Zawgyi ျဖင့္ဖတ္ရန္

နႏြင္း ဆိုတာဟာ Curcuma ဆိုတဲ့အပင္ရဲ႕ပင္စည္ကေန ထုတ္လုပ္ထားတာျဖစ္ပါတယ္။ အဲ့ဒီ အပင္က ဂ်င္းမ်ိဳးႏြယ္ ၀င္ အပင္ ျဖစ္ပါတယ္။

အေရွ႕တိုင္း အစားအစာ ေတြထဲမွာ အထူးသျဖင့္ အိႏၵိယ ဟင္းလ်ာ ေတြထဲမွာ နႏြင္း ကိုထည့္ၿပီး ေန႔တိုင္း စားေသာက္ၾကပါတယ္။ အရင္တုန္းကဆိုရင္ နႏြင္း ကို အက်ၤီအေရာင္စိုးဖို႔ေတာင္ သံုးၾကပါတယ္။

နႏြင္း ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူး ကေတာ့ အံ့မခန္းပါဘဲ။

နႏြင္း ကို ေန႔စဥ္စားေပးရင္ ရရွိလာမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့

 

ေရာင္ရမ္း တာေတြကို ကာကြယ္ေပး

နႏြင္း မွာ အေရာင္က်ေစတဲ့ ဓာတ္ပါ၀င္တာေၾကာင့္ ကိုယ္က ေျခလက္ ေရာင္တတ္သူျဖစ္ရင္ နႏြင္းကို ေန႔စဥ္စားေပးသင့္ပါတယ္။ Curcumin အပင္မွာပါ၀င္တဲ့ ကြန္ေပါင္းေတြက ေရာင္ရမ္းတာေတြကို သက္သာေစၿပီး ခႏၶာကိုယ္ အတြင္းက ေရာင္ရမ္းတာေတြ၊ ေလးဖက္နာတို႔ ေဂါက္တုိ႔ကိုလည္း သက္သာႏိုင္ပါတယ္။

ဦးေႏွာက္ က်န္းမာေရး အတြက္ ေကာင္းမြန္

နႏြင္း မွာပါ၀င္တဲ့ ကြန္ေပါင္း ေတြက ဦးေႏွာက္ ရဲ႕ ေ၀ဖန္ပိုင္းျခားႏိုင္စြမ္းကို ကူညီေပးပါတယ္။ ဒါေၾကာင့္ အယ္ဇုိင္းမားေရာဂါတို႔ကိုလည္း ကာကြယ္ေပးပါတယ္။ အယ္ဇိုင္းမား ေရာဂါ ေတြက ဦးေႏွာက္ထဲမွာ BDNF (Brain-Derived Neurotrophic Factor) ေလ်ာ့နည္းတာနဲ႔ ဆက္စပ္ေနတာေၾကာင့္ နႏြင္း က BDNF ေတြ ျပန္တက္လာေအာင္ ကူညီေပးပါတယ္။

ကင္ဆာ ျဖစ္ပြားႏိုင္မႈ အႏၱရာယ္ ကို ေလ်ာ့ခ်ေပး

နႏြင္း မွာပါ၀င္တဲ့ ဓာတ္က ေသြး ကင္ဆာ ၊ အစာအိမ္ကင္ဆာ၊ မ်ိဳးဥျပႊန္ကင္ဆာ၊ လည္ပင္း ကင္ဆာ စတဲ့ ကင္ဆာ မ်ားစြာကို ကာကြယ္ႏိုင္စြမ္းရွိတယ္ဆိုတာကိုေတာ့ ေတြ႔ရွိထားပါတယ္။

ဒါေပမယ့္ တိတိက်က် ဘယ္ေလာက္ပမာဏစားရင္ ဘယ္ကာကြယ္ႏိုင္သလဲ၊ ကင္ဆာေရာဂါေတြအတြက္ ဘယ္ေလာက္ စားသင့္သလဲဆိုတာကိုေတာ့ သုေတသနလုပ္ေနတုန္းျဖစ္ပါတယ္။

အစာေျခစနစ္ ကို ေကာင္းမြန္ေစ

နႏြင္း က အစာအိမ္ နဲ႔ပတ္သက္တဲ့ ျပႆနာေတြျဖစ္တဲ့ အစာအိမ္ အခ်ဥ္ေပါက္တာ၊ အစာအိမ္ေအာင့္တာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။ တစ္ေန႔ကို နႏြင္း အနည္းငယ္စားရင္ ဒီေရာဂါေတြကို သက္သာေစပါတယ္။

ႏွလံုး  က်န္းမာေရး အတြက္ ေကာင္းမြန္

နႏြင္း က ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြကို ေလ်ာ့ပါးေအာင္ျပဳလုပ္ႏိုင္ၿပီး ေသြးေၾကာ ထဲမွာ အနယ္က်တာကို ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ႏွလံုးေသြးေၾကာပိတ္တာကိုလည္း ကာကြယ္ေပးပါတယ္။

Credit : My Food myanmar

 

Unicode ဖြင့်ဖတ်ရန်

နေ့စဉ် နနွင်းစားပေးရင် ပြောင်းလဲလာမယ့် သင့်ကျန်းမာရေး

နနွင်းဆိုတာဟာ Curcuma ဆိုတဲ့အပင်ရဲ့ပင်စည်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအပင်က ဂျင်းမျိုးနွယ်ဝင် အပင်ဖြစ်ပါတယ်။

အရှေ့တိုင်း အစားအစာတွေထဲမှာ အထူးသဖြင့် အိန္ဒိယ ဟင်းလျာတွေထဲမှာ နနွင်းကိုထည့်ပြီး နေ့တိုင်း စားသောက်ကြပါတယ်။ အရင်တုန်းကဆိုရင် နနွင်းကို အင်္ကျီအရောင်စိုးဖို့တောင် သုံးကြပါတယ်။

နနွင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကတော့ အံ့မခန်းပါဘဲ။

နနွင်းကို နေ့စဉ်စားပေးရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

 

ရောင်ရမ်းတာတွေကို ကာကွယ်ပေး

နနွင်းမှာ အရောင်ကျစေတဲ့ ဓာတ်ပါဝင်တာကြောင့် ကိုယ်က ခြေလက် ရောင်တတ်သူဖြစ်ရင် နနွင်းကို နေ့စဉ်စားပေးသင့်ပါတယ်။ Curcumin အပင်မှာပါဝင်တဲ့ ကွန်ပေါင်းတွေက ရောင်ရမ်းတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းတာတွေ၊ လေးဖက်နာတို့ ဂေါက်တို့ကိုလည်း သက်သာနိုင်ပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်

နနွင်းမှာပါဝင်တဲ့ ကွန်ပေါင်းတွေက ဦးနှောက်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကူညီပေးပါတယ်။ ဒါကြောင့် အယ်ဇိုင်းမားရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။ အယ်ဇိုင်းမားရောဂါတွေက ဦးနှောက်ထဲမှာ BDNF (Brain-Derived Neurotrophic Factor) လျော့နည်းတာနဲ့ ဆက်စပ်နေတာကြောင့် နနွင်းက BDNF တွေ ပြန်တက်လာအောင် ကူညီပေးပါတယ်။

 

ကင်ဆာဖြစ်ပွားနိုင်မှု အန္တရာယ်ကို လျော့ချပေး

နနွင်းမှာပါဝင်တဲ့ ဓာတ်က သွေးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မျိုးဥပြွှန်ကင်ဆာ၊ လည်ပင်း ကင်ဆာ စတဲ့ ကင်ဆာများစွာကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကိုတော့ တွေ့ရှိထားပါတယ်။

ဒါပေမယ့် တိတိကျကျ ဘယ်လောက်ပမာဏစားရင် ဘယ်ကာကွယ်နိုင်သလဲ၊ ကင်ဆာရောဂါတွေအတွက် ဘယ်လောက် စားသင့်သလဲဆိုတာကိုတော့ သုတေသနလုပ်နေတုန်းဖြစ်ပါတယ်။

 

အစာခြေစနစ်ကို ကောင်းမွန်စေ

နနွင်းက အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တဲ့ အစာအိမ် အချဉ်ပေါက်တာ၊ အစာအိမ်အောင့်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ တစ်နေ့ကို နနွင်းအနည်းငယ်စားရင် ဒီရောဂါတွေကို သက်သာစေပါတယ်။

 

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

နနွင်းက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ပါးအောင်ပြုလုပ်နိုင်ပြီး သွေးကြောထဲမှာ အနယ်ကျတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Credit : My Food myanmar