Zawgyi ျဖင့္ဖတ္္ရန္

တစ္ခါတေလ ကြၽန္ေတာ့္ မွတ္ဥာဏ္ ထဲ ကြၽန္ေတာ္ ေတာ္ေတာ္ႀကီးကို ငယ္တုန္းက ပံုရိပ္တစ္ခု ျပန္ျပန္ေပၚလာတယ္။ ဘာပံုရိပ္လဲဆို မနက္ခင္းအေစာႀကီး အလင္းေရာင္ ေတာင္ မရွိေသးတဲ့အခ်ိန္ အေမ က တစ္ေပေလာက္ရွိမယ့္ သံပိုက္လံုးမီးေျပာင္းနဲ႔ မီးဖိုမီးကို ေတာက္လာေအာင္ မႈတ္ေနတယ္။ ကြၽန္ေတာ္ က မီးဖို နံေဘးက မီးခိုးျပာ ေတြထဲ အိပ္ခ်င္မူးတူးနဲ႔ ထိုင္ေနတဲ့ပံု။ အံ့ၾသစရာ ေကာင္းတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီ မီးဖို နံေဘး အိပ္ခ်င္မူးတူးနဲ႔ ထိုင္ေနတဲ့ ကြၽန္ေတာ္ဟာ ေလးႏွစ္သားေလာက္ပဲ ရွိဦးမွာမို႔ပဲ။ အဲဒီပံုရိပ္ဟာ ကြၽန္ေတာ့္ဘ၀တစ္သက္တာ ငယ္ဘ ၀ကို မွတ္မိသမွ်ေတြထဲက ကြၽန္ေတာ္ အငယ္ဆံုးပံုရိပ္မို႔ပဲ။ ဒီျပင္ မွတ္မိသမွ်ေတြဟာ အဲဒီထက္ႀကီးတဲ့ အရြယ္ေတြခ်ည္း။
အဲဒီပံုရိပ္ကို မွတ္မိ တယ္ဆိုရာမွာလည္း အေၾကာင္းတိုက္ဆိုင္တာမ်ဳိးေတြေၾကာင့္ မဟုတ္ဘူး။ သူ႔ဘာသာသူ ေပၚလာတာမ်ဳိးပဲ။ ေနာက္ၿပီး အဲဒီ ပံုရိပ္ နဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ဟာ အဲဒီပံုရိပ္သက္သက္ကိုသာ မွတ္မိတာျဖစ္ၿပီး ဘာျဖစ္လို႔ ကြၽန္ေတာ့္အေမဟာ မီးဖို မီးေတာက္ေအာင္ လုပ္ေနတာလဲ။ ကြၽန္ေတာ္ကလည္း ဘာျဖစ္လို႔ မီးဖိုနံေဘး ေဘာင္းဘီတိုကေလး၀တ္ၿပီး အိပ္ငိုက္ေနရသလဲ စသျဖင့္ ကြၽန္ေတာ္ မသိဘူး။ လြန္ခဲ့တဲ့ ေလး၊ ငါး၊ ေျခာက္ႏွစ္ေလာက္ကေတာ့ အေမ့ကို ေမးၾကည့္ဖူးတယ္။ အေမရယ္ ကြၽန္ေတာ္ျဖင့္ ဒီလိုဒီလိုပဲ သတိရရေနတယ္။အဲဒီတုန္းက အေမက ဘာလုပ္ေနတာလဲလို႔ ေမးေတာ့ အေမက အဲဒါကို ကြၽန္ေတာ္ မွတ္မိလို႔ အံ့ၾသေနတယ္။
ငါ့သား အဲဒီတုန္းက သံုးႏွစ္ခဲြေလာက္ ရွိေသးတာတဲ့။ အဲဒီေန႔က ကြၽန္ေတာ့္ အစ္ကို (ကြၽန္ေတာ့္ထက္ ႏွစ္ႏွစ္ေက်ာ္ႀကီးတယ္) ဖ်ားေနလို႔ ကြၽန္ေတာ့္ကို အေဖာ္အေနနဲ႔ ေခၚတာတဲ့။ မနက္ခင္းအေစာကို အေမက အေၾကာ္ေၾကာ္ေရာင္းတာေပါ့။ အေဖလည္း ပါေပမယ့္ အေဖက အိမ္နဲ႔ဆိုင္ အေခါက္ေခါက္အခါခါ ပစၥည္းေတြ သယ္သယ္ေပးေနရေတာ့ အေဖ အိမ္ျပန္ပစၥည္းသယ္ေနတဲ့ အခ်ိန္ အေမက သရဲေၾကာက္တတ္ေတာ့ ကြၽန္ေတာ့္ အစ္ကို ကို ကူေဖာ္ေလာင္ဖက္ရဖို႔ ေခၚတာ။ အဲဒီေန႔က ကြၽန္ေတာ့္အစ္ကို ဖ်ားေတာ့ ကေလးပဲဆိုေပမယ့္ အေဖာ္ရွိရင္ အေမ က မေၾကာက္ေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ့္ကို ရေအာင္ ႏိႈးေခၚလာတာတဲ့။ အဲဒါလည္း အဲဒီတစ္ႀကိမ္ပါပဲတဲ့။ ငါ့သားက ခုထိမွတ္မိေသးတာပဲတဲ့။ အေမက ရယ္ေနတယ္။
ကြၽန္ေတာ္ လည္း အဲဒီအျဖစ္အပ်က္ကို မွတ္မိေနလို႔ ကိုယ့္ကိုယ္ကိုယ္ တကယ္ပဲ မယံုႏိုင္ဘူး။ သိပ္ငယ္ေသးတာကိုး။ ငယ္ဘ၀ အမွတ္ရခ်က္ေတြထဲ ဒုတိယ လိုက္တဲ့ အသက္အငယ္ဆံုး အျဖစ္အပ်က္ဆိုရင္ သံုးႏွစ္ခဲြဆိုတဲ့အရြယ္နဲ႔ ေတာ္ေတာ္ကို ကြာသြားၿပီ။ ကြၽန္ေတာ္ ရွစ္ႏွစ္ကိုးႏွစ္ေလာက္က ၾကက္ကိုသြားစမိလို႔ ၾကက္လိုက္ခြပ္ခံရတာက ဒုတိယအငယ္ဆံုး အမွတ္ရခ်က္ပဲ။ ကြၽန္ေတာ္က ဥာဏ္ေတြ၊ ဘာေတြ သိပ္ေကာင္းတဲ့ ကေလးမ်ဳိးလည္း မဟုတ္ဘူး။ ငယ္တုန္းက အျဖစ္အပ်က္ေတြဆိုတာကလည္း ဓာတ္ပံုမ်ားလို ဟိုတစ္ကြက္ ဒီတစ္ကြက္ပဲ။ တစ္ခါတေလ ကြၽန္ေတာ္တို ႔ ဓာတ္ပံု ေဟာင္းေတြ ျပန္ၾကည့္ၾကတဲ့အခါမ်ဳိးမွာ ျပန္စဥ္းစားၾကရသလိုမ်ဳိးေပါ့။ ငါ အဲဒီတုန္းက ဘာျဖစ္လို႔ ရယ္ေနတာပါလိမ့္။ ငါက ဘာျဖစ္လို႔ စိတ္ေကာက္တဲ့ပံု ျဖစ္ေနတာလဲတို႔ေပါ့။ ဘာေၾကာင့္ဆိုတာ စဥ္းစားလို႔ မရေတာ့ဘူး။
စဥ္းစားမရတဲ့ဟာမ်ဳိးကိုသာ စဥ္းစားမရေပမယ့္ တခ်ဳိ႕အျဖစ္အပ်က္ေတြကိုက်ေတာ့လည္း အျဖစ္အပ်က္တင္မဟုတ္ဘဲ အဲဒီအခ်ိန္၊ အေတြးကိုပါ ျပန္မွတ္မိေနတာ မ်ဳိးရွိေသးတယ္။ ကြၽန္ေတာ္ တို႔ငယ္ငယ္က အရပ္ထဲ ေစ်းလိုက္ေရာင္းတဲ့ ေစ်းသည္ႀကီးေတြ ေတာ္ေတာ္မ်ားမ်ားကို မွတ္မိေနတယ္။
ကေလးအခ်င္းခ်င္း လက္တို႔ေျပာၾကတဲ့ တခ်ဳိ႕အေတြးေတြဟာ ထူးထူးဆန္းဆန္းေတြရယ္။ လ်က္ဆားရမယ္ လ်က္ဆားဆိုတဲ့ ဦးခ်ိန္တီေရာင္းတဲ့ ဦးေလးႀကီးကိုဆိုရင္ကြၽန္ေတာ္တို႔က အျမဲစီအိုင္ဒီတို႔၊ ဘာတို႔က ေထာက္လွမ္းေရးရဲလို႔ ထင္ၾကတယ္။ ဘယ္သူက အစျပဳေျပာဆိုၾကတယ္ေတာ့ မမွတ္မိ၊ မသိေတာ့ဘူးေပါ့။ အဲဒီရဲေထာက္လွမ္းေရးႀကီးဟာ လ်က္ဆားသည္အေယာင္ေဆာင္ၿပီး တစ္ၿမိဳ႕နယ္ ၀င္၊ တစ္ၿမိဳ႕နယ္ ထြက္လိုက္ စံုစမ္းေနတယ္လို႔ပဲ ေတြးၾကတယ္။ ဘာအေၾကာင္း ေထာက္လွမ္းတယ္ဆိုတာကိုလည္း ထံုးစံအတိုင္း မသိဘူးေပါ့။ တကယ္ရယ္စရာပါ။ ဒါေပမဲ့ ေနာင္မွဒါေတြဟာ ရယ္စရာမဟုတ္ပါလားရယ္လို႔ သိရတဲ့အေၾကာင္းေတြလည္း ရွိခဲ့ပါတယ္။
ကြၽန္ေတာ္ ငါးတန္းကေန ၁၀ တန္းအထိ ေနခဲ့ရတဲ့ ေက်ာင္းက ေယာက်္ားေလးေက်ာင္း။ နံေဘးနားကပ္ရပ္မွာ အုတ္တံတိုင္းျမင့္ျမင့္ႀကီးသာျခားၿပီး မိန္းကေလးေက်ာင္းလည္း ရွိတယ္။ ကြၽန္ေတာ္ မူလတန္းေက်ာင္းကေန ေက်ာင္းေျပာင္း၊ ငါးတန္းကို စတက္ေတာ့ အဲဒီေက်ာင္းႀကီးဟာ အရင္ေနခဲ့တဲ့ ေက်ာင္းထက္လည္း အမ်ားႀကီးႀကီး၊ အမ်ားႀကီးက်ယ္၊ ေက်ာင္းသားေတြကလည္း အမ်ားႀကီးဆိုေတာ့ ေက်ာင္းစတက္ရတဲ့ေန႔ဟာ တကယ့္အေတြ႕အၾကံဳ ထူးႀကီးပါပဲ။ ကေလးကလည္း ကေလးဆိုေတာ့ အားလံုးကို ခပ္ရြံ႕ရြံ႕၊ ခပ္ေၾကာက္ေၾကာက္ သိမ္ငယ္စြာနဲ႔ပဲ စခဲ့ရတယ္။
အတန္းႀကီးေက်ာင္းသားေတြကို ေၾကာက္တယ္။ တစ္ခါမွ မသင္ဖူးေသးတဲ့ ဆရာ၊ ဆရာမေတြကို ေၾကာက္တယ္။ ေမွာင္မည္းေနတဲ့ စႀကႍလမ္းကိုလည္း ေၾကာက္တယ္။ ႐ုပ္ဆိုးဆိုးနဲ႔ ေက်ာင္းညေစာင့္ အဘိုးႀကီးကိုလည္း ေၾကာက္တာပဲ။ ဘာျဖစ္ျဖစ္ အကုန္လံုးဟာ ေၾကာက္စရာေတြခ်ည္း ျဖစ္ေနတာပါပဲ။ ေၾကာက္စရာေတြခ်ည္း ျပံဳေနတဲ့ ေက်ာင္းမွာ ေနာက္ထပ္ ေၾကာက္စရာတစ္ခု ထပ္တိုးပါတယ္။ ေက်ာေပါက္သရဲ တဲ့။ နာမည္ၾကားရတာနဲ႔တင္ ေက်ာစိမ့္စရာေပါ့။
အတန္းႀကီး ကိုးတန္း၊ ၁၀ တန္းေက်ာင္း သားေတြဟာ အိမ္သာထဲ ေဆးလိပ္ ခိုးေသာက္၊ အတန္းခ်ိန္ လစ္ဆိုေတာ့ အဲဒီအိမ္သာထဲကို ေအာက္တန္းက ခ်ာတိတ္ေတြ လာတာ သိပ္ၾကည့္ရပံု မေပၚပါဘူး။ ကြၽန္ေတာ္တို႔ အိမ္သာထဲေရာက္ၿပီဆိုရင္ မီးခိုးေငြ႕ေတြၾကားမွာ အိမ္သာတံခါးကို မွီရပ္ေနတဲ့ ေက်ာင္းသားႀကီးေတြဟာ အိမ္သာတံခါးကိုလည္း ဖယ္မေပး၊ ထံုေပေပရပ္ရင္း အျမဲေျပာေလ့ရွိတဲ့စကားက မင္းတို႔ေကာင္ေလးေတြေနာ္ အိမ္သာထဲကို ခဏခဏလာ၊ ဒီမွာ ေက်ာေပါက္သရဲရွိတယ္။ မင္းတို႔ မသိဘူးလား။ ငါတို႔ေတာင္ တစ္ေယာက္တည္း မလာရဲဘူးတဲ့။ သတင္းေပးသလိုလိုနဲ႔ ေျခာက္ပါတယ္။ သူတို႔ အဲဒီလို ေျခာက္တာဟာလည္း တကယ့္ကို ထိေရာက္လွပါတယ္။
ကြၽန္ေတာ္ဆိုရင္ ငါးတန္းကေန ၁၀ တန္းသာ ေအာင္သြားခဲ့တယ္။ ေက်ာင္းအိမ္သာကို ဘယ္တုန္းကမွ တစ္ေယာက္တည္း မသြားရဲခဲ့ဘူး။ ေျပာမယ့္သာ ေျပာရတယ္ တကယ္တမ္းက အဲဒီေက်ာေပါက္သရဲဆိုတာကို ဘယ္သူကမွ ျမင္ဖူးၾကတာလည္း မဟုတ္ပါဘူး။ ကေလးဆိုတာက ကိုယ့္ကို သူမ်ားကလည္းေျပာ။ ကိုယ္ကလည္း သူမ်ားကို လက္ဆင့္ကမ္း ျပန္ေျပာ။ ေျပာရင္း ေျပာရင္းနဲ႔ ကိုယ္တိုင္ပဲ တကယ္ၾကံဳခဲ့ဖူးသလို ယံုၾကည္ၿပီး ေၾကာက္ေတာ့တာကိုး။ ဒီၾကားထဲ အဆိုးဆံုးက ကေလး ကေလးခ်င္းေျပာတာ တင္မဟုတ္ဘဲ တစ္ခါတေလ ညေစာင့္အဘိုးႀကီးကလည္း ေက်ာေပါက္သရဲအေၾကာင္းကို ကြၽန္ေတာ္တုိ႔ကို ၾကံဳရင္ၾကံဳသလို ပို႔ခ်သင္ခန္းစာေပးပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က အခ်င္းခ်င္းလည္းေျပာ၊ ေနာက္တက္လာတဲ့ ခ်ာတိတ္ေက်ာင္းသားသစ္ေလးေတြကို ျပန္ေျပာ။ ေက်ာေပါက္သရဲ ဇာတ္လမ္းဟာ ေက်ာင္းေတြရဲ႕ အထူူးျခားဆံုး ဒ႑ာရီ ျဖစ္ခဲ့တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာၾကဆိုၾကတဲ့ ဇာတ္လမ္းကေလးေတြဟာ အနည္းငယ္ ကဲြျပားျခားနားသြားၾကေပမယ့္ ေက်ာ႐ိုးဇာတ္လမ္းကေတာ့ ဒီလိုပါ။
တစ္ခါက ေက်ာင္းသားတစ္ေယာက္ဟာ ေက်ာင္းဆင္းတဲ့အခ်ိန္ အိမ္ကို ျပန္ခ်င္ေဇာနဲ႔ အျပန္ေက်ာင္းမွာ ကြန္ပါဘူး က်န္ခဲ့တယ္တဲ့။ အိမ္ျပန္မေရာက္ခင္ သတိရလို႔ ေက်ာင္းကိုျပန္လာေတာ့ ေက်ာင္းမွာ ေက်ာင္းေစာင့္အဘိုးႀကီးကိုလည္း မေတြ႕၊ ဆရာ၊ ဆရာမေတြလည္း ျပန္ကုန္ၾကၿပီ။ ေက်ာင္းႀကီးကလည္း တိတ္ဆိတ္လို႔ ေနတာပဲတဲ့။ သူလည္း ေၾကာက္ေၾကာက္နဲ႔ပဲ သူ႔အတန္းကို ျပန္၊ ကြန္ပါဘူးယူၿပီး ေက်ာင္းေပါက္ဘက္ကို ျပန္လာေတာ့ လမ္းမွာ ေက်ာင္းသားတစ္ေယာက္နဲ႔ ေတြ႕သတဲ့။ ေက်ာင္းသားတစ္ေယာက္ကို ေတြ႕ရေတာ့ သူလည္း အားတက္သြားတာေပါ့။ ေက်ာင္းသားကို လွမ္းႏႈတ္ဆက္သတဲ့။ “ေဟ့ေကာင္ မင္းဘယ္အတန္းကလဲ။ မျပန္ေသးဘူးလား။ လာအတူတူျပန္ ရေအာင္” ဆိုေတာ့ ဟိုက သူ႔ကို ဘာမွမေျပာဘဲ စိုက္ၾကည့္ေနသတဲ့။ ၿပီးေတာ့ သူကဆက္ေျပာတယ္။ “ငါေတာ့ ေက်ာေပါက္သရဲ ေၾကာက္လို႔ကြာ မင္းကိုေတြ႕မွပဲ စိတ္ေအးေတာ့တယ္” ေပါ့။ အဲဒီေတာ့ ဟိုေက်ာင္းသားက “ေက်ာေပါက္သရဲ ဟုတ္လား ဒီလိုမ်ဳိးလား” ဆိုတဲ့ၿပီး ေနာက္ေက်ာကို လွည့္ျပတယ္တဲ့။ ၾကည့္လိုက္ေတာ့ အမယ္ေလး သူ႔ေက်ာကုန္းက အေပါက္ႀကီးနဲ႔တဲ့ဗ်ာ။ အခုကို ျပန္ေတြးရင္း ၾကက္သီးေတာင္ ထမိတယ္။
စသျဖင့္ေပါ့ဗ်ာ။ အဲဒီဇာတ္လမ္းေပါ့။ ထူးဆန္းတာက ကြၽန္ေတာ္ တို႔ ေက်ာင္း တင္ အဲဒီေက်ာေပါက္သရဲက ေျခာက္တာမဟုတ္ဘဲ နံေဘးကပ္လ်က္က မိန္းကေလးေက်ာင္းမွာဆိုရင္လည္း အဲဒီေက်ာေပါက္သရဲ ရွိတာပဲ။ က်ဴရွင္မွာေတြ႕တဲ့ မိန္းကေလးသူငယ္ခ်င္းေတြက ေျပာျပတာကိုး။ အံမယ္ေလး သူ႔ေက်ာေပါက္သရဲက ပိုေၾကာက္ဖို႔ေကာင္းတယ္။ ငါ့သရဲက ပိုေၾကာက္ဖို႔ေကာင္းတယ္နဲ႔ ဂုဏ္တုဂုဏ္ၿပိဳင္ေတာင္ လုပ္ခဲ့ၾကေသး။ ငယ္တုန္းကေတာ့ ေၾသာ္ ဟုတ္မွာေပါ့ သူတို႔႔ေက်ာင္းနဲ႔ ငါတို႔ေက်ာင္းက အုတ္တံတိုင္း ေလးတင္ျခားတာ သရဲလည္း ဟိုဘက္ဒီဘက္ ကူးခ်င္ကူးေနမွာေပါ့လို႔ ေတြးတာေပါ့။
ထားပါေတာ့ဗ်ာ ဒီလိုနဲ႔ ကြၽန္ေတာ္ လည္း ၁၀ တန္းေတြ ဘာေတြ ေအာင္ တကၠသိုလ္ ေရာက္တယ္ေပါ့။ ခက္တာက အဲဒီတကၠသိုလ္မွာလည္း ေက်ာေပါက္ သရဲ ဟာ ခပ္ဆင္ဆင္ဇာတ္လမ္းတစ္မ်ဳိးနဲ႔ ရွိေနျပန္တာပဲ။ ၿပီးေတာ့ ကြၽန္ေတာ္ေက်ာင္းေတြ၊ ဘာေတြၿပီး တျခား တစ္ၿမိဳ႕တစ္ရြာကို ေျပာင္းေတာ့လည္း အဲဒီၿမိဳ႕က သူငယ္ခ်င္း အသစ္ေတြနဲ႔ ေတြ႕ျပန္ေတာ့ သူတို႔ေက်ာင္းေတြမွာလည္း ေက်ာေပါက္သရဲက ရွိေနျပန္ေလေရာ။ ဟာခက္ၿပီ ဒီ သရဲ ဟာ ျမန္မာ တစ္ျပည္ လံုးမွာရွိတဲ့ ေက်ာင္းတိုင္းမွာ ရွိေနတာပါလားလို႔ အံ့ၾသရတယ္။ ဒါေပမဲ့ ေသခ်ာ တာကေတာ့ ဘယ္ေနရာမွာပဲ ေက်ာေပါက္သရဲ ရွိေနေန ဘယ္သူမွ် ျမင္ဖူးၾကတာေတာ့ မဟုတ္ပါဘူး။
အခုေတာ့ ေက်ာင္းဆိုတာနဲ႔ ေ၀းေနတာကလည္း ၾကာပါၿပီ။ စား၀တ္ေနေရး ႐ုန္းကန္ရင္း ေက်ာေပါက္သရဲ ဆိုတာကိုလည္း သတိေတာင္မရ ေမ့ေနပါၿပီ။ ေက်ာေပါက္သရဲထက္ ပိုေၾကာက္ဖို႔ေကာင္းတဲ့ လူေတြ အမ်ားႀကီးကို ျမင္ခဲ့ၾကံဳခဲ့ရၿပီးၿပီကိုး။ တစ္ေလာက ဆရာထက္ျမက္ေရးတဲ့ စစ္အခ်စ္နဲ႔ ကြၽန္း (ႏိုင္ငံေရးျဖတ္သန္းမႈမ်ား) ဆိုတဲ့ စာအုပ္ကို ဖတ္ရင္း ငယ္ငယ္က ေက်ာေပါက္ႀကီးနဲ႔ သရဲ ဆိုတဲ့ ဇာတ္လမ္းရဲ႕ ျမစ္ဖ်ားခံရာ အျဖစ္အပ်က္ကို ၀မ္းနည္းစြာ သိလိုက္ရပါတယ္။
ေၾသာ္ ကြၽန္ေတာ္တို႔ သိခဲ့ရတဲ့ ေၾကာက္စရာ သရဲဇာတ္လမ ္းဟာ ၁၉၆၂ ခုႏွစ္ ဇူလိုင္ ၇ ရက္မွာ အာဏာသိမ္းစစ္တပ္က တကၠသိုလ္ေက်ာင္းသားေတြကို ေနာက္ကေန ေသနတ္နဲ႔ပစ္သတ္လို႔ ေက်ာမွာက်ည္ဆန္ အေပါက္ေတြနဲ႔ ေသဆံုးခဲ့ရတဲ့ အျဖစ္က လာတာပါလား။ ၈ ရက္ေန႔ မနက္မွာ သမိုင္း၀င္ သမဂၢအေဆာက္အအံုကိုလည္း ဒိုင္းနမိုက္နဲ႔ ၿဖိဳခဲြခဲ့ၾကတယ္။ အရင္တုန္းကေတာ့ ဒီရင့္နင့္ဖြယ္ရာ အျဖစ္အပ်က္ကို မွတ္တမ္းတင္ခြင့္မွ မရခဲ့ပဲကိုး။ ဒါေၾကာင့္ ဒ႑ာရီဇာတ္လမ္းပံုစံနဲ႔ ဒီေန႔အထိ ေခတ္အဆက္ဆက္ ေက်ာင္းသားကေလးေတြ သိသည္ျဖစ္ေစ၊ မသိသည္ျဖစ္ေစ သယ္ေဆာင္လာၾကတာပါလား။ ဆဲဗင္းဇူလိုင္ အျဖစ္အပ်က္နဲ႔ ေက်ာေပါက္ သရဲ ဇာတ္လမ္းကို အရင္က တဲြစပ္မျမင္၊ မေတြးခဲ့ဖူးပါဘူး။ အခုေတာ့ ငယ္ငယ္က ေၾကာက္ခဲ့ရတဲ့အျဖစ္ကို ေတြးၿပီး ၀မ္းနည္းနာက်င္စြာ သိရပါၿပီ။
Credit – eleven

 

Unicode ဖြင့်ဖတ်ရန်

ကျောပေါက်သရဲ

တစ်ခါတလေ ကျွန်တော့်မှတ်ဉာဏ်ထဲ ကျွန်တော် တော်တော်ကြီးကို ငယ်တုန်းက ပုံရိပ်တစ်ခု ပြန်ပြန်ပေါ်လာတယ်။ ဘာပုံရိပ်လဲဆို မနက်ခင်းအစောကြီး အလင်းရောင်တောင် မရှိသေးတဲ့အချိန် အမေက တစ်ပေလောက်ရှိမယ့် သံပိုက်လုံးမီးပြောင်းနဲ့ မီးဖိုမီးကို တောက်လာအောင် မှုတ်နေတယ်။ ကျွန်တော်က မီးဖိုနံဘေးက မီးခိုးပြာတွေထဲ အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ပုံ။ အံ့သြစရာ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမီးဖိုနံဘေး အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ ကျွန်တော်ဟာ လေးနှစ်သားလောက်ပဲ ရှိဦးမှာမို့ပဲ။ အဲဒီပုံရိပ်ဟာ ကျွန်တော့်ဘဝတစ်သက်တာ ငယ်ဘဝကို မှတ်မိသမျှတွေထဲက ကျွန်တော် အငယ်ဆုံးပုံရိပ်မို့ပဲ။ ဒီပြင် မှတ်မိသမျှတွေဟာ အဲဒီထက်ကြီးတဲ့ အရွယ်တွေချည်း။
အဲဒီပုံရိပ်ကို မှတ်မိတယ်ဆိုရာမှာလည်း အကြောင်းတိုက်ဆိုင်တာမျိုးတွေကြောင့် မဟုတ်ဘူး။ သူ့ဘာသာသူ ပေါ်လာတာမျိုးပဲ။ နောက်ပြီး အဲဒီပုံရိပ်နဲ့ပတ်သက်လို့ ကျွန်တော်ဟာ အဲဒီပုံရိပ်သက်သက်ကိုသာ မှတ်မိတာဖြစ်ပြီး ဘာဖြစ်လို့ ကျွန်တော့်အမေဟာ မီးဖိုမီးတောက်အောင် လုပ်နေတာလဲ။ ကျွန်တော်ကလည်း ဘာဖြစ်လို့ မီးဖိုနံဘေး ဘောင်းဘီတိုကလေးဝတ်ပြီး အိပ်ငိုက်နေရသလဲ စသဖြင့် ကျွန်တော်မသိဘူး။ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်ကတော့ အမေ့ကို မေးကြည့်ဖူးတယ်။ အမေရယ် ကျွန်တော်ဖြင့် ဒီလိုဒီလိုပဲ သတိရရနေတယ်။အဲဒီတုန်းက အမေက ဘာလုပ်နေတာလဲလို့ မေးတော့ အမေက အဲဒါကို ကျွန်တော် မှတ်မိလို့ အံ့သြနေတယ်။
ငါ့သား အဲဒီတုန်းက သုံးနှစ်ခွဲလောက် ရှိသေးတာတဲ့။ အဲဒီနေ့က ကျွန်တော့်အစ်ကို (ကျွန်တော့်ထက် နှစ်နှစ်ကျော်ကြီးတယ်) ဖျားနေလို့ ကျွန်တော့်ကို အဖော်အနေနဲ့ ခေါ်တာတဲ့။ မနက်ခင်းအစောကို အမေက အကြော်ကြော်ရောင်းတာပေါ့။ အဖေလည်း ပါပေမယ့် အဖေက အိမ်နဲ့ဆိုင် အခေါက်ခေါက်အခါခါ ပစ္စည်းတွေ သယ်သယ်ပေးနေရတော့ အဖေ အိမ်ပြန်ပစ္စည်းသယ်နေတဲ့ အချိန် အမေက သရဲကြောက်တတ်တော့ ကျွန်တော့်အစ်ကိုကို ကူဖော်လောင်ဖက်ရဖို့ ခေါ်တာ။ အဲဒီနေ့က ကျွန်တော့်အစ်ကို ဖျားတော့ ကလေးပဲဆိုပေမယ့် အဖော်ရှိရင် အမေက မကြောက်တော့ဘူးဆိုတော့ ကျွန်တော့်ကို ရအောင် နှိုးခေါ်လာတာတဲ့။ အဲဒါလည်း အဲဒီတစ်ကြိမ်ပါပဲတဲ့။ ငါ့သားက ခုထိမှတ်မိသေးတာပဲတဲ့။ အမေက ရယ်နေတယ်။
ကျွန်တော်လည်း အဲဒီအဖြစ်အပျက်ကို မှတ်မိနေလို့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ မယုံနိုင်ဘူး။ သိပ်ငယ်သေးတာကိုး။ ငယ်ဘ၀ အမှတ်ရချက်တွေထဲ ဒုတိယလိုက်တဲ့ အသက်အငယ်ဆုံး အဖြစ်အပျက်ဆိုရင် သုံးနှစ်ခွဲဆိုတဲ့အရွယ်နဲ့ တော်တော်ကို ကွာသွားပြီ။ ကျွန်တော် ရှစ်နှစ်ကိုးနှစ်လောက်က ကြက်ကိုသွားစမိလို့ ကြက်လိုက်ခွပ်ခံရတာက ဒုတိယအငယ်ဆုံး အမှတ်ရချက်ပဲ။ ကျွန်တော်က ဉာဏ်တွေ၊ ဘာတွေ သိပ်ကောင်းတဲ့ ကလေးမျိုးလည်း မဟုတ်ဘူး။ ငယ်တုန်းက အဖြစ်အပျက်တွေဆိုတာကလည်း ဓာတ်ပုံများလို ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ။ တစ်ခါတလေ ကျွန်တော်တို့ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ကြတဲ့အခါမျိုးမှာ ပြန်စဉ်းစားကြရသလိုမျိုးပေါ့။ ငါ အဲဒီတုန်းက ဘာဖြစ်လို့ ရယ်နေတာပါလိမ့်။ ငါက ဘာဖြစ်လို့ စိတ်ကောက်တဲ့ပုံ ဖြစ်နေတာလဲတို့ပေါ့။ ဘာကြောင့်ဆိုတာ စဉ်းစားလို့ မရတော့ဘူး။
စဉ်းစားမရတဲ့ဟာမျိုးကိုသာ စဉ်းစားမရပေမယ့် တချို့အဖြစ်အပျက်တွေကိုကျတော့လည်း အဖြစ်အပျက်တင်မဟုတ်ဘဲ အဲဒီအချိန်၊ အတွေးကိုပါ ပြန်မှတ်မိနေတာ မျိုးရှိသေးတယ်။ ကျွန်တော်တို့ငယ်ငယ်က အရပ်ထဲ ဈေးလိုက်ရောင်းတဲ့ ဈေးသည်ကြီးတွေ တော်တော်များများကို မှတ်မိနေတယ်။
ကလေးအချင်းချင်း လက်တို့ပြောကြတဲ့ တချို့အတွေးတွေဟာ ထူးထူးဆန်းဆန်းတွေရယ်။ လျက်ဆားရမယ် လျက်ဆားဆိုတဲ့ ဦးချိန်တီရောင်းတဲ့ ဦးလေးကြီးကိုဆိုရင်ကျွန်တော်တို့က အမြဲစီအိုင်ဒီတို့၊ ဘာတို့က ထောက်လှမ်းရေးရဲလို့ ထင်ကြတယ်။ ဘယ်သူက အစပြုပြောဆိုကြတယ်တော့ မမှတ်မိ၊ မသိတော့ဘူးပေါ့။ အဲဒီရဲထောက်လှမ်းရေးကြီးဟာ လျက်ဆားသည်အယောင်ဆောင်ပြီး တစ်မြို့နယ် ဝင်၊ တစ်မြို့နယ် ထွက်လိုက် စုံစမ်းနေတယ်လို့ပဲ တွေးကြတယ်။ ဘာအကြောင်း ထောက်လှမ်းတယ်ဆိုတာကိုလည်း ထုံးစံအတိုင်း မသိဘူးပေါ့။ တကယ်ရယ်စရာပါ။ ဒါပေမဲ့ နောင်မှဒါတွေဟာ ရယ်စရာမဟုတ်ပါလားရယ်လို့ သိရတဲ့အကြောင်းတွေလည်း ရှိခဲ့ပါတယ်။
ကျွန်တော် ငါးတန်းကနေ ၁၀ တန်းအထိ နေခဲ့ရတဲ့ ကျောင်းက ယောကျ်ားလေးကျောင်း။ နံဘေးနားကပ်ရပ်မှာ အုတ်တံတိုင်းမြင့်မြင့်ကြီးသာခြားပြီး မိန်းကလေးကျောင်းလည်း ရှိတယ်။ ကျွန်တော် မူလတန်းကျောင်းကနေ ကျောင်းပြောင်း၊ ငါးတန်းကို စတက်တော့ အဲဒီကျောင်းကြီးဟာ အရင်နေခဲ့တဲ့ ကျောင်းထက်လည်း အများကြီးကြီး၊ အများကြီးကျယ်၊ ကျောင်းသားတွေကလည်း အများကြီးဆိုတော့ ကျောင်းစတက်ရတဲ့နေ့ဟာ တကယ့်အတွေ့အကြုံ ထူးကြီးပါပဲ။ ကလေးကလည်း ကလေးဆိုတော့ အားလုံးကို ခပ်ရွံ့ရွံ့၊ ခပ်ကြောက်ကြောက် သိမ်ငယ်စွာနဲ့ပဲ စခဲ့ရတယ်။
အတန်းကြီးကျောင်းသားတွေကို ကြောက်တယ်။ တစ်ခါမှ မသင်ဖူးသေးတဲ့ ဆရာ၊ ဆရာမတွေကို ကြောက်တယ်။ မှောင်မည်းနေတဲ့ စင်္ကြံလမ်းကိုလည်း ကြောက်တယ်။ ရုပ်ဆိုးဆိုးနဲ့ ကျောင်းညစောင့် အဘိုးကြီးကိုလည်း ကြောက်တာပဲ။ ဘာဖြစ်ဖြစ် အကုန်လုံးဟာ ကြောက်စရာတွေချည်း ဖြစ်နေတာပါပဲ။ ကြောက်စရာတွေချည်း ပြုံနေတဲ့ ကျောင်းမှာ နောက်ထပ် ကြောက်စရာတစ်ခု ထပ်တိုးပါတယ်။ ကျောပေါက်သရဲ တဲ့။ နာမည်ကြားရတာနဲ့တင် ကျောစိမ့်စရာပေါ့။
အတန်းကြီး ကိုးတန်း၊ ၁၀ တန်းကျောင်း သားတွေဟာ အိမ်သာထဲ ဆေးလိပ် ခိုးသောက်၊ အတန်းချိန် လစ်ဆိုတော့ အဲဒီအိမ်သာထဲကို အောက်တန်းက ချာတိတ်တွေ လာတာ သိပ်ကြည့်ရပုံ မပေါ်ပါဘူး။ ကျွန်တော်တို့ အိမ်သာထဲရောက်ပြီဆိုရင် မီးခိုးငွေ့တွေကြားမှာ အိမ်သာတံခါးကို မှီရပ်နေတဲ့ ကျောင်းသားကြီးတွေဟာ အိမ်သာတံခါးကိုလည်း ဖယ်မပေး၊ ထုံပေပေရပ်ရင်း အမြဲပြောလေ့ရှိတဲ့စကားက မင်းတို့ကောင်လေးတွေနော် အိမ်သာထဲကို ခဏခဏလာ၊ ဒီမှာ ကျောပေါက်သရဲရှိတယ်။ မင်းတို့ မသိဘူးလား။ ငါတို့တောင် တစ်ယောက်တည်း မလာရဲဘူးတဲ့။ သတင်းပေးသလိုလိုနဲ့ ခြောက်ပါတယ်။ သူတို့ အဲဒီလို ခြောက်တာဟာလည်း တကယ့်ကို ထိရောက်လှပါတယ်။
ကျွန်တော်ဆိုရင် ငါးတန်းကနေ ၁၀ တန်းသာ အောင်သွားခဲ့တယ်။ ကျောင်းအိမ်သာကို ဘယ်တုန်းကမှ တစ်ယောက်တည်း မသွားရဲခဲ့ဘူး။ ပြောမယ့်သာ ပြောရတယ် တကယ်တမ်းက အဲဒီကျောပေါက်သရဲဆိုတာကို ဘယ်သူကမှ မြင်ဖူးကြတာလည်း မဟုတ်ပါဘူး။ ကလေးဆိုတာက ကိုယ့်ကို သူများကလည်းပြော။ ကိုယ်ကလည်း သူများကို လက်ဆင့်ကမ်း ပြန်ပြော။ ပြောရင်း ပြောရင်းနဲ့ ကိုယ်တိုင်ပဲ တကယ်ကြုံခဲ့ဖူးသလို ယုံကြည်ပြီး ကြောက်တော့တာကိုး။ ဒီကြားထဲ အဆိုးဆုံးက ကလေး ကလေးချင်းပြောတာ တင်မဟုတ်ဘဲ တစ်ခါတလေ ညစောင့်အဘိုးကြီးကလည်း ကျောပေါက်သရဲအကြောင်းကို ကျွန်တော်တို့ကို ကြုံရင်ကြုံသလို ပို့ချသင်ခန်းစာပေးပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အချင်းချင်းလည်းပြော၊ နောက်တက်လာတဲ့ ချာတိတ်ကျောင်းသားသစ်လေးတွေကို ပြန်ပြော။ ကျောပေါက်သရဲ ဇာတ်လမ်းဟာ ကျောင်းတွေရဲ့ အထူူးခြားဆုံး ဒဏ္ဍာရီ ဖြစ်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြတဲ့ ဇာတ်လမ်းကလေးတွေဟာ အနည်းငယ် ကွဲပြားခြားနားသွားကြပေမယ့် ကျောရိုးဇာတ်လမ်းကတော့ ဒီလိုပါ။
တစ်ခါက ကျောင်းသားတစ်ယောက်ဟာ ကျောင်းဆင်းတဲ့အချိန် အိမ်ကို ပြန်ချင်ဇောနဲ့ အပြန်ကျောင်းမှာ ကွန်ပါဘူး ကျန်ခဲ့တယ်တဲ့။ အိမ်ပြန်မရောက်ခင် သတိရလို့ ကျောင်းကိုပြန်လာတော့ ကျောင်းမှာ ကျောင်းစောင့်အဘိုးကြီးကိုလည်း မတွေ့၊ ဆရာ၊ ဆရာမတွေလည်း ပြန်ကုန်ကြပြီ။ ကျောင်းကြီးကလည်း တိတ်ဆိတ်လို့ နေတာပဲတဲ့။ သူလည်း ကြောက်ကြောက်နဲ့ပဲ သူ့အတန်းကို ပြန်၊ ကွန်ပါဘူးယူပြီး ကျောင်းပေါက်ဘက်ကို ပြန်လာတော့ လမ်းမှာ ကျောင်းသားတစ်ယောက်နဲ့ တွေ့သတဲ့။ ကျောင်းသားတစ်ယောက်ကို တွေ့ရတော့ သူလည်း အားတက်သွားတာပေါ့။ ကျောင်းသားကို လှမ်းနှုတ်ဆက်သတဲ့။ “ဟေ့ကောင် မင်းဘယ်အတန်းကလဲ။ မပြန်သေးဘူးလား။ လာအတူတူပြန် ရအောင်” ဆိုတော့ ဟိုက သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသတဲ့။ ပြီးတော့ သူကဆက်ပြောတယ်။ “ငါတော့ ကျောပေါက်သရဲ ကြောက်လို့ကွာ မင်းကိုတွေ့မှပဲ စိတ်အေးတော့တယ်” ပေါ့။ အဲဒီတော့ ဟိုကျောင်းသားက “ကျောပေါက်သရဲ ဟုတ်လား ဒီလိုမျိုးလား” ဆိုတဲ့ပြီး နောက်ကျောကို လှည့်ပြတယ်တဲ့။ ကြည့်လိုက်တော့ အမယ်လေး သူ့ကျောကုန်းက အပေါက်ကြီးနဲ့တဲ့ဗျာ။ အခုကို ပြန်တွေးရင်း ကြက်သီးတောင် ထမိတယ်။
စသဖြင့်ပေါ့ဗျာ။ အဲဒီဇာတ်လမ်းပေါ့။ ထူးဆန်းတာက ကျွန်တော်တို့ ကျောင်းတင် အဲဒီကျောပေါက်သရဲက ခြောက်တာမဟုတ်ဘဲ နံဘေးကပ်လျက်က မိန်းကလေးကျောင်းမှာဆိုရင်လည်း အဲဒီကျောပေါက်သရဲ ရှိတာပဲ။ ကျူရှင်မှာတွေ့တဲ့ မိန်းကလေးသူငယ်ချင်းတွေက ပြောပြတာကိုး။ အံမယ်လေး သူ့ကျောပေါက်သရဲက ပိုကြောက်ဖို့ကောင်းတယ်။ ငါ့သရဲက ပိုကြောက်ဖို့ကောင်းတယ်နဲ့ ဂုဏ်တုဂုဏ်ပြိုင်တောင် လုပ်ခဲ့ကြသေး။ ငယ်တုန်းကတော့ သြော် ဟုတ်မှာပေါ့ သူတို့ကျောင်းနဲ့ ငါတို့ကျောင်းက အုတ်တံတိုင်း လေးတင်ခြားတာ သရဲလည်း ဟိုဘက်ဒီဘက် ကူးချင်ကူးနေမှာပေါ့လို့ တွေးတာပေါ့။
ထားပါတော့ဗျာ ဒီလိုနဲ့ ကျွန်တော်လည်း ၁၀ တန်းတွေ ဘာတွေ အောင် တက္ကသိုလ် ရောက်တယ်ပေါ့။ ခက်တာက အဲဒီတက္ကသိုလ်မှာလည်း ကျောပေါက်သရဲဟာ ခပ်ဆင်ဆင်ဇာတ်လမ်းတစ်မျိုးနဲ့ ရှိနေပြန်တာပဲ။ ပြီးတော့ ကျွန်တော်ကျောင်းတွေ၊ ဘာတွေပြီး တခြား တစ်မြို့တစ်ရွာကို ပြောင်းတော့လည်း အဲဒီမြို့က သူငယ်ချင်းအသစ်တွေနဲ့ တွေ့ပြန်တော့ သူတို့ကျောင်းတွေမှာလည်း ကျောပေါက်သရဲက ရှိနေပြန်လေရော။ ဟာခက်ပြီ ဒီသရဲဟာ မြန်မာတစ်ပြည် လုံးမှာရှိတဲ့ ကျောင်းတိုင်းမှာ ရှိနေတာပါလားလို့ အံ့သြရတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်နေရာမှာပဲ ကျောပေါက်သရဲ ရှိနေနေ ဘယ်သူမျှ မြင်ဖူးကြတာတော့ မဟုတ်ပါဘူး။
အခုတော့ ကျောင်းဆိုတာနဲ့ ဝေးနေတာကလည်း ကြာပါပြီ။ စားဝတ်နေရေး ရုန်းကန်ရင်း ကျောပေါက်သရဲ ဆိုတာကိုလည်း သတိတောင်မရ မေ့နေပါပြီ။ ကျောပေါက်သရဲထက် ပိုကြောက်ဖို့ကောင်းတဲ့ လူတွေ အများကြီးကို မြင်ခဲ့ကြုံခဲ့ရပြီးပြီကိုး။ တစ်လောက ဆရာထက်မြက်ရေးတဲ့ စစ်အချစ်နဲ့ ကျွန်း (နိုင်ငံရေးဖြတ်သန်းမှုများ) ဆိုတဲ့ စာအုပ်ကို ဖတ်ရင်း ငယ်ငယ်က ကျောပေါက်ကြီးနဲ့ သရဲဆိုတဲ့ ဇာတ်လမ်းရဲ့ မြစ်ဖျားခံရာ အဖြစ်အပျက်ကို ဝမ်းနည်းစွာ သိလိုက်ရပါတယ်။
သြော် ကျွန်တော်တို့ သိခဲ့ရတဲ့ ကြောက်စရာ သရဲဇာတ်လမ ်းဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အာဏာသိမ်းစစ်တပ်က တက္ကသိုလ်ကျောင်းသားတွေကို နောက်ကနေ သေနတ်နဲ့ပစ်သတ်လို့ ကျောမှာကျည်ဆန် အပေါက်တွေနဲ့ သေဆုံးခဲ့ရတဲ့ အဖြစ်က လာတာပါလား။ ၈ ရက်နေ့ မနက်မှာ သမိုင်းဝင် သမဂ္ဂအဆောက်အအုံကိုလည်း ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့ကြတယ်။ အရင်တုန်းကတော့ ဒီရင့်နင့်ဖွယ်ရာ အဖြစ်အပျက်ကို မှတ်တမ်းတင်ခွင့်မှ မရခဲ့ပဲကိုး။ ဒါကြောင့် ဒဏ္ဍာရီဇာတ်လမ်းပုံစံနဲ့ ဒီနေ့အထိ ခေတ်အဆက်ဆက် ကျောင်းသားကလေးတွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သယ်ဆောင်လာကြတာပါလား။ ဆဲဗင်းဇူလိုင် အဖြစ်အပျက်နဲ့ ကျောပေါက်သရဲဇာတ်လမ်းကို အရင်က တွဲစပ်မမြင်၊ မတွေးခဲ့ဖူးပါဘူး။ အခုတော့ ငယ်ငယ်က ကြောက်ခဲ့ရတဲ့အဖြစ်ကို တွေးပြီး ဝမ်းနည်းနာကျင်စွာ သိရပါပြီ။
Credit – eleven