Zawgyi ျဖင့္ဖတ္ရန္

၂၂ ရက္ ၁၀ လ ၂၀၁၇ ည ၇နာရီ ၁၀ မိနစ္ YGN 7E/6449 Mark2 99 ကား အမ်ိဳးစား နဲ႔ ကၽြန္ေတာ့ ကား အေနာက္ကိုေရာက္ လာပါတယ္ ။

ကား ေက်ာ္မလိုလိုနဲ႔မီးေတာက္ေတာ့ ကၽြန္ေတာ္ လမ္းဖယ္ ေပးခဲ့ပါတယ္ ။ ေဘးနားယွဥ္လၽွက္အေနအထားမွာ ကၽြန္ေတာ့ ကား ကိုမေက်ာ္ပဲ ဓာတ္မီး နဲ႔ထိုးၿပီးရပ္ခိုင္းပါတယ္ ။

သူ႔ကားေပၚ ခန္႔မွန္းလူ ၄/၅ ေယာက္ေလာက္ ပါမယ္ထင္ပါတယ္။ ကၽြန္ေတာ္ လည္း ကား ကိုမရပ္ပါဘူး ဓားျပမွန္းမသိ ဘာမွန္းမသိလို႔ပါ။

ေတာထဲမွာမို႔လို႔ပါ ေနရာကေတာ့ စဥ္အင္ ကၽြန္းေတာ မန္းေလး လားရွိုး ကား လမ္းက လမ္းခုလက္မွာပါ ၊ ဆက္ေမာင္းေတာ့ ကၽြန္ေတာ့ ကား ကို လမ္းေဘးက်ေအာင္ လုပ္ပါတယ္ ဒါနဲ႔ သူ႔ကားက ကၽြန္ေတာ့ ကား ေရွ႕ကိုေရာက္ပါတယ္ ကၽြန္ေတာ္ ဓာတ္ပံု ရိုက္ၿပီးျပန္ေက်ာ္တယ္ တိုက္ရင္လည္းတိုက္ပါေစ ဆိုၿပီး တိုက္ခ်သလိုေမာင္းလိုက္တယ္ ။

သူ႔ကိုျပန္ေက်ာ္ေတာ့ သူ႔ကား လမ္းေဘးက်သြားပါတယ္ လူပ်က္တဲ့ လမ္း မွာမို႔လို႔ ကၽြန္ေတာ္ လည္းကား ကိုမရပ္ပါဘူး သူလည္းသဲႀကီးမဲႀကီးလိုက္လာျပန္ပါတယ္ ။

 

ကၽြန္ေတာ္ လည္း ကားမ ရပ္ပဲ ေျဖးေျဖးေမာင္းရင္း မီးလင္းတဲ့ရြာျဖစ္ျဖစ္ တိုးဂိတ္ျဖစ္ျဖစ္ ေရာက္ရင္ ရပ္ၿပီးရွင္းမယ္ဆိုတဲ့ စိတ္နဲ႔ ေျဖးေျဖးခ်င္းဆြဲ ေခၚလာမယ္စဥ္းစားရင္း ေမာင္းလာတာ ေနာင္မြန္ မေရာက္ခင္မွာ သူ႔ ကား က မပါလာေတာ့ပါဘူးဗ်ာ..။

ေနာင္မြန္ရြာမွာ လိုက္လာမလားဆိုၿပီး နာရီဝက္ တိတိ ေစာင့္တယ္ ေပၚမလာလို႔ Post တင္လိုက္ပါတယ္ ။ မိတ္ေဆြ အားလံုးသတိထားလို႔ရေအာင္ တင္ေပးလိုက္ပါတယ္ခဗ်ာ..။

 

တာဝန္ရွိလူႀကီးမင္မ်ားလည္း ထိုေနရာ တြင္ထို ကား နံပါတ္ နွင့္တကြ စံုစမ္းအေရးယူလို႔ရေအာင္ တင္ေပးလိုက္ပါတယ္ခဗ်ာ ။

Share from : HtooDaily.com

Unicode ဖြင့်ဖတ်ရန်

မန်းလေး – လားရှိုး ညဘက် ခရီးသွားသူများ သတိရှိနိုင်ရန်

၂၂ ရက် ၁၀ လ ၂၀၁၇ ည ၇နာရီ ၁၀ မိနစ် YGN 7E/6449 Mark2 99 ကားအမျိုးစား နဲ့ ကျွန်တော့ကားအနောက်ကိုရောက် လာပါတယ် ။

ကားကျော်မလိုလိုနဲ့မီးတောက်တော့ ကျွန်တော်လမ်းဖယ် ပေးခဲ့ပါတယ် ။ ဘေးနားယှဉ်လျှက်အနေအထားမှာ ကျွန်တော့ကားကိုမကျော်ပဲ ဓာတ်မီးနဲ့ထိုးပြီးရပ်ခိုင်းပါတယ် ။

သူ့ကားပေါ် ခန့်မှန်းလူ ၄/၅ ယောက်လောက် ပါမယ်ထင်ပါတယ်။ ကျွန်တော်လည်း ကားကိုမရပ်ပါဘူး ဓားပြမှန်းမသိ ဘာမှန်းမသိလို့ပါ။

 

တောထဲမှာမို့လို့ပါ နေရာကတော့ စဉ်အင် ကျွန်းတော မန်းလေး လားရှိုး ကား လမ်းက လမ်းခုလက်မှာပါ ၊ ဆက်မောင်းတော့ ကျွန်တော့ကားကို လမ်းဘေးကျအောင် လုပ်ပါတယ် ဒါနဲ့ သူ့ကားက ကျွန်တော့ကားရှေ့ကိုရောက်ပါတယ် ကျွန်တော် ဓာတ်ပုံရိုက်ပြီးပြန်ကျော်တယ် တိုက်ရင်လည်းတိုက်ပါစေ ဆိုပြီး တိုက်ချသလိုမောင်းလိုက်တယ် ။

သူ့ကိုပြန်ကျော်တော့ သူ့ကား လမ်းဘေးကျသွားပါတယ် လူပျက်တဲ့လမ်းမှာမို့လို့ ကျွန်တော်လည်းကားကိုမရပ်ပါဘူး သူလည်းသဲကြီးမဲကြီးလိုက်လာပြန်ပါတယ် ။

 

ကျွန်တော်လည်း ကားမရပ်ပဲ ဖြေးဖြေးမောင်းရင်း မီးလင်းတဲ့ရွာဖြစ်ဖြစ် တိုးဂိတ်ဖြစ်ဖြစ် ရောက်ရင် ရပ်ပြီးရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ဖြေးဖြေးချင်းဆွဲ ခေါ်လာမယ်စဉ်းစားရင်း မောင်းလာတာ နောင်မွန် မရောက်ခင်မှာ သူ့ကားက မပါလာတော့ပါဘူးဗျာ..။

နောင်မွန်ရွာမှာ လိုက်လာမလားဆိုပြီး နာရီဝက်တိတိ စောင့်တယ် ပေါ်မလာလို့ Post တင်လိုက်ပါတယ် ။ မိတ်ဆွေအားလုံးသတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်ခဗျာ..။

 

တာဝန်ရှိလူကြီးမင်များလည်း ထိုနေရာတွင်ထိုကားနံပါတ်နှင့်တကွ စုံစမ်းအရေးယူလို့ရအောင် တင်ပေးလိုက်ပါတယ်ခဗျာ ။

Share from : HtooDaily.com