Zawgyi ျဖင့္ဖတ္ရန္

မီးေလာင္ကြၽမ္း ခဲ့သည့္ ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္အား ေတြ႕ရစဥ္(ဓာတ္ပံု-ၾကည္ႏိုင္)
ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ရွိ ကန္ေတာ္ႀကီး ပဲေလ့စ္ဟုိ တယ္ မီးေလာင္မႈ တြင္ ညတာ၀န္က် မန္ေနဂ်ာ အား လူေသမႈ၊ ျပင္းထန္နာက်င္မႈ၊ မီးေလာင္မႈ ပုဒ္မ သုံးခုျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန၏ ေအာက္တုိဘာ ၂၀ ရက္ သတင္း ထုတ္ျပန္မႈအရ သိရသည္။

ထုိ႔ျပင္ မီးေလာင္မႈ မွ ဒုတိယအႀကိမ္ေတြ႕ရွိေသာ ရုပ္ပ်က္ေနသည့္ အေလာင္း မွာ ဟုိတယ္တြင္ တည္းခုိၿပီး ေပ်ာက္ဆုံးေနေသာ ထုိင္ႏုိင္ငံသူ ဟုတ္ မဟုတ္ စိစစ္လ်က္ရွိေၾကာင္း သတင္း ထုတ္ျပန္မႈတြင္ ပါရွိသည္။

ကန္ေတာ္ႀကီး ပဲေလ့စ္ ဟုိတယ္ သည္ ေအာက္တုိဘာ ၁၉ ရက္၊ နံနက္ ၃ နာရီ ၂၀ မိနစ္က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အဆုိပါ မီးေလာင္မႈ နွင့္ ပက္သက္၍ ဟုိတယ္တြင္ ညတာ၀န္က် မန္ေနဂ်ာ ကုိသီဟ၊ (၄၁)ႏွစ္၊ ဗမာ/ဗုဒၶ၊ (ဘ) ဦးစိုးရင္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေနသူအား မဂၤလာေတာင္ညြန္႔ ၿမိဳ႕မရဲစခန္းတြင္ (ပ) ၅၈၁/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၂၈၅ (လူေသမႈ/ျပင္းထန္နာက်င္မွႈ/မီးေလာင္မွႈ)ျဖင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။ ဆုံးရွုံးမွႈ တန္ဖိုး (စိစစ္ဆဲ) ျဖစ္ေၾကာင္း သိရွိရပါသည္။

Photo: Ministry of Home Affairs, Myanmar
အဆုိပါ မီးေလာင္မႈ တြင္ ဟုိတယ္ ၏ (၅) လႊာ၌ မီးေလာင္ေသဆုံးေနေသာ ဂ်ပန္နိုင္ငံသား Mr.Masatumi Tomita၊ (၅၃) ႏွစ္ကုိ နံနက္ပုိင္း တြင္ ေတြ႕ရွိခဲ့ၿပီး (ပတ္စ္ပို႔နံပါတ္ TR-4138084) ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားၿပီးေနာက္ ဟိုတယ္ မွ ဝန္ထမ္း မ်ားသည္ မီးေလာင္ထားသည့္ ပစၥည္းမ်ားအား ရွင္းလင္းစဥ္ မြန္းလြဲ ၂ နာရီ ၃၀ မိနစ္ခန္႔တြင္ ဟိုတယ္ ၏ (၅)လႊာ အေနာက္ဘက္ ဝရံတာမွ လူ႐ုပ္မပီျပင္ေတာ့သည့္ လူေသ အေလာင္း တစ္ေလာင္း ထပ္မံေတြ႕ရွိခဲ့ၿပီး ဟိုတယ္ (၅)လႊာရွိ အခန္းအမွတ္ (၅၂၇) တြင္ ၿဗိတိန္နိုင္ငံသား Mr.John Travs ႏွင့္ဇနီး ထိုင္းနိုင္ငံသူ Mrs.Hansa Khomsai တို႔ တည္းခိုခဲ့ရာ Mr.John Travs ႏွင့္ နိုင္ငံျခားသားမ်ားအား ျပန္လည္စိစစ္ခ်က္အရ Mrs.Hansa Khomsai မွာ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သိရွိရသျဖင့္ မီးေလာင္ ေသဆုံး ေနသည့္ အေလာင္း မွာ Mrs.Hansa Khomsai ဟုတ္/မဟုတ္ စိစစ္ အတည္ျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈ ေၾကာင့္ ေရႊျပည္သာၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးေက်ာ္စြာလင္းသည္ မီးျငိွမ္းသတ္ေနစဥ္ ဦးေခါင္းေပၚသို႔ သစ္သားတန္း ျပဳတ္က်ခဲ့၍ သတိေမ့သြားကာ ဦးေႏွာက္အေျမႇးေအာက္ ေသြးခဲ၊ ဦးေႏွာက္အသားထဲ ေသြးယိုစိမ့္၊ ဝဲနားထင္ရိုးက်ိဳး ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ခြဲစိတ္ထားၿပီး လက္ရွိအေျခအေနအရ မ်က္စိဖြင့္ မရ၊ ေလႁပြန္ေဖာက္ထား၊ ေျခ/လက္ အနည္းငယ္လႈပ္နိုင္ကာ စိုးရိမ္ရသျဖင့္ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာကုသဌာန အထူးၾကပ္မတ္ကုသခန္း၌ ကုသမွႈခံယူလ်က္ရွိေၾကာင္း သိရသည္။

ထုိ႔ျပင္ မီးေလာင္မႈ ျဖစ္ပြားစဥ္ ဟုိတယ္ (၄) လႊာေလွခါးမွ (၃) လႊာသုိ႔ ခုန္ခ်ခဲ့ေသာ မကာအုိႏုိင္ငံသူသည္ ခါးနာက်င္၊ ယာပါးပြန္း ဒဏ္ရာမ်ား ရရွိခဲ့ရာ ရန္ကုန္ျပည္သူ႔ေဆး႐ုံတြင္ ကုသမႈခံယူ ရာမွတစ္ဆင့္ ကမာရြတ္ၿမိဳ႕နယ္ Grand Hantha International ေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။

Credit : Eleven

 

Unicode ဖြင့်ဖတ်ရန်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ညတာဝန်ကျ မန်နေဂျာအား ပုဒ်မသုံးခုဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ရုပ်ပျက်နေသည့်အလောင်းမှာ ပျောက်ဆုံးနေသော ထိုင်းနိုင်ငံသူ ဟုတ် မဟုတ် စိစစ်နေ

မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အား တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ညတာဝန်ကျ မန်နေဂျာအား လူသေမှု၊ ပြင်းထန်နာကျင်မှု၊ မီးလောင်မှု ပုဒ်မသုံးခုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၀ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် မီးလောင်မှုမှ ဒုတိယအကြိမ်တွေ့ရှိသော ရုပ်ပျက်နေသည့်အလောင်းမှာ ဟိုတယ်တွင် တည်းခိုပြီး ပျောက်ဆုံးနေသော ထိုင်နိုင်ငံသူ ဟုတ် မဟုတ် စိစစ်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၃ နာရီ ၂၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုနှင့် ပက်သက်၍ ဟိုတယ်တွင် ညတာဝန်ကျ မန်နေဂျာ ကိုသီဟ၊ (၄၁)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးစိုးရင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် (ပ) ၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (လူသေမှု/ပြင်းထန်နာကျင်မှှု/မီးလောင်မှှု)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှှု တန်ဖိုး (စိစစ်ဆဲ) ဖြစ်ကြောင်း သိရှိရပါသည်။

Photo: Ministry of Home Affairs, Myanmar
အဆိုပါ မီးလောင်မှုတွင် ဟိုတယ်၏ (၅) လွှာ၌ မီးလောင်သေဆုံးနေသော ဂျပန်နိုင်ငံသား Mr.Masatumi Tomita၊ (၅၃) နှစ်ကို နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး (ပတ်စ်ပို့နံပါတ် TR-4138084) ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် ဟိုတယ်မှ ဝန်ထမ်းများသည် မီးလောင်ထားသည့် ပစ္စည်းများအား ရှင်းလင်းစဉ် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုတယ်၏ (၅)လွှာ အနောက်ဘက် ဝရံတာမှ လူရုပ်မပီပြင်တော့သည့် လူသေအလောင်း တစ်လောင်း ထပ်မံတွေ့ရှိခဲ့ပြီး ဟိုတယ် (၅)လွှာရှိ အခန်းအမှတ် (၅၂၇) တွင် ဗြိတိန်နိုင်ငံသား Mr.John Travs နှင့်ဇနီး ထိုင်းနိုင်ငံသူ Mrs.Hansa Khomsai တို့ တည်းခိုခဲ့ရာ Mr.John Travs နှင့် နိုင်ငံခြားသားများအား ပြန်လည်စိစစ်ချက်အရ Mrs.Hansa Khomsai မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် မီးလောင်သေဆုံးနေသည့် အလောင်းမှာ Mrs.Hansa Khomsai ဟုတ်/မဟုတ် စိစစ် အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းသည် မီးငြှိမ်းသတ်နေစဉ် ဦးခေါင်းပေါ်သို့ သစ်သားတန်း ပြုတ်ကျခဲ့၍ သတိမေ့သွားကာ ဦးနှောက်အမြှေးအောက် သွေးခဲ၊ ဦးနှောက်အသားထဲ သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် ခွဲစိတ်ထားပြီး လက်ရှိအခြေအနေအရ မျက်စိဖွင့် မရ၊ လေပြွန်ဖောက်ထား၊ ခြေ/လက် အနည်းငယ်လှုပ်နိုင်ကာ စိုးရိမ်ရသဖြင့် ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြပ်မတ်ကုသခန်း၌ ကုသမှှုခံယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ် (၄) လွှာလှေခါးမှ (၃) လွှာသို့ ခုန်ချခဲ့သော မကာအိုနိုင်ငံသူသည် ခါးနာကျင်၊ ယာပါးပွန်း ဒဏ်ရာများ ရရှိခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူ ရာမှတစ်ဆင့် ကမာရွတ်မြို့နယ် Grand Hantha International ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Credit : Eleven