Zawgyi ျဖင့္ဖတ္္ရန္

ပထမဦးစြာ ညီမေလး ေအးခ်မ္းမိုး အစစအရာရာအဆင္ေျပပါေစ. ကံေကာင္းျခင္းမ်ားစြာနဲ႔ အေကာင္းဆုံးရလဒ္ေတြ, အမွတ္တရေတြ သယ္ယူႏိုင္ပါေစလို႔ ဆုေတာင္းေပးခ်င္ပါတယ္ .သူဟာ မိုးစက္ နွစ္မွာ အတူယွဥ္ၿပိဳင္ခဲ့တဲ့သူတဦးျဖစ္ၿပီး အင္မတန္စိတ္ရွင္းသူတဦးလည္းျဖစ္ပါတယ္ ။

ဒီလိုေရးလိုက္တာနဲ႔ ညီမေလး အိမ္စည္ ကို ခ်က္ခ်င္းေျပးသတိရၾကမွာပါ .. မိုးစက္ ည္းအားလုံးနဲ႔ထပ္တူ ဝမ္းနည္းပါတယ္ . မိုးစက္ ကိုယ္တိုင္လည္း သူ႔ကို အရမ္းအားေပးတာ သူကိုယ္တိုင္အသိျဖစ္ပါတယ္။

အရည္အခ်င္းရွိ ၿပီးလုပ္ေဆာင္ႏိုင္သူတဦးမို႔ ေအာဂႏိုင္ေဇးရွင္း ရဲ႕ ဆုံး႐ူံးမူ တခုလို႔လည္းျမင္ပါတယ္ . သူသြားၿပိဳင္မွာကို ေစာင့္ၾကည့္အားေပးသူထဲပါဝင္တဲ့အတြက္ ဒီလိုျဖစ္မယ္လို႔ လုံးဝမထင္ထားတဲ့ အထဲမွာမိုးစက္လည္းပါပါတယ္ ..

ႏွစ္ဦးႏွစ္ဖက္ေရရွည္တြဲလုပ္တဲ့အခါ အဆင္မေျပမူ ဆိုတာရွိစၿမဲပါ .. မိုးစက္ နွစ္တုန္းကလည္းရွိပါတယ္ .. ဒါေပမဲ့ ကိုယ္နဲ႔လုပ္ေဖာ္ကိုင္ဖက္နဲ႔ အလုပ္ မၿပီးေျမာက္ခင္ အဆင္ေျပေအာင္ေနႏိုင္ရမယ္ဆိုတာကလည္း မိုးစက္ အတြက္ေတာ့အေရးႀကီးတဲ့ စေကးလို႔ပဲခံယူထားပါတယ္ ။

ဒီေနရာမွာ မိုးစက္ ေျပာခ်င္တာကေတာ့ ႏွစ္ဖက္လုံးမွာ မွားတဲ့အေၾကာင္းရာကိုယ္စီရွိၾကမွာပါ. အဲဒါေတြစုစည္းလာၿပီး ေရွ႕ဆက္မသြားႏိုင္ေတာ့တာလို႔လည္းျမင္ပါတယ္ ။

ျဖစ္ၿပီးသားအေျခေနတခုအရ , သြားၿပိဳင္မရေတာ့တဲ့ အဆုံး မိုးစက္ ကေတာ့ အိမ္စည့္ ကိုဆက္လက္ၿပီးသူ႔ လုပ္ေဆာင္မဲ့ အရာေတြနဲ႔ အားေပးပါ့မယ္ ။

ဒါဟာ မိုးစက္ဝိုင္, မယ္စၾကာဝဠာျ မန္မာ ၂၀၁၃ အေနနဲ႔ မိခင္ ေအာဂင္ႏိုင္ေဇးရွင္း နဲ႔ ေ႐ႊအိမ္စည္ အၾကား ျဖစ္တဲ့ ပဠိပက ၡမွာ ညီမေလး ေအးခ်မ္းမိုး အတြက္ အားတခုအျဖစ္ ကူညီေဖးမႏိုင္ဖို႔ရည္႐ြယ္ပါတယ္။

အားလုံးလည္း ေအးခ်မ္းမိုး ေလးကိုအားေပးဖို႔ မျဖစ္ႏိုင္ရင္ေတာင္ ႐ိုင္းစိုင္းေသာေကာမန႔္မ်ား မေပးၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္ .

Credit : HtooDaily.com

Unicode ဖြင့်ဖတ်ရန်

မိုးစက်ဝိုင် မှ အေးချမ်းမိုး သို့အားပေးစကား

ပထမဦးစွာ ညီမလေး အေးချမ်းမိုး အစစအရာရာအဆင်ပြေပါစေ. ကံကောင်းခြင်းများစွာနဲ့ အကောင်းဆုံးရလဒ်တွေ, အမှတ်တရတွေ သယ်ယူနိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ် .သူဟာမိုးစက်နှစ်မှာ အတူယှဉ်ပြိုင်ခဲ့တဲ့သူတဦးဖြစ်ပြီး အင်မတန်စိတ်ရှင်းသူတဦးလည်းဖြစ်ပါတယ် ။

ဒီလိုရေးလိုက်တာနဲ့ ညီမလေးအိမ်စည်ကို ချက်ချင်းပြေးသတိရကြမှာပါ .. မိုးစက်လည်းအားလုံးနဲ့ထပ်တူ ဝမ်းနည်းပါတယ် . မိုးစက်ကိုယ်တိုင်လည်း သူ့ကို အရမ်းအားပေးတာ သူကိုယ်တိုင်အသိဖြစ်ပါတယ်။

အရည်အချင်းရှိပြီးလုပ်ဆောင်နိုင်သူတဦးမို့ အောဂနိုင်ဇေးရှင်းရဲ့ ဆုံးရူံးမူတခုလို့လည်းမြင်ပါတယ် . သူသွားပြိုင်မှာကို စောင့်ကြည့်အားပေးသူထဲပါဝင်တဲ့အတွက် ဒီလိုဖြစ်မယ်လို့ လုံးဝမထင်ထားတဲ့ အထဲမှာမိုးစက်လည်းပါပါတယ် ..

နှစ်ဦးနှစ်ဖက်ရေရှည်တွဲလုပ်တဲ့အခါ အဆင်မပြေမူဆိုတာရှိစမြဲပါ .. မိုးစက်နှစ်တုန်းကလည်းရှိပါတယ် .. ဒါပေမဲ့ ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အလုပ်မပြီးမြောက်ခင် အဆင်ပြေအောင်နေနိုင်ရမယ်ဆိုတာကလည်း မိုးစက်အတွက်တော့အရေးကြီးတဲ့ စကေးလို့ပဲခံယူထားပါတယ် ။

ဒီနေရာမှာ မိုးစက်ပြောချင်တာကတော့ နှစ်ဖက်လုံးမှာ မှားတဲ့အကြောင်းရာကိုယ်စီရှိကြမှာပါ. အဲဒါတွေစုစည်းလာပြီး ရှေ့ဆက်မသွားနိုင်တော့တာလို့လည်းမြင်ပါတယ် ။

ဖြစ်ပြီးသားအခြေနေတခုအရ , သွားပြိုင်မရတော့တဲ့ အဆုံး မိုးစက်ကတော့ အိမ်စည့်ကိုဆက်လက်ပြီးသူ့ လုပ်ဆောင်မဲ့ အရာတွေနဲ့ အားပေးပါ့မယ် ။

ဒါဟာမိုးစက်ဝိုင်, မယ်စကြာဝဠာမြန်မာ ၂၀၁၃ အနေနဲ့ မိခင်အောဂင်နိုင်ဇေးရှင်းနဲ့ ရွှေအိမ်စည်အကြား ဖြစ်တဲ့ ပဠိပက္ခမှာ ညီမလေးအေးချမ်းမိုးအတွက် အားတခုအဖြစ် ကူညီဖေးမနိုင်ဖို့ရည်ရွယ်ပါတယ်။

အားလုံးလည်းချမ်းမိုးလေးကိုအားပေးဖို့ မဖြစ်နိုင်ရင်တောင် ရိုင်းစိုင်းသောကောမန့်များ မပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ် .

Credit : HtooDaily.com