Zawgyi ျဖင့္ဖတ္ရန္

ေနျပည္ေတာ္ ေလဆိပ္ မွာ လက္နက္ နဲ႔ မူးယစ္ေဆးဝါး ေတြ ဖမ္းဆီးမိၿပီးေနာက္ ကြင္းဆက္ အျဖစ္ ACE ဟုိတယ္ မွာ လက္နက္ေတြ အမ်ားအျပား ထပ္မံ ဖမ္းမိ တယ္လို႔ ျပည္ထဲေရး က သတင္းထုတ္ျပန္ပါတယ္။

ေအာက္တုိဘာ ၁၅ ရက္ညက ေနျပည္ေတာ္ ေလဆိပ္ မွာ အားကစား ဝန္ႀကီးေဟာင္းရဲ႕ သားျဖစ္သူ ACE ကုမၸဏီဥကၠ႒ ဦးၿဖိဳးကိုကိုတင့္ဆန္းနဲ႔ အေဖာ္ ၂ ေယာက္ထံကေန ၾသစေၾတးလ်နိုင္ငံထုတ္ ၉ မမ ပစၥတို ၂ လက္နဲ႔ က်ည္ ၇၂ေတာင့္၊ WY စိတ္ႂကြေဆးျပား ၁၂ ျပား၊ ICE ၁.၅ ဂရမ္၊ ဆက္သြယ္ေရးစက္ ၃ လုံး စတာေတြ ဖမ္းမိခဲ့ပါတယ္။

 


အဲဒီေနာက္ သူတို႔ တည္းခို ခဲ့တဲ့ ဟိုတယ္ ACE ကို ဒကၡိဏခ႐ိုင္ရဲတပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြရာမွာ ၿဖိဳးကိုကိုတင့္ဆန္းရဲ႕ အခန္းက လ်ဴဂါ ပစၥတို အပါအဝင္ ပစၥတို ၅ လက္၊ က်ည္ ၆၃၈ ေတာင့္၊ အမ္ ၁၆ က်ည္အေတာင့္ ၂၀၊ ပိြဳင့္ ၂၂ က်ည္ ၁၀ ေတာင့္၊ က်ည္ကာအက်ႌတထည္၊ စႏိုက္ပါ မွန္ေျပာင္း တခု စတာေတြ ဖမ္းမိခဲ့ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္း ရဲ႕ အေဖာ္ ၂ ေယာက္တည္းခိုတဲ့ အခန္းမွာေတာ့ ပစၥတို ၂ လက္နဲ႔ က်ည္ ၁၆ ေတာင့္ကို ေတြ႔ရွိခဲ့တယ္လို႔ ျပည္ထဲေရး သတင္း မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ စုစုေပါင္း ပစၥတို ၉ လက္၊ က်ည္ ၈၉၂ ေတာင့္၊ က်ည္အိမ္ ၁၆ ခု၊ အမ္ ၁၆ လက္ကိုင္ကြင္း ၁ ခု၊ ပစၥတိုအိတ္အနက္ေရာင္ ၇ လုံး၊ က်ည္ကာအက်ႌ ၁ ထည္၊ စႏိုက္ပါ မွန္ေျပာင္း ၁ လက္ တို႔ကို သိမ္းဆည္းရမိခဲ့ၿပီး ဒကၡိဏၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္စစ္ေဆးေနတယ္ လို႔လည္း ထုတ္ျပန္ထားပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

နေပြည်တော်လေဆိပ်လက်နက်မှုကွင်းဆက် ACE ဟိုတယ်တွင် လက်နက်များထပ်ဖမ်းမိ

 

နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနောက် ကွင်းဆက်အဖြစ် ACE ဟိုတယ်မှာ လက်နက်တွေ အများအပြား ထပ်မံဖမ်းမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်မှာ အားကစားဝန်ကြီးဟောင်းရဲ့ သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖော် ၂ ယောက်ထံကနေ သြစတြေးလျနိုင်ငံထုတ် ၉ မမ ပစ္စတို ၂ လက်နဲ့ ကျည် ၇၂တောင့်၊ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်၊ ဆက်သွယ်ရေးစက် ၃ လုံး စတာတွေ ဖမ်းမိခဲ့ပါတယ်။

 

အဲဒီနောက် သူတို့ တည်းခိုခဲ့တဲ့ ဟိုတယ် ACE ကို ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ဖြိုးကိုကိုတင့်ဆန်းရဲ့ အခန်းက လျူဂါ ပစ္စတို အပါအဝင် ပစ္စတို ၅ လက်၊ ကျည် ၆၃၈ တောင့်၊ အမ် ၁၆ ကျည်အတောင့် ၂၀၊ ပွိုင့် ၂၂ ကျည် ၁၀ တောင့်၊ ကျည်ကာအကျႌတထည်၊ စနိုက်ပါ မှန်ပြောင်းတခု စတာတွေ ဖမ်းမိခဲ့ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းရဲ့ အဖော် ၂ ယောက်တည်းခိုတဲ့ အခန်းမှာတော့ ပစ္စတို ၂ လက်နဲ့ ကျည် ၁၆ တောင့်ကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စုစုပေါင်း ပစ္စတို ၉ လက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ အမ် ၁၆ လက်ကိုင်ကွင်း ၁ ခု၊ ပစ္စတိုအိတ်အနက်ရောင် ၇ လုံး၊ ကျည်ကာအကျႌ ၁ ထည်၊ စနိုက်ပါ မှန်ပြောင်း ၁ လက် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဒက္ခိဏမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

Credit : DVB