Zawgyi ျဖင့္ဖတ္ရန္

မီးေလာင္မႈအေၾကာင္းရင္းႏွင့္ ဆံုး႐ႈံးမႈတန္ဖိုး စိစစ္ေနဆဲ

နာမည္ေက်ာ္ စီးပြားေရး လုပ္ငန္းရွင္ ဦးေတဇ ပိုင္ ရန္ကုန္ ၿမိဳ႕ရွိ ကန္ေတာ္ႀကီးပဲေလ့စ္ဟို တယ္တြင္ မီးေလာင္ခဲ့ရာ ဟိုတယ္ ၏အဓိက အေဆာက္အအံု တစ္ခု လံုးနီးပါး မီးေလာင္ဆံုး႐ႈံးၿပီး ဂ်ပန္ႏုိင္ငံသားတစ္ဦးအပါအဝင္ ႏွစ္ဦးမီးေလာင္ ေသဆံုး ကာ ႏွစ္ဦး ဒဏ္ရာ ရရွိခဲ့သည္။
ယမန္ေန႔ နံနက္ ၃ နာရီခန္႔တြင္ မီးစတင္ေလာင္ကြၽမ္းၿပီး မီးေလာင္ခ်ိန္ သုံးနာရီေက်ာ္အၾကာတြင္ မီးထိန္းႏိုင္ခဲ့ကာ မီးႂကြင္းမီးက်န္မ်ားကို ဆက္လက္၍ ၿငႇိမ္းသတ္ခဲ့ရသည္။ မီးေလာင္မႈ  ေၾကာင့္ ေလးလႊာတြင္ တည္းခိုသည့္ ဂ်ပန္ႏိုင္ငံသားတစ္ဦးေသဆံုးၿပီး ပ်က္စီးေနသည့္ က်ား၊ မ မခြဲႏိုင္ေသာ အျခား႐ုပ္အေလာင္းတစ္ခုကို ဟိုတယ္ငါးလႊာမွ ယမန္ေန႔ မြန္းလြဲ ၂ နာရီခြဲခန္႔၌ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ႏိုင္ငံပိုင္ ႐ုပ္သံက သတင္းထုတ္ျပန္ခဲ့သည္။

 

‘‘ေန႔လယ္ ၂ နာရီခြဲေက်ာ္ ေက်ာ္ေလာက္မွာ ေတြ႕တာ။ အ ေပၚဆံုးထပ္ပဲ။ အမိုးသြပ္ျပားေတြ ဖယ္ရင္း ေတြ႕တာ။ ႐ုပ္ပ်က္ဆင္း ပ်က္ပဲ။ ဘာမွ မသိရဘူး’’ဟု ႐ုပ္ အေလာင္းရွာေဖြေတြ႕ရွိမႈႏွင့္ ပတ္သက္၍ မီးသတ္တပ္ဖြဲ႕မွ အရာရွိက ေျပာသည္။

ထို႔ျပင္မကာအိုမွ အမ်ိဳးသမီး တစ္ဦးမွာ မီးေလာင္ခ်ိန္ ၌ ဟိုတယ္သံုးထပ္မွ ခုန္ခ်ခဲ့ရာ ခါးတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေရႊ ျပည္သာၿမိဳ႕နယ္ မီးသတ္ တပ္ဖြဲ႕မွဴး ဦးေက်ာ္စြာလင္းမွာလည္း ဦး ေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိၿပီး သတိေမ့ေန၍ ၎တို႔ႏွစ္ဦးကို ရန္ကုန္ ျပည္သူ ႔ေဆး႐ံုႀကီး သို႔ ပို႔ေဆာင္ကုသထားေၾကာင္း မကာအိုမွ အမ်ဳိးသမီး သည္ ေဆးကုသမႈခံယူၿပီးေနာက္ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ဧည့္သည္မ်ား အသက္ကယ္ဆယ္ေရး ဦးစားေပးခဲ့

မီးေလာင္မႈ ျဖစ္ပြားခ်ိန္ တြင္ ဟိုတယ္၌ ျပည္တြင္း၊ ျပည္ပမွ လာေရာက္တည္းခိုသူ ၁၄၁ ဦးရွိခဲ့ၿပီး ၎အနက္ လူ ၁၂၀ ေက်ာ္သည္ ျပည္ပ ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ထူးကုမၸဏီဥကၠ႒႐ံုး တာဝန္ခံ ဦးေဌးလြင္က ေျပာသည္။ မီးေလာင္မႈျဖစ္ပြားမည့္ညတြင္ ဟိုတယ္၌ရွိသည့္ အခန္း ၁၈၅ ခန္းအနက္ ၉၆ ခန္းတြင္ တည္းခို သူမ်ားရွိခဲ့ၿပီး ေအာက္တိုဘာ ၁၈ ရက္ ညသည္ ဒီပါဝလီေန႔ ျဖစ္ ေသာေၾကာင့္ မီးႏွင့္ပတ္သက္၍ ယခင္ရက္မ်ားထက္ ပိုမို သတိ ထားခဲ့သည္ဟု ၎က ဆုိသည္။

ဟိုတယ္တာဝန္ခံမ်ား အေနျဖင့္ မီးေလာင္သည္ကို သိရွိ ခ်ိန္တြင္ မီးသတ္ေဆးဘူးမ်ား ကို အသံုးျပဳ၍ ၿငႇိမ္းသတ္ခဲ့ေသး ေၾကာင္းလည္း ဦးေဌးလြင္က ေျပာ သည္။

 

‘‘မီးေလာင္တဲ့အခ်ိန္မွာ ႏွစ္ခုလုပ္လို႔ရပါတယ္။ မီးကို ၿငႇိမ္းမ လား၊ ဧည့္သည္ေတြကို ဦးစား ေပးမလား။ အဲဒီမွာ ဝန္ထမ္းေတြ နဲ႔ ဧည့္သည္ေတြကို ဦးစားေပး လိုက္တဲ့အတြက္ မီးဘက္မွာ အားနည္းတာျဖစ္သြားတာေပါ့။ မနက္ ၃ နာရီျဖစ္တဲ့အတြက္ ႏွစ္ခုတည္း မွာ တစ္ခုပဲ လုပ္ေဆာင္လို႔ရပါတယ္။ အဲဒါေၾကာင့္ ဧည့္သည္ေတနဲ႔ ဝန္ထမ္းေတြသက္သာေအာင္မီးကိုထားၿပီး အသက္အႏၲရာယ္ကို ကယ္လိုက္တဲ့သေဘာပါ’’ ဟု ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္အမႈေဆာင္အရာရွိခ်ဳပ္ Mr Raymond J.Bragg က မီးေလာင္မႈျဖစ္ပြား ၿပီးေနာက္ ေအာက္တိုဘာ ၁၉ ရက္နံနက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ထို႔အျပင္ ဟိုတယ္ညဆိုင္းတာ၀န္ခံ ကိုသီဟကလည္း မီးေလာင္သည္ကို သိသည္ႏွင့္ mas-ter key မ်ားကိုအသုံးျပဳ၍ ဧည့္သည္မ်ားကို လိုက္လံႏိႈးခဲ့ေၾကာင္း ေျပာသည္။

ဟိုတယ္အေနျဖင့္ မီးေဘး ႀကိဳတင္ျပင္ဆင္သည့္အေနျဖင့္ အစမ္းေလ့က်င့္မႈမ်ားကို သံုးလ တစ္ႀကိမ္ျပဳလုပ္ျဖစ္ၿပီး ဟိုတယ္ တြင္ မီးေလာင္ပါက အလိုအေလ်ာက္ ေရဖ်န္းသည့္စနစ္၊ Fire Alarm ႏွင့္ မီးေလာင္ပါက သိရွိႏိုင္သည့္ Sensor (အာ႐ံုခံစနစ္)မ်ားကို ဟိုတယ္ တစ္ခုလံုးတြင္ တပ္ဆင္ထားေၾကာင္း၎က ေျပာ သည္။

မီးေလာင္ခ်ိန္တြင္ Fire Alarm မ်ား ျမည္ခဲ့သည္ဟု ကန္္ေတာ္ႀကီးပဲေလ့စ္ဟိုတယ္၌ ပင္ ေနထုိင္သည့္ မစၥတာေရမြန္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ေသာ္လည္း ယင္းဟိုတယ္တြင္ တည္းခိုခဲ့သူ အခ်ိဳ႕က မီးေလာင္ခ်ိန္၌ Fire Alarm မျမည္ခဲ့ဟု မီဒီယာအခ်ိဳ႕အား ေျဖၾကားထားသည္။

အဆိုပါ ဟိုတယ္ရွိ Club House ပြဲမွအျပန္ ေအာက္တိုဘာ ၁၉ ရက္ နံနက္ ၂ နာရီ ၄၅ မိနစ္က ယင္းကလပ္မွ လံုၿခံဳေရးကို ေညႇာ္နံ႔ရေသာေၾကာင့္ စစ္ေဆးရန္ ေျပာခဲ့ေသာ္လည္း ေဆးလိပ္နံ႔မ်ားေၾကာင့္ျဖစ္ႏိုင္သည္ဟု ေျပာၾကားခဲ့ေၾကာင္း မီးေလာင္သည္ကို မ်က္ျမင္ေတြ႕ရွိခဲ့သူ ကိုေကာင္းထြဋ္က သူ႔အေတြ႕အႀကံဳကို ေျပာသည္။ ဟိုတယ္ထဲမွ အျပန္ကားပါကင္ကိုေရာက္သည့္ အခ်ိန္တြင္လည္း မီးခိုးမ်ားျမင္ေသာေၾကာင့္ ကားပါကင္မွလံုၿခံဳေရး ဝန္ထမ္းကို မီးခိုးမ်ားထြက္ေနသည္ကို ေခၚ၍ျပခဲ့ရာ လံုၿခံဳေရးက Boiler မွ အပူမ်ားေသာေၾကာင့္ျဖစ္သည္ဟု ေျပာၾကားခဲ့ေၾကာင္း ကိုေကာင္းထက္က မီးခိုးမ်ားထြက္ေနသည့္ ဗီဒီယိုဖိုင္ကိုေဖ့စ္ဘြတ္ခ္တြင္ ေအာက္တိုဘာ ၁၉ ရက္ ည ၈ နာရီခြဲ၌တင္ကာ သူ၏အေတြ႕အႀကံဳကို မွ်ေဝသည္။

ဟိုတယ္အေနျဖင့္ မီးေလာင္ ခ်ိန္၌ မီီးသတ္ဦးစီးဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့သည္ဟု မစၥတာေရမြန္က ေျပာသည္။

သို႔ေသာ္ ဟိုတယ္တာဝန္ရွိ သူမ်ားက မီးသတ္တပ္ဖြဲ႕သို႔ ဆက္ သြယ္အေၾကာင္းၾကားျခင္းမရွိဘဲ တကၠစီသမားမ်ား၏ အေၾကာင္း ၾကားမႈေၾကာင့္ မီးေလာင္ေနသည့္အေၾကာင္း သိရွိခဲ့ကာ မီးၿငႇိမ္္းသတ္ရန္ ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းမီးသတ္ဦးစီးမွဴး ၫႊန္ၾကားေရးမွဴး ဦးၾကည္ဝင္းကေျပာသည္။

ယင္းျဖစ္စဥ္ေၾကာင့္ တည္းခို သူမ်ားကို ခ်က္ထရီယမ္ဟိုတယ္ အပါအဝင္ အျခားဟိုတယ္မ်ား သို႔ ေရႊ႕ေျပာင္းေပးခဲ့ၿပီး ၎တို႔ ဟိုတယ္တြင္ တည္းခိုသူမ်ား အ ဆင္ေျပေစရန္ ဦးစားေပးေဆာင္ ရြက္ခဲ့သည္ဟု ဦးေဌးလြင္က ေျပာသည္။ ထုိ႔ျပင္ မီးေလာင္မႈေၾကာင့္ ဆံုး႐ႈံးမႈႀကံဳခဲ့ရသူမ်ားကိုလည္း ၎တို႔ဘက္မွ တာဝန္အျပည့္အဝ ယူ၍ ေဆာင္ရြက္ေပးရန္ ၎တို႔၏ဥကၠ႒ ဦးေတဇက ၫႊန္ၾကားထားသည္ဟု ဆိုသည္။

မီးေလာင္မႈ အေၾကာင္းရင္းႏွင့္ ဆံုး႐ႈံးမႈတန္ဖိုး စိစစ္ေနဆဲ

ဟိုတယ္ငါးလႊာတြင္ စတင္မီးေလာင္ခဲ့ျခင္းျဖစ္ၿပီး မီးေလာင္မႈအေၾကာင္းရင္းႏွင့္ မီးေလာင္ဆံုး႐ႈံးမႈတန္ဖိုးကိုမူ မီးသတ္ဦးစီးဌာန အပါအဝင္ သက္ဆုိင္ရာဌာနမ်ားက စိစစ္ေန၍ေအာက္တိုဘာ ၁၉ ရက္ ည ၉ နာရီခြဲအထိ မသိရွိရေသးေပ။

‘‘နည္းနည္းႀကီးမားတဲ့တန္ ဖိုးရွိတဲ့အတြက္ ခ်က္ခ်င္းႀကီးေျပာ ဖို႔ ေသခ်ာစိစစ္ေနဆဲျဖစ္ေနလို႔ပါ’’ ဟု ၎တို႔ဘက္မွ မီးေလာင္ဆံုး႐ႈံး မႈပမာဏႏွင့္ပတ္သက္၍ ဦးေဌး လြင္က ေျပာၾကားသည္။

မီးေလာင္မႈေၾကာင့္ ကန္ ေတာ္ႀကီးပဲေလ့စ္ဟိုတယ္၏အဓိ ကအေဆာက္အအံု တစ္ခုလံုးနီးပါး မီးေလာင္ဆံုး႐ႈံးခဲ့ၿပီး ယင္းေနရာအနီးရွိ သက္တမ္းႏွစ္တစ္ရာေက်ာ္ၾကာ အေဆာက္အအံုႏွင့္ ဂ်ပန္စားေသာက္ဆိုင္တို႔ မီးေဘးလြတ္ခဲ့ေၾကာင္း ဦးေဌးလြင္က ေျပာသည္။

‘‘အဓိကက သစ္သားထည္နဲ႔ ေဆာက္ထားတဲ့ အေဆာက္အအံု ေတြမ်ားတဲ့အတြက္ မီးေလာင္မႈ က မ်ားသြားတယ္လို႔ ေျပာလို႔ရပါ တယ္’’ဟု ၎က ေျပာသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ ဟိုတယ္ရွိ ညပိုင္းတာဝန္ခံႏွင့္ ႀကီးၾကပ္သူႏွစ္ဦးကို မဂၤလာေတာင္ ၫြန္႔ရဲစခန္းတြင္ ေခၚယူစစ္ေဆး ေနသည္။

ဟိုတယ္ကို အာမခံထားရွိ

မီးေလာင္ဆံုး႐ႈံးခဲ့သည့္ အဓိ ကအေဆာက္အအံုကို မီးေဘးႏွင့္ အျခားေသာ အရာမ်ားအတြက္ အာမခံအေနျဖင့္ ေငြက်ပ္သန္း ၇၀၀ ျဖင့္ အာမခံထားရွိေၾကာင္း ျမန္မာ့ အာမခံ လုပ္ငန္း မွ တာဝန္ ရွိသူတစ္ဦးက ေျပာသည္။

ကန္ေတာ္ႀကီးပဲေလ့စ္ ဟို တယ္အေနျဖင့္ ၎တို႔၏ဟိုတယ္ ကို ျမန္မာ့ အာမခံလုပ္ငန္းတြင္ ေငြက်ပ္ ၈၅၅ သန္းျဖင့္ အာမခံ ထားသလို ေအာင္သစၥာဦး အာမခံလုပ္ငန္းတြင္လည္း ေငြက်ပ္ သန္း ၅၀၀ ျဖင့္ အာမခံထားခဲ့ ေၾကာင္း အာမခံလုပ္ငန္းမ်ားက ေျပာသည္။

‘‘ဟိုတယ္ အပိုင္းကိုေတာ့ ကြၽန္ေတာ္တို႔ မပါပါဘူး။ အဲဒါကို ေတာ့ ျမန္မာ့ အာမခံ လုပ္ငန္း ကပဲ တာဝန္ယူ လက္ခံထားတယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္တို႔က ေတာ့ သူတို႔နဲ႔တစ္ဝင္းတည္း ေဘးမွာ က်န္ခဲ့တဲ့စားေသာက္ဆိုင္နဲ႔ အားကစားခန္းမ။ အဲဒါကိုလက္ခံထားတာပါ။ ကြၽန္ေတာ္တို႔အပိုင္းကေတာ့ ဟိုတယ္နဲ႔နီးတဲ့အျခမ္းက မီးဟပ္ခံရတာေလာက္ပဲ ျဖစ္သြား ပါတယ္’’ ဟု ေအာင္သစၥာဦးအာ မခံလုပ္ငန္းမွ တာဝန္ရွိသူကေျပာ သည္။

ကန္ေတာ္ႀကီး ပဲေလ့စ္ ဟိုတယ္ ကို ရန္ကုန္ ေလွေလွာ္ကလပ္ (Rangoon Rowing Club) အျဖစ္ ၁၉၃၄ ကတည္းက စတင္တည္ ေထာင္ခဲ့ၿပီး ဒုတိယကမၻာစစ္အ တြင္း၌ ဂ်ပန္မ်ားက သက္သာ ေခ်ာင္ခ်ိေရး ဌာနအျဖစ္ အသံုး ျပဳခဲ့သည္။ ၁၉၄၈ တြင္ အမ်ိဳးသား ဇီဝေဗဒဆိုင္ရာ ျပတိုက္အျဖစ္ ျပဳ ျပင္ဖြင့္လွစ္ခဲ့ၿပီး ၁၉၇၉ တြင္ ဟို တယ္ႏွင့္ ခရီးသြားလာေရးလုပ္ ငန္းက လႊဲေျပာင္းရယူကာ ဟို တယ္အျဖစ္ ဖြင့္လွစ္ခဲ့သည္။ ထို႔ ေနာက္ ၁၉၉၃ တြင္ ထုိင္းကုမၸဏီ Baiyoke Group of Hotels ႏွင့္ ပူးေပါင္း၍ အဆင့္ျမႇင့္တင္ခဲ့သည္။

ထို႔ေနာက္ ဟိုတယ္ ကို စီးပြားေရးလုပ္ငန္းရွင္ဦးေတဇက ထုိင္းကုမၸဏီ Baiyoke Group of Hotels ထံမွ ၂၀၁၂ တြင္ အေမရိကန္ေဒၚလာ ၂၉ သန္းျဖင့္ ဝယ္ယူခဲ့ၿပီး ၾကယ္ငါးပြင့္အဆင့္ရွိ ဟုိတယ္ျဖစ္သည္။

Credit : 7 day daily

 

Unicode ဖြင့်ဖတ်ရန်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးကြောင့် ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မီးလောင်မှုအကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲ

ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည်ကို အပေါ်စီးမှ တွေ့ရသောမြင်ကွင်း (ဓာတ်ပုံ− 7Day TV)
နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် ရန်ကုန် မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟို တယ်တွင် မီးလောင်ခဲ့ရာ ဟိုတယ်၏အဓိကအဆောက်အအုံတစ်ခု လုံးနီးပါး မီးလောင်ဆုံးရှုံးပြီး ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦးမီးလောင်သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ နံနက် ၃ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းပြီး မီးလောင်ချိန်သုံးနာရီကျော်အကြာတွင် မီးထိန်းနိုင်ခဲ့ကာ မီးကြွင်းမီးကျန်များကို ဆက်လက်၍ ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လေးလွှာတွင် တည်းခိုသည့် ဂျပန်နိုင်ငံသားတစ်ဦးသေဆုံးပြီး ပျက်စီးနေသည့် ကျား၊ မ မခွဲနိုင်သော အခြားရုပ်အလောင်းတစ်ခုကို ဟိုတယ်ငါးလွှာမှ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်ခဲ့သည်။

‘‘နေ့လယ် ၂ နာရီခွဲကျော် ကျော်လောက်မှာ တွေ့တာ။ အ ပေါ်ဆုံးထပ်ပဲ။ အမိုးသွပ်ပြားတွေ ဖယ်ရင်း တွေ့တာ။ ရုပ်ပျက်ဆင်း ပျက်ပဲ။ ဘာမှ မသိရဘူး’’ဟု ရုပ် အလောင်းရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ အရာရှိက ပြောသည်။

ထို့ပြင်မကာအိုမှ အမျိုးသမီး တစ်ဦးမှာ မီးလောင်ချိန်၌ ဟိုတယ်သုံးထပ်မှ ခုန်ချခဲ့ရာ ခါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေ ပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးကျော်စွာလင်းမှာလည်း ဦး ခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီး သတိမေ့နေ၍ ၎င်းတို့နှစ်ဦးကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း မကာအိုမှ အမျိုးသမီးသည် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဧည့်သည်များ အသက်ကယ်ဆယ်ရေး ဦးစားပေးခဲ့

မီးလောင်မှုဖြစ်ပွားချိန် တွင် ဟိုတယ်၌ ပြည်တွင်း၊ ပြည်ပမှ လာရောက်တည်းခိုသူ ၁၄၁ ဦးရှိခဲ့ပြီး ၎င်းအနက် လူ ၁၂၀ ကျော်သည် ပြည်ပ နိုင်ငံသားများဖြစ်ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌရုံး တာဝန်ခံ ဦးဌေးလွင်က ပြောသည်။ မီးလောင်မှုဖြစ်ပွားမည့်ညတွင် ဟိုတယ်၌ရှိသည့် အခန်း ၁၈၅ ခန်းအနက် ၉၆ ခန်းတွင် တည်းခို သူများရှိခဲ့ပြီး အောက်တိုဘာ ၁၈ ရက် ညသည် ဒီပါဝလီနေ့ ဖြစ် သောကြောင့် မီးနှင့်ပတ်သက်၍ ယခင်ရက်များထက် ပိုမို သတိ ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဟိုတယ်တာဝန်ခံများ အနေဖြင့် မီးလောင်သည်ကို သိရှိ ချိန်တွင် မီးသတ်ဆေးဘူးများ ကို အသုံးပြု၍ ငြှိမ်းသတ်ခဲ့သေး ကြောင်းလည်း ဦးဌေးလွင်က ပြော သည်။

‘‘မီးလောင်တဲ့အချိန်မှာ နှစ်ခုလုပ်လို့ရပါတယ်။ မီးကို ငြှိမ်းမ လား၊ ဧည့်သည်တွေကို ဦးစား ပေးမလား။ အဲဒီမှာ ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေကို ဦးစားပေး လိုက်တဲ့အတွက် မီးဘက်မှာ အားနည်းတာဖြစ်သွားတာပေါ့။ မနက် ၃ နာရီဖြစ်တဲ့အတွက် နှစ်ခုတည်း မှာ တစ်ခုပဲ လုပ်ဆောင်လို့ရပါတယ်။ အဲဒါကြောင့် ဧည့်သည်တေနဲ့ ဝန်ထမ်းတွေသက်သာအောင်မီးကိုထားပြီး အသက်အန္တရာယ်ကို ကယ်လိုက်တဲ့သဘောပါ’’ ဟု ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်အမှုဆောင်အရာရှိချုပ် Mr Raymond J.Bragg က မီးလောင်မှုဖြစ်ပွား ပြီးနောက် အောက်တိုဘာ ၁၉ ရက်နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် ဟိုတယ်ညဆိုင်းတာဝန်ခံ ကိုသီဟကလည်း မီးလောင်သည်ကို သိသည်နှင့် mas-ter key များကိုအသုံးပြု၍ ဧည့်သည်များကို လိုက်လံနှိုးခဲ့ကြောင်း ပြောသည်။

ဟိုတယ်အနေဖြင့် မီးဘေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အစမ်းလေ့ကျင့်မှုများကို သုံးလ တစ်ကြိမ်ပြုလုပ်ဖြစ်ပြီး ဟိုတယ် တွင် မီးလောင်ပါက အလိုအလျောက် ရေဖျန်းသည့်စနစ်၊ Fire Alarm နှင့် မီးလောင်ပါက သိရှိနိုင်သည့် Sensor (အာရုံခံစနစ်)များကို ဟိုတယ် တစ်ခုလုံးတွင် တပ်ဆင်ထားကြောင်း၎င်းက ပြော သည်။

မီးလောင်ချိန်တွင် Fire Alarm များ မြည်ခဲ့သည်ဟု ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ပင် နေထိုင်သည့် မစ္စတာရေမွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း ယင်းဟိုတယ်တွင် တည်းခိုခဲ့သူ အချို့က မီးလောင်ချိန်၌ Fire Alarm မမြည်ခဲ့ဟု မီဒီယာအချို့အား ဖြေကြားထားသည်။

အဆိုပါ ဟိုတယ်ရှိ Club House ပွဲမှအပြန် အောက်တိုဘာ ၁၉ ရက် နံနက် ၂ နာရီ ၄၅ မိနစ်က ယင်းကလပ်မှ လုံခြုံရေးကို ညှော်နံ့ရသောကြောင့် စစ်ဆေးရန် ပြောခဲ့သော်လည်း ဆေးလိပ်နံ့များကြောင့်ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း မီးလောင်သည်ကို မျက်မြင်တွေ့ရှိခဲ့သူ ကိုကောင်းထွဋ်က သူ့အတွေ့အကြုံကို ပြောသည်။ ဟိုတယ်ထဲမှ အပြန်ကားပါကင်ကိုရောက်သည့် အချိန်တွင်လည်း မီးခိုးများမြင်သောကြောင့် ကားပါကင်မှလုံခြုံရေး ဝန်ထမ်းကို မီးခိုးများထွက်နေသည်ကို ခေါ်၍ပြခဲ့ရာ လုံခြုံရေးက Boiler မှ အပူများသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကိုကောင်းထက်က မီးခိုးများထွက်နေသည့် ဗီဒီယိုဖိုင်ကိုဖေ့စ်ဘွတ်ခ်တွင် အောက်တိုဘာ ၁၉ ရက် ည ၈ နာရီခွဲ၌တင်ကာ သူ၏အတွေ့အကြုံကို မျှဝေသည်။

ဟိုတယ်အနေဖြင့် မီးလောင် ချိန်၌ မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု မစ္စတာရေမွန်က ပြောသည်။

သို့သော် ဟိုတယ်တာဝန်ရှိ သူများက မီးသတ်တပ်ဖွဲ့သို့ ဆက် သွယ်အကြောင်းကြားခြင်းမရှိဘဲ တက္ကစီသမားများ၏ အကြောင်း ကြားမှုကြောင့် မီးလောင်နေသည့်အကြောင်း သိရှိခဲ့ကာ မီးငြှိမ်းသတ်ရန် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်ဝင်းကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် တည်းခို သူများကို ချက်ထရီယမ်ဟိုတယ် အပါအဝင် အခြားဟိုတယ်များ သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းတို့ ဟိုတယ်တွင် တည်းခိုသူများ အ ဆင်ပြေစေရန် ဦးစားပေးဆောင် ရွက်ခဲ့သည်ဟု ဦးဌေးလွင်က ပြောသည်။ ထို့ပြင် မီးလောင်မှုကြောင့် ဆုံးရှုံးမှုကြုံခဲ့ရသူများကိုလည်း ၎င်းတို့ဘက်မှ တာဝန်အပြည့်အဝ ယူ၍ ဆောင်ရွက်ပေးရန် ၎င်းတို့၏ဥက္ကဋ္ဌ ဦးတေဇက ညွှန်ကြားထားသည်ဟု ဆိုသည်။

မီးလောင်မှု အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲ

ဟိုတယ်ငါးလွှာတွင် စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအကြောင်းရင်းနှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုးကိုမူ မီးသတ်ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများက စိစစ်နေ၍အောက်တိုဘာ ၁၉ ရက် ည ၉ နာရီခွဲအထိ မသိရှိရသေးပေ။

‘‘နည်းနည်းကြီးမားတဲ့တန် ဖိုးရှိတဲ့အတွက် ချက်ချင်းကြီးပြော ဖို့ သေချာစိစစ်နေဆဲဖြစ်နေလို့ပါ’’ ဟု ၎င်းတို့ဘက်မှ မီးလောင်ဆုံးရှုံး မှုပမာဏနှင့်ပတ်သက်၍ ဦးဌေး လွင်က ပြောကြားသည်။

မီးလောင်မှုကြောင့် ကန် တော်ကြီးပဲလေ့စ်ဟိုတယ်၏အဓိ ကအဆောက်အအုံ တစ်ခုလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး ယင်းနေရာအနီးရှိ သက်တမ်းနှစ်တစ်ရာကျော်ကြာ အဆောက်အအုံနှင့် ဂျပန်စားသောက်ဆိုင်တို့ မီးဘေးလွတ်ခဲ့ကြောင်း ဦးဌေးလွင်က ပြောသည်။

‘‘အဓိကက သစ်သားထည်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံ တွေများတဲ့အတွက် မီးလောင်မှု က များသွားတယ်လို့ ပြောလို့ရပါ တယ်’’ဟု ၎င်းက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဟိုတယ်ရှိ ညပိုင်းတာဝန်ခံနှင့် ကြီးကြပ်သူနှစ်ဦးကို မင်္ဂလာတောင် ညွန့်ရဲစခန်းတွင် ခေါ်ယူစစ်ဆေး နေသည်

 

ဟိုတယ်ကို အာမခံထားရှိ

မီးလောင်ဆုံးရှုံးခဲ့သည့် အဓိ ကအဆောက်အအုံကို မီးဘေးနှင့် အခြားသော အရာများအတွက် အာမခံအနေဖြင့် ငွေကျပ်သန်း ၇၀၀ ဖြင့် အာမခံထားရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကန်တော်ကြီးပဲလေ့စ် ဟို တယ်အနေဖြင့် ၎င်းတို့၏ဟိုတယ် ကို မြန်မာ့အာမခံလုပ်ငန်းတွင် ငွေကျပ် ၈၅၅ သန်းဖြင့် အာမခံ ထားသလို အောင်သစ္စာဦး အာမခံလုပ်ငန်းတွင်လည်း ငွေကျပ် သန်း ၅၀၀ ဖြင့် အာမခံထားခဲ့ ကြောင်း အာမခံလုပ်ငန်းများက ပြောသည်။

‘‘ဟိုတယ် အပိုင်းကိုတော့ ကျွန်တော်တို့ မပါပါဘူး။ အဲဒါကို တော့ မြန်မာ့အာမခံလုပ်ငန်းကပဲ တာဝန်ယူ လက်ခံထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က တော့ သူတို့နဲ့တစ်ဝင်းတည်း ဘေးမှာ ကျန်ခဲ့တဲ့စားသောက်ဆိုင်နဲ့ အားကစားခန်းမ။ အဲဒါကိုလက်ခံထားတာပါ။ ကျွန်တော်တို့အပိုင်းကတော့ ဟိုတယ်နဲ့နီးတဲ့အခြမ်းက မီးဟပ်ခံရတာလောက်ပဲ ဖြစ်သွား ပါတယ်’’ ဟု အောင်သစ္စာဦးအာ မခံလုပ်ငန်းမှ တာဝန်ရှိသူကပြော သည်။

ကန်တော်ကြီးပဲလေ့စ် ဟို တယ်ကို ရန်ကုန်လှေလှော်ကလပ် (Rangoon Rowing Club) အဖြစ် ၁၉၃၄ ကတည်းက စတင်တည် ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အ တွင်း၌ ဂျပန်များက သက်သာ ချောင်ချိရေး ဌာနအဖြစ် အသုံး ပြုခဲ့သည်။ ၁၉၄၈ တွင် အမျိုးသား ဇီဝဗေဒဆိုင်ရာ ပြတိုက်အဖြစ် ပြု ပြင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၉ တွင် ဟို တယ်နှင့် ခရီးသွားလာရေးလုပ် ငန်းက လွှဲပြောင်းရယူကာ ဟို တယ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ထို့ နောက် ၁၉၉၃ တွင် ထိုင်းကုမ္ပဏီ Baiyoke Group of Hotels နှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ခဲ့သည်။

ထို့နောက် ဟိုတယ်ကို စီးပွားရေးလုပ်ငန်းရှင်ဦးတေဇက ထိုင်းကုမ္ပဏီ Baiyoke Group of Hotels ထံမှ ၂၀၁၂ တွင် အမေရိကန်ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်သည်။

Credit : 7 day daily