Zawgyi ျဖင့္ဖတ္္ရန္

‘‘သူ (လမင္းခ) ဝါသနာ ပါလို႔ ဒီအလုပ္ေလးကို ႐ူး႐ူးမူးမူးျဖစ္တယ္ဆုိေတာ့ ေအာင္ျမင္ေစခ်င္ပါတယ္’’အိုင္းရင္းခေရာ့စ္ အဖြဲ႕၏ ပင္တုိင္ အဆုိရွင္ အငဲ ၏ သမီးႀကီး လမင္းခ ၏  တစ္ကိုယ္ေတာ္ အေခြ ကို ေအာက္တုိဘာ ၁၉ ရက္တြင္ ျဖန္႔ခ်ိမည္ျဖစ္သည္။ သမီး ျဖစ္သူ ဂီတ ဝါသနာ ပါသည့္အေၾကာင္းကို ဇနီး က ေျပာသည့္အခ်ိန္က်မွ သိခဲ့ရသလို အဆုိေတာ္ ၏ ရင္ေသြးျဖစ္ေသာေၾကာင့္ အဆိုေတာ္ ျဖစ္ရမည္ဟုတြန္းအားေပးမႈမရွိခဲ့ေၾကာင္း အငဲက  ေျပာသည္။ ထို႔ေၾကာင့္ အငဲကို သမီးျဖစ္သူ၏ တစ္ကိုယ္ေတာ္အေခြအတြက္ ပံ့ပိုးေပးျဖစ္သည့္ အေၾကာင္းအရာမ်ား အပါအဝင္ ၎၏ တစ္ကိုယ္ေတာ္ အေခြသစ္ အေၾကာင္း ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။

လမင္းခ ရဲ႕အေခြ မွာ သီခ်င္း ေျခာက္ပုဒ္အထိ ေရးေပးျဖစ္တာက သမီးျဖစ္ေနလုိ႔ ေရးေပးျဖစ္သြားတာလား။

သီခ်င္း တြက ေရးရင္း၊ေရြးရင္းနဲ႔ သီခ်င္း မျပည့္ခင္ ကိုယ္ပဲေရးျဖစ္ေနတာဆုိေတာ့ ေျခာက္ ပုဒ္ျဖစ္သြား တာ။ သူမ်ားေတြကို ေရးေပးသလိုပဲေရးျဖစ္တာပါ။ သမီးရယ္လို႔ ထူးထူးျခားျခားစဥ္း စားၿပီးေရးတာ မရွိပါဘူး။ အဲဒီလို တည္တာဆိုလုိ႔ သူ႔ညီမနဲ႔ဆုိထား တဲ့ အပုဒ္ဆို သူတို႔ညီအစ္မႏွစ္ ေယာက္က ဝါသနာတူေတာ့ အဲဒီ အေၾကာင္းေလး ေရးေပးတယ္။ ကြၽန္ေတာ္နဲ႔ဆုိတဲ့ သီခ်င္းေလးဆို ကြၽန္ေတာ္နဲ႔ဆုိလို႔ေကာင္းမယ့္အ ေၾကာင္းအရာေလး ေရးေပး တယ္။ က်န္တဲ့သီခ်င္းေတြက ေတာ့ ခါတုိင္း ကြၽန္ေတာ္ေရး သလိုပဲ Original သီခ်င္း ရဲ႕ ေတး သြားအလိုက္ Music ပံ့ပိုးေပးထား တာနဲ႔ လိုက္ဖက္မယ့္ အေၾကာင္း အရာစကားလံုးမ်ိဳးကို ေရြးၿပီးေရး တာပါ။

အခုအခ်ိန္မွာ ေကာ္ပီ နဲ႔ပတ္သက္ ရင္ ေဝဖန္တာေတြရွိေပမယ့္ ေကာ္ပီ သီခ်င္း ေတြပဲ လုပ္ေပးျဖစ္တာက ဘာေၾကာင့္ပါလဲ။

အဲဒါကေတာ့ ေျပာတဲ့လူက ေျပာေနမွာပဲ။ သူ႔ရဲ႕အယူအဆနဲ႔ သူ႔ရဲ႕ ခံယူခ်က္၊ သူ႔ယံုၾကည္ခ်က္ ေပါ့။ ကြၽန္ေတာ္ကေတာ့ ဟိုးအစ ကတည္းက ေကာ္ပီဆိုလာတာ ပါ။ ကြၽန္ေတာ့္စီးရီးကိုးခုမွာ ရွစ္ခု က ေကာ္ပီပါ။ ေနာက္ဆံုးတစ္ေခြ ကပဲ Own Tune ပါ။ ကြၽန္ေတာ့္ အျမင္က ဟိုးအရင္ကတည္းက စီးရီး စမထုတ္ခင္ကတည္းက၊ ဘိုဘိုဟန္နဲ႔ စိုင္းထီးဆုိင္ကို အတူ တူဆိုလာတာပါ။ ကြၽန္ေတာ့္စိတ္ ကူးထဲမွာ ဘာမွမရွိပါဘူး။ ေျပာ တဲ့လူကေတာ့ ေျပာမွာပဲေလ။

ေကာ္ပီသီခ်င္းေတြဆုိရတာက ေအာင္ျမင္ၿပီးသား သီခ်င္း ေတြကို ျပန္ဆုိရတာဆုိေတာ့ ပိုၿပီးတာဝန္ႀကီးလား။

အခက္အခဲကေတာ့ ႏွစ္ခု စလံုးမွာရွိပါတယ္။ ေကာ္ပီဆို ရင္ လည္း ေကာ္ပီအလိုက္ တာဝန္ ႀကီးတာေလးေတြရွိတယ္။ Own Tune ဆိုရင္ Own Tune အလိုက္ ဒီ သီခ်င္း ကို ေတးေရးဆရာကေပး ၿပီးရင္ ကိုယ္ေကာင္းေအာင္ ဘယ္ေလာက္ထိ လုပ္ႏုိင္သလဲဆုိတဲ့ ကိုယ့္အစြမ္းအစကို ထုတ္ရတဲ့ အခက္အခဲေလးေတြလည္း ရွိပါ တယ္။ အခက္အခဲကေတာ့ ႏွစ္ခု စလံုးရွိတာပါပဲ။ သီခ်င္းေကာင္း ျဖစ္ဖို႔ပဲ အေရးႀကီးတာပါ။

သမီးႏွစ္ေယာက္စလံုးက ဂီတ ဝါသနာ ပါတာဆုိေတာ့ အဲဒီအ ေပၚ အေဖ တစ္ေယာက္အေနနဲ႔ ခံစားမႈက ဘယ္လုိရွိလဲ။ ဘယ္လို ပံ့ပိုးေပးျဖစ္လဲ။

ဒီလမ္းေၾကာင္းေပၚမွာ ဝါသနာ ပါလာတယ္ဆုိေတာ့လည္း ကိုယ္ေတြ႕တဲ့အေတြ႕အႀကံဳေလး ေတြ၊ သူသိခ်င္တာေလးေတြ ေျပာ ျပရတာေပါ့။ ကိုယ္နဲ႔လည္း အတူ တူသြားလာေနတာဆုိေတာ့ ေတြ႕ေနႀကံဳေနရတာပါ။ ဒီလမ္း ေၾကာင္းေပၚကို မေရာက္ေသး တာပဲရွိတာ။ ဒီအတုိင္းေတာ့ ကြၽန္ေတာ္နဲ႔ ေနတယ္ဆုိေတာ့ သူ လည္း ျမင္ေတြ႕ေနရတာပါ။ သူ႔ အတြက္ သီးျခားႀကီးသင္စရာမလို ပါဘူး။ သူ (လမင္းခ)ဝါသနာပါလို႔ ဒီအလုပ္ေလးကို ႐ူး႐ူးမူးမူးျဖစ္တယ္ဆုိေတာ့ ေအာင္ျမင္ေစခ်င္ပါတယ္။ ဒါကေတာ့ ပရိသတ္က ဆံုးျဖတ္ ေပးရမွာပါ။ သူ႔ကိုေအာင္ျမင္ေစ ခ်င္တဲ့ ခံစားမႈေလးပဲရွိပါတယ္။

ညမီးအိမ္ သီခ်င္း ကို လမင္းခ ျပန္ ဆုိထားတာလည္း အားေပးမႈရ တယ္ဆုိေတာ့ အဲဒီသီခ်င္းကို ဘယ္လိုေပးဆုိျဖစ္သြားတာလဲ။

ညမီးအိမ္က သူသႀကၤန္မွာ ဆုိေတာ့ အေဖ့ သီခ်င္း တစ္ပုဒ္ဆုိ ခ်င္တယ္ဆုိေတာ့ ကြၽန္ေတာ့္ သီခ်င္းထဲက ေရြးေပးတာ။ သူ႔ အသံနဲ႔လိုက္မယ့္ဟာမ်ိဳးေလးေရြး ေတာ့ အဲဒီ သီခ်င္း ကို သြားျမင္ တယ္။ အဲဒီ သီခ်င္း က ပါးပါးလည္းသိပ္မဆိုျဖစ္ဘူး။ သမီးဆိုလိုက္ ဆုိၿပီး စင္ေပၚမွာ ဆုိရာကေန Cover Song လုပ္မယ္ဆုိတာ သိေတာင္မသိလိုက္ဘူး။ ဒါေပမဲ့ သူ႔ကို ဆုိခုိင္းကတည္းက သမီးကို အၿပီးေပးလိုက္တယ္။ သမီးႀကိဳက္တာလုပ္လို႔။

၂၀၀၉ ကတည္းက တစ္ကိုယ္ ေတာ္ အေခြ မထြက္ျဖစ္ေတာ့တာ ဆုိေတာ့ ပရိသတ္ ေတြအတြက္ တစ္ကိုယ္ေတာ္အေခြအသစ္ ေကာ လုပ္ေနၿပီလား။

အေခြေတာ္ေတာ္နဲ႔ မလုပ္ ျဖစ္တာက ပ်င္းလို႔ပါ။ စလည္း တည္ၿပီး သီခ်င္းသံုးပုဒ္လား၊ ေလးပုဒ္လား တီးၿပီးေတာ့ သူ(လမင္းခ)အေခြလုပ္တယ္ဆုိေတာ့ သူ႔အ တြက္ လုပ္ေပးေနရတာ။ အာ႐ံု မ်ားလုိ႔ ရပ္ထားတာ။ အခုျပန္လုပ္ ေနပါၿပီ။ လုပ္ေတာ့လုပ္ေနပါၿပီ။ ဘယ္ႏွပုဒ္မွ ထြက္မယ္လုိ႔ေတာ့ မေတြးထားဘူး။ အခုထိေတာ့ ေျခာက္ပုဒ္ရွိတယ္။ ေျခာက္ပုဒ္မွာ Body ခ်ည္းပဲ ၿပီးထားတာ သံုးပုဒ္ ဆုိေတာ့ ဘယ္အခ်ိန္မွ ထြက္မယ္ ဆုိတာက သီခ်င္း ၁၀ ပုဒ္၊ ၁၂ ပုဒ္ဆုိရင္ေတာ့ နည္းနည္းၾကာဦး မွာေပါ့။ ဒါေပမဲ့ ဒီၾကားထဲမွာ သီခ်င္းေလးေတြ ခုနစ္ပုဒ္၊ ရွစ္ပုဒ္ နဲ႔ အဂၤါစံုတယ္လို႔ ထင္ရင္လည္း ထုတ္လိုက္မွာ။

အိုင္းရင္းခေရာ့စ္ အေနနဲ႔ေကာ အေခြ သစ္ထပ္လုပ္ေနတာမ်ိဳးရွိဦးမလား။

အဖြဲ႕အေခြေတာ့ မလုပ္ထားပါဘူး။ ဝိုင္ဝိုင္းဆိုရင္ အခုဆိုေန ၿပီ။ သူ႔ သီခ်င္းေခြကၿပီးေတာ့မယ္ ထင္တယ္။ ကြၽန္ေတာ္က သီခ်င္း သြင္းေနတယ္။ ေနာက္ၿပီး ေလး ျဖဴတို႔၊ မ်ိဳးႀကီးတုိ႔ကေတာ့ တစ္ပုဒ္ ခ်င္းေတြလုပ္ေနတယ္။ ေလးျဖဴကေတာ့ ထြက္သြားၿပီ။ ဒါအခ်စ္ လား။ မ်ိဳးႀကီးလည္း တစ္ပုဒ္လုပ္ ေနတယ္နဲ႔တူတယ္။ သီးျခားစီပဲ လုပ္ေနၾကတာပါ။

ေက်းဇူးတင္ပါတယ္။

Credit : 7 day daily

 

Unicode ဖြင့်ဖတ်ရန်

အဆိုတော် အငဲနှင့်တွေ့ဆုံခြင်း

‘‘သူ (လမင်းခ) ဝါသနာပါလို့ ဒီအလုပ်လေးကို ရူးရူးမူးမူးဖြစ်တယ်ဆိုတော့ အောင်မြင်စေချင်ပါတယ်’’

 

အိုင်းရင်းခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင် အငဲ၏ သမီးကြီး လမင်းခ၏ တစ်ကိုယ်တော်အခွေ ကို အောက်တိုဘာ ၁၉ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ သမီးဖြစ်သူဂီတဝါသနာပါသည့်အကြောင်းကို ဇနီးက ပြောသည့်အချိန်ကျမှ သိခဲ့ရသလို အဆိုတော်၏ ရင်သွေးဖြစ်သောကြောင့် အဆိုတော်ဖြစ်ရမည်ဟုတွန်းအားပေးမှုမရှိခဲ့ကြောင်း အငဲက ပြောသည်။ ထို့ကြောင့် အငဲကို သမီးဖြစ်သူ၏ တစ်ကိုယ်တော်အခွေအတွက် ပံ့ပိုးပေးဖြစ်သည့် အကြောင်းအရာများ အပါအဝင် ၎င်း၏ တစ်ကိုယ်တော်အခွေသစ်အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လမင်းခရဲ့အခွေမှာ သီချင်း ခြောက်ပုဒ်အထိ ရေးပေးဖြစ်တာက သမီးဖြစ်နေလို့ ရေးပေးဖြစ်သွားတာလား။

သီချင်းတွေက ရေးရင်း၊ရွေးရင်းနဲ့ သီချင်းမပြည့်ခင် ကိုယ်ပဲရေးဖြစ်နေတာဆိုတော့ ခြောက် ပုဒ်ဖြစ်သွား တာ။ သူများတွေကို ရေးပေးသလိုပဲရေးဖြစ်တာပါ။ သမီးရယ်လို့ ထူးထူးခြားခြားစဉ်း စားပြီးရေးတာ မရှိပါဘူး။ အဲဒီလို တည်တာဆိုလို့ သူ့ညီမနဲ့ဆိုထား တဲ့ အပုဒ်ဆို သူတို့ညီအစ်မနှစ် ယောက်က ဝါသနာတူတော့ အဲဒီ အကြောင်းလေး ရေးပေးတယ်။ ကျွန်တော်နဲ့ဆိုတဲ့ သီချင်းလေးဆို ကျွန်တော်နဲ့ဆိုလို့ကောင်းမယ့်အ ကြောင်းအရာလေး ရေးပေး တယ်။ ကျန်တဲ့သီချင်းတွေက တော့ ခါတိုင်း ကျွန်တော်ရေး သလိုပဲ Original သီချင်းရဲ့ တေး သွားအလိုက် Music ပံ့ပိုးပေးထား တာနဲ့ လိုက်ဖက်မယ့် အကြောင်း အရာစကားလုံးမျိုးကို ရွေးပြီးရေး တာပါ။

အခုအချိန်မှာ ကော်ပီနဲ့ပတ်သက် ရင် ဝေဖန်တာတွေရှိပေမယ့် ကော်ပီသီချင်းတွေပဲ လုပ်ပေးဖြစ်တာက ဘာကြောင့်ပါလဲ။

အဲဒါကတော့ ပြောတဲ့လူက ပြောနေမှာပဲ။ သူ့ရဲ့အယူအဆနဲ့ သူ့ရဲ့ ခံယူချက်၊ သူ့ယုံကြည်ချက် ပေါ့။ ကျွန်တော်ကတော့ ဟိုးအစ ကတည်းက ကော်ပီဆိုလာတာ ပါ။ ကျွန်တော့်စီးရီးကိုးခုမှာ ရှစ်ခု က ကော်ပီပါ။ နောက်ဆုံးတစ်ခွေ ကပဲ Own Tune ပါ။ ကျွန်တော့် အမြင်က ဟိုးအရင်ကတည်းက စီးရီး စမထုတ်ခင်ကတည်းက၊ ဘိုဘိုဟန်နဲ့ စိုင်းထီးဆိုင်ကို အတူ တူဆိုလာတာပါ။ ကျွန်တော့်စိတ် ကူးထဲမှာ ဘာမှမရှိပါဘူး။ ပြော တဲ့လူကတော့ ပြောမှာပဲလေ။

ကော်ပီသီချင်းတွေဆိုရတာက အောင်မြင်ပြီးသားသီချင်းတွေကို ပြန်ဆိုရတာဆိုတော့ ပိုပြီးတာဝန်ကြီးလား။

အခက်အခဲကတော့ နှစ်ခု စလုံးမှာရှိပါတယ်။ ကော်ပီဆိုရင် လည်း ကော်ပီအလိုက် တာဝန် ကြီးတာလေးတွေရှိတယ်။ Own Tune ဆိုရင် Own Tune အလိုက် ဒီသီချင်းကို တေးရေးဆရာကပေး ပြီးရင် ကိုယ်ကောင်းအောင် ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတဲ့ ကိုယ့်အစွမ်းအစကို ထုတ်ရတဲ့ အခက်အခဲလေးတွေလည်း ရှိပါ တယ်။ အခက်အခဲကတော့ နှစ်ခု စလုံးရှိတာပါပဲ။ သီချင်းကောင်း ဖြစ်ဖို့ပဲ အရေးကြီးတာပါ။

သမီးနှစ်ယောက်စလုံးက ဂီတ ဝါသနာပါတာဆိုတော့ အဲဒီအ ပေါ် အဖေတစ်ယောက်အနေနဲ့ ခံစားမှုက ဘယ်လိုရှိလဲ။ ဘယ်လို ပံ့ပိုးပေးဖြစ်လဲ။

ဒီလမ်းကြောင်းပေါ်မှာ ဝါ သနာပါလာတယ်ဆိုတော့လည်း ကိုယ်တွေ့တဲ့အတွေ့အကြုံလေး တွေ၊ သူသိချင်တာလေးတွေ ပြော ပြရတာပေါ့။ ကိုယ်နဲ့လည်း အတူ တူသွားလာနေတာဆိုတော့ တွေ့နေကြုံနေရတာပါ။ ဒီလမ်း ကြောင်းပေါ်ကို မရောက်သေး တာပဲရှိတာ။ ဒီအတိုင်းတော့ ကျွန်တော်နဲ့ နေတယ်ဆိုတော့ သူ လည်း မြင်တွေ့နေရတာပါ။ သူ့ အတွက် သီးခြားကြီးသင်စရာမလို ပါဘူး။ သူ (လမင်းခ)ဝါသနာပါလို့ ဒီအလုပ်လေးကို ရူးရူးမူးမူးဖြစ်တယ်ဆိုတော့ အောင်မြင်စေချင်ပါတယ်။ ဒါကတော့ ပရိသတ်က ဆုံးဖြတ် ပေးရမှာပါ။ သူ့ကိုအောင်မြင်စေ ချင်တဲ့ ခံစားမှုလေးပဲရှိပါတယ်။

ညမီးအိမ်သီချင်းကို လမင်းခ ပြန် ဆိုထားတာလည်း အားပေးမှုရ တယ်ဆိုတော့ အဲဒီသီချင်းကို ဘယ်လိုပေးဆိုဖြစ်သွားတာလဲ။

ညမီးအိမ်က သူသင်္ကြန်မှာ ဆိုတော့ အဖေ့သီချင်းတစ်ပုဒ်ဆို ချင်တယ်ဆိုတော့ ကျွန်တော့် သီချင်းထဲက ရွေးပေးတာ။ သူ့ အသံနဲ့လိုက်မယ့်ဟာမျိုးလေးရွေး တော့ အဲဒီသီချင်းကို သွားမြင် တယ်။ အဲဒီသီချင်းက ပါးပါးလည်းသိပ်မဆိုဖြစ်ဘူး။ သမီးဆိုလိုက် ဆိုပြီး စင်ပေါ်မှာ ဆိုရာကနေ Cover Song လုပ်မယ်ဆိုတာ သိတောင်မသိလိုက်ဘူး။ ဒါပေမဲ့ သူ့ကို ဆိုခိုင်းကတည်းက သမီးကို အပြီးပေးလိုက်တယ်။ သမီးကြိုက်တာလုပ်လို့။

၂၀၀၉ ကတည်းက တစ်ကိုယ် တော်အခွေမထွက်ဖြစ်တော့တာ ဆိုတော့ ပရိသတ်တွေအတွက် တစ်ကိုယ်တော်အခွေအသစ် ကော လုပ်နေပြီလား။

အခွေတော်တော်နဲ့ မလုပ် ဖြစ်တာက ပျင်းလို့ပါ။ စလည်း တည်ပြီး သီချင်းသုံးပုဒ်လား၊ လေးပုဒ်လား တီးပြီးတော့ သူ(လမင်းခ)အခွေလုပ်တယ်ဆိုတော့ သူ့အ တွက် လုပ်ပေးနေရတာ။ အာရုံ များလို့ ရပ်ထားတာ။ အခုပြန်လုပ် နေပါပြီ။ လုပ်တော့လုပ်နေပါပြီ။ ဘယ်နှပုဒ်မှ ထွက်မယ်လို့တော့ မတွေးထားဘူး။ အခုထိတော့ ခြောက်ပုဒ်ရှိတယ်။ ခြောက်ပုဒ်မှာ Body ချည်းပဲ ပြီးထားတာ သုံးပုဒ် ဆိုတော့ ဘယ်အချိန်မှ ထွက်မယ် ဆိုတာက သီချင်း ၁၀ ပုဒ်၊ ၁၂ ပုဒ်ဆိုရင်တော့ နည်းနည်းကြာဦး မှာပေါ့။ ဒါပေမဲ့ ဒီကြားထဲမှာ သီချင်းလေးတွေ ခုနစ်ပုဒ်၊ ရှစ်ပုဒ် နဲ့ အင်္ဂါစုံတယ်လို့ ထင်ရင်လည်း ထုတ်လိုက်မှာ။

အိုင်းရင်းခရော့စ်အနေနဲ့ကော အ ခွေသစ်ထပ်လုပ်နေတာမျိုးရှိဦးမလား။

အဖွဲ့အခွေတော့ မလုပ်ထားပါဘူး။ ဝိုင်ဝိုင်းဆိုရင် အခုဆိုနေ ပြီ။ သူ့သီချင်းခွေကပြီးတော့မယ် ထင်တယ်။ ကျွန်တော်က သီချင်း သွင်းနေတယ်။ နောက်ပြီး လေး ဖြူတို့၊ မျိုးကြီးတို့ကတော့ တစ်ပုဒ် ချင်းတွေလုပ်နေတယ်။ လေးဖြူကတော့ ထွက်သွားပြီ။ ဒါအချစ် လား။ မျိုးကြီးလည်း တစ်ပုဒ်လုပ် နေတယ်နဲ့တူတယ်။ သီးခြားစီပဲ လုပ်နေကြတာပါ။

ကျေးဇူးတင်ပါတယ်။

Credit : 7 day daily