Zawgyi ျဖင့္ဖတ္္ရန္

မံုရြာၿမိဳ႕၊ မံုရြာ ေတာင္ ရပ္ကြက္ မွာ ေအာက္တိုဘာ ၁၁ ရက္ ည ၉ နာရီက ဆူဇူကီးဝစ္ ကား အမ်ိဳးစား အနီေရာင္ အိမ္စီးကားတစီးဟာ အရိွန္မထိန္းနိုင္ဘဲ လမ္းေဘး တမာပင္ ကို ၀င္တိုက္မိၿပီး ၂ ဦးေသဆံုးၿပီး ၁ ဦး ဒဏ္ရာ ရတယ္လို႔ သိရပါတယ္။

ေသဆံုး သြားသူေတြကေတာ့ မံုရြာေတာင္ရပ္ကြက္ေန အသက္ ၂၄ ႏွစ္အရြယ္ရိွ ဖခင္ျဖစ္သူ ကိုထက္ေဝေအာင္ နဲ႔ အသက္ ၃ ႏွစ္အရြယ္ရိွ သားျဖစ္သူ ေမာင္လင္းညီျမင့္ျမတ္တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

“မိုး ကလည္း ရြာထားေတာ့ လမ္းေခ်ာ္တာလည္း ျဖစ္နိုင္ပါတယ္။ အရိွန္က ေတာ္ေတာ္ျပင္းတယ္။ ဥပေဒအရကေတာ့ ယာဥ္ေမာင္း ျဖစ္သူကို အမႈဖြင့္လထားပါတယ္” လို႔ မံုရြာၿမိဳ႕နယ္ ယာဥ္ထိန္း႐ံုး မွ တာဝန္ရိွသူ တဦးက ေျပာပါတယ္။

က်န္တဦးကေတာ့ ဒာဏ္ရာ အျပင္းထန္ရရိွထားတဲ့အတြက္ မႏၲေလးၿမိဳ႕ ျပည္သူ႔ ေဆး႐ံုႀကီး မွာ အတြင္းလူအျဖစ္ ေဆးကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

မံုရြာၿမိဳ႕မ ရဲစခန္း က ယာဥ္အားမဆင္မျခင္ လူေသဆံုးေအာင္ ေမာင္းႏွင္သူ ယာဥ္ေမာင္း ကိုထက္ေဝေအာင္(ေသဆံုး) ကို ဥပေဒပုဒ္မ-၃၀၄ (က)/၃၃၈ နဲ႔ အမႈဖြင့္ ထားပါတယ္။

credit : DVB

Unicode ဖြင့်ဖတ်ရန်

မုံရွာတွင် ကား ၁ စီး သစ်ပင်ဝင်တိုက်၊ သားအဖ ၂ ဦးသေဆုံး

READ  ၁.၉.၁၇ သဘက္ခါ အမွန္အကန္ စဖမ္းပါေတာ႔မည္

မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်မှာ အောက်တိုဘာ ၁၁ ရက် ည ၉ နာရီက ဆူဇူကီးဝစ် ကားအမျိုးစား အနီရောင် အိမ်စီးကားတစီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတမာပင်ကို ဝင်တိုက်မိပြီး ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေကတော့ မုံရွာတောင်ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ကိုထက်ဝေအောင် နဲ့ အသက် ၃ နှစ်အရွယ်ရှိ သားဖြစ်သူ မောင်လင်းညီမြင့်မြတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

“မိုးကလည်း ရွာထားတော့ လမ်းချော်တာလည်း ဖြစ်နိုင်ပါတယ်။ အရှိန်က တော်တော်ပြင်းတယ်။ ဥပဒေအရကတော့ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ထားပါတယ်” လို့ မုံရွာမြို့နယ် ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကျန်တဦးကတော့ ဒာဏ်ရာအပြင်းထန်ရရှိထားတဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မုံရွာမြို့မ ရဲစခန်းက ယာဉ်အားမဆင်မခြင် လူသေဆုံးအောင် မောင်းနှင်သူ ယာဉ်မောင်း ကိုထက်ဝေအောင်(သေဆုံး) ကို ဥပဒေပုဒ်မ-၃၀၄ (က)/၃၃၈ နဲ့ အမှုဖွင့် ထားပါတယ်။

credit : DVB

LEAVE A REPLY