Zawgyi ျဖင့္ဖတ္ရန္

မီးျငႇိမ္းသတ္ ၿပီးေနာက္ျမင္ရေသာ ကန္ေတာ္ႀကီး ပဲေလ့စ္ဟုိတယ္ (ဓာတ္ပုံ−ေက်ာ္ဇင္သန္း)
ဦးေတဇ ပိုင္ ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္ မီးေလာင္မႈ အေၾကာင္းရင္းႏွင့္ ဆံုး႐ံႈးမႈတန္ဖိုး ကို ေျခာက္ရက္ၾကာသည္အထိ စစ္ေဆးေနဆဲျဖစ္ၿပီး မထုတ္ျပန္ ႏိုင္ေသးေၾကာင္း ရန္ကုန္တိုင္း မီးသတ္ဦးစီးမွဴး ဦးၾကည္ဝင္းက ေျပာသည္။
‘‘အေၾကာင္းရင္း ကို တြက္ တဲ့အခ်ိန္မွာ မွားယြင္း တာေတြမရွိ ေအာင္၊ ဆံုး႐ံႈးမႈတန္ဖိုးတြက္တဲ့ အခ်ိန္မွာလည္း မွားယြင္းတာေတြ မျဖစ္ေအာင္ အဓိက စစ္ေဆး ေန တာပါ’’ဟု ၾကန္႔ၾကာေနရသည့္ အေၾကာင္း ၎ကေျပာသည္။

မီးေလာ င္ဆံုး႐ံႈးမႈ တန္ဖိုး ကို မီးသတ္ ဦးစီးဌာန ၏ တြက္ခ်က္ ေနက်ပံုစံအတိုင္း တြက္ခ်က္ မည္ဟု ဦးၾကည္ဝင္းက ေျပာ သည္။ မီးေလာင္မႈ နွင့္ပတ္သက္၍ မီးသတ္ ဦးစီးဌာန အပါအဝင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာန၊ ရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ ေရးဦးစီးဌာနႏွင့္ ဟိုတယ္ခရီး ဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ စစ္ ေဆးေရးအဖြဲ႕ဖြဲ႕ကာ စစ္ေဆးေန ေၾကာင္း ၎က ေျပာသည္။

ယင္း ဟိုတယ္ ကို ထူး ကုမၸဏီ မ်ားအုပ္စု ဥကၠ႒ ဦးေတဇ က ထုိင္း ကုမၸဏီ ထံမွ ေဒၚလာ ၂၉ သန္း ျဖင့္ လႊဲေျပာင္းဝယ္ယူၿပီး ၁၉၉၃ တြင္ ဟိုတယ္ခရီးႏွင့္ ထုိင္းမွ ဟိုတယ္ လုပ္ငန္း လုပ္ ကိုင္ေသာ Baiyoke Group of Hotel တို႔ ပူးေပါင္းအဆင့္ျမႇင့္ခဲ့သည္။

ဦးေတဇ ပိုင္ ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္ တြင္ ေအာက္တို ဘာ ၁၉ ရက္ နံနက္ ၃ နာရီခန္႔က မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး ေအာက္ တိုဘာ ၂၄ ရက္အထိ မီးေလာင္ မႈအေၾကာင္းရင္းႏွင့္ ဆံုး႐ံႈးမႈ တန္ဖိုးကို မထုတ္ျပန္ႏိုင္ေသးေပ။

မီးေလာင္မႈ ကို သံုးနာရီ ခန္႔ အၾကာတြင္ ထိန္းႏိုင္ေသာ္လည္း မီးႂကြင္းမီးက်န္မ်ားကို နာရီ အတန္ၾကာ ၿငိႇမ္းသတ္ခဲ့ရသည္။ ဂ်ပန္ႏိုင္ငံသား တစ္ဦး အပါအဝင္ လူႏွစ္ဦး မီးေလာင္ေသဆံုးခဲ့ကာ ဟိုတယ္တြင္ တည္းခိုသည့္ မကာအိုသူတစ္ဦးႏွင့္ မီးၿငိႇမ္းသတ္သည့္ မီးသတ္ အရာရွိ တစ္ဦး ဒဏ္ရာ ရရွိခဲ့သည္။

ဒဏ္ရာရရွိခဲ့သည့္ ေရႊျပည္ သာၿမိဳ႕နယ္ မီးသတ္ ဦးစီးမွဴး သည္ မီးၿငိႇမ္းသတ္ေနစဥ္ ဦးေခါင္း ေပၚသို႔ ေပ ၂၀ ခန္႔မွ သစ္သား တန္းျပဳတ္က်ေသာေၾကာင့္ ရန္ကုန္ ေဆး႐ံုႀကီး ဦးေႏွာက္ နွင့္အာ႐ံု ေၾကာ အထူးၾကပ္မတ္ကုသ ေဆာင္၌ ေအာက္တိုဘာ ၁၉ ရက္တြင္ ခြဲစိတ္ကုသမႈ ခံယူခဲ့ရ သည္။ ဟိုတယ္အခန္း ၁၈၅ ခန္း အနက္ ၉၁ ခန္း မီးေလာင္ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက ေအာက္တိုဘာ ၂၀ ရက္တြင္ သတင္းထုတ္ျပန္သည္။

မီးေလာင္မႈ ေၾကာင့္ ထိခိုက္ နစ္နာသူ အားလံုးအတြက္ ထူး ကုမၸဏီ မ်ား အုပ္စုက ဝမ္းနည္း ေၾကကြဲရေၾကာင္းႏွင့္ မီးၿငိႇမ္း သတ္ေရး အကူအညီေပးခဲ့ေသာ သက္ဆုိင္ရာတာဝန္ရွိသူမ်ားႏွင့္ ဝန္ထမ္းမ်ားကို ေက်းဇူးတင္ ေၾကာင္း ဟိုတယ္ပိုင္ရွင္ထူး ကုမၸဏီ ဥကၠ႒ ဦးေတဇ က ေအာက္တို ဘာ ၂၀ ရက္တြင္ ႏိုင္ငံပိုင္သတင္း စာမ်ား၌ ေၾကညာခဲ့သည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္ သက္၍ သတင္းစာရွင္းလင္းပြဲ တြင္ တာဝန္ယူ ေျဖၾကားခဲ့ေသာ ထူးကုမၸဏီ ဥကၠ႒႐ံုးမွ တာဝန္ခံ ဦးေဌးလြင္ထံသုိ႔ 7Day Daily က ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္း ေသာ္လည္း ျပန္လည္ေျဖဆိုျခင္း မရွိေပ။

Credit : 7day daily

Unicode ဖြင့်ဖတ်ရန်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ခြောက်ရက်ကြာသည်အထိ မထုတ်ပြန်နိုင်သေး

 

မီးငြှိမ်းသတ်ပြီးနောက်မြင်ရသော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ဦးတေဇပိုင် ကန်တော် ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ကို ခြောက်ရက်ကြာသည်အထိ စစ်ဆေးနေဆဲဖြစ်ပြီး မထုတ်ပြန် နိုင်သေးကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။
‘‘အကြောင်းရင်းကို တွက် တဲ့အချိန်မှာ မှားယွင်းတာတွေမရှိ အောင်၊ ဆုံးရှုံးမှုတန်ဖိုးတွက်တဲ့ အချိန်မှာလည်း မှားယွင်းတာတွေ မဖြစ်အောင် အဓိက စစ်ဆေးနေ တာပါ’’ဟု ကြန့်ကြာနေရသည့် အကြောင်း ၎င်းကပြောသည်။

မီးလောင်ဆုံးရှုံးမှု တန်ဖိုးကို မီးသတ်ဦးစီးဌာန၏ တွက်ချက် နေကျပုံစံအတိုင်း တွက်ချက် မည်ဟု ဦးကြည်ဝင်းက ပြော သည်။မီးလောင်မှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာန အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနနှင့် ဟိုတယ်ခရီး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စစ် ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေ ကြောင်း ၎င်းက ပြောသည်။

ယင်းဟိုတယ်ကို ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌဦးတေဇက ထိုင်းကုမ္ပဏီထံမှ ဒေါ်လာ ၂၉ သန်း ဖြင့် လွှဲပြောင်းဝယ်ယူပြီး ၁၉၉၃ တွင် ဟိုတယ်ခရီးနှင့် ထိုင်းမှ ဟိုတယ်လုပ်ငန်း လုပ် ကိုင်သော Baiyoke Group of Hotel တို့ ပူးပေါင်းအဆင့်မြှင့်ခဲ့သည်။

ဦးတေဇပိုင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် အောက်တို ဘာ ၁၉ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အောက် တိုဘာ ၂၄ ရက်အထိ မီးလောင် မှုအကြောင်းရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးကို မထုတ်ပြန်နိုင်သေးပေ။

မီးလောင်မှုကို သုံးနာရီခန့် အကြာတွင် ထိန်းနိုင်သော်လည်း မီးကြွင်းမီးကျန်များကို နာရီ အတန်ကြာ ငြှိမ်းသတ်ခဲ့ရသည်။ ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် လူနှစ်ဦး မီးလောင်သေဆုံးခဲ့ကာ ဟိုတယ်တွင် တည်းခိုသည့် မကာအိုသူတစ်ဦးနှင့် မီးငြှိမ်းသတ်သည့် မီးသတ်အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် ရွှေပြည် သာမြို့နယ် မီးသတ်ဦးစီးမှူးသည် မီးငြှိမ်းသတ်နေစဉ် ဦးခေါင်း ပေါ်သို့ ပေ ၂၀ ခန့်မှ သစ်သား တန်းပြုတ်ကျသောကြောင့် ရန် ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံ ကြော အထူးကြပ်မတ်ကုသ ဆောင်၌ အောက်တိုဘာ ၁၉ ရက်တွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရ သည်။ ဟိုတယ်အခန်း ၁၈၅ ခန်း အနက် ၉၁ ခန်း မီးလောင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

မီးလောင်မှုကြောင့် ထိခိုက် နစ်နာသူအားလုံးအတွက် ထူး ကုမ္ပဏီများ အုပ်စုက ဝမ်းနည်း ကြေကွဲရကြောင်းနှင့် မီးငြှိမ်း သတ်ရေး အကူအညီပေးခဲ့သော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ကျေးဇူးတင် ကြောင်း ဟိုတယ်ပိုင်ရှင်ထူးကုမ္ပ ဏီ ဥက္ကဋ္ဌဦးတေဇက အောက်တို ဘာ ၂၀ ရက်တွင် နိုင်ငံပိုင်သတင်း စာများ၌ ကြေညာခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ပတ် သက်၍ သတင်းစာရှင်းလင်းပွဲ တွင် တာဝန်ယူ ဖြေကြားခဲ့သော ထူးကုမ္ပဏီ ဥက္ကဋ္ဌရုံးမှ တာဝန်ခံ ဦးဌေးလွင်ထံသို့ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

Credit : 7day daily