Zawgyi ျဖင့္ဖတ္ရန္

 

အြန္လိုင္း ကေန ကုန္ပစၥည္း တစ္ခုကိုေရာင္းတဲ့အခါ ဝယ္သူ အဆင္ေျပတဲ့ ေငြေပးေခ်မႈ ပံုစံအားလံုးကို လုပ္ေပးေနၾကရပါတယ္။

အြန္လိုင္း ကိုအသံုးျပဳၿပီး စီးပြားေရး လုပ္ငန္း လုပ္ေဆာင္မႈေတြမ်ားျပားလာတာနဲ႔အေလ်ာက္ ကိုယ့္ရဲ႕ကုန္ပစၥည္းေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မယ့္ ပလက္ေဖာင္း ေတြ သည့္ထက္မကလိုအပ္လာေနပါၿပီ။
ပစ္မွတ္ထိေအာင္ပစ္
လုပ္ငန္းရွင္ ေတြအေနနဲ႔ အြန္လိုင္း ကုန္ပစၥည္း ေၾကာ္ျငာ ေတာ့မယ္ဆိုရင္ ပထမဆံုးကေတာ့ ျမန္မာျပည္ကအသံုးျပဳသူေတြရဲ႕ အေလ့အထ ကိုနားလည္ဖို႔လိုတယ္။ ကုန္ပစၥည္း ကို လူသိမ်ားေစခ်င္လို႔လုပ္ေဆာင္လိုက္ေပမဲ့ အေလ့အထ ေတြအရလက္ခံခ်င္မွလက္ခံမယ့္ အေျခအေနေတြရွိေနတာေၾကာင့္ေရာင္းခ်မယ့္ ပစၥည္းသံုးစြဲသူေတြရဲ႕ အေလ့အထ ကို အရင္ဆံုးနားလည္ထားဖို႔လိုပါတယ္။ ဒါကိုနားလည္မွ ကိုယ္ပစ္မွတ္ထားတဲ့လူေတြရဲ႕အာ႐ံု ကိုဘယ္လိုဖမ္းစားရမလဲ သည္လူေတြ ကိုယ့္ပစၥည္းကိုျမင္ၿပီးသြားတဲ့အခါ ပိုၿပီးေတာ့စိတ္ဝင္စားလာေအာင္ေနာက္တစ္ဆင့္ဝယ္ခ်င္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို စဥ္းစားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ပထမဆံုးလုပ္ရမွာကကိုယ့္ကုန္ပစၥည္းအတြက္ ပစ္မွတ္ထားတဲ့လူေတြရဲ႕အြန္လိုင္းေပၚကအေလ့အထကိုနားလည္ဖို႔က အရင္ဆံုးလိုအပ္ပါတယ္။

ဉာဏ္ႀကီးရွင္ ရွမ္းေတာင္ျမင့္ ေကာ္ဖီ လုပ္ငန္းရွင္ ကိုေငြထြန္းက product ေတြကို social media မွာတင္၊ website ေတြမွာတင္ တကယ့္ကိုေဈးကြက္ေဖာက္ႏိုုင္မယ့္ ေနရာကိုသြား၊ အဲဒီက impact ကို အၿမဲတမ္း analysis လုပ္ၿပီးေတာ့သြားတယ္၊ online ပၚကလာတဲ့ feedback ကိုအၿမဲတမ္းနားေထာင္တယ္၊ အဲဒီလူေတြကိုလဲ respect ျဖစ္ျဖစ္နဲ႔ျပန္ေပးတယ္လို႔ ဆိုပါတယ္။ ဖ့စ္ဘုတ္ခ္သံုးသူက အခုဆိုရင္ ၁၈ သန္းေလာက္ရွိတယ္။ ဒါေပမဲ့ အေကာင့္ အတု ေတြဖယ္လိုက္ရင္ ကိုးသန္းေလာက္ပဲရွိပါ လိမ့္မယ္။ အဲသည္ေတာ့ သည္ ၁၈ သန္းထဲက ဘယ္လိုလူကိုေရာင္းမွာလဲ၊ အဲဒီလူေတြဆီကိုဘယ္နည္းလမ္းနဲ႔ေရာက္ႏိုင္လဲ၊ အဲဒီလူေတြကေဖ့စ္ဘုတ္ခ္မွာေၾကာ္ျငာတာ ႀကိဳက္လား၊ မဲေဖာက္ေပးတာႀကိဳက္လား၊ တျခားၿပိဳင္ပြဲပံုႀကိဳက္လား၊ ဒါမွမဟုတ္ အသိပညာေပးၿပီး ကိုယ့္ပစၥည္းကို ထိုးေဖာက္ရတာႀကိဳက္လား၊ အဲဒီလိုမ်ိဳးေလးေတြကို နားလည္ေအာင္လုပ္ၿပီးမွ သူ တို႔ႀကိဳက္တဲ့နည္းကို သံုးၿပီးေဈးကြက္ေဖာက္ဖို႔လိုပါတယ္။

လတ္တေလာမွာ အြန္လိုင္း အေရာင္းအဝယ္ေတြ လိုင္စင္လုပ္ရမယ္ဆိုတာမ်ိဳးေျပာတယ္။ အဲသည္ဟာက ဝယ္တဲ့သူ ဘက္က ကုန္ပစၥည္းစစ္မွန္မႈနဲ႔ အရည္အေသြးပိုင္းအတြက္ စိတ္ခ်ယံုၾကည္စြာဝယ္ယူႏိုင္မွာျဖစ္တဲ့အတြက္ေကာင္းပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာ ဒါေတြက SMEs အေသးစားလုပ္ငန္းေတြျဖစ္ေနတဲ့အတြက္ပိုၿပီးေတာ့ လြယ္လြယ္ကူကူလိုင္စင္ေလွ်ာက္ႏိုင္ေအာင္လုပ္ေပးသင့္တယ္လို႔လည္းသိရပါတယ္။

ေဖ့စ္ဘုတ္ခ္ ေပၚက လူေတြ
ေဖ့စ္ဘုတ္ခ္ ေပၚမွာ လူေတြေနတာအရမ္းမ်ားေနတယ္။ အဲဒါကေကာင္းသလိုမေကာင္းတာလည္းရွိတယ္။ မေကာင္းတာက channel တစ္ခုတည္းအေပၚအရမ္းမွီခိုေနတဲ့အခါ အႏၱရာယ္ ရွိပါတယ္။အမာရာ Amara Digital Marketing Agency မွ Head of Operation မခ်မ္းေျမ့ခိုင္က တစ္ေန႔ေန႔ ျမန္မာျပည္က အစိုးရနဲ႔ ေဖ့စ္ဘုတ္ခ္ နဲ႔အဆင္မေျပလို႔ပဲျဖစ္ျဖစ္အေၾကာင္းေၾကာင္းေၾကာင့္မသံုးေတာ့ရင္ လူေတြမွာဆက္သြယ္စရာ ပလက္ေဖာင္းက လံုးဝေပ်ာက္သြားမွာ၊ အဲဒါေၾကာင့္ လူေတြကိုေဖ့စ္ဘုတ္ခ္အျပင္ကထြက္ေအာင္လုပ္ဖို႔လို တယ္လို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ေဈးကြက္ ရွာေဖြရာမွာ ေဖ့စ္ဘုတ္ခ္ကအျမန္ဆံုးနဲ႔အထိေရာက္ဆံုးျဖစ္ေနတယ္။ ကိုယ့္ပစၥည္းေပၚမူတည္ၿပီးေတာ့လည္း တျခားနည္းလမ္းရွာဖို႔လိုတာေတြရွိပါတယ္။ ကိုယ့္ပစၥည္းက အိမ္သံုး၊ ႐ံုးသံုး၊ ပရိေဘာဂလို စက္ပစၥည္းလိုအႀကီးစားေတြျဖစ္ေနရင္ေတာ့ ေဖ့စ္ဘုတ္ခ္ အျပင္ တျခားဝက္ဘ္ဆိုက္ေတြနည္းလမ္းရွာသင့္ပါတယ္။ နည္းလမ္းေတြကေတာ့ ကိုယ္ပစ္မယ့္ target ကိုလိုက္ၿပီးသံုးရမယ္။ ဥပမာကိုယ္က လယ္သမားကို ပစ္မွတ္ထားရင္ လယ္သမားအမ်ားစုက စမတ္ဖုန္းကို က်ယ္က်ယ္ျပန္႔ျပန္႔မသံုးၾကတာေၾကာင့္ အက္စ္အမ္အက္စ္ပို႔တဲ့ နည္းလမ္းကိုသြားမလား၊ အဓိကကေတာ့ ကိုယ္ပစ္မွတ္ထားတဲ့သူေတြက ဘယ္ပလက္ေဖာင္းကိုသံုးေနလဲ ၊ အဲသည္ပလက္ေဖာင္းေပၚကို ကိုယ္ကသြားၿပီး ေၾကာ္ျငာႏိုုင္ဖို႔လိုတယ္။

အခုခ်ိန္မွာေတာ့ ေဖ့စ္ဘုတ္ခ္အသံုးျပဳသူေတြက ေၾကာ္ျငာလာလည္းႏွိပ္တယ္။ အဲသည္ေတာ့ ေၾကာ္ျငာထည့္ရင္ၾကည့္မယ္။ ဘာလာလာေရာင္းရမယ္လို႔ တခ်ိဳ႕လုပ္ငန္းရွင္ေတြထင္ေနၾကပါတယ္။ ေဖ့စ္ဘုတ္ခ္ကေန boost လုပ္ရင္ လူသိမ်ားေရာင္းအားေကာင္းမယ္လို႔လည္းယူဆေနၾကပါတယ္။ဒါေတြက ေနာက္ႏွစ္ႏွစ္သံုးႏွစ္ၾကာလာတဲ့အခါမွာ ျမန္မာျပည္ကလူေတြကလည္း တျခားႏိုင္ငံကလိုပဲ ဒါေၾကာ္ျငာဆိုတာသိၿပီးႏွိပ္တဲ့သူနည္းလာမယ္ဆိုရင္ေဖ့စ္ဘုတ္ခ္မွာ ေၾကာ္ျငာႏႈန္းေတြက်လာပါေတာ့မယ္။အဲဒီအခါ ေဖ့စ္ဘုုတ္ခ္မွာ ကိုုယ္သံုုးမယ့္ ေၾကာ္ျငာစာသား သူမ်ားနဲ႔အတူေအာင္ ဘယ္လိုုလုုပ္မလဲ၊ ကိုုယ္သံုုးလိုုက္တဲ့ ေၾကာ္ျငာပံုုက ဆြဲေဆာင္မႈရွိဖိုု႔ ဒါေတြျပင္ထားရမွာေပါ့ေနာ္၊ အခုုကတည္းက ဒါေတြအမ်ားၾကီး ျပင္ထားဖိုု႔လိုုတယ္လိုု႔ မခ်မ္းေျမ့ခိုုင္က ေျပာပါတယ္။

လတ္တေလာကာလေတြမွာ တခ်ိဳ႕လူေတြက ေဖ့စ္ဘုတ္ခ္သံုးတဲ့အခ်ိန္က တျဖည္းျဖည္းနည္းလာၿပီး တျခား media platform ေတြကိုစတင္အသံုးျပဳမႈမ်ားလာေနၾကပါ ၿပီ။ ေဖ့စ္ဘုတ္ခ္ေပၚမွာ ႏိုုင္ငံေရး၊ လူမ်ိဳးေရးအရ အျငင္းပြားမႈေတြ၊ ဝါဒျဖန္႔မႈေတြနဲ႔ တစ္ဦးခ်င္းရဲ႕ လုပ္ေဆာင္ခ်က္ေတြက ကိုယ့္အတြက္စိတ္႐ႈတ္စရာေတြျဖစ္လာတာ ေၾကာင့္ ေဖ့စ္ဘုတ္ခ္ထက္တျခား Youtube, Twitter, insta-gram စတဲ့ platform ေတြကိုသံုးစြဲလာၾကပါတယ္။

ေပါက္ေအာင္လုပ္မယ္
၂၀၁၃ – ၂၀၁၄ ခုႏွစ္ေလာက္မွာ အေသးစားလုပ္ငန္းေတြအေနနဲ႔ ဒစ္ဂ်စ္တယ္ကိုမသံုးခဲ့ပါဘူး။ အဲသည္ေတာ့အၿပိဳင္အဆိုင္နည္းတယ္။ သည္ ၂၀၁၆ – ၂၀၁၇ မွာ အၿပိဳင္အဆိုင္ေတြမ်ားလာတဲ့အခါမွာ ဒစ္ဂ်စ္တယ္ေပၚကိုေရာက္လာတာဟာ off line နဲ႔ ယွဥ္ရင္ေရာင္းအား ေကာင္းလာတာေတြ လူသိမ်ားလာပါတယ္။ ဒါေပမဲ့ ေနာက္ႏွစ္ႏွစ္သံုးႏွစ္အတြင္းမွာ ပိုၿပီးေတာ့စိန္ေခၚမႈေတြမ်ားလာလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္လုပ္ငန္းတစ္ခုတည္း မဟုတ္ဘဲလုပ္ငန္းအကုန္လံုးက ဒစ္ဂ်စ္တယ္ ေပၚကိုတက္လာတာျဖစ္လို႔ အၿပိဳင္အဆိုင္ေတြမ်ားလာလိမ့္မယ္။ လုပ္ငန္းငယ္ေတြအေနနဲ႔ ေဘလ္ဘုတ္ႀကီးေတြကို သိန္းရာနဲ႔ခ်ီသံုးၿပီး ေၾကာ္ျငာဖို႔ဆိုတာအမ်ားႀကီးစဥ္းစား ရပါတယ္။ ေငြေၾကးအကုန္အက်မ်ားတာေတြမသံုးေတာ့ဘဲ ေငြေၾကးအကုန္အက်နည္းတဲ့ ဒစ္ဂ်စ္တယ္ကေနထိထိေရာက္ေရာက္သံုးဖို႔ ႀကိဳးပမ္းလာၾကပါတယ္။ ဥပမာ ေဘလ္ဘုတ္ကိုဘယ္ႏွေယာက္ၾကည့္သြားလဲမသိႏိုင္ဘူး။ ဘယ္သူေတြဘယ္လိုမွတ္ခ်က္ျပဳလဲမသိႏိုင္ဘူး။ ဒစ္ဂ်စ္တယ္မွာကေတာ့ မွတ္ခ်က္၊ ရွဲလ္၊ ၾကည့္႐ႈ သူစတာေတြအကုန္လံုးကိုသိႏိုင္တယ္။ အဲသည္ေတာ့ေငြေၾကးနည္းနည္းနဲ႔ အက်ိဳးရွိရွိေၾကာ္ျငာလာၾကပါတယ္။

အခုေနာက္ပိုင္းမွာ နာမည္ႀကီး ဘရန္းေတြက ဆိုရွယ္မီဒီယာမွာပရိသတ္အႀကိဳက္မ်ားၿပီး လတ္တေလာေရပန္းစားေနတဲ့ အႏုပညာရွင္ေတြနဲ႔ ေၾကာ္ျငာလာၾကပါ တယ္။ ၿပီးခဲ့တဲ့လပိုင္းအတြင္းမွာ မေအးေသာင္း (Aye Thaung)က ပရိသတ္အမ်ားဆံုးျဖစ္လို႔ သူ post တင္လိုက္တဲ့ ကုန္ပစၥည္းေတြရဲ႕ page ေတြက engagement ေတြတစ္ရွိန္ထိုးတက္သြားခဲ့ပါတယ္။ ဖ့စ္ဘုတ္ခ္မွာ boost လုပ္ရင္ တစ္ရက္ေဒၚလာ ၁၀ဝ နဲ႔ ခုနစ္ရက္စာ post  တစ္ခုကို boost လုပ္မယ္ဆိုရင္ reach က ၆၄,ဝ၀ဝ က ေန ၄၀ဝ,ဝ၀ဝ အထိရႏိုင္တယ္လို႔ ေဖ့စ္ဘုတ္ခ္ကဆိုထားတာေၾကာင့္ reach စုစုေပါင္း ၂၈ သိန္းအထိရႏိုင္ပါတယ္။ အဲသည္ေလာက္ရဖို႔ဆိုတာေဒၚလာ ၇၀ဝ သံုးရမွာျဖစ္ေပမဲ့ ေဖ့စ္ဘုတ္ခ္မွာ လူေတြသဲသဲလႈပ္ျဖစ္ေနတဲ့ အႏုပညာရွင္ေတြနဲ႔ ေၾကာ္ျငာလိုက္ရင္ေတာ့ ကုန္က်စရိတ္သက္သာသြားမွာျဖစ္ပါတယ္။ ကုန္က်စရိတ္ တူရင္ေတာင္ boost လုပ္တာထက္ reach ႏွစ္ဆေလာက္တက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုေနာက္ပိုင္းမွာ လုပ္ငန္းရွင္ေတြက မားကက္တင္းပံုစံေတြေျပာင္းလဲအသံုးျပဳ လာၾကပါတယ္။ေနာက္တစ္ခုက Brand ambassador ေတြရဲ႕ Cele ေတြရဲ႕ Wall ေပၚကေန post တင္တာ၊ အလွကုန္ပစၥည္းေတြဆိုလည္း beauty blogger ဗ်ဴးတီးဘေလာ့ကာေတြရဲ႕ review ေတြကေနလည္း ကုန္ပစၥည္းေတြကိုမိတ္ဆက္လာၾကပါတယ္။

လိုအပ္ခ်က္ေတြ
အခုေနာက္ပိုင္းမွာလိမ္ညာေနသူေတြက ဘရန္းနာမည္အႀကီးႀကီးေတြနဲ႔ page ေတြလုပ္ၾကပါတယ္။ မဲေဖာက္ေပးမယ္ဆိုၿပီး လုပ္ေတာ့ဝိုင္းရွဲၾကတယ္။ ရွဲမ်ားသြားမွ အဲသည္ ေပ့ခ်္ကို နာမည္ေျပာင္းၿပီး ျပန္ေရာင္းစားၾကတယ္။ အဓိကကေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔က ေဖ့စ္ဘုတ္ခ္မွာ က်ယ္က်ယ္ျပန္႔ ျပန္႔နဲ႔ လူယံုၾကည္ ရေအာင္လုပ္ထားႏိုင္မွ အတုေပၚလာလည္းယံုၾကည္ေအာင္ေျပာႏိုင္မွာျဖစ္ပါတယ္။တစ္ဖက္မွာလဲ လူေတြကိုလြယ္လြယ္မယံုဖို႔ဆိုတာ ပညာေပးရမယ္၊ ဒါေတြက ျမန္မာျပည္မွာလြယ္လြယ္ေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူး၊ အခုမွ digital revolution က စျဖစ္တာဆိုေတာ့ အခ်ိန္ေတာ့ယူရဦးမယ္လို႔ မခ်မ္းေျမ့ခိုင္က ဆိုပါတယ္။

ဥပေဒပိုင္းဆိုင္ရာမွာ မားကက္တင္းမွမဟုတ္ဘဲ တျခားအပိုင္းေတြမွာပါ ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာမွာ အားနည္းေနပါတယ္။ ဒါေၾကာင့္လည္း အခုေနာက္ပိုင္းမွာဆိုရင္ ဒစ္ဂ်စ္တယ္နဲ႔ပတ္သက္တဲ့ကိစေတြကို ကိုင္တြယ္ဖို႕ ၆၆ (ဃ)လို ပုဒ္မေတြကိုသံုးလာေနၾကပါတယ္။ အထူးသျဖင့္အြန္လိုင္းေပၚမွာ ကုန္အမွတ္တံဆိပ္ပိုင္းဆိုင္ရာေတြကို အကာအကြယ္ေပးႏိုုင္ဖို႔ အမ်ားႀကီးလိုေနပါေသးတယ္။ ဒါေၾကာင့္ ဒစ္ဂ်စ္တယ္ကိုသံုးတဲ့အခါ ဥပေဒနဲ႔ကိုင္တြယ္ႏိုင္ဖို႔အမ်ားႀကီးလိုေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ အင္တာနက္ေဈးႏႈန္းက အရင္ႏွစ္ေတြနဲ႔ယွဥ္ရင္ေဈးေပါလာၿပီဆိုေပမဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ယွဥ္ရင္ ေဈးႀကီးေနေသးတယ္။ ဒါကိုေဈးေပါေအာင္လုပ္ေပးဖို႔ လိုပါတယ္။
လူေတြက ေဖ့စ္ဘုတ္ခ္မွာအလုပ္လုပ္တယ္ဆိုတာက ေဖ့စ္ဘုတ္ခ္ကျမန္တယ္၊ တျခားဝက္ဘ္ဆိုက္ေတြမွာသြားလုပ္ေနရင္ၾကာတယ္၊ ဒါေၾကာင့္ ျမန္ျမန္ရတာကိုသံုးေန ၾကတာလဲျဖစ္တယ္၊ အင္တာနက္ၾကာေနရင္ပိုက္ဆံပိုကုန္တယ္၊ အေျခခံလူတန္းစားက ပိုက္ဆံပိုမကုန္ခံခ်င္ဘူး၊ အဲဒီအတြက္ အိမ္မွာသံုးလို႔ရတဲ့ အင္တာနက္ေတြကို ကပိုမိုေပါေပါမ်ားမ်ားသံုးႏိုင္ေအာင္လုပ္ေပးဖို႔လိုတယ္လို႔ မခ်မ္းေျမ့ခိုင္က ေျပာပါတယ္။

ေနာက္တစ္ခုကေငြေပးေခ်မႈပံုစံအရမ္းမ်ားေနတာပါ။ အြန္လိုင္းကေန ကုန္ပစၥည္းတစ္ခုကိုေရာင္းတဲ့အခါ ဝယ္သူအဆင္ေျပတဲ့ ေငြေပးေခ်မႈပံုစံအားလံုးကိုလုပ္ေပးေနၾကရပါ တယ္။ အစိုးရကအေကာင္အထည္ေဖာ္ေနတဲ့ MPU ကတ္ေတြက တကယ္တမ္းေတာ့ အသံုးျပဳမႈနည္းေနတယ္။ ဒါေၾကာင့္ တစ္တိုင္းတစ္ျပည္လံုးက အဆင္ေျပမယ့္ေေငြေပးေခ်မႈပံုစံကိုလည္း အစိုးရက ဥပေဒေၾကာင္းဆိုင္ရာလုပ္ေပးသင့္ပါတယ္။ လက္ရွိမွာေတာ့ အသံုးမ်ားေနတာက ပစၥည္းအိမ္ေရာက္ေတာ့မွ ပိုက္ဆံရွင္းတဲ့စနစ္ကိုက်င့္သံုးေနၾကရလို႔မလိုလားအပ္တဲ့ အခက္အခဲနဲ႔ယံုၾကည္မႈပ်က္ယြင္းမႈေတြျဖစ္ေနရတယ္လို႔ လုပ္ငန္းရွင္ေတြကဆိုၾကပါတယ္။

Credit : kumudra

Unicode ဖြင့်ဖတ်ရန်

အွန်လိုင်းကို အသုံးပြုပြီး လုပ်ငန်းအောင်မြင်အောင်

 

အွန်လိုင်းကနေ ကုန်ပစ္စည်းတစ်ခုကိုရောင်းတဲ့အခါ ဝယ်သူအဆင်ပြေတဲ့ ငွေပေးချေမှုပုံစံအားလုံးကို လုပ်ပေးနေကြရပါတယ်။

နေပြည်တော်၊ အောက်တိုဘာ ၂၁ – အွန်လိုင်းကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုတွေများပြားလာတာနဲ့အလျောက် ကိုယ့်ရဲ့ကုန်ပစ္စည်းအောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် ပလက်ဖောင်းတွေ သည့်ထက်မကလိုအပ်လာနေပါပြီ။
ပစ်မှတ်ထိအောင်ပစ်
လုပ်ငန်းရှင်တွေအနေနဲ့ အွန်လိုင်းကုန်ပစ္စည်းကြော်ငြာတော့မယ်ဆိုရင် ပထမဆုံးကတော့ မြန်မာပြည်ကအသုံးပြုသူတွေရဲ့ အလေ့အထကိုနားလည်ဖို့လိုတယ်။ ကုန်ပ စ္စည်းကို လူသိများစေချင်လို့လုပ်ဆောင်လိုက်ပေမဲ့ အလေ့အထတွေအရလက်ခံချင်မှလက်ခံမယ့် အခြေအနေတွေရှိနေတာကြောင့်ရောင်းချမယ့် ပစ္စည်းသုံးစွဲသူတွေရဲ့ အလေ့အထကို အရင်ဆုံးနားလည်ထားဖို့လိုပါတယ်။ ဒါကိုနားလည်မှ ကိုယ်ပစ်မှတ်ထားတဲ့လူတွေရဲ့အာရုံကိုဘယ်လိုဖမ်းစားရမလဲ သည်လူတွေ ကိုယ့်ပစ္စည်းကိုမြင်ပြီးသွားတဲ့အခါ ပိုပြီးတော့စိတ်ဝင်စားလာအောင်နောက်တစ်ဆင့်ဝယ်ချင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာကကိုယ့်ကုန်ပစ္စည်းအတွက် ပစ်မှတ်ထားတဲ့လူတွေရဲ့အွန်လိုင်းပေါ်ကအလေ့အထကိုနားလည်ဖို့က အရင်ဆုံးလိုအပ်ပါတယ်။

ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီလုပ်ငန်းရှင် ကိုငွေထွန်းက product တွေကို social media မှာတင်၊ website တွေမှာတင် တကယ့်ကိုဈေးကွက်ဖောက်နိုုင်မယ့် နေရာကိုသွား၊ အဲဒီက impact ကို အမြဲတမ်း analysis လုပ်ပြီးတော့သွားတယ်၊ online ပါ်ကလာတဲ့ feedback ကိုအမြဲတမ်းနားထောင်တယ်၊ အဲဒီလူတွေကိုလဲ respect ဖြစ်ဖြစ်နဲ့ပြန်ပေးတယ်လို့ ဆိုပါတယ်။ ဖ့စ်ဘုတ်ခ်သုံးသူက အခုဆိုရင် ၁၈ သန်းလောက်ရှိတယ်။ ဒါပေမဲ့အကောင့်အတုတွေဖယ်လိုက်ရင် ကိုးသန်းလောက်ပဲရှိပါ လိမ့်မယ်။ အဲသည်တော့ သည် ၁၈ သန်းထဲက ဘယ်လိုလူကိုရောင်းမှာလဲ၊ အဲဒီလူတွေဆီကိုဘယ်နည်းလမ်းနဲ့ရောက်နိုင်လဲ၊ အဲဒီလူတွေကဖေ့စ်ဘုတ်ခ်မှာကြော်ငြာတာ ကြိုက်လား၊ မဲဖောက်ပေးတာကြိုက်လား၊ တခြားပြိုင်ပွဲပုံကြိုက်လား၊ ဒါမှမဟုတ် အသိပညာပေးပြီး ကိုယ့်ပစ္စည်းကို ထိုးဖောက်ရတာကြိုက်လား၊ အဲဒီလိုမျိုးလေးတွေကို နားလည်အောင်လုပ်ပြီးမှ သူ တို့ကြိုက်တဲ့နည်းကို သုံးပြီးဈေးကွက်ဖောက်ဖို့လိုပါတယ်။

လတ်တလောမှာ အွန်လိုင်းအရောင်းအဝယ်တွေ လိုင်စင်လုပ်ရမယ်ဆိုတာမျိုးပြောတယ်။ အဲသည်ဟာက ဝယ်တဲ့သူ ဘက်က ကုန်ပစ္စည်းစစ်မှန်မှုနဲ့ အရည်အသွေးပိုင်းအတွက် စိတ်ချယုံကြည်စွာဝယ်ယူနိုင်မှာဖြစ်တဲ့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒါတွေက SMEs အသေးစားလုပ်ငန်းတွေဖြစ်နေတဲ့အတွက်ပိုပြီးတော့ လွယ်လွယ်ကူကူလိုင်စင်လျှောက်နိုင်အောင်လုပ်ပေးသင့်တယ်လို့လည်းသိရပါတယ်။

ဖေ့စ်ဘုတ်ခ်ပေါ်က လူတွေ
ဖေ့စ်ဘုတ်ခ်ပေါ်မှာ လူတွေနေတာအရမ်းများနေတယ်။ အဲဒါကကောင်းသလိုမကောင်းတာလည်းရှိတယ်။ မကောင်းတာက channel တစ်ခုတည်းအပေါ်အရမ်းမှီခိုနေတဲ့အခါ အန္တရာယ်ရှိပါတယ်။အမာရာ Amara Digital Marketing Agency မှ Head of Operation မချမ်းမြေ့ခိုင်က တစ်နေ့နေ့ မြန်မာပြည်က အစိုးရနဲ့ ဖေ့စ်ဘုတ်ခ်နဲ့အဆင်မပြေလို့ပဲဖြစ်ဖြစ်အကြောင်းကြောင်းကြောင့်မသုံးတော့ရင် လူတွေမှာဆက်သွယ်စရာ ပလက်ဖောင်းက လုံးဝပျောက်သွားမှာ၊ အဲဒါကြောင့် လူတွေကိုဖေ့စ်ဘုတ်ခ်အပြင်ကထွက်အောင်လုပ်ဖို့လို တယ်လို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ဈေးကွက်ရှာဖွေရာမှာ ဖေ့စ်ဘုတ်ခ်ကအမြန်ဆုံးနဲ့အထိရောက်ဆုံးဖြစ်နေတယ်။ ကိုယ့်ပစ္စည်းပေါ်မူတည်ပြီးတော့လည်း တခြားနည်းလမ်းရှာဖို့လိုတာတွေရှိပါတယ်။ ကိုယ့်ပစ္စည်းက အိမ်သုံး၊ ရုံးသုံး၊ ပရိဘောဂလို စက်ပစ္စည်းလိုအကြီးစားတွေဖြစ်နေရင်တော့ ဖေ့စ်ဘုတ်ခ်အပြင် တခြားဝက်ဘ်ဆိုက်တွေနည်းလမ်းရှာသင့်ပါတယ်။ နည်းလမ်းတွေကတော့ ကိုယ်ပစ်မယ့် target ကိုလိုက်ပြီးသုံးရမယ်။ ဥပမာကိုယ်က လယ်သမားကို ပစ်မှတ်ထားရင် လယ်သမားအများစုက စမတ်ဖုန်းကို ကျယ်ကျယ်ပြန့်ပြန့်မသုံးကြတာကြောင့် အက်စ်အမ်အက်စ်ပို့တဲ့ နည်းလမ်းကိုသွားမလား၊ အဓိကကတော့ ကိုယ်ပစ်မှတ်ထားတဲ့သူတွေက ဘယ်ပလက်ဖောင်းကိုသုံးနေလဲ ၊ အဲသည်ပလက်ဖောင်းပေါ်ကို ကိုယ်ကသွားပြီး ကြော်ငြာနိုုင်ဖို့လိုတယ်။

အခုချိန်မှာတော့ ဖေ့စ်ဘုတ်ခ်အသုံးပြုသူတွေက ကြော်ငြာလာလည်းနှိပ်တယ်။ အဲသည်တော့ ကြော်ငြာထည့်ရင်ကြည့်မယ်။ ဘာလာလာရောင်းရမယ်လို့ တချို့လုပ်ငန်းရှင်တွေထင်နေကြပါတယ်။ ဖေ့စ်ဘုတ်ခ်ကနေ boost လုပ်ရင် လူသိများရောင်းအားကောင်းမယ်လို့လည်းယူဆနေကြပါတယ်။ဒါတွေက နောက်နှစ်နှစ်သုံးနှစ်ကြာလာတဲ့အခါမှာ မြန်မာပြည်ကလူတွေကလည်း တခြားနိုင်ငံကလိုပဲ ဒါကြော်ငြာဆိုတာသိပြီးနှိပ်တဲ့သူနည်းလာမယ်ဆိုရင်ဖေ့စ်ဘုတ်ခ်မှာ ကြော်ငြာနှုန်းတွေကျလာပါတော့မယ်။အဲဒီအခါ ဖေ့စ်ဘုုတ်ခ်မှာ ကိုုယ်သုံုးမယ့် ကြော်ငြာစာသား သူများနဲ့အတူအောင် ဘယ်လိုုလုုပ်မလဲ၊ ကိုုယ်သုံုးလိုုက်တဲ့ ကြော်ငြာပုံုက ဆွဲဆောင်မှုရှိဖိုု့ ဒါတွေပြင်ထားရမှာပေါ့နော်၊ အခုုကတည်းက ဒါတွေအများကြီး ပြင်ထားဖိုု့လိုုတယ်လိုု့ မချမ်းမြေ့ခိုုင်က ပြောပါတယ်။

လတ်တလောကာလတွေမှာ တချို့လူတွေက ဖေ့စ်ဘုတ်ခ်သုံးတဲ့အချိန်က တဖြည်းဖြည်းနည်းလာပြီး တခြား media platform တွေကိုစတင်အသုံးပြုမှုများလာနေကြပါ ပြီ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာ နိုုင်ငံရေး၊ လူမျိုးရေးအရ အငြင်းပွားမှုတွေ၊ ဝါဒဖြန့်မှုတွေနဲ့ တစ်ဦးချင်းရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်အတွက်စိတ်ရှုတ်စရာတွေဖြစ်လာတာ ကြောင့် ဖေ့စ်ဘုတ်ခ်ထက်တခြား Youtube, Twitter, insta-gram စတဲ့ platform တွေကိုသုံးစွဲလာကြပါတယ်။

ပေါက်အောင်လုပ်မယ်
၂၀၁၃ – ၂၀၁၄ ခုနှစ်လောက်မှာ အသေးစားလုပ်ငန်းတွေအနေနဲ့ ဒစ်ဂျစ်တယ်ကိုမသုံးခဲ့ပါဘူး။ အဲသည်တော့အပြိုင်အဆိုင်နည်းတယ်။ သည် ၂၀၁၆ – ၂၀၁၇ မှာ အပြိုင်အဆိုင်တွေများလာတဲ့အခါမှာ ဒစ်ဂျစ်တယ်ပေါ်ကိုရောက်လာတာဟာ off line နဲ့ ယှဉ်ရင်ရောင်းအား ကောင်းလာတာတွေ လူသိများလာပါတယ်။ ဒါပေမဲ့ နောက်နှစ်နှစ်သုံးနှစ်အတွင်းမှာ ပိုပြီးတော့စိန်ခေါ်မှုတွေများလာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ငန်းတစ်ခုတည်း မဟုတ်ဘဲလုပ်ငန်းအကုန်လုံးက ဒစ်ဂျစ်တယ် ပေါ်ကိုတက်လာတာဖြစ်လို့ အပြိုင်အဆိုင်တွေများလာလိမ့်မယ်။ လုပ်ငန်းငယ်တွေအနေနဲ့ ဘေလ်ဘုတ်ကြီးတွေကို သိန်းရာနဲ့ချီသုံးပြီး ကြော်ငြာဖို့ဆိုတာအများကြီးစဉ်းစား ရပါတယ်။ ငွေကြေးအကုန်အကျများတာတွေမသုံးတော့ဘဲ ငွေကြေးအကုန်အကျနည်းတဲ့ ဒစ်ဂျစ်တယ်ကနေထိထိရောက်ရောက်သုံးဖို့ ကြိုးပမ်းလာကြပါတယ်။ ဥပမာ ဘေလ်ဘုတ်ကိုဘယ်နှယောက်ကြည့်သွားလဲမသိနိုင်ဘူး။ ဘယ်သူတွေဘယ်လိုမှတ်ချက်ပြုလဲမသိနိုင်ဘူး။ ဒစ်ဂျစ်တယ်မှာကတော့ မှတ်ချက်၊ ရှဲလ်၊ ကြည့်ရှု သူစတာတွေအကုန်လုံးကိုသိနိုင်တယ်။ အဲသည်တော့ငွေကြေးနည်းနည်းနဲ့ အကျိုးရှိရှိကြော်ငြာလာကြပါတယ်။

အခုနောက်ပိုင်းမှာ နာမည်ကြီး ဘရန်းတွေက ဆိုရှယ်မီဒီယာမှာပရိသတ်အကြိုက်များပြီး လတ်တလောရေပန်းစားနေတဲ့ အနုပညာရှင်တွေနဲ့ ကြော်ငြာလာကြပါ တယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ မအေးသောင်း (Aye Thaung)က ပရိသတ်အများဆုံးဖြစ်လို့ သူ post တင်လိုက်တဲ့ ကုန်ပစ္စည်းတွေရဲ့ page တွေက engagement တွေတစ်ရှိန်ထိုးတက်သွားခဲ့ပါတယ်။ ဖ့စ်ဘုတ်ခ်မှာ boost လုပ်ရင် တစ်ရက်ဒေါ်လာ ၁၀ဝ နဲ့ ခုနစ်ရက်စာ post  တစ်ခုကို boost လုပ်မယ်ဆိုရင် reach က ၆၄,ဝဝဝ က နေ ၄၀ဝ,ဝဝဝ အထိရနိုင်တယ်လို့ ဖေ့စ်ဘုတ်ခ်ကဆိုထားတာကြောင့် reach စုစုပေါင်း ၂၈ သိန်းအထိရနိုင်ပါတယ်။ အဲသည်လောက်ရဖို့ဆိုတာဒေါ်လာ ၇၀ဝ သုံးရမှာဖြစ်ပေမဲ့ ဖေ့စ်ဘုတ်ခ်မှာ လူတွေသဲသဲလှုပ်ဖြစ်နေတဲ့ အနုပညာရှင်တွေနဲ့ ကြော်ငြာလိုက်ရင်တော့ ကုန်ကျစရိတ်သက်သာသွားမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် တူရင်တောင် boost လုပ်တာထက် reach နှစ်ဆလောက်တက်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ လုပ်ငန်းရှင်တွေက မားကက်တင်းပုံစံတွေပြောင်းလဲအသုံးပြု လာကြပါတယ်။နောက်တစ်ခုက Brand ambassador တွေရဲ့ Cele တွေရဲ့ Wall ပေါ်ကနေ post တင်တာ၊ အလှကုန်ပစ္စည်းတွေဆိုလည်း beauty blogger ဗျူးတီးဘလော့ကာတွေရဲ့ review တွေကနေလည်း ကုန်ပစ္စည်းတွေကိုမိတ်ဆက်လာကြပါတယ်။

လိုအပ်ချက်တွေ
အခုနောက်ပိုင်းမှာလိမ်ညာနေသူတွေက ဘရန်းနာမည်အကြီးကြီးတွေနဲ့ page တွေလုပ်ကြပါတယ်။ မဲဖောက်ပေးမယ်ဆိုပြီး လုပ်တော့ဝိုင်းရှဲကြတယ်။ ရှဲများသွားမှ အဲသည် ပေ့ချ်ကို နာမည်ပြောင်းပြီး ပြန်ရောင်းစားကြတယ်။ အဓိကကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့က ဖေ့စ်ဘုတ်ခ်မှာ ကျယ်ကျယ်ပြန့် ပြန့်နဲ့ လူယုံကြည် ရအောင်လုပ်ထားနိုင်မှ အတုပေါ်လာလည်းယုံကြည်အောင်ပြောနိုင်မှာဖြစ်ပါတယ်။တစ်ဖက်မှာလဲ လူတွေကိုလွယ်လွယ်မယုံဖို့ဆိုတာ ပညာပေးရမယ်၊ ဒါတွေက မြန်မာပြည်မှာလွယ်လွယ်တော့ ပြောင်းလဲသွားမှာမဟုတ်ဘူး၊ အခုမှ digital revolution က စဖြစ်တာဆိုတော့ အချိန်တော့ယူရဦးမယ်လို့ မချမ်းမြေ့ခိုင်က ဆိုပါတယ်။

ဥပဒေပိုင်းဆိုင်ရာမှာ မားကက်တင်းမှမဟုတ်ဘဲ တခြားအပိုင်းတွေမှာပါ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာမှာ အားနည်းနေပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာဆိုရင် ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ကိစတွေကို ကိုင်တွယ်ဖို့ ၆၆ (ဃ)လို ပုဒ်မတွေကိုသုံးလာနေကြပါတယ်။ အထူးသဖြင့်အွန်လိုင်းပေါ်မှာ ကုန်အမှတ်တံဆိပ်ပိုင်းဆိုင်ရာတွေကို အကာအကွယ်ပေးနိုုင်ဖို့ အများကြီးလိုနေပါသေးတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်ကိုသုံးတဲ့အခါ ဥပဒေနဲ့ကိုင်တွယ်နိုင်ဖို့အများကြီးလိုနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ဈေးနှုန်းက အရင်နှစ်တွေနဲ့ယှဉ်ရင်ဈေးပေါလာပြီဆိုပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးကြီးနေသေးတယ်။ ဒါကိုဈေးပေါအောင်လုပ်ပေးဖို့ လိုပါတယ်။
လူတွေက ဖေ့စ်ဘုတ်ခ်မှာအလုပ်လုပ်တယ်ဆိုတာက ဖေ့စ်ဘုတ်ခ်ကမြန်တယ်၊ တခြားဝက်ဘ်ဆိုက်တွေမှာသွားလုပ်နေရင်ကြာတယ်၊ ဒါကြောင့် မြန်မြန်ရတာကိုသုံးနေ ကြတာလဲဖြစ်တယ်၊ အင်တာနက်ကြာနေရင်ပိုက်ဆံပိုကုန်တယ်၊ အခြေခံလူတန်းစားက ပိုက်ဆံပိုမကုန်ခံချင်ဘူး၊ အဲဒီအတွက် အိမ်မှာသုံးလို့ရတဲ့ အင်တာနက်တွေကို ကပိုမိုပေါပေါများများသုံးနိုင်အောင်လုပ်ပေးဖို့လိုတယ်လို့ မချမ်းမြေ့ခိုင်က ပြောပါတယ်။

နောက်တစ်ခုကငွေပေးချေမှုပုံစံအရမ်းများနေတာပါ။ အွန်လိုင်းကနေ ကုန်ပစ္စည်းတစ်ခုကိုရောင်းတဲ့အခါ ဝယ်သူအဆင်ပြေတဲ့ ငွေပေးချေမှုပုံစံအားလုံးကိုလုပ်ပေးနေကြရပါ တယ်။ အစိုးရကအကောင်အထည်ဖော်နေတဲ့ MPU ကတ်တွေက တကယ်တမ်းတော့ အသုံးပြုမှုနည်းနေတယ်။ ဒါကြောင့် တစ်တိုင်းတစ်ပြည်လုံးက အဆင်ပြေမယ့်ေငွေပေးချေမှုပုံစံကိုလည်း အစိုးရက ဥပဒေကြောင်းဆိုင်ရာလုပ်ပေးသင့်ပါတယ်။ လက်ရှိမှာတော့ အသုံးများနေတာက ပစ္စည်းအိမ်ရောက်တော့မှ ပိုက်ဆံရှင်းတဲ့စနစ်ကိုကျင့်သုံးနေကြရလို့မလိုလားအပ်တဲ့ အခက်အခဲနဲ့ယုံကြည်မှုပျက်ယွင်းမှုတွေဖြစ်နေရတယ်လို့ လုပ်ငန်းရှင်တွေကဆိုကြပါတယ်။

Credit : kumudra