Zawgyi ဖြင့်ဖတ်ရန်



 




Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာ့သြဇာအကြီး ပတ်စ်ပို့စာရင်းတွင် မြန်မာ အဆင့် (၁၈၀)တွင် ရပ်တည်

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကူးလက်မှတ် အဆင့်အတန်းကို သတ်မှတ်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) က အဆင့် ၁၈၀ တွင် ရပ်တည်လျှက်ရှိသည်။

နိုင်ငံကူးလက်မှတ်များ သြဇာကြီးမားမှုအဆင့် သတ်မှတ်ရာတွင် ဗီဇာမလိုပဲ သွားရောက်နိုင်သော နိုင်ငံများလေလေ သြဇာရှိပြီး အဆင့်ထိပ်ရောက်လေလေဖြစ်ပါတယ်။
လက်ရှိအခြေနေမှာတော့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေနဲ့ (၄၁) နိုင်ငံကို ဗီဇာလျှောက်ရန်မလိုပဲ ခရီးသွားနိုင်ပြီး အဆိုပါနိုင်ငံများထဲ့တွင် (ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း) အစရှိသော နိုင်ငံများပါဝင်သည်။

 

နိုင်ငံကူးလက်မှတ်အဆင့်တွင် မြန်မာနဲ့ ကိုဆိုဗို နိုင်ငံကူးလက်မှတ်များက ကမ္ဘာ့အဆင့် ၈၅ နေရာတွင် ရပ်တည်နေကြသည်။ တစ်နိုင်ခြင်းစီ အဆင့်မှာတော့ မြန်မာက အဆင့်(၁၈၀) နဲ့ ကိုဆိုဗိုက အဆင့်(၁၈၁) နေရာမှာ ရှိနေပါတယ်။

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်ကတော့ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ စင်ကာပူပတ်စ်ပို့ ကိုင်ဆောင်ထားသူများဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၅၉ နိုင်ငံကို ဗီဇာမလိုပဲ အချိန်မရွေး ဝင်ထွက်က်သွားလာနိုင်ပါတယ်။
စင်ကာပူနိုင်ငံကူးလက်မှတ်ဟာ ကမ္ဘာ့အဆင့်ရော နိုင်ငံတစ်ခုခြင်းစီ အဆင့်မှာပါ နံပါတ် ၁ နေရာယူထားပြီး သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ဖြစ်နေပါတယ်။

 

နိုင်ငံတစ်ခုခြင်းစီအဆင့်မှာ အမေရိကန်က (၂၁)၊ ယူကေ (၁၂)၊ ကနေဒါ (၂၂)၊ ဂျပန် (၁၁) တို့ဖြစ်ကြပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ ထိုင်းက အဆင့်(၁၀၈)၊ မလေးရှား အဆင့်(၁၉) တို့ အသီးသီးဖြစ်ကြပါတယ်။

Credit : Duwun