထဲရွိေနခ်ိန္မွာ ဒီ ကင္မရာ ေတြက အလုပ္မလုပ္ဘူးလို႔ ျငင္းဆန္ခဲ့ေပမယ့္ ရဲတပ္ဖြဲ႔ဝင္ေတြကေတာ့ ကင္မရာေတြ အလုပ္လုပ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

READ  ဖုန္း ကင္မရာ နဲ႕ ဓာတ္ပံု အလန္းေလးေတြ ရိုက္နိုင္ဖို႕

အာဏာပုိင္ ေတြက လူေတာ္ေတာ္မ်ားဟာ ဝိန္းနက္ ရဲ႕ ႐ုပ္သံပိုင္း ဆုိင္ရာ လိင္စိတ္ ေက်နပ္မႈရွာျခင္းရဲ႕ သားေကာင္ေတြ ျဖစ္ႏုိင္တယ္လို႔ စုိးရိမ္ေနၾကပါတယ္။

စတားနက္စ္ နဲ႔ သူ႔ရဲ႕ဇနီး တုိ႔က ျဖစ္ခဲ့တာအတြက္ စုိးရိမ္ပူပန္မိတယ္လို႔ ေျပာဆုိၿပီး သူတို႔ရဲ႕ ကုိယ္လုံးတီးပံုကုိ ကင္မရာက ႐ုိက္ကူးမိမွာ ေသခ်ာတယ္လို႔ ေျပာပါတယ္။

အဲဘီအန္ဘီ ေျပာေရးဆုိခြင့္ရွိသူက ျဖစ္ခဲ့တာနဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္ရေၾကာင္း၊ မၾကာခင္မွာ သူတုိ႔အေနနဲ႔ သတိထားမယ့္အေၾကာင္း၊ ခံစားခဲ့ရတဲ့ ဧည့္သည္ ေတြကို အျပည့္အဝ ေထာက္ခံေၾကာင္း၊ ျပဳလုပ္ခဲ့သူကိုေတာ့ အဲဘီအန္ဘီ အသိုင္းအဝုိင္းက ရာသက္ပန္ ထုတ္ပယ္ေၾကာင္း၊ စံုစမ္းမႈ ေတြ ဆက္လုပ္ေနၿပီး တရားမွ်တမႈ ရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဧည့္သည္ေတြရဲ႕ ကုိယ္ေရးကိုယ္တာ ကိစၥေတြကို အေလးအနက္ထားတဲ့ သူတုိ႔ရဲ႕စည္းမ်ဥ္းကို ခ်ဳိးေဖာက္ခဲ့တဲ့ အခုအျဖစ္အပ်က္က သည္းခံႏုိင္စရာ လံုးဝမရွိဘူးလုိ႔ ေျပာေၾကာင္း ေမရာသတင္းမွာ ေအာက္တုိဘာ ၁၁ ရက္ေန႔က ေဖာ္ျပထားပါတယ္။

credit : DVB

Unicode ဖြင့်ဖတ်ရန်

အိမ်ခန်းငှားရမ်းသည့်စုံတွဲ အခန်းတွင်း လျှို့ဝှက်တပ်ထားသည့် ကင်မရာတွေ့၍ ရဲတိုင်ကြား

အမေရိကန်နိုင်ငံမှာ စုံတွဲတတွဲဟာ အားလပ်ရက် နေထိုင်ဖို့ အဲဘီအန်ဘီ (Airbnb) ဧည်ခံကြိုဆိုရေးနဲ့ အွန်လိုင်းဈေးကွက် ကုမ္ပဏီကတဆင့် ငှားရမ်းခဲ့တဲ့ အိမ်ထဲက မီးခိုးအနံ့ခံစက်ထဲ လျှို့ဝှက်တပ်ဆင်ထားတဲ့ ကင်မရာနဲ့ မိုက်ကရိုဖုန်းတွေ တွေ့ရှိလို့ ရဲကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဧည့်သည် ၂ ဦးဖြစ်တဲ့ ဒဲရက်စတားနက်စ်နဲ့ ဇနီးဖြစ်သူတို့ဟာ အားလပ်ရက် အပန်းဖြေဖို့အတွက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် လောင်းဘုတ်ကီးမြို့မှာ အိမ်တလုံး ငှားရမ်းနေထိုင်စဉ် လျှို့ဝှက်တပ်ဆင်ထားတဲ့ ကင်မရာတွေကို တွေခဲ့တာလို့ ဆိုပါတယ်။

READ  မၾကာမီအခ်ိန္အတြင္း Facebook မွာ အေတြးေတြနဲ႔ ခံစားခ်က္ေတြကိုပါ ေ၀မွ်ႏိုင္ေတာ့မည္

အိပ်ခန်းကျယ်အတွင်းရှိ အိပ်ယာအပေါ်ဘက်က မီးခိုးအနံ့ခံစက်ပေါ်မှာ ထူးထူးဆန်းဆန်း အမည်းရောင်အစက်လေးကို စတားနက်စ် တွေ့ခဲ့ပြီး အနီးကပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဒီအမည်းစက်က ကင်မရာမှန်ဘီလူးလို့ သိလိုက်ပြီး သူ ဖွင့်လိုက်ချိန်မှာတော့ အထဲမှာ အသံဖမ်းကိရိယာတွေကိုပါ တွေ့ခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ် ကင်မရာတလုံးနဲ့ အသံဖမ်းစက်တွေကိုလည်း ဧည့်ခန်းထဲက မီးခိုးအနံ့စက်ထဲမှာ တွေ့ခဲ့ပါတယ်။

စတားနက်စ်တို့စုံတွဲလည်း ရဲကို တိုင်ကြားခဲ့ပြီး အိမ်ခန်းပိုင်ရှင် ဝိန်းနက်ကို တခြားသူတွေ လိင်ဆက်ဆံနေတဲ့ ရုပ်သံကြည့်ပြီး စိတ်ကျေနပ်မှုရှာတဲ့ အမှုနဲ့ တရားစွဲခဲ့သလို သူ့ရဲ့ ကွန်ပူျတာပစ္စည်းတွေနဲ့ ရုပ်သံဖိုင်တွေကို ရဲတွေက သိမ်းယူခဲ့ပါတယ်။

ဝိန်းနက်က ကင်မရာတွေဟာ သူ့အိမ်မှာ ပါတီပွဲကျင်းပတဲ့အခါ သူ့ရဲ့ တကိုယ်ရေ အသုံးပြုမှုအတွက်သာဖြစ်ပြီး ဧည့်သည်တွေ အခန်းထဲရှိနေချိန်မှာ ဒီကင်မရာတွေက အလုပ်မလုပ်ဘူးလို့ ငြင်းဆန်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကတော့ ကင်မရာတွေ အလုပ်လုပ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက လူတော်တော်များဟာ ဝိန်းနက်ရဲ့ ရုပ်သံပိုင်းဆိုင်ရာ လိင်စိတ်ကျေနပ်မှုရှာခြင်းရဲ့ သားကောင်တွေ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

စတားနက်စ်နဲ့ သူ့ရဲ့ဇနီးတို့က ဖြစ်ခဲ့တာအတွက် စိုးရိမ်ပူပန်မိတယ်လို့ ပြောဆိုပြီး သူတို့ရဲ့ ကိုယ်လုံးတီးပုံကို ကင်မရာက ရိုက်ကူးမိမှာ သေချာတယ်လို့ ပြောပါတယ်။

အဲဘီအန်ဘီ ပြောရေးဆိုခွင့်ရှိသူက ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ မကြာခင်မှာ သူတို့အနေနဲ့ သတိထားမယ့်အကြောင်း၊ ခံစားခဲ့ရတဲ့ ဧည့်သည်တွေကို အပြည့်အဝ ထောက်ခံကြောင်း၊ ပြုလုပ်ခဲ့သူကိုတော့ အဲဘီအန်ဘီ အသိုင်းအဝိုင်းက ရာသက်ပန် ထုတ်ပယ်ကြောင်း၊ စုံစမ်းမှုတွေ ဆက်လုပ်နေပြီး တရားမျှတမှု ရှိမယ်လို့ မျှော်လင့်ကြောင်း၊ ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အလေးအနက်ထားတဲ့ သူတို့ရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ အခုအဖြစ်အပျက်က သည်းခံနိုင်စရာ လုံးဝမရှိဘူးလို့ ပြောကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

credit : DVB

LEAVE A REPLY