Zawgyi ျဖင့္ဖတ္္ရန္

 

 

ကန္ေတာ္ႀကီးပဲေလ့စ္ ဟုိတယ္ မီးေလာင္မႈႀကီး နဲ႕ စံုေထာက္ႀကီး ကိုႏွင္းေမာင္ ”

အိုင္ပီ ေရ အေၾကာင္းေတာ့ ထူးၿပီဗ်။

ကိုႏွင္းေမာင္ ရုတ္တရက္ ဘာတုန္းဗ် ”

ဒီလိုဗ် ဒီေန႕ မနက္ပိုင္း မီးေလာင္မႈ ”

ေအာ္ ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္ ကိစၥလား ”

ေအးဗ်ာ မင္းႀကီး က က်ဳပ္တို႕ကို ဒီအမႈ နဲ႕ ပက္သက္ၿပီး ညႀကီးမင္းႀကီး ဖုန္းဆက္ လာတယ္။ ”

” ဟုတ္လား ကိုႏွင္းေမာင္ ”

” ဟုတ္တယ္ဗ် မင္းႀကီးရဲ႕ စကားသံ ကို ၾကားရတာ အေတာ္ အံ႕ၾသဖို႕ေကာင္းတယ္ ”

” မင္းႀကီးက ဘယ္လိုေျပာလို႕လဲ ကိုႏွင္းေမာင္ က်ဳပ္ စိတ္ဝင္စားလာၿပီဗ်”

” မင္းႀကီးက ဒီအမႈ ကို ျပည္သူ ေတြ မသိခင္ အျမန္ပိတ္သိမ္းဖို႕ ၿပီးႏိုင္သမွ် ျမန္ျမန္ ၿပီးေအာင္ လုပ္ဖို႕ ညက ဖုန္းဆက္လာတယ္ဗ်”

” ကိုႏွင္းေမာင္ အခု မီးေလာင္မႈ က ဘယ္ကဘယ္လို စေလာင္မွန္းမသိဘဲ အျမန္ ပိတ္သိမ္းလို႔ရပါ့မလားဗ်”

” ဟုတ္တယ္အိုင္ပီ ျပည္သူ ေတြက အရင္လို မအေတာ့ဘူးေလ ။ က်ဳပ္တို႕ အရင္လို ဂ်င္းထည့္ လို႔မရေတာ့တာအမွန္ပဲ ဒါေပမဲ႕ အိုင္ပီ က်ဳပ္မွာ ေမးစရာ ေမးခြန္းေတြ အမ်ားႀကီး ရွိတယ္။ ”

” ဆိုစမ္းပါဦး ကိုႏွင္းေမာင္ ”

” ဒီလိုဗ် အခု ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္္ ဆိုတာ က်ဳပ္တို႕ ခဏခဏေရာက္ေနတဲ႕ ေနရာပဲ ခင္ဗ်ားလည္းသိေနတာပဲ။ ကန္ေတာ္ႀကီးကို ေနာက္ခံျပဳၿပီး ျမန္မာမႈေတြနဲ႕တည္ေဆာက္ထားတဲ႕ ဟိုတယ္တစ္ခု ”

” ဟုတ္တယ္ ေလ ကိုႏွင္းေမာင္ ဒါ ျငင္းလို႔မွမရတာ ”

” ေအးဗ် က်ဳပ္ရဲ႕ စံုေထာက္ အေတြ႕အႀကံဳ အရ level 4 အဆင့္ ေရာက္တဲ႕ မီးေလာင္ မႈေတြ ေတာ္ေတာ္ မ်ားမ်ားဟာ နံပါတ္ တစ္ လမ္းအခက္အခဲ အခင္းျဖစ္တဲ႕ေနရာကို မီးသတ္ကား ေတြ ဝင္ဖို႕ အဆင္မေျပတာ။ ဒါေပမဲ႕ ကန္ေတာ္ႀကီး ပတ္လမ္းဆိုတာ ည သန္းေခါင္ မွာ လမ္းၾကပ္ဖို႕ေနေနသာသာ လူအသြားအလာနည္းလို႕ ေခြးေဟာင္သံေတာင္မၾကားရတဲ႕ေနရာ မီးသတ္ကား ေတြ ဝင္ဖို႕ လမ္းပိုင္း အခက္အခဲမရွိ ”

” ဟုတ္တယ္ ကိုႏွင္းေမာင္ ဆိုစမ္းပါဦးဗ် နံပါတ္ ၂ က ဘာျဖစ္မလဲ ”

” နံပါတ္ႏွစ္က Level 4 ဆိုတဲ႕ေနရာမွာ ေရအခက္အခဲ။ မီးၿငိမ္းသတ္ဖို႕ မီးသတ္ကား ေတြ ေရရရွိဖို႕အတြက္ အင္မတန္ ခက္ခဲတဲ႕အေျခအေနမွာ Level 4 ဆိုတဲ႕ မီးထိန္းႏိုင္ဖို႕ အင္မတန္ ခက္ခဲတဲ႕ အေျခအေန ။ ဒါေပမဲ႕ ဗ် ကန္ေတာ္ႀကီးပဲေလ့စ္ ဟိုတယ္ရဲ႕ အေနာက္မွာ ကန္ေတာ္ႀကီး တစ္ခုလံုး ရွိေနခဲ႕ေတာ့ ေရအခက္အခဲ ေၾကာင့္ မဟုတ္ႏိုင္ဘူး ”

” ကိုႏွင္းေမာင္ ခင္ဗ်ားရဲ႕ သံုးသပ္ခ်က္ေတြက လက္ေတြ႕ က်လြန္းတယ္ဗ်ာ ဒါေပမဲ႕ အခုမနက္ပိုင္းအထိ မီးညြန္႕က်ိဳးဖို႕ ၿငိမ္းေနရတုန္းပဲဗ် ”

” အိုင္ပီ ေကာက္ခ်က္ခ် မေစာနဲ႕ဦး က်ဳပ္ရဲ႕ သံုးသပ္ခ်က္ မၿပီးေသးဘူး ”

” အာဟား ဒီလိုလား ဆက္ေျပာ ကိုႏွင္းေမာင္ ”

” ေအးဗ် လမ္းအခက္အခဲ မရွိ ၊ ေရအခက္အခဲ မရွိ ဆိုေတာ့ ေနာက္ဆံုး တစ္ခ်က္က ေနရာ အခက္အခဲ မီးေလာင္တဲ႕ ေနရာ မီးသတ္ တပ္ဖြဲ႕ေတြ နဲ႔ ေဝးလံေခါင္းပါး တဲ႕ေနရာ မွာရွိေနတာလည္း မဟုတ္ျပန္ဘူး။တကယ့္ကိုမီးသတ္ ရဲတပ္ဖြဲ႕နဲ႕ နီးတဲ႕ေနရာမွာ ရွိေနတယ္။ ”

” ဟုတ္တယ္ ဗ် ကိုႏွင္းေမာင္ ေျပာမွ သတိထားမိတယ္။ အခု မီးေလာင္ တဲ႕ ေနရာက ဗဟန္း မီးသတ္ ၊ ဒဂံုမီးသတ္ ၊ ေက်ာက္တံတားမီးသတ္ ၊ တာေမြ မီးသတ္ ေတြ နဲ႕ နီးတဲ႕ေနရာမွာ ရွိေနတာဘဲဗ် ကိုႏွင္းေမာင္ ေျပာသလိုဆို အင္းးးးးး ”

” ေနဦး အိုင္ပီအဲ႕ဒီလို လမ္းအခက္အခဲ မရွိ ၊ ေရ အခက္အခဲ မရွိ ၊ မီးသတ္ နဲ႕ နီးတဲ႔ေနရာ တစ္ခုက မီးေလာင္မႈဟာ level 4 အထိ ေရာက္သြားတာ ခင္ဗ်ား ဘယ္လိုျမင္လဲ ”

” ကိုႏွင္းေမာင္ က်ဳပ္ေတာ့ ဟုိတယ္ ဝန္ထမ္း ေတြ ရဲ႕ ေပါ့ဆ မႈေၾကာင့္လို႕ အၾကမ္းဖ်င္း သံုးသပ္မိတယ္ ”

” မျဖစ္ႏိုင္ဘူး အိုင္ပီ !

ဟိုတယ္ တစ္ခုမွာ ဝန္ထမ္း ေတြက 24 hour ရွိတယ္။ day duty နဲ႕night duty ဆိုၿပီး ။ ခင္ဗ်ားေျပာသလို မီးစစ ေလာင္ခ်င္း မသိရင္ေတာင္ ဟိုတယ္ ရွိတဲ႕ fire alarm ေတြက သတိေပးမွာ အေသအခ်ာပဲ ”

” ဟ !

ကိုႏွင္းေမာင္ ခင္ဗ်ားေျပာသလို ဆို က်ဳပ္သံုးသပ္မိတာ တစ္ခုပဲ က်န္ေတာ့တယ္ ဟုတ္လား ကိုႏွင္းေမာင္ ”

ကိုႏွင္းေမာင္ တစ္ေယာက္ အိပ္ေထာင္ ထဲက စီးကရက္ တစ္လိပ္ကို ဆြဲထုတ္ၿပီး မီးညိွလိုက္သည္။

ထိုေနာက္

မီးခိုး မ်ားအူးေအာင္ ပါးစပ္ က မႈတ္ထုတ္လိုက္ရင္း

” ဒီမွာ အိုင္ပီ !

က်ဳပ္ နဲ႕ ငါးပိေၾကာ္ နဲ႕ မတည့္ဘူး ”

 

Credit : Apannpyay

Unicode ဖြင့်ဖတ်ရန်

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုကြီး နဲ့ စုံထောက်ကြီး သုံးသပ်မိတာ တစ်ခု

 

 

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုကြီး နဲ့ စုံထောက်ကြီး သုံးသပ်မိတာ တစ်ခု

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုကြီး နဲ့ စုံထောက်ကြီး ကိုနှင်းမောင် ”

အိုင်ပီရေ အကြောင်းတော့ ထူးပြီဗျ။

ကိုနှင်းမောင် ရုတ်တရက် ဘာတုန်းဗျ ”

ဒီလိုဗျ ဒီနေ့ မနက်ပိုင်း မီးလောင်မှု ”

အော် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ကိစ္စလား ”

အေးဗျာ မင်းကြီးက ကျုပ်တို့ကို ဒီအမှု နဲ့ ပက်သက်ပြီး ညကြီးမင်းကြီး ဖုန်းဆက်လာတယ်။ ”

” ဟုတ်လား ကိုနှင်းမောင် ”

” ဟုတ်တယ်ဗျ မင်းကြီးရဲ့ စကားသံ ကို ကြားရတာ အတော် အံ့သြဖို့ကောင်းတယ် ”

” မင်းကြီးက ဘယ်လိုပြောလို့လဲ ကိုနှင်းမောင် ကျုပ် စိတ်ဝင်စားလာပြီဗျ”

” မင်းကြီးက ဒီအမှု ကို ပြည်သူတွေ မသိခင် အမြန်ပိတ်သိမ်းဖို့ ပြီးနိုင်သမျှ မြန်မြန် ပြီးအောင် လုပ်ဖို့ ညက ဖုန်းဆက်လာတယ်ဗျ”

” ကိုနှင်းမောင် အခု မီးလောင်မှုက ဘယ်ကဘယ်လို စလောင်မှန်းမသိဘဲ အမြန် ပိတ်သိမ်းလို့ရပါ့မလားဗျ”

” ဟုတ်တယ်အိုင်ပီ ပြည်သူတွေက အရင်လို မအတော့ဘူးလေ ။ ကျုပ်တို့ အရင်လို ဂျင်းထည့်လို့မရတော့တာအမှန်ပဲ ဒါပေမဲ့ အိုင်ပီ ကျုပ်မှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ”

” ဆိုစမ်းပါဦး ကိုနှင်းမောင် ”

” ဒီလိုဗျ အခု ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ဆိုတာ ကျုပ်တို့ ခဏခဏရောက်နေတဲ့ နေရာပဲ ခင်ဗျားလည်းသိနေတာပဲ။ ကန်တော်ကြီးကို နောက်ခံပြုပြီး မြန်မာမှုတွေနဲ့တည်ဆောက်ထားတဲ့ ဟိုတယ်တစ်ခု ”

” ဟုတ်တယ် လေ ကိုနှင်းမောင် ဒါ ငြင်းလို့မှမရတာ ”

” အေးဗျ ကျုပ်ရဲ့ စုံထောက် အတွေ့အကြုံအရ level 4 အဆင့် ရောက်တဲ့ မီးလောင် မှုတွေ တော်တော် များများဟာ နံပါတ် တစ် လမ်းအခက်အခဲ အခင်းဖြစ်တဲ့နေရာကို မီးသတ်ကားတွေ ဝင်ဖို့ အဆင်မပြေတာ။ ဒါပေမဲ့ ကန်တော်ကြီး ပတ်လမ်းဆိုတာ ည သန်းခေါင် မှာ လမ်းကြပ်ဖို့နေနေသာသာ လူအသွားအလာနည်းလို့ ခွေးဟောင်သံတောင်မကြားရတဲ့နေရာ မီးသတ်ကားတွေ ဝင်ဖို့ လမ်းပိုင်း အခက်အခဲမရှိ ”

” ဟုတ်တယ် ကိုနှင်းမောင် ဆိုစမ်းပါဦးဗျ နံပါတ် ၂ က ဘာဖြစ်မလဲ ”

” နံပါတ်နှစ်က Level 4 ဆိုတဲ့နေရာမှာ ရေအခက်အခဲ။ မီးငြိမ်းသတ်ဖို့ မီးသတ်ကားတွေ ရေရရှိဖို့အတွက် အင်မတန် ခက်ခဲတဲ့အခြေအနေမှာ Level 4 ဆိုတဲ့ မီးထိန်းနိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အခြေအနေ ။ ဒါပေမဲ့ ဗျ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ရဲ့ အနောက်မှာ ကန်တော်ကြီး တစ်ခုလုံး ရှိနေခဲ့တော့ ရေအခက်အခဲ ကြောင့် မဟုတ်နိုင်ဘူး ”

” ကိုနှင်းမောင် ခင်ဗျားရဲ့ သုံးသပ်ချက်တွေက လက်တွေ့ ကျလွန်းတယ်ဗျာ ဒါပေမဲ့ အခုမနက်ပိုင်းအထိ မီးညွန့်ကျိုးဖို့ ငြိမ်းနေရတုန်းပဲဗျ ”

” အိုင်ပီ ကောက်ချက်ချ မစောနဲ့ဦး ကျုပ်ရဲ့ သုံးသပ်ချက် မပြီးသေးဘူး ”

” အာဟား ဒီလိုလား ဆက်ပြော ကိုနှင်းမောင် ”

” အေးဗျ လမ်းအခက်အခဲ မရှိ ၊ ရေအခက်အခဲ မရှိ ဆိုတော့ နောက်ဆုံး တစ်ချက်က နေရာ အခက်အခဲ မီးလောင်တဲ့ နေရာ မီးသတ် တပ်ဖွဲ့တွေ နဲ့ ဝေးလံခေါင်းပါး တဲ့နေရာ မှာရှိနေတာလည်း မဟုတ်ပြန်ဘူး။တကယ့်ကိုမီးသတ် ရဲတပ်ဖွဲ့နဲ့ နီးတဲ့နေရာမှာ ရှိနေတယ်။ ”

” ဟုတ်တယ် ဗျ ကိုနှင်းမောင် ပြောမှ သတိထားမိတယ်။ အခုမီးလောင်တဲ့ နေရာက ဗဟန်း မီးသတ် ၊ ဒဂုံမီးသတ် ၊ ကျောက်တံတားမီးသတ် ၊ တာမွေ မီးသတ် တွေ နဲ့ နီးတဲ့နေရာမှာ ရှိနေတာဘဲဗျ ကိုနှင်းမောင် ပြောသလိုဆို အင်းးးးးး ”

” နေဦး အိုင်ပီအဲ့ဒီလို လမ်းအခက်အခဲ မရှိ ၊ ရေ အခက်အခဲ မရှိ ၊ မီးသတ် နဲ့ နီးတဲ့နေရာ တစ်ခုက မီးလောင်မှုဟာ level 4 အထိ ရောက်သွားတာ ခင်ဗျား ဘယ်လိုမြင်လဲ ”

” ကိုနှင်းမောင် ကျုပ်တော့ ဟိုတယ် ဝန်ထမ်းတွေ ရဲ့ ပေါ့ဆ မှုကြောင့်လို့ အကြမ်းဖျင်း သုံးသပ်မိတယ် ”

” မဖြစ်နိုင်ဘူး အိုင်ပီ !

ဟိုတယ် တစ်ခုမှာ ဝန်ထမ်းတွေက 24 hour ရှိတယ်။ day duty နဲ့night duty ဆိုပြီး ။ ခင်ဗျားပြောသလို မီးစစ လောင်ချင်း မသိရင်တောင် ဟိုတယ် ရှိတဲ့ fire alarm တွေက သတိပေးမှာ အသေအချာပဲ ”

” ဟ !

ကိုနှင်းမောင် ခင်ဗျားပြောသလို ဆို ကျုပ်သုံးသပ်မိတာ တစ်ခုပဲ ကျန်တော့တယ် ဟုတ်လား ကိုနှင်းမောင် ”

ကိုနှင်းမောင် တစ်ယောက် အိပ်ထောင်ထဲက စီးကရက် တစ်လိပ်ကို ဆွဲထုတ်ပြီး မီးညှိလိုက်သည်။

ထိုနောက်

မီးခိုးများအူးအောင် ပါးစပ်က မှုတ်ထုတ်လိုက်ရင်း

” ဒီမှာ အိုင်ပီ !

ကျုပ် နဲ့ ငါးပိကြော် နဲ့ မတည့်ဘူး ”

Credit : Apannpyay