Zawgyi ျဖင့္ဖတ္္ရန္

တ႐ုတ္ႏုိင္ငံ က ေပ ၃၄၅၀ အျမင့္မွာ တည္ေဆာက္ထားတဲ့ မွန္တံတားေပၚမွာ မွန္ေတြ ကြဲေနတဲ့ပံုစံလုပ္ၿပီး ခရီးသြား ဧည့္သည္ ေတြကို ဆြဲေဆာင္ ထားတယ္လို႔ သိရပါတယ္။

ဒီ တံတား ေပၚ ေရာက္လာၾကတဲ့ ခရီးသြား ဧည့္သည္ တခ်ိဳ႕ကို ဒူးညြတ္ ေကြးက်သြားတဲ့အထိ ထိတ္လန္႔ေစၿပီး မွန္တံတားေပၚ တြယ္ကပ္ေနၾကတဲ့အထိ ျဖစ္သြားေစတယ္လုိ႔ ဆုိပါတယ္။

ထိတ္လန္႔ဖြယ္ရာ ေနာက္ေျပာင္မႈကုိ မွန္တံတားရဲ႕ တခ်ိဳ႕ေနရာေတြမွာ လုပ္ထားၿပီး မွန္ေတြ အက္ကြဲလာတဲ့ ပံုစံမ်ိဳးျဖစ္ေအာင္ လုပ္ထားတာပါ။

အခုလို မွန္ကြဲ ေနသလို လွည့္ကြက္လုပ္ထားတာကို မသိဘဲ တကယ္ထင္ေနတဲ့ ဧည့္လမ္းညႊန္တေယာက္ရဲ႕ ေၾကာက္လန္႔တၾကား လမ္းေလွ်ာက္ေနတဲ့႐ုပ္သံ ထြက္ေပၚလာၿပီး ဒီ ႐ုပ္သံ ကို လူမႈကြန္ရက္ေပၚမွာ ၾကည့္႐ႈ သူေပါင္း ၁၈ သန္းေက်ာ္ကာ အမ်ားစုကလည္း ျပန္လည္ျဖန္႔ေဝေနၾကပါတယ္။

အခုလို မွန္ကြဲပုံစံ လွည့္ကြက္ လုပ္ထားတာကို တ႐ုတ္ႏုိင္ငံ ဟန္ဒန္းၿမိဳ႕၊ အေရွ႕တိုင္ဟန္း ေတာင္ေပၚ သဘာဝအလွေဒသ ေခ်ာက္ကမ္းပါးဘက္က မွန္တံတားေပၚမွာ ထည့္သြင္းျပဳလုပ္ထားတာျဖစ္ၿပီး ဒီလုိလုပ္ေဆာင္တာက ခရီးသြား ဧည့္သည္ေတြ ႀကိဳက္ႏွစ္သက္တဲ့ပံုျဖစ္ေအာင္ စဥ္းစားလုပ္ေဆာင္ထားတာလုိ႔ ဆုိပါတယ္။

႐ုပ္သံ ထဲမွာ ဧည့္လမ္းညႊန္ က မွန္ တံတား ေပၚေျခခ်ခ်ိန္ ေအာက္ဘက္က မွန္ေတြ ကြဲအက္လာၿပီး မွန္ကြဲတဲ့ အသံ ေတြကိုပါ ၾကားရလို႔ တံတား တကယ္ကြဲအက္တယ္ထင္ၿပီး ေၾကာက္လန္႔ ေအာ္ဟစ္ေနတာကို ေတြ႔ျမင္ရပါတယ္။

ေနာက္ဆံုးမွာ လမ္းညႊန္က ခရီးသြား ဧည့္သည္ ေတြကို ဆြဲေဆာင္ထားတဲ့ ေနာက္ေျပာင္မႈ လုိ႔ သိသြားခဲ့တာပါ။

READ  "ပခုကၠဴ ျမဳိ႕တြင္သက္ႀကီးရြယ္အိုႏွင့္ ကေလးငယ္မ်ားအတြက္ အပူေရွာင္စခန္းဖြင့္"

တျခားေပၚထြက္လာတဲ့ ႐ုပ္သံေတြအရ ခရီးသြား တြက ဒီ ပံုသဏၭာန္ နဲ႔ ေနာက္ေျပာင္မႈ ကို ႏွစ္သက္ၾကတယ္၊ ႐ုပ္သံေတြလည္း အမ်ားႀကီး ႐ုိက္ကူးၾကတယ္လို႔ သိရပါတယ္။

မွန္တံတား ေလွ်ာက္လမ္း ရဲ႕ မွန္အထူက ၁ လက္မေက်ာ္ၿပီး ၁ စတုရန္း မီတာ မွာ ၁၇၆၃ ေပါင္အေလးခ်ိန္ ခံႏုိင္ရည္ရွိတယ္လုိ႔ ေမရာသတင္းမွာ ေအာက္တုိဘာ ၁၁ ရက္ေန႔က ေဖာ္ျပထားပါတယ္။

credit : DVB

Unicode ဖြင့်ဖတ်ရန်

မှန်များကွဲအက်နေသလို လုပ်ထားသည့် ပေ ၃၄၅၀ အမြင့် ထိတ်လန့်ဖွယ်တံတား (ရုပ်သံ)

 

တရုတ်နိုင်ငံက ပေ ၃၄၅၀ အမြင့်မှာ တည်ဆောက်ထားတဲ့ မှန်တံတားပေါ်မှာ မှန်တွေ ကွဲနေတဲ့ပုံစံလုပ်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတယ်လို့ သိရပါတယ်။

ဒီတံတားပေါ် ရောက်လာကြတဲ့ ခရီးသွားဧည့်သည်တချို့ကို ဒူးညွတ်ကွေးကျသွားတဲ့အထိ ထိတ်လန့်စေပြီး မှန်တံတားပေါ် တွယ်ကပ်နေကြတဲ့အထိ ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။

ထိတ်လန့်ဖွယ်ရာ နောက်ပြောင်မှုကို မှန်တံတားရဲ့ တချို့နေရာတွေမှာ လုပ်ထားပြီး မှန်တွေ အက်ကွဲလာတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ထားတာပါ။

အခုလို မှန်ကွဲနေသလို လှည့်ကွက်လုပ်ထားတာကို မသိဘဲ တကယ်ထင်နေတဲ့ ဧည့်လမ်းညွှန်တယောက်ရဲ့ ကြောက်လန့်တကြား လမ်းလျှောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပြီး ဒီရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူပေါင်း ၁၈ သန်းကျော်ကာ အများစုကလည်း ပြန်လည်ဖြန့်ဝေနေကြပါတယ်။

အခုလို မှန်ကွဲပုံစံ လှည့်ကွက်လုပ်ထားတာကို တရုတ်နိုင်ငံ ဟန်ဒန်းမြို့၊ အရှေ့တိုင်ဟန်း တောင်ပေါ် သဘာဝအလှဒေသ ချောက်ကမ်းပါးဘက်က မှန်တံတားပေါ်မှာ ထည့်သွင်းပြုလုပ်ထားတာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာက ခရီးသွားဧည့်သည်တွေ ကြိုက်နှစ်သက်တဲ့ပုံဖြစ်အောင် စဉ်းစားလုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

READ  လွ်ပ္စစ္မီး သံုးစြဲမႈကို မိုဘိုင္းလ္ဖုန္းမွ တစ္ဆင္႕ ၾကည္႕႐ႈႏိုင္မည္႕ ေအာ္တိုမက္တစ္ မီတာစနစ္ ေျပာင္းလဲရန္ျပင္ဆင္

ရုပ်သံထဲမှာ ဧည့်လမ်းညွှန်က မှန်တံတားပေါ်ခြေချချိန် အောက်ဘက်က မှန်တွေ ကွဲအက်လာပြီး မှန်ကွဲတဲ့အသံတွေကိုပါ ကြားရလို့ တံတား တကယ်ကွဲအက်တယ်ထင်ပြီး ကြောက်လန့် အော်ဟစ်နေတာကို တွေ့မြင်ရပါတယ်။

နောက်ဆုံးမှာ လမ်းညွှန်က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နောက်ပြောင်မှုလို့ သိသွားခဲ့တာပါ။

တခြားပေါ်ထွက်လာတဲ့ ရုပ်သံတွေအရ ခရီးသားတွေက ဒီပုံသဏ္ဌာန်နဲ့ နောက်ပြောင်မှုကို နှစ်သက်ကြတယ်၊ ရုပ်သံတွေလည်း အများကြီး ရိုက်ကူးကြတယ်လို့ သိရပါတယ်။

မှန်တံတားလျှောက်လမ်းရဲ့ မှန်အထူက ၁ လက်မကျော်ပြီး ၁ စတုရန်းမီတာမှာ ၁၇၆၃ ပေါင်အလေးချိန် ခံနိုင်ရည်ရှိတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

credit : DVB

LEAVE A REPLY