ကမၻာ ေပၚမွာ လူတိုင္း စကားေလး တစ္ခြန္းကို ေျပာဖူးၾကတယ္ အဲ့ဒါဟာ “ခ်စ္တယ္”တဲ့ ။လူသားတိုင္း အခ်စ္ နဲ ႔ၾကံဳဆံုလာရတာခ်ည္းပါဘဲ။ဘယ္သူမွ အခ်စ္ရဲ႕ စက္ကြင္း ေအာက္က မလြတ္ပါဘူး။၁၅၀၀ အခ်စ္ ျဖစ္ေစ ၅၂၈ အခ်စ္ ျဖစ္ေစ ခ်စ္မိလာရာကေန နာက်င္မႈ ပူေလာင္မႈေတြ စိတ္ပင္ပန္းမႈေတြ ခံစားရႏိုင္ပါတယ္။

တဖက္သတ္ခ်စ္ရတဲ့သူလဲ ကိုယ္လိုတာမရရတဲ့ နာက်င္မႈ ၊ သူငယ္ခ်င္း အခ်င္း အခ်စ္ မွာလဲ သူက ကိုယ့္ေလာက္မခင္လို႔ ကိုယ့္ထက္တျခားသူခင္လို႔၊ခ်စ္သူေတြၾကားမွာဆိုရင္လဲ ၾကည္ႏူးတဲ့ အခ်ိန္ ထက္ အဆင္မေျပတဲ့ အခ်ိန္ က ပိုမ်ားၾကေလ့ရွိတယ္။

ဒီလိုစိတ္ညစ္ရတာေတြ မျဖစ္ေအာင္ ဘယ္လိုစိတ္ထားၿပီး ခ်စ္ရမလဲဆိုတာ အၾကံေပးခ်င္ပါတယ္။

၁။ ေမၽွာ္လင့္ခ်က္ ေတြ မထားဘဲခ်စ္ပါ ။

ဒီလိုခ်စ္ႏိုင္ရင္ သင့္ကို နာက်င္ ေစတာေတြ တစ္ဝက္နီးပါး ေလ်ာ့သြားေစပါတယ္ ။
အေတာ္မ်ားမ်ားက ကိုယ္ခ်စ္တဲ့သူ ကိုယ့္ကို ဘယ္လိုေလးလုပ္ေပးေစခ်င္တာ ၊ ဘယ္လိုခ်စ္ေစခ်င္တာမ်ိဴးေတြ ေမၽွာ္လင့္တတ္ၾကတယ္။

ကိုယ္ေမၽွာ့္လင့္ထားတဲ့အတိုင္း ကိုယ္ျဖစ္ခ်င္တဲ့အတိုင္းျဖစ္မလာတဲ့အခါ ကိုယ္ကိုယ္တိုင္လဲ ဝမ္းနည္းရသလို သူ႔အေပၚလဲ အျမင္မၾကည္ေတြျဖစ္ၿပီး
ျပသနာေတြရွာမိႏိုင္တယ္။ အဲ့ဒီအခါ သူေကာ ကိုယ္ပါ စိတ္ညစ္ရလိမ့္မယ္ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့သူဆီက ဘာမွ မေမၽွာ္လင့္ပါနဲ႔ ။

၂။ ခ်စ္ေနရရံုနဲ႔ ေက်နပ္ပါ ။

လူ႔သဘာဝအရ လူေတြက ကိုယ္ ခ်စ္တဲ့သူ ကိုယ့္ကို ျပန္ခ်စ္ေစခ်င္တယ္။
ကိုယ္သူ႔ကို ဂရုစိုက္သလို ျပန္ဂရုစိုက္ခံခ်င္တယ္။ ကိုယ္ အေလးနက္ ထားသလို ျပန္အေလးမထားရင္ ခံစားၾကရတယ္။

ဒါေတြက ကိုယ့္ကို ပူေလာင္ေစပါတယ္။ သူ႔အနားမွာ ရွိခြင့္ရၿပီးခ်စ္ေနရရံုနဲ႔ ေပ်ာ္ေနလိုက္ပါ။
အခ်စ္ကို ဖန္တီးလုပ္ယူလို႔ မရပါဘူး အခ်စ္ဆိုတာ ရယူျခင္းမွ မဟုတ္တာ။

၃။ ျပသနာ ေတြကို အတတ္ႏိုင္ဆံုးေရွာင္ပါ ။

ျပသနာ ျဖစ္ရပါမ်ားရင္ အခ်စ္ က စိတ္ပ်က္ဖို႔ေကာင္းပါတယ္ ။
ကိုယ္စိတ္ဆိုးစိတ္တိုစရာတစ္ခုခု သူလုပ္မိတဲ့အခါ ကိစၥေသးေသးမႊားမႊားပဲဆို ျပသနာမရွာဘဲ ေရွာ္ေပးလိုက္ပါ။

လူေတြက ကိုယ့္ကို နားလည္ေပးတတ္တဲ့သူ သေဘာထားမေသးသိမ္တဲ့သူဆို ပိုၿပီးေတာ့ ခ်စ္ပါတယ္။
ဒါေၾကာင့္ ႀကီးႀကီးမားမားမဟုတ္ရင္ ရန္ေတြျဖစ္ ျပသနာမတက္ရေအာင္ နားလည္ေပးသင့္တဲ့ကိစၥေတြမွာ နားလည္ေပးလိုက္ပါ ။

၄။ ကိုယ္ခ်စ္တဲ့သူနဲ႔ ဘယ္လိုေပ်ာ္ေအာင္ေနမလဲဆိုတာ အေတြးထဲမွာအျမဲရွိေနပါ ။

သူနဲ႔ကိုယ္ၾကား ေပ်ာ္စရာအခ်ိန္ေလးေတြ မ်ားမ်ားရွိေအာင္လုပ္ပါ။
ဒါမွ နာက်င္ရတဲ့ကိစၥေတြၾကံဳလာရင္ေတာင္ ေပ်ာ္စရာ အခ်ိန္ ေတြက ခြန္အားေတြေပးပါလိမ့္မယ္။
ဒီလိုဆို အခ်စ္က သင့္ကို စိတ္ညစ္ေစတဲ့အရာမဟုတ္ေတာ့ဘဲ ဘဝအတြက္ လိုအပ္ခ်က္ေလးအျဖစ္ သင့္အျမင္ေတြကို ေျပာင္းလဲေပးပါလိမ့္မယ္။

၅။ အရမ္း စိတ္ႏွစ္ၿပီး မခ်စ္ပါနဲ႔ ။

သူကလြဲၿပီး ဘာမွမသိေတာ့တာမ်ိဴး။
သူ႔ကိုခ်စ္ေနရၿပီး ကိုယ့္အတြက္ ဘာမွမစဥ္းစားမိေတာ့တာမ်ိဴးက တခ်ိန္က်ရင္ သင့္ကို နာက်င္ေစရလိမ့္မယ္။
ပံုေအာၿပီးခ်စ္လိုက္တာမ်ိဴးမလုပ္ဘဲ အသိေလးနဲ႔ထိန္းၿပီး ခ်စ္ပါ။

ကမၻာေပၚမွာ လူသား အားလံုး အခ်စ္ ေၾကာင့္ ေပ်ာ္ရႊင္ျခင္းေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္ ။

Credit: Mini Eiz ( Love Shop )

Unicode ဖြင့်ဖတ်ရန်

 

စိတ်ညစ်စရာတွေ မကြုံတွေ့ရအောင် ဒီလို ပုံစံနဲ့ ချစ်ကြပါ …ကမ္ဘာပေါ်မှာ လူတိုင်းစကားလေးတစ်ခွန်းကို ပြောဖူးကြတယ် အဲ့ဒါဟာ “ချစ်တယ်”တဲ့ ။လူသားတိုင်း အချစ်နဲ့ကြုံဆုံလာရတာချည်းပါဘဲ။

ဘယ်သူမှ အချစ်ရဲ့ စက်ကွင်းအောက်က မလွတ်ပါဘူး။၁၅၀၀ အချစ်ဖြစ်စေ ၅၂၈ အချစ်ဖြစ်စေ ချစ်မိလာရာကနေ နာကျင်မှု ပူလောင်မှုတွေ စိတ်ပင်ပန်းမှုတွေ ခံစားရနိုင်ပါတယ်။

တဖက်သတ်ချစ်ရတဲ့သူလဲ ကိုယ်လိုတာမရရတဲ့နာကျင်မှု၊ သူငယ်ချင်းအချင်းအချစ်မှာလဲ သူက ကိုယ့်လောက်မခင်လို့ ကိုယ့်ထက်တခြားသူခင်လို့၊ချစ်သူတွေကြားမှာဆိုရင်လဲ ကြည်နူးတဲ့အချိန်ထက် အဆင်မပြေတဲ့အချိန်က ပိုများကြလေ့ရှိတယ်။

ဒီလိုစိတ်ညစ်ရတာတွေ မဖြစ်အောင် ဘယ်လိုစိတ်ထားပြီး ချစ်ရမလဲဆိုတာ အကြံပေးချင်ပါတယ်။

၁။ မျှော်လင့်ချက်တွေ မထားဘဲချစ်ပါ ။

ဒီလိုချစ်နိုင်ရင် သင့်ကိုနာကျင်စေတာတွေ တစ်ဝက်နီးပါး လျော့သွားစေပါတယ် ။
အတော်များများက ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ဘယ်လိုလေးလုပ်ပေးစေချင်တာ ၊ ဘယ်လိုချစ်စေချင်တာမျိူးတွေ မျှော်လင့်တတ်ကြတယ်။

ကိုယ်မျှော့်လင့်ထားတဲ့အတိုင်း ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကိုယ်ကိုယ်တိုင်လဲ ဝမ်းနည်းရသလို သူ့အပေါ်လဲ အမြင်မကြည်တွေဖြစ်ပြီး
ပြသနာတွေရှာမိနိုင်တယ်။ အဲ့ဒီအခါ သူကော ကိုယ်ပါ စိတ်ညစ်ရလိမ့်မယ် ဒါကြောင့် ကိုယ်ချစ်တဲ့သူဆီက ဘာမှ မမျှော်လင့်ပါနဲ့ ။

၂။ ချစ်နေရရုံနဲ့ ကျေနပ်ပါ ။

လူ့သဘာဝအရ လူတွေက ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပြန်ချစ်စေချင်တယ်။
ကိုယ်သူ့ကို ဂရုစိုက်သလို ပြန်ဂရုစိုက်ခံချင်တယ်။ ကိုယ်အလေးနက်ထားသလို ပြန်အလေးမထားရင် ခံစားကြရတယ်။

ဒါတွေက ကိုယ့်ကို ပူလောင်စေပါတယ်။ သူ့အနားမှာ ရှိခွင့်ရပြီးချစ်နေရရုံနဲ့ ပျော်နေလိုက်ပါ။
အချစ်ကို ဖန်တီးလုပ်ယူလို့ မရပါဘူး အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်တာ။

၃။ ပြသနာတွေကို အတတ်နိုင်ဆုံးရှောင်ပါ ။

ပြသနာဖြစ်ရပါများရင် အချစ်က စိတ်ပျက်ဖို့ကောင်းပါတယ် ။
ကိုယ်စိတ်ဆိုးစိတ်တိုစရာတစ်ခုခု သူလုပ်မိတဲ့အခါ ကိစ္စသေးသေးမွှားမွှားပဲဆို ပြသနာမရှာဘဲ ရှော်ပေးလိုက်ပါ။

လူတွေက ကိုယ့်ကို နားလည်ပေးတတ်တဲ့သူ သဘောထားမသေးသိမ်တဲ့သူဆို ပိုပြီးတော့ ချစ်ပါတယ်။
ဒါကြောင့် ကြီးကြီးမားမားမဟုတ်ရင် ရန်တွေဖြစ် ပြသနာမတက်ရအောင် နားလည်ပေးသင့်တဲ့ကိစ္စတွေမှာ နားလည်ပေးလိုက်ပါ ။

၄။ ကိုယ်ချစ်တဲ့သူနဲ့ ဘယ်လိုပျော်အောင်နေမလဲဆိုတာ အတွေးထဲမှာအမြဲရှိနေပါ ။

သူနဲ့ကိုယ်ကြား ပျော်စရာအချိန်လေးတွေ များများရှိအောင်လုပ်ပါ။
ဒါမှ နာကျင်ရတဲ့ကိစ္စတွေကြုံလာရင်တောင် ပျော်စရာအချိန်တွေက ခွန်အားတွေပေးပါလိမ့်မယ်။
ဒီလိုဆို အချစ်က သင့်ကို စိတ်ညစ်စေတဲ့အရာမဟုတ်တော့ဘဲ ဘဝအတွက် လိုအပ်ချက်လေးအဖြစ် သင့်အမြင်တွေကို ပြောင်းလဲပေးပါလိမ့်မယ်။

၅။ အရမ်း စိတ်နှစ်ပြီး မချစ်ပါနဲ့ ။

သူကလွဲပြီး ဘာမှမသိတော့တာမျိူး။
သူ့ကိုချစ်နေရပြီး ကိုယ့်အတွက် ဘာမှမစဉ်းစားမိတော့တာမျိူးက တချိန်ကျရင် သင့်ကို နာကျင်စေရလိမ့်မယ်။
ပုံအောပြီးချစ်လိုက်တာမျိူးမလုပ်ဘဲ အသိလေးနဲ့ထိန်းပြီး ချစ်ပါ။

ကမ္ဘာပေါ်မှာလူသားအားလုံး အချစ်ကြောင့် ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေနော် ။

Credit: Mini Eiz ( Love Shop )