Zawgyi ျဖင့္ဖတ္္ရန္

မြန္ျပည္နယ္၊ က်ိဳက္ထို ၿမိဳ႕နယ္ ရွိ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ေစတီ ရင္ျပင္ေတာ္ ေပၚရွိ ျမသပိတ္ဘုရားလမ္းမွာ ဒီေန႔မနက္အေစာပိုင္းက ေနအိမ္တံခါးဝကို ကန္ခဲ့သူအား ၀ါးတုတ္နဲ႔႐ိုုက္ရာမွ လူေသဆံုးမႈျဖစ္ပြားခဲ့တယ္လို႔ ကင္မြန္းေခ်ာင္းရဲကင္းစခန္းက သိရပါတယ္။

ျဖစ္စဥ္မွာ ဒီေန႔မနက္ အေစာပိုင္း ၁ နာရီေလာက္က က်ိဳက္ထီး႐ိုး ေစတီ ရင္ျပင္ေတာ္ ေပၚရွိ ျမသပိတ္ဘုရားလမ္းေန ေသဆံုးသူ သက္ပိုင္လင္းနဲ႔ သူငယ္ခ်င္းျဖစ္သူ ေအာင္ေက်ာ္ပိုင္ တို႔မွာ ေနအိမ္အတြင္း အရက္အတူေသာက္ေနလို႔ သက္ပိုင္လင္းရဲ႕ဇနီးျဖစ္သူ ေဒၚခင္မ်ိဳးေ၀က  ထမင္းဆိုင္ တန္းမွာ ေနထိုင္သူ ခင္ပြန္း ရဲ႕ အေဒၚျဖစ္သူဆီကို သြားေရာက္တိုင္ၾကားခဲ့တယ္။

သြားေရာက္တိုင္ၾကားၿပီး ၄၅ မိနစ္ေလာက္အၾကာ ေနအိမ္ျပန္အေရာက္မွာ ခင္ပြန္းျဖစ္သူ သက္ပိုင္လင္း မွာ ၀ဲဘက္ခ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာ၊ ေရွ႕သြားပဲ့ဒဏ္ရာ၊ ၀ဲဘက္နား ဖူးေရာင္ညိဳမဲဒဏ္ရာေတြနဲ႔ ေတြ႔ရလို႔ ေအာင္ေက်ာ္ပိုင္ ကို ေမးျမန္းခဲ့ရာ တလမ္းတည္းေနထိုင္သူ စိုးႏိုင္ဦး (ေခၚ) ကိုစိုးရဲ႕ ေနအိမ္ တံခါးဝ ကို သက္ပိုင္လင္းက ကန္ခဲ့တဲ့ကိစၥႏွင့္ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္ခဲ့ရာမွ ဝါးတုတ္နဲ႔ ႐ိုက္ခဲ့ေၾကာင္း ကင္မြန္းေခ်ာင္း နယ္ေျမ ရဲစခန္းမႉး က ေျပာပါတယ္။

ကင္မြန္းေခ်ာင္း နယ္ေျမ ရဲစခန္း မွ စခန္းမႉးရဲအုပ္ေက်ာ္သူရက “သူတို႔စကားမ်ားရန္ျဖစ္ေနတုန္း သက္ပိုင္လင္းက အသင့္ပါလာတဲ့ ဓားရွည္နဲ႔ စိုးႏိုင္ဦး(ေခၚ)ကိုစိုးကို ထိုးခဲ့တာ လက္ကိုနည္းနည္းရွပ္ထိသြားတယ္။ စိုးႏိုင္ဦးကလည္း အသင့္ကိုင္ေဆာင္ထားတဲ့ ၀ါးဆစ္ပိုင္းတုတ္နဲ႔ျပန္႐ိုက္ခဲ့ရာ သက္ပိုင္လင္းက ဒဏ္ရာေတြရရွိခဲ့လို႔ က်ိဳက္ထိုျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ခဲ့ပါတယ္။ ေဆး႐ံုေရာက္ေတာ့ ေသဆံုးခဲ့ပါတယ္” လို႔ ေျပာပါတယ္။

READ  ခရီးသည္တင္ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားအား ဓားေထာက္ၿခိမ္းေျခာက္၍ ေငြေတာင္းသူကို ဖမ္းဆီး

ကင္မြန္းေခ်ာင္း နယ္ေျမ ရဲစခန္း က စိုးႏိုင္ဦး(ေခၚ) ကိုစိုးကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၀၂ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

ကျိုက်ထီးရိုးတောင်ပေါ်တွင် လူသတ်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်ပေါ်ရှိ မြသပိတ်ဘုရားလမ်းမှာ ဒီနေ့မနက်အစောပိုင်းက နေအိမ်တံခါးဝကို ကန်ခဲ့သူအား ဝါးတုတ်နဲ့ရိုုက်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကင်မွန်းချောင်းရဲကင်းစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့မနက် အစောပိုင်း ၁ နာရီလောက်က ကျိုက်ထီးရိုး စေတီရင်ပြင်တော်ပေါ်ရှိ မြသပိတ်ဘုရားလမ်းနေ သေဆုံးသူ သက်ပိုင်လင်းနဲ့ သူငယ်ချင်းဖြစ်သူ အောင်ကျော်ပိုင် တို့မှာ နေအိမ်အတွင်း အရက်အတူသောက်နေလို့ သက်ပိုင်လင်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဝေက ထမင်းဆိုင်တန်းမှာ နေထိုင်သူခင်ပွန်းရဲ့ အဒေါ်ဖြစ်သူဆီကို သွားရောက်တိုင်ကြားခဲ့တယ်။

သွားရောက်တိုင်ကြားပြီး ၄၅ မိနစ်လောက်အကြာ နေအိမ်ပြန်အရောက်မှာ ခင်ပွန်းဖြစ်သူ သက်ပိုင်လင်းမှာ ဝဲဘက်ချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ရှေ့သွားပဲ့ဒဏ်ရာ၊ ဝဲဘက်နား ဖူးရောင်ညိုမဲဒဏ်ရာတွေနဲ့ တွေ့ရလို့ အောင်ကျော်ပိုင်ကို မေးမြန်းခဲ့ရာ တလမ်းတည်းနေထိုင်သူ စိုးနိုင်ဦး (ခေါ်) ကိုစိုးရဲ့ နေအိမ်တံခါးဝကို သက်ပိုင်လင်းက ကန်ခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ရာမှ ဝါးတုတ်နဲ့ ရိုက်ခဲ့ကြောင်း ကင်မွန်းချောင်းနယ်မြေရဲစခန်းမှူးက ပြောပါတယ်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်သူရက “သူတို့စကားများရန်ဖြစ်နေတုန်း သက်ပိုင်လင်းက အသင့်ပါလာတဲ့ ဓားရှည်နဲ့ စိုးနိုင်ဦး(ခေါ်)ကိုစိုးကို ထိုးခဲ့တာ လက်ကိုနည်းနည်းရှပ်ထိသွားတယ်။ စိုးနိုင်ဦးကလည်း အသင့်ကိုင်ဆောင်ထားတဲ့ ဝါးဆစ်ပိုင်းတုတ်နဲ့ပြန်ရိုက်ခဲ့ရာ သက်ပိုင်လင်းက ဒဏ်ရာတွေရရှိခဲ့လို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ သေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းက စိုးနိုင်ဦး(ခေါ်) ကိုစိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

READ  ဘုရင့္ေနာင္ ကေမာၻဇ ဘဏ္ခြဲ အနီး ကုမၸဏီ ယာဥ္ေမာင္း တဦး ေငြတင္ထားသည့္ကားေမာင္းေျပး

Credit : DVB

LEAVE A REPLY