Zawgyi ျဖင့္ဖတ္ရန္

̏ေျမးေလး ဒါဘာပင္လည္းသိလား˝ မသိဘူး အဘိုး…လူေလး သိေအာင္လုပ္ထား˝ ̏ မင္း အေမ ကို  ကယ္ခဲတဲ ႔ေဆးေတာ္ပင္ပဲ˝

အစာစား ျပီးတိုင္း ဗိုက္ေအာင့္ သည္ ေ၀ဒနာ ကို ခံစားရပါသည္။ အစာအိမ္ အနာ ျဖစ္ေၾကာင္းသိ၍ အဖက္မ်ားလံုး၀မစားရေတာ့ပါ

အဂၤလိပ္ေဆး၊အမ်ိဳးမ်ိဳးစားျပီး အေၾကာေဆး မ်ားသြင္းကာ ကုသည္ လည္းရွိပါသည္။တစ္ေန႔တစ္ျခားအရိုးေပၚအေရတင္မ်ွျဖစ္ေတာ့သည္။

 

ေဆးနည္း မွာ

ကြ်ဲႏွာေခါင္းခ်ိတ္(ေခၚ)ၾကက္ေမာက္ဆူးျပန္ ပင္၏ပဥၥ(၅)ပါးအား သံုးခြက္ တစ္ခြက္တင္ က်ိဳေသာက္ျခင္းျဖစ္ပါသည္။ သံုးရက္တြင္ အစာအိမ္ေအာင့္ေသာေ၀ဒနာ တျဖည္းျဖည္းေလ်ာ့သြားသည္။

ေဆးျပဳတ္ရည္ အားဆက္ေသာက္ခဲ႔ရာ ႏွစ္ပတ္ အတြင္း အစာအိမ္ အနာလံုး၀ေပ်ာက္ကင္း သြားျပီး ဆန္ျပဳတ္၊ထမင္းအမွန္ပင္စားနိုင္ခဲ႔ပါ သည္။ နံက္တစ္ခြက္ ညေနတစ္ခြက္ လက္ဖက္ရည္ ပန္းကန္လံုးျဖင့္ေသာက္ပါသည္။

ၾကက္ေမာက္ဆူးျပန္ အေခၚမ်ား ေတာၾကက္ေမာက္၊ေျမၾကက္ေမာက္၊ကြ်ဲႏွာေခါင္းခ်ိတ္ ၊စစ္သိမ္၊ဟုအမ်ိဳးမ်ိဳး ေခၚပါသည္။ အရြက္အနီး မွ ႏွာေမာင္းထြက္၍ ထိုႏွာေမာင္းတြင္ ဆူး မ်ား ရွိသည္။

မိုးဦးက်တြင္ အလိုအေလွ်ာက္ေပါက္တတ္ျပီး ေဆာင္းရာသီ တြင္ အပြင့္အဖူး မ်ား ပြင့္သည္။ ႏွစ္မ်ိဳးရွိသည္ အျဖဴမ်ိဳး၊အနီမ်ိဳး ဗိေႏၶာ ဆရာျမတ္ တို႔ဆားခ်က္လုပ္၍ေဆးအသံုးမ်ား သည္။

ပန္းနာ ေရာဂါ

ေၾကာက္မက္ဖြယ္ေကာင္းေသာ ပန္းနာ ေရာဂါ ကို ယင္းဆားႏွင့္ ပ်ားရည္ ဆရာ ၏သတ္မွတ္ခ်က္အတိုင္း ေသာက္သံုးက ပန္းနာေပ်ာက္၏။

ဆီးေအာင့္ေက်ာက္တည္ ေရာဂါ အတြက္ ၾကက္ေမာက္ဆူးျပန္ ဆားႏွင့္မုေယာဆားကို ေရေအးႏွင့္ေသာက္ေစျခင္းျဖင့္ေပ်ာက္ကင္းသက္သာေစသည္။

၀မ္းဗိုက္ ၊ထိုးေအာင့္တင္းေရာင္ေရာဂါ ခ်င္းေျခာက္၊ပိတ္ခ်င္း၊ စမံုျဖဴ၊ဆတူအမွဳန္႔ျပဳျပီး ယင္းဆားႏွင့္စပ္ျပီး ေရေႏြးႏွင့္ေသာက္ေပးပါက ေၾကာက္မက္ဖြယ္ ၀မ္းဗိုက္ ထိုးေအာင့္ျခင္း။ ၀မ္းဗိုက္တင္းေရာင္ျခင္းကို လွ်င္ျမန္စြာေပ်ာက္ကင္း ပါသည္။

စာကိုး နကၡတၱေရာင္ျခည္ အမွတ္(၃၆၅) စုေလး(မႏၱေလး)၏ အစာအိမ္နာေလထိုးေလေအာင့္ေပ်ာက္ေရးမခက္ပါ။

Credit : အရွင္နာဂသိန္ ပံုျပ ေဆးအဘိဓာန္

Unicode ဖြင့်ဖတ်ရန်

လေထိုးလေအောင့်နှင့် အစာအိမ်နာ အတွက် ကြက်မောက်ဆူးပြန် (သို့) ကျွဲနှာခေါင်းချိတ်ပင်

̏မြေးလေး ဒါဘာပင်လည်းသိလား˝ မသိဘူးအဘိုး…လူလေးသိအောင်လုပ်ထား˝ ̏ မင်းအမေကို ကယ်ခဲတဲ့ဆေးတော်ပင်ပဲ˝

အစာစားပြီးတိုင်း ဗိုက်အောင့်သည်ဝေဒနာကို ခံစားရပါသည်။အစာအိမ်အနာဖြစ်ကြောင်းသိ၍ အဖက်များလုံးဝမစားရတော့ပါ

အင်္ဂလိပ်ဆေး၊အမျိုးမျိုးစားပြီး အကြောဆေးများသွင်းကာ ကုသည်လည်းရှိပါသည်။တစ်နေ့တစ်ခြားအရိုးပေါ်အရေတင်မျှဖြစ်တော့သည်။

 

ဆေးနည်းမှာ

ကျွဲနှာခေါင်းချိတ်(ခေါ်)ကြက်မောက်ဆူးပြန် ပင်၏ပဉ္စ(၅)ပါးအား သုံးခွက်တစ်ခွက်တင် ကျိုသောက်ခြင်းဖြစ်ပါသည်။ သုံးရက်တွင် အစာအိမ်အောင့်သောဝေဒနာ တဖြည်းဖြည်းလျော့သွားသည်။

ဆေးပြုတ်ရည်အားဆက်သောက်ခဲ့ရာ နှစ်ပတ်အတွင်းအစာအိမ်အနာလုံးဝပျောက်ကင်း သွားပြီး ဆန်ပြုတ်၊ထမင်းအမှန်ပင်စားနိုင်ခဲ့ပါ သည်။ နံက်တစ်ခွက်ညနေတစ်ခွက် လက်ဖက်ရည်ပန်းကန်လုံးဖြင့်သောက်ပါသည်။

ကြက်မောက်ဆူးပြန် အခေါ်များ တောကြက်မောက်၊မြေကြက်မောက်၊ကျွဲနှာခေါင်းချိတ် ၊စစ်သိမ်၊ဟုအမျိုးမျိုး ခေါ်ပါသည်။ အရွက်အနီးမှ နှာမောင်းထွက်၍ ထိုနှာမောင်းတွင် ဆူးများ ရှိသည်။

မိုးဦးကျတွင် အလိုအလျှောက်ပေါက်တတ်ပြီး ဆောင်းရာသီတွင် အပွင့်အဖူးများ ပွင့်သည်။ နှစ်မျိုးရှိသည် အဖြူမျိုး၊အနီမျိုး ဗိန္ဓောဆရာမြတ်တို့ဆားချက်လုပ်၍ဆေးအသုံးများ သည်။

 

ပန်းနာရောဂါ

ကြောက်မက်ဖွယ်ကောင်းသော ပန်းနာရောဂါကို ယင်းဆားနှင့်ပျားရည် ဆရာ၏သတ်မှတ်ချက်အတိုင်း သောက်သုံးက ပန်းနာပျောက်၏။

ဆီးအောင့်ကျောက်တည်ရောဂါ အတွက် ကြက်မောက်ဆူးပြန်ဆားနှင့်မုယောဆားကို ရေအေးနှင့်သောက်စေခြင်းဖြင့်ပျောက်ကင်းသက်သာစေသည်။

ဝမ်းဗိုက်၊ထိုးအောင့်တင်းရောင်ရောဂါ ချင်းခြောက်၊ပိတ်ချင်း၊ စမုံဖြူ၊ဆတူအမှုန့်ပြုပြီး ယင်းဆားနှင့်စပ်ပြီး ရေနွေးနှင့်သောက်ပေးပါက ကြောက်မက်ဖွယ် ဝမ်းဗိုက်ထိုးအောင့်ခြင်း။ ဝမ်းဗိုက်တင်းရောင်ခြင်းကို လျှင်မြန်စွာပျောက်ကင်း ပါသည်။

စာကိုး နက္ခတ္တရောင်ခြည် အမှတ်(၃၆၅) စုလေး(မန္တလေး)၏ အစာအိမ်နာလေထိုးလေအောင့်ပျောက်ရေးမခက်ပါ။

Credit : အရွင္နာဂသိန္ ပံုျပ ေဆးအဘိဓာန္