Zawgyi ျဖင့္ဖတ္ရန္

ေဆး႐ံု မွာပဲ ဆံုးပါး သြားခဲ့ပါတယ္။အသက္ ၄၅ ႏွစ္အရြယ္ ေတာင္ကိုရီးယား မင္းသားႀကီး ကင္ဂ်ဳိဟြတ္ (Kim Joo Hyuk) ဒီေန႔ညေန ၄ နာရီခြဲခန္႔မွာ ကား အက္ဆီးဒင့္ ျဖစ္ၿပီးတဲ့ေနာက္ ေဆး႐ံု မွာ ကြယ္လြန္ သြားတယ္လုိ႔ သိရပါတယ္။

“ဂန္းနမ္းခ႐ိုင္၊ ဆမ္ဆီယြန္းနားက I-PARK (Shopping Mall) ေရွ႕က လမ္းမွာ Mercedes-Benz SUV ကားတစ္စီးက Hyundai Grandeur ကား ကို ေနာက္ကေန ဝင္ေဆာင့္လုိက္တယ္။ အဲဒီလို တုိက္လိုက္တဲ့အတြက္ Mercedes-Benz ကားက I-PARK ရဲ႕နံရံကို ဝင္ေဆာင့္ၿပီး ကားေမာင္းသူကို ကား ထဲကေန ဆြဲထုတ္ႏုိင္ခဲ့တယ္။ ကားေမာင္းသူ ကို Konkuk ေဆး႐ံုကို ေခၚသြားေပမဲ့ သတိမရေတာ့ဘူး။ အေရးေပၚ ကုသမႈ ေတြလုပ္ေပမဲ့ ညေန ၆ နာရီခြဲခန္႔မွာ သူ ဆံုးပါးသြားပါတယ္” လို႔ ရဲဌာနက ေျပာပါတယ္။

ယာဥ္တုိက္မႈ ေၾကာင့္ ကင္ဂ်ဳိဟြတ္ ရဲ႕ကား ဟာ မီးေလာင္သြားတယ္လို႔လည္း သိရၿပီး စံုစမ္းစစ္ေဆးမႈ ေတြ ျပဳလုပ္ေနေၾကာင္း ရဲဌာနက ေျပာၾကားခဲ့ပါတယ္။
ကင္ဂ်ဳိဟြတ္ ပါဝင္ထားတဲ့ “Argon” ဇာတ္လမ္းတြဲ က မၾကာေသးမီကမွ ၿပီးစီးသြားခဲ့တာပါ။
ကင္ဂ်ဳိဟြတ္ ဟာ Lovers in Prague ဇာတ္လမ္းတြဲ အပါအဝင္ ႐ုပ္သံ ဇာတ္လမ္းတြဲ ေတြနဲ႔ လူသိမ်ားသူတစ္ဦးျဖစ္ၿပီး နာမည္ႀကီး ႐ႈိးတစ္ခုျဖစ္တဲ့ 2 Days & 1 Night မွာလည္း ပါဝင္ခဲ့ဖူးပါတယ္။သူဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကမွ Seoul Awards မွာ “Confidential Assignment” ဇာတ္ကား နဲ႔ အေကာင္းဆံုး ဇာတ္ပို႔ဆု ကို ရရွိထားတာပါ။

ကင္ဂ်ဳီဟြတ္ ဟာ မင္းသမီး လီယူေယာင္း နဲ႔ ခ်စ္သူ ေတြျဖစ္ေနၾကာင္း ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလက ေၾကညာခဲ့ပါတယ္။ ကင္ဂ်ဳိဟြတ္ ကား အက္ဆီးဒင့္ ျဖစ္ေနခ်ိိန္မွာ လီယူေယာင္းက ဘူဆန္မွာ “Running Man” အစီအစဥ္ ႐ိုက္ကူး ေနခ်ိန္ျဖစ္ၿပီး ဒီသတင္းၾကားတဲ့အတြက္ ႐ိုက္ကူး ေနတာကို ရပ္တန္႔လုိက္တယ္လို႔ သိရပါတယ္။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

 

ကိုရီးယား မင်းသား ကင်ဂျိုဟွတ် ကား အက်စီးဒင့် ဖြစ်ပြီး သေဆုံး

ဆေးရုံ မှာပဲ ဆုံးပါး သွားခဲ့ပါတယ်။အသက် ၄၅ နှစ်အရွယ် တောင်ကိုရီးယား မင်းသားကြီး ကင်ဂျိုဟွတ် (Kim Joo Hyuk) ဒီနေ့ညနေ ၄ နာရီခွဲခန့်မှာ ကား အက်ဆီးဒင့် ဖြစ်ပြီးတဲ့နောက် ဆေးရုံ မှာ ကွယ်လွန် သွားတယ်လို့ သိရပါတယ်။

“ဂန်းနမ်းခရိုင်၊ ဆမ်ဆီယွန်းနားက I-PARK (Shopping Mall) ရှေ့က လမ်းမှာ Mercedes-Benz SUV ကားတစ်စီးက Hyundai Grandeur ကား ကို နောက်ကနေ ဝင်ဆောင့်လိုက်တယ်။ အဲဒီလို တိုက်လိုက်တဲ့အတွက် Mercedes-Benz ကားက I-PARK ရဲ့နံရံကို ဝင်ဆောင့်ပြီး ကားမောင်းသူကို ကား ထဲကနေ ဆွဲထုတ်နိုင်ခဲ့တယ်။ ကားမောင်းသူ ကို Konkuk ဆေးရုံကို ခေါ်သွားပေမဲ့ သတိမရတော့ဘူး။ အရေးပေါ် ကုသမှု တွေလုပ်ပေမဲ့ ညနေ ၆ နာရီခွဲခန့်မှာ သူ ဆုံးပါးသွားပါတယ်” လို့ ရဲဌာနက ပြောပါတယ်။

ယာဉ်တိုက်မှု ကြောင့် ကင်ဂျိုဟွတ် ရဲ့ကား ဟာ မီးလောင်သွားတယ်လို့လည်း သိရပြီး စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေကြောင်း ရဲဌာနက ပြောကြားခဲ့ပါတယ်။
ကင်ဂျိုဟွတ် ပါဝင်ထားတဲ့ “Argon” ဇာတ်လမ်းတွဲ က မကြာသေးမီကမှ ပြီးစီးသွားခဲ့တာပါ။
ကင်ဂျိုဟွတ် ဟာ Lovers in Prague ဇာတ်လမ်းတွဲ အပါအဝင် ရုပ်သံ ဇာတ်လမ်းတွဲ တွေနဲ့ လူသိများသူတစ်ဦးဖြစ်ပြီး နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ 2 Days & 1 Night မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။သူဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ Seoul Awards မှာ “Confidential Assignment” ဇာတ်ကား နဲ့ အကောင်းဆုံး ဇာတ်ပို့ဆု ကို ရရှိထားတာပါ။

ကင်ဂျီုဟွတ် ဟာ မင်းသမီး လီယူယောင်း နဲ့ ချစ်သူ တွေဖြစ်နေကြာင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ ကင်ဂျိုဟွတ် ကား အက်ဆီးဒင့် ဖြစ်နေချိန်မှာ လီယူယောင်းက ဘူဆန်မှာ “Running Man” အစီအစဉ် ရိုက်ကူး နေချိန်ဖြစ်ပြီး ဒီသတင်းကြားတဲ့အတွက် ရိုက်ကူး နေတာကို ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

Credit : Duwun