Zawgyi ျဖင့္ဖတ္္ရန္
မႏၲေလး က်ဳံးေဘး တြင္ ညပိုင္း အရက္ဝိုင္းဖြဲ႕ေသာက္သူမ်ားအား ဖမ္းဆီးအေရးယူေနစဥ္

မႏၲေလး က်ဳံးနံေဘး တြင္ အရက္ေသစာ ဝိုင္းဖြဲ႕ေသာက္စားျခင္းႏွင့္ အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ ျဖစ္ေအာင္ျပဳသူမ်ားအား ေအာက္တိုဘာ ၇ ရက္ေန႔က စတင္ ဖမ္းဆီးခဲ့ရာ ယေန႔အထိ လူ ၁၇၃ ဦး ဖမ္းမိသည့္အနက္ ၃၉ ဦးကို ေထာင္ဒဏ္ ၇ ရက္စီႏွင့္ ၁၃၉ ဦးကို ဒဏ္ေငြ ၅၀ က်ပ္ ခ်မွတ္ခဲ့ေၾကာင္း မႏၲေလး ခ႐ိုင္ ေအာင္ေျမသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး႐ုံးမွ သိရသည္။

၎တို႔အား ေအာင္ေျမသာစံၿမိဳ႕နယ္ တရား႐ုံးမွ ရဲအက္ ဥပေဒ ၄၇ အရ အမ်ိဳးသမီး ၃ ဦး အပါအဝင္ ၃၉ ဦးကို ေထာင္ဒဏ္ ၇ ရက္ ခ်မွတ္ခဲ့ၿပီး က်န္ရွိသူမ်ားအား ရဲ ဥပေဒ ပုဒ္မ ၃၄ အရ ေငြဒဏ္ ၅၀ က်ပ္ ဒဏ္႐ိုက္ ခဲ့ေၾကာင္း သိရသည္။

ရဲ ဥပေ ဒပုဒ္မ ၃၄ အရ အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္၊ စိတ္ၿငိဳျငင္ေအာင္ ကိုယ္ႏႈတ္ အမူအရာ ျဖင့္ မူးယစ္ရမ္းကားျခင္း၊ ဆဲေရးတိုင္းထြာျခင္းစသည့္ မျပဳမူရဟု ပါရွိၿပီး ၎အား ေဖာက္ဖ်က္ က်ဴးလြန္ပါက ရဲဥပေဒ ၄၇ အရ ေငြဒဏ္ ၅၀ က်ပ္ျဖစ္ေစ၊ ေထာင္ဒဏ္ ၈ ရက္ျဖစ္ေစ ျပစ္ဒဏ္ ခ်မွတ္ႏိုင္သည္ဟု ျပဌာန္း ထားသည္။

“က်ဳံးဆိုတာ ၿမိဳ႕ရဲ႕ သမိုင္းဝင္ ေနရာတခု ျဖစ္သလို အမ်ားျပည္သူ အပန္းေျဖၾကတဲ့ေနရာပါ။ ဒီလိုေနရာမွာ အရက္ေသစာေသာက္စားၿပီး အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္မွာရယ္၊ မူးယစ္ ရမ္းကားၿပီး စိတ္မထိန္းႏိုင္ဘဲ မႈခင္းေတြျဖစ္လာႏိုင္တဲ့အတြက္ ႀကိဳတင္ကာကြယ္တာ ျဖစ္ပါတယ္” ဟု ေအာင္ေျမသာစံ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး(ေခတၱ) ဒုရဲမႉးခင္ေမာင္လြင္က ဧရာဝတီကို ေျပာသည္။

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ က်ဳံးေဘး ပတ္လည္တြင္ အရက္ေသစာဝိုင္းဖြဲ႕ေသာက္စားသူမ်ား၊ ျပည့္တန္ဆာမ်ားႏွင့္ အျမင္မသင့္ေတာ္သည့္ စုံတြဲမ်ားအား ဖမ္းဆီးမႈ မ်ား စတင္ခဲ့ရာ ေအာက္တိုဘာ ၇ ရက္မွ ၁၁ ရက္ေန႔အထိ ၁၇၃ ဦးဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

READ  မႏၲေလး မွာေဆာက္ေနတဲ့ ညေစ်း သစ္ လပုိင္းအတြင္း ၿပီးစီးမယ္

မႏၲေလးၿမိဳ႕ခံ ကိုရဲေအာင္စိုး က “တခ်ိဳ႕ကေတာ့ သူငယ္ခ်င္း ေတြနဲ႔ ေအးေအးေဆးေဆး ေသာက္ရင္း စကားေျပာၾကေပမယ့္ တခ်ိဳ႕က် ေဆးေၾကာင္ၿပီး ရန္ရွာတာမ်ိဳးရွိတယ္။ အဲဒါေၾကာင့္ အမ်ားလုံၿခဳံေရး အတြက္ အခုလိုလုပ္တာ ေကာင္းပါတယ္။ ဖြဲမီးလို ရက္ပိုင္းေလးလုပ္တာ မဟုတ္ဘဲ ေတာက္ေလွ်ာက္ လုပ္ေပးႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္။” ဟု ေျပာသည္။

ေအာက္တိုဘာ ၇ ရက္ နံနက္အေစာပိုင္းက က်ဳံးအေရွ႕ဘက္ တြင္ အရက္ေသာက္ေနသည့္ အဖြဲ႕ ၂ ဖြဲ႕က အရက္မူး၍ ရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြားခဲ့ရာ ၎ညပိုင္းစ၍ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ စည္ပင္၊ မီးသတ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးအဖြဲ႕ တို႔က အင္အား ၃၀ ေက်ာ္ျဖင့္ အေရးယူမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး က်ဳံးေဘး ပတ္လည္တြင္ ထိုသို႔ ျပဳမူေနထိုင္မႈမ်ား မရွိသည္အထိ ေဆာင္႐ြက္မည္ဟု ရဲတပ္ဖြဲ႕ထံက သိရသည္။

ထိုသို႔ အေရးယူမႈမ်ား မျပဳလုပ္ခင္ကာလ ကလည္း မႏၲေလး က်ဳံးေဘး တြင္ ပညာေပးကာလအေနျဖင့္ ရဲတပ္ဖြဲ႕က လုပ္ေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

credit : Burma irrawaddy

 

Unicode ဖြင့်ဖတ်ရန်

မန္တလေးကျုံးဘေး အရက်သေစာဝိုင်းဖွဲ့စားသောက်သူ ၁၃၉ ဦးကို ဒဏ်ငွေ ၅၀ ကျပ် ချမှတ်

မန္တလေးကျုံးဘေးတွင် ညပိုင်း အရက်ဝိုင်းဖွဲ့သောက်သူများအား ဖမ်းဆီးအရေးယူနေစဉ်

မန္တလေးကျုံးနံဘေးတွင် အရက်သေစာဝိုင်းဖွဲ့သောက်စားခြင်းနှင့် အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်အောင်ပြုသူများအား အောက်တိုဘာ ၇ ရက်နေ့က စတင် ဖမ်းဆီးခဲ့ရာ ယနေ့အထိ လူ ၁၇၃ ဦး ဖမ်းမိသည့်အနက် ၃၉ ဦးကို ထောင်ဒဏ် ၇ ရက်စီနှင့် ၁၃၉ ဦးကို ဒဏ်ငွေ ၅၀ ကျပ် ချမှတ်ခဲ့ကြောင်း မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

၎င်းတို့အား အောင်မြေသာစံမြို့နယ် တရားရုံးမှ ရဲအက်ဥပဒေ ၄၇ အရ အမျိုးသမီး ၃ ဦး အပါအဝင် ၃၉ ဦးကို ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့ပြီး ကျန်ရှိသူများအား ရဲဥပဒေပုဒ်မ ၃၄ အရ ငွေဒဏ် ၅၀ ကျပ် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

READ  ေရေဘးေၾကာင့္ ေသဆံုးသူ ၈၈ ဦးအထိရိွလာ

ရဲဥပဒေပုဒ်မ ၃၄ အရ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ငြိုငြင်အောင် ကိုယ်နှုတ် အမူအရာ ဖြင့် မူးယစ်ရမ်းကားခြင်း၊ ဆဲရေးတိုင်းထွာခြင်းစသည့် မပြုမူရဟု ပါရှိပြီး ၎င်းအား ဖောက်ဖျက် ကျူးလွန်ပါက ရဲဥပဒေ ၄၇ အရ ငွေဒဏ် ၅၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ် ၈ ရက်ဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

“ကျုံးဆိုတာ မြို့ရဲ့ သမိုင်းဝင်နေရာတခု ဖြစ်သလို အများပြည်သူ အပန်းဖြေကြတဲ့နေရာပါ။ ဒီလိုနေရာမှာ အရက်သေစာသောက်စားပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မှာရယ်၊ မူးယစ် ရမ်းကားပြီး စိတ်မထိန်းနိုင်ဘဲ မှုခင်းတွေဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်” ဟု အောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှုး(ခေတ္တ) ဒုရဲမှူးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျုံးဘေးပတ်လည်တွင် အရက်သေစာဝိုင်းဖွဲ့သောက်စားသူများ၊ ပြည့်တန်ဆာများနှင့် အမြင်မသင့်တော်သည့် စုံတွဲများအား ဖမ်းဆီးမှုများ စတင်ခဲ့ရာ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်နေ့အထိ ၁၇၃ ဦးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ခံ ကိုရဲအောင်စိုးက “တချို့ကတော့ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး သောက်ရင်း စကားပြောကြပေမယ့် တချို့ကျ ဆေးကြောင်ပြီး ရန်ရှာတာမျိုးရှိတယ်။ အဲဒါကြောင့် အများလုံခြုံရေး အတွက် အခုလိုလုပ်တာ ကောင်းပါတယ်။ ဖွဲမီးလို ရက်ပိုင်းလေးလုပ်တာ မဟုတ်ဘဲ တောက်လျှောက် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။” ဟု ပြောသည်။

အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းက ကျုံးအရှေ့ဘက်တွင် အရက်သောက်နေသည့် အဖွဲ့ ၂ ဖွဲ့က အရက်မူး၍ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ၎င်းညပိုင်းစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖွဲ့ တို့က အင်အား ၃၀ ကျော်ဖြင့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျုံးဘေး ပတ်လည်တွင် ထိုသို့ ပြုမူနေထိုင်မှုများ မရှိသည်အထိ ဆောင်ရွက်မည်ဟု ရဲတပ်ဖွဲ့ထံက သိရသည်။

ထိုသို့ အရေးယူမှုများ မပြုလုပ်ခင်ကာလ ကလည်း မန္တလေးကျုံးဘေး တွင် ပညာပေးကာလအနေဖြင့် ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

credit : Burma irrawaddy

LEAVE A REPLY