Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယ နိုင္ငံက သိပၸံပညာရွင္ မ်ားဟာ အိႏၵိယ နိုင္ငံ အေနာက္စြန္ဆုံးမွာ တည္ရွိတဲ့ ဂူဂ်ာရတ္ ျပည္နယ္ရဲ႕ ေနာက္ပိုင္းမွာ မ်ိဳးသုဥ္း သြားၿပီျဖစ္တဲ့ ပင္လယ္ သြားတြား သတၱဝါ Ichthyosaur ရဲ႕ ႏွစ္ ၁၅၂ သန္း သက္တမ္းရွိၿပီျဖစ္တဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။

ဒါဟာ ichthyosaur လို႔ေခၚတဲ့ တြားသြား ပင္လယ္ေန သတၱဝါ တစ္မ်ိဳးရဲ႕ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို အိႏၵိယႏိုင္ငံမွာ ပထမဆုံးအႀကိမ္ေတြ႕ရွိျခင္းလည္း ျဖစ္ပါတယ္။ ဒီ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို တြားသြား သတၱဝါ ေတြ အားအႀကီးဆုံးျဖစ္ေခတ္ျဖစ္တဲ့ Mesozoic ေခတ္ကတည္းကျဖစ္ေပၚခဲ့တဲ့ ေက်ာက္တုံး တစ္တုံးထဲမွာ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

တူးေဖာ္မႈကို ဦးေဆာင္သူ ပါေမာကၡ VR ပရာဆတ္ ကေတာ့ ၁၈ ေပခန႔္ရွည္လ်ားတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း တစ္ခုလုံးနီးပါးကို တူးေဖာ္ၿပီးၿပီျဖစ္ေပမဲ့ ဦးေခါင္း႐ိုး နဲ႔ အၿမီး႐ိုး ကိုေတာ့ မတူးေဖာ္ရေသးဘူးလို႔ဆိုပါတယ္။ဒီေလ့လာခ်က္ကို Plos One science ဂ်ာနယ္ မွာ ပုံႏွိပ္ခဲ့ၿပီး “ဒီေတြ႕ရွိခ်က္ဟာ အိႏၵိယမွာ ichthyosaur လိုပ င္လယ္ေန သတၱဝါ ေတြ ေနဖူးတယ္ဆိုတဲ့ အေထာက္အထားျဖစ္သလို အိႏၵိယႏိုင္ငံဟာ Jurassic ေခတ္ကာလမွာ တျခားႏိုင္ငံေတြ နည္းတူ ဇီဝေဗဒဆိုင္ရာ ဆက္သြယ္ခ်က္ေတြ ရွိေနေၾကာင္း သက္ေသျပခ်က္လည္း ျဖစ္ပါတယ္။” လို႔ ပရာဆတ္ က ဆိုပါတယ္။

 


ichthyosaur ေတြကို လူအမ်ားစုက ဒိုင္ႏိုေဆာ ငါး တစ္ေကာင္ျဖစ္တယ္လို႔ ထင္မွတ္ၾကေပမဲ့ ichthyosaur ဆိုတဲ့ နာမည္ဟာ ဂရိဘာသာစကားအရ Fish Lizard (အိမ္ေျမႇာင္ငါး) လို႔ အဓိပၸါယ္ရၿပီး တြားသြားႏိုင္တဲ့ ပင္လယ္ေန သတၱဝါ ေတြျဖစ္ပါတယ္။ ၁၉ ရာစု အလယ္ပိုင္းကစၿပီး ဒီသတၱဝါေတြကို တြားသြားႏိုင္တဲ့ သတၱဝါ အုပ္စုထဲထည့္ခဲ့ပါတယ္။ ဒီ သတၱဝါ ေတြရဲ႕ အရွည္က ၁ မီတာမွ ၁၄ မီတာ အထိရွိႏိုင္ၿပီး ဒီသတၱဝါေတြဟာ ခြၽန္ထက္သန္မာတဲ့ သြားေတြရွိတဲ့ သတၱဝါ ေတြလို႔ ထင္ရွားခဲ့တဲ့ သတၱဝါ ေတြ ျဖစ္ပါတယ္။ ichthyosaur ေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ သန္း ၉၀ ခန႔္ေလာက္က မ်ိဳးသွဥ္းသြားခဲ့ပါတယ္။

credit : yoyarlay

 

Unicode ဖြင့်ဖတ်ရန်

ရေနေတွားသွားသတ္တဝါ Ichthyosaur ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယမှာ ပထမဆုံးတူးဖော်ရရှိခဲ့

အိန္ဒိယနိုင်ငံက သိပ္ပံပညာရှင်များဟာ အိန္ဒိယနိုင်ငံ အနောက်စွန်ဆုံးမှာ တည်ရှိတဲ့ ဂူဂျာရတ် ပြည်နယ်ရဲ့ နောက်ပိုင်းမှာ မျိုးသုဉ်းသွားပြီဖြစ်တဲ့ ပင်လယ်သွားတွားသတ္တဝါ Ichthyosaur ရဲ့ နှစ် ၁၅၂ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ichthyosaur လို့ခေါ်တဲ့ တွားသွားပင်လယ်နေသတ္တဝါတစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်း ဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တွားသွားသတ္တဝါတွေ အားအကြီးဆုံးဖြစ်ခေတ်ဖြစ်တဲ့ Mesozoic ခေတ်ကတည်းကဖြစ်ပေါ်ခဲ့တဲ့ ကျောက်တုံးတစ်တုံးထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

တူးဖော်မှုကို ဦးဆောင်သူ ပါမောက္ခ VR ပရာဆတ် ကတော့ ၁၈ ပေခန့်ရှည်လျားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလုံးနီးပါးကို တူးဖော်ပြီးပြီဖြစ်ပေမဲ့ ဦးခေါင်းရိုးနဲ့ အမြီးရိုးကိုတော့ မတူးဖော်ရသေးဘူးလို့ဆိုပါတယ်။

ဒီလေ့လာချက်ကို Plos One science ဂျာနယ်မှာ ပုံနှိပ်ခဲ့ပြီး “ဒီတွေ့ရှိချက်ဟာ အိန္ဒိယမှာ ichthyosaur လိုပင်လယ်နေသတ္တဝါတွေ နေဖူးတယ်ဆိုတဲ့ အထောက်အထားဖြစ်သလို အိန္ဒိယနိုင်ငံဟာ Jurassic ခေတ်ကာလမှာ တခြားနိုင်ငံတွေ နည်းတူ ဇီဝဗေဒဆိုင်ရာ ဆက်သွယ်ချက်တွေ ရှိနေကြောင်း သက်သေပြချက်လည်း ဖြစ်ပါတယ်။” လို့ ပရာဆတ်က ဆိုပါတယ်။

ichthyosaur တွေကို လူအများစုက ဒိုင်နိုဆော ငါးတစ်ကောင်ဖြစ်တယ်လို့ ထင်မှတ်ကြပေမဲ့ ichthyosaur ဆိုတဲ့ နာမည်ဟာ ဂရိဘာသာစကားအရ Fish Lizard (အိမ်မြှောင်ငါး) လို့ အဓိပ္ပါယ်ရပြီး တွားသွားနိုင်တဲ့ ပင်လယ်နေသတ္တဝါတွေဖြစ်ပါတယ်။ ၁၉ ရာစု အလယ်ပိုင်းကစပြီး ဒီသတ္တဝါတွေကို တွားသွားနိုင်တဲ့ သတ္တဝါအုပ်စုထဲထည့်ခဲ့ပါတယ်။ ဒီသတ္တဝါတွေရဲ့ အရှည်က ၁ မီတာမှ ၁၄ မီတာ အထိရှိနိုင်ပြီး ဒီသတ္တဝါတွေဟာ ချွန်ထက်သန်မာတဲ့ သွားတွေရှိတဲ့ သတ္တဝါတွေလို့ ထင်ရှားခဲ့တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ichthyosaur တွေကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၉၀ ခန့်လောက်က မျိုးသှဉ်းသွားခဲ့ပါတယ်။

credit : yoyarlay