ပရိသတ္ ေတြကို ရသအသစ္ေပးႏုိင္မယ့္ ဇာတ္ကားမ်ိဳးလည္း ျဖစ္ပါတယ္။From Bangkok to Mandalay ရုပ္ရွင္ ဇာတ္ကား ကို ရိုက္ကူးခဲ့တဲ့ ထိုင္း ဒါရိုက္တာ (NAT)Chartchai ရိုက္ကူးမယ့္္ ဇာတ္ကားျဖစ္ ပါတယ္။ ဇာတ္ကား နာမည္ ကို လိပ္ျပာစံအိမ္လို႕ ေပးထားၿပီး ႏိုင္းႏိုင္း၊ ေဒါင္းနဲ႕ ဝတ္မံႈေရႊရည္တို႕နဲ႕အတူ ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ယင္း ဇာတ္ကား ကန္ေတာ့ပြဲေပးအခမ္းအနားကိုလည္း ဒီေန႕(ေအာက္တိုဘာ၁၈ရက္)မနက္(၉)နာရီက ေရႊတိဂံုဘုရား မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။
လိပ္ျပာစံအိမ္လို႕ နာမည္ေပးထားတဲ့အတိုင္းပဲ မိသားစု ဒရမ္မာ ဇာတ္လမ္း ေလးလည္း ျဖစ္တယ္လို႕ သိရပါတယ္။

လိပ္ျပာစံအိမ္ ဇာတ္ကား ကို ရန္ကုန္ၿမိဳ႕နဲ႕ ေရနံေခ်ာင္းဘက္မွာ ရႈတင္ေနရာ တည္ၿပီး ရိုက္ကူးသြားမွာလည္း ျဖစ္ပါ တယ္။ ဒီ ဇာတ္ကား မွာ သရုပ္ေဆာင္ ႏိုင္းႏိုင္း ကေတာ့ ဓာတ္ပံုဆရာ၊ အယ္ဒီတာတစ္ေယာက္ေနရာကေန ပါဝင္သရုပ္ေဆာင္ရမွာျဖစ္ၿပီး အဲ့ဒီကာရိုက္ တာပိုင္းနဲ႕ ပတ္သက္ၿပီး ေသခ်ာျပင္ဆင္ထားပါတယ္တဲ့။
အဝတ္အစားပိုင္းနဲ႕ က်န္တဲ့ အပိုင္းေတြကိုေတာ့ စီစဥ္တဲ့သူေတြဘက္က ေသခ်ာ ျပင္ဆင္ထားေပးၿပီး ျဖစ္သလို သူ႕အေနနဲ႕ကေတာ့ ကာရိုက္တာ ပိုင္းနဲ႕ပတ္သက္ၿပီးသာ လုပ္စရာရွိတဲ့အတြက္ ေသခ်ာျပင္ဆင္ၿပီး ႀကိဳးစားသြားမယ္လို႕ ကန္ေတာ့ပြဲေပးအခမ္းအနား ျပဳလုပ္တဲ့ေန႕က Duwun Media ကို ေျဖဆိုေပးခဲ့ပါတယ္။

ႏုိင္းႏိုင္းလိုပဲ လိပ္ျပာစံအိမ္ ဇာတ္ကား မွာ ပါဝင္မယ့္ သရုပ္ေဆာင္ ဝတ္မံႈေရႊရည္ကလည္း သူမသရုပ္ေဆာင္ရမယ့္ ကာရိုက္တာ ဒီ ဇာတ္ကား အေပၚ သူ႕မရဲ႕ ရင္ခုန္မႈ ဘယ္ေလာက္ရွိလဲဆိုတာေတြကိုလည္း ယခုလို ေျပာျပခဲ့ပါတယ္။
“ကစ္က ဒီကားထဲမွာ မိသားကို အရမ္းသေယာဇဥ္ႀကီးတဲ့ မိန္းကေလး ဦးစားေပးတဲ့ မိန္းကေလး တစ္ေယာက္ေနရာမွာ ပါဝင္ သရုပ္ေဆာင္ရမွာပါ။ ကာရိုက္တာပိုင္းေတြအတြက္လည္း ေသခ်ာျပင္ဆင္သြားမွာပါ။ ဒီဇာတ္ကားနဲ႕ ပတ္သက္ၿပီးေတာ့လည္း ကစ္အေနနဲ႕ ဒါရိုက္တာ ကို ယံုၾကည္ပါတယ္။ အေရွ႕မွာလည္း တြဲရိုက္ဖူးထားေတာ့ေလ။ ဒီဇာတ္ကားအတြက္လည္း ကစ္ကိုယ္တိုင္ ရင္ခုန္မိပါတယ္။ ေနာက္တစ္ခုက ကိုႏိုင္းနဲ႕ ကစ္ တစ္ခါမွ မဆံုဖူးဘူးေပ့ါ။ ေၾကာ္ျငာေကာ ရုပ္ရွင္ေကာ ေပ့ါ ဒီကားက ပထမဆံုး ဇာတ္ကား ျဖစ္တာေပ့ါ။ ပရိသတ္ ေတြအတြက္ အသစ္တစ္ခု ျဖစ္မယ္လို႕ ထင္ပါတယ္” ဆုိၿပီးေတာ့ ဝတ္မံႈေရႊရည္က ေျပာျပခဲ့တာပါ။

လိပ္ျပာစံအိမ္ ရုပ္ရွင္ ဇာတ္ကား ႀကီးကိုေတာ့ ျမန္မာႏိုင္ငံ မွာ ရုိက္ကူးသြားမွာ ျဖစ္ေပမယ့္လည္း ႏုိင္ငံတကာရုပ္ရွင္ပြဲေတာ္မွာ ဝင္ေရာက္ျပသဖို႕အထိ ရည္ရြယ္ထားတယ္လို႕လည္း သိရပါတယ္။
လိပ္ျပာစံအိမ္ ဇာတ္ကားရိုက္ကူးမႈကေတာ့ ေအာက္တုိဘာ(၂၁)ရက္ေန႕မွာ စတင္ရိုက္ကူးမွာပါ။

credit : Duwun

Unicode ဖြင့်ဖတ်ရန်

နိုင်းနိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ ပထဆုံးအကြိမ် ဆုံတွေ့စေတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကား

ပရိသတ်တွေကို ရသအသစ်ပေးနိုင်မယ့် ဇာတ်ကားမျိုးလည်း ဖြစ်ပါတယ်။

From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ (NAT)Chartchai ရိုက်ကူးမယ့် ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်ကားနာမည်ကို လိပ်ပြာစံအိမ်လို့ ပေးထားပြီး နိုင်းနိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ယင်းဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကိုလည်း ဒီနေ့(အောက်တိုဘာ၁၈ရက်)မနက်(၉)နာရီက ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
လိပ်ပြာစံအိမ်လို့ နာမည်ပေးထားတဲ့အတိုင်းပဲ မိသားစု ဒရမ်မာ ဇာတ်လမ်းလေးလည်း ဖြစ်တယ်လို့ သိရပါတယ်။

လိပ်ပြာစံအိမ် ဇာတ်ကားကို ရန်ကုန်မြို့နဲ့ ရေနံချောင်းဘက်မှာ ရှုတင်နေရာ တည်ပြီး ရိုက်ကူးသွားမှာလည်း ဖြစ်ပါ တယ်။ ဒီဇာတ်ကား မှာ သရုပ်ဆောင် နိုင်းနိုင်းကတော့ ဓာတ်ပုံဆရာ၊ အယ်ဒီတာတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး အဲ့ဒီကာရိုက် တာပိုင်းနဲ့ ပတ်သက်ပြီး သေချာပြင်ဆင်ထားပါတယ်တဲ့။
အဝတ်အစားပိုင်းနဲ့ ကျန်တဲ့ အပိုင်းတွေကိုတော့ စီစဉ်တဲ့သူတွေဘက်က သေချာ ပြင်ဆင်ထားပေးပြီး ဖြစ်သလို သူ့အနေနဲ့ကတော့ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီးသာ လုပ်စရာရှိတဲ့အတွက် သေချာပြင်ဆင်ပြီး ကြိုးစားသွားမယ်လို့ ကန်တော့ပွဲပေးအခမ်းအနား ပြုလုပ်တဲ့နေ့က Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

နိုင်းနိုင်းလိုပဲ လိပ်ပြာစံအိမ် ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း သူမသရုပ်ဆောင်ရမယ့် ကာရိုက်တာ ဒီဇာတ်ကားအပေါ် သူ့မရဲ့ ရင်ခုန်မှု ဘယ်လောက်ရှိလဲဆိုတာတွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။
“ကစ်က ဒီကားထဲမှာ မိသားကို အရမ်းသယောဇဉ်ကြီးတဲ့ မိန်းကလေး ဦးစားပေးတဲ့ မိန်းကလေး တစ်ယောက်နေရာမှာ ပါဝင်သရုပ် ဆောင်ရမှာပါ။ ကာရိုက်တာပိုင်းတွေအတွက်လည်း သေချာပြင်ဆင်သွားမှာပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ကစ်အနေနဲ့ ဒါရိုက်တာကို ယုံကြည်ပါတယ်။ အရှေ့မှာလည်း တွဲရိုက်ဖူးထားတော့လေ။ ဒီဇာတ်ကားအတွက်လည်း ကစ်ကိုယ်တိုင် ရင်ခုန်မိပါတယ်။ နောက်တစ်ခုက ကိုနိုင်းနဲ့ ကစ်တစ်ခါမှ မဆုံဖူးဘူးပေ့ါ။ ကြော်ငြာကော ရုပ်ရှင်ကော ပေ့ါ ဒီကားက ပထမဆုံး ဇာတ်ကား ဖြစ်တာပေ့ါ။ ပရိသတ်တွေအတွက် အသစ်တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ ဝတ်မှုံရွှေရည်က ပြောပြခဲ့တာပါ။

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနိုင်ငံမှာ ရိုက်ကူးသွားမှာ ဖြစ်ပေမယ့်လည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ပြသဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
လိပ်ပြာစံအိမ် ဇာတ်ကားရိုက်ကူးမှုကတော့ အောက်တိုဘာ(၂၁)ရက်နေ့မှာ စတင်ရိုက်ကူးမှာပါ။

credit : Duwun