Zawgyi ဖြင့်ဖတ်ရန်
“မီးလောင်မှု ဖြစ်ပွားချိန်တွင် ဟိုတယ် မှ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးထံ အကြောင်းကြားသော်လည်း အချိန်မီမလာရောက်ခဲ့သည့်အတွက် မီးလောင် ဆုံးရုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း” လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးအား ပြောသည်ဟု News Watch သတင်းမှာ ဖော်ပြထားပါတယ်။
Credit : Htoo
Unicode ဖြင့်ဖတ်ရန်
ကန်တော်ကြီးပဲလေ့စ် မီးစလောင်ခဲ့တဲ့ အကြောင်းရင်း
ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၃ နာရီ မိနစ် ၃ဝ ခန့်က စတင်ကာ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးအတွင်းရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှု level 5 ထိ ဖြစ်ပွားခဲ့ပါတယ်။
ဟော်တယ်ဝန်ထမ်းများမေးမြန်းချက်အရ ဝါယာရှော့ကစတယ်လို့ ပြောကြပြီး၊ ဝါယာရှော့ဖြစ်ချိန်တွင် မီးခိုးများအနည်းငယ်တွေ့ရှိကာ ဟိုတယ်မှ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးထံ အကြောင်းကြားသော်လည်း အချိန်မီမလာရောက်ခဲ့ဘူးလို့ သိရပါတယ်။
“မီးလောင်မှုဖြစ်ပွားချိန်တွင် ဟိုတယ်မှ လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးထံ အကြောင်းကြားသော်လည်း အချိန်မီမလာရောက်ခဲ့သည့်အတွက် မီးလောင်းဆုံးရုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း” လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးအား ပြောသည်ဟု News Watch သတင်းမှာ ဖော်ပြထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးအား ကဆက်ပြီး “ဝန်ထမ်းတွေကိုမေးတဲ့အခါမှာတော့ ဝါယာရှော့ကစတယ်လို့ ပြောပါတယ်။ ဝါယာရှော့ကနေပြီး မီးခိုုးလေးတွေ ထွက်လာတယ်။ အဲဒါကိုသိတဲ့ ဝန်ထမ်းက ဟိုတယ်ရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ကို သတင်းပို့တဲ့အခါမှာ အချိန်မီလာရောက်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ဒီလို လောင်သွားတာလို့ သိရပါတယ်၊ လျှပ်စစ်ပိုင်းဆိုင်ရာက အချိန်မီရောက်လာရင်တော့ ဒီလောက်အထိ ဖြစ်စရာအကြောင်းမရှိဘူးလို့ ပြောနေပါတယ်”
အခုလက်ရှိ အချိန်မှာ ဂျပန်နိုင်သားလို့ ယူဆရတဲ့ အလောင်းတစ်လောင်းကိုလဲ ရရှိထားပါတယ်။ မီးလောင်ရမှုဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သိရဖို့ ဆုံစမ်းနေဆဲဖြစ်ပါတယ်။
Credit : Htoo