Zawgyi ဖြင့်ဖတ်ရန်
Credit : htoo
Unicode ဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံများနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မြတ်ကေသီအောင်
အောက်တိုဘာလ ၂၂ ရက် မနက်ကစပြီး ဖေ့စ်ဘွက် လူမှုကွန်ယက်တွင် နိုင်ငံကျော်မင်းသမီး အကယ်ဒမီ မြတ်ကေသီအောင် ဟုဆိုသော ဓာတ်ပုံများ ပြန့်နှံ့လာခဲ့သည်။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ သူ့ရဲ့ပုံတွေ မဟုတ်ကြောင်း သူ့ရဲ့ fan page မှတဆင့် အခုလိုဖြေရှင်းထားပါတယ်။
” မနေ့ကစပြီး Facebookမှာ ကျွန်မပုံဆိုပြီး အဝတ်အစားကင်းမဲ့စွာနဲ့ ပုံတွေပျံနှံလာတာတွေ့ရတယ်။ ကျွန်မအဲ့လောက် အရှက်မကင်းမဲ့ ပါဘူးရှင် ။ ယုံတဲ့သူတွေက လည်းယုံကြတယ်။
ဒီလောက် နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်နေကြတာပဲရှင်။ တင်တဲ့သူတွေသူတို့မှာ နှမနဲ့အမေမရှိကြဘူးလားရှင်။
ကျိန်းသေတာတစ်ခု ကျွန်မဘက်ကပြောနိုင်တာကတော့ အဲ့ပုံတွေက ကျွန်မပုံတွေ လုံးဝမဟုတ်ပါဘူး။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိုလို့ရည်ရွယ်ချက် ရှိရှိနဲ့လုပ်နေကြတာ။
ပရိသတ်ကြီးလဲ သတိထားပြီး ယုံကြပါနော် ကျွန်မအဖြစ်ကို ကိုယ်ချင်းစာရင်ဒီ post လေးကို Share ပေးကြပါနော်” လို့ သူ့ရဲ့ Fan Page မှာ ဖြေရှင်းခဲ့ပါတယ်။
ထိုဓာတ်ပုံများ ထွက်ပေါ်လာခြင်းမှာ မင်းသမီးဟောင်း ဟန်နီထွန်းနှင့် သက်ဆိုင်သည်ဟုလည်း အချို့က ရေးသားနေကြသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နေထိုင်သူ မင်းသမီးဟောင်း ဟန်နီထွန်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ “ယနေ့ online တွင်ပြန့်နှံ့နေသော ဓါတ်ပုံများနှင့်ပါတ်သက်၍ ကျမ နှင့် သက်ဆိုင်သည်ဟုထင်ပါက တိုက်ရိုက်မေးမြန်းနိုင်ပါကြောင်း မဆိုင်သူများအား ဆွဲမထည့်စေလိုကြောင်း ဟန်နီနထွန်း + 818032119984 ကို ဆက်သွယ်ဖြေရှင်းခိုင်းနိုင်ပါသည်။ စပ်စုခြင်းသည်းခံပါ။ ကာယကံရှင်(သို့) ကာယကံရှင်နှင်ပါတ်သက်သူများသာဆက်သွယ်မေးမြန်းနိုင်ပါသည်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။
မြတ်ကေသီအောင်သည် ၁၉၉၉ ခုနှစ်က ရင်ထဲကဆောင်းရာသီ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊ ၂၀၀၅ ခုနှစ်က ချစ်ခြင်းဖွဲ့မေတ္တာ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့သည့် မင်းသမီးတစ်ဦးဖြစ်သည်။
Credit : htoo