Zawgyi ျဖင့္ဖတ္ရန္

ၿမဳိ႕ေရႊမန္းသား ဖုိးခ်စ္ က သူ႔ရဲ႕ ေဖ့ဘြတ္စ္ ေပၚမွာ သူ႔ေတြးျဖစ္တဲ့ အေတြးအျမင္ေလးေတြကုိ အၿမဲေရးသား ၿပီး တင္ေလ့ရွိပါတယ္။ ဒါကလည္း ပရိသတ္ ေတြအေနနဲ႔ ဖတ္ လုိ႔ရေအာင္ရယ္ သူ႔အတြက္လည္း မွတ္တမ္း ေလး တစ္ခုျဖစ္ေစခ်င္တာရယ္ေၾကာင့္လည္းျဖစ္တယ္ လုိ႔သိရပါတယ္။ သူဟာ ဒီအေတြးအျမင္စာစုေလးေတြကုိ တစ္ခ်ိန္မွာ စာအုပ္ အျဖစ္ထုတ္ေဝသြားဖုိ႔လည္း စိတ္ ကူးရွိေၾကာင္း လည္းသူကဖြင့္ဟေျပာခဲ့ပါတယ္။ ဒါ့ အျပင္ သူ႔ရဲ႕ဘဝ ျဖတ္သန္းမႈ အေၾကာင္းကုိ စာအုပ္ အျဖစ္ေရးသား ထုတ္ေဝဖို႔အစီစဥ္ရွိမလားလုိ႔ ေမးတဲ့ အခါ….

“စင္ေပၚမွာေတာ့ ကြၽန္ေတာ့္ ဘဝ အေၾကာင္းေတြ ကုိ အမ်ားႀကီး ေျပာျဖစ္တယ္။ ကြၽန္ေတာ့္ဘဝျဖတ္ သန္းမႈကို ႐ုပ္ရွင္ ႐ုိက္ကူးဖုိ႔ ကမ္းလွမ္း တာ ၂ ခု ၃ ခု ေလာက္ရွိပါတယ္။ခက္ခက္ခဲခဲနဲ႔ဘဝကုိ တအားႀကီး ႐ုန္းကန္ခဲ့ရတဲ့ကိစၥေတြကုိသိတဲ့ လူေတြက ႐ုပ္ရွင္ ႐ုိက္ ကူးဖို႔ စိတ္ဝင္စား ပါတယ္ေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ မလုပ္ျဖစ္ေသးဘူး။ ၿပီးေတာ့ စာေပ နဲ႔ပတ္သက္ၿပီး လည္း ကြၽန္ေတာ္ ေရးျဖစ္ပါတယ္။ တစ္ခါတေလလည္း တစ္ျခားနာမည္နဲ႔ ေရးျဖစ္ပါတယ္။ ကြၽန္ေတာ့္ ရဲ႕ဘဝ အေၾကာင္းေရးမယ္ဆုိရင္ေတာ့ စာအုပ္အထူႀကီးျဖစ္ သြားမယ္။ အခက္အခဲ မ်ားစြာနဲ႔ ကြၽန္ေတာ္ ျဖတ္သန္းခဲ့ရ တာေတြ၊ ကြၽန္ေတာ္ဘယ္လုိစိတ္ဓာတ္ေတြနဲ႔ ဘယ္လုိ ျဖတ္သန္းခဲ့ရတာလည္း ဆုိတာေတြေပါ့။ ကြၽန္ေတာ့္ ကုိအခုအခ်ိန္မွာ ၿပဳံးၿပဳံးၿပဳံးနဲ႔ပဲ အၿမဲ တမ္းျမင္ေနၾက တယ္ေပါ့။ ဒါေပမဲ့ အဲဒီလုိအၿမဲၿပဳံးေနတဲ့ လူရဲ႕ရင္ဘတ္ ထဲမွာလည္း တစ္ခ်ဳိ႕ခံစားခ်က္ေတြမွာ တစ္ခါတေလ မွာအခက္အခဲေတြ ျဖစ္တာပဲ။ စာဖတ္ရမွာပါ။ ကြၽန္ေတာ္ စာေပကုိ တန္ဖုိးထားပါတယ္။ စာေပဟာ ကြၽန္ေတာ့္ ရဲ႕ ဘဝျပဳျပင္ေျပာင္းလဲျခင္းေတြမွာ အားအမ်ားႀကီးျဖစ္ေစ ခဲ့ပါတယ္။ ေနာက္ပုိင္းမွာ စာဖတ္ရမွာပါ” လုိ႔ ဖုိးခ်စ္ က ေျပာျပပါတယ္။

သူ ႔ဘဝ မွာအခက္အခဲေတြ၊ စိတ္ညစ္စရာေတြနဲ႔ ႀကဳံေတြ႔ရတဲ့အခါတုိင္း ဘာသာေရးကုိဦးစားေပးလုပ္ ေဆာင္ျဖစ္ကာ ေဘာလုံး အားကစား ကိုလည္း ကစား ျဖစ္ၿပီး စိတ္ဖိစီးမႈ ေတြကိုလည္း ေလွ်ာ့ခ်ျဖစ္တယ္လုိ႔ သိရပါတယ္။

“အခက္အခဲ ျပသနာ ဆုိတာလူတုိင္းမွာရွိတယ္။ တစ္သက္လုံးႀကီး အခက္အခဲ ေနတာမ်ိဳးေတာ့ မဟုတ္ ဘူး။ ကြၽန္ေတာ္တုိ႔ရဲဗုဒၶဘာသာ ျမန္ မာအယူအဆအရ ေတာ့ ျဖစ္ပ်က္ဆိုၿပီးရွိတယ္။ ျပႆနာ အခက္အခဲက ျဖစ္ေနၿပီးျပန္ပ်က္မွာပဲ။ တည္ေဆာက္ထားတဲ့ျဖစ္ျခင္း ေတြကလည္း ပ်က္ျခင္းကိုသြားမွာပဲ။ အဲဒါကုိႏွလုံးသြင္း လုိက္တဲ့အခါမွာေတာ့ ဒါႀကီးကၾကာ ၾကာမဟုတ္ဘူး။ ဘယ္အရာမွ အၾကာႀကီးမဟုတ္ဘူး။ အဲဒီလုိႏွလုံးသြင္း ျပီးေတာ့ရင္ဆုိင္ တယ္။ ေျဖရွင္းတယ္” လုိ႔ သူ႔ဘဝမွာ ေတြ႕ႀကဳံခဲ့ရတဲ့ ခက္ခဲၾကမ္းတမ္းမႈေတြကုိ ဘယ္လုိ စိတ္ ထားမ်ဳိးေတြနဲ႔ ေက်ာ္ျဖတ္ခဲ့လဲဆုိတာမ်ဳိးကုိ ဖုိးခ်စ္ က ေျပာျပခဲ့ပါတယ္။

 

share from Popular News

Unicode ဖြင့်ဖတ်ရန်

 

ဘဝဖြတ်သန်းမှုကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ ဖိုးချစ်

မြို့ရွှေမန်းသားဖိုးချစ်က သူ့ရဲ့ ဖေ့ဘွတ်စ်ပေါ်မှာ သူ့တွေးဖြစ်တဲ့ အတွေးအမြင်လေးတွေကို အမြဲရေးသား ပြီး တင်လေ့ရှိပါတယ်။ ဒါကလည်း ပရိသတ်တွေအနေနဲ့ ဖတ် လို့ရအောင်ရယ် သူ့အတွက်လည်း မှတ်တမ်းလေး တစ်ခုဖြစ်စေချင်တာရယ်ကြောင့်လည်းဖြစ်တယ် လို့သိရပါတယ်။ သူဟာ ဒီအတွေးအမြင်စာစုလေးတွေကို တစ်ချိန်မှာ စာအုပ်အဖြစ်ထုတ်ဝေသွားဖို့လည်း စိတ် ကူးရှိကြောင်း လည်းသူကဖွင့်ဟပြောခဲ့ပါတယ်။ ဒါ့ အပြင် သူ့ရဲ့ဘဝဖြတ်သန်းမှု အကြောင်းကို စာအုပ် အဖြစ်ရေးသား ထုတ်ဝေဖို့အစီစဉ်ရှိမလားလို့ မေးတဲ့ အခါ….

“စင်ပေါ်မှာတော့ ကျွန်တော့်ဘဝအကြောင်းတွေ ကို အများကြီး ပြောဖြစ်တယ်။ ကျွန်တော့်ဘဝဖြတ် သန်းမှုကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းတာ ၂ ခု ၃ ခု လောက်ရှိပါတယ်။ခက်ခက်ခဲခဲနဲ့ဘဝကို တအားကြီး ရုန်းကန်ခဲ့ရတဲ့ကိစ္စတွေကိုသိတဲ့ လူတွေက ရုပ်ရှင်ရိုက် ကူးဖို့ စိတ်ဝင်စားပါတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော် မလုပ်ဖြစ်သေးဘူး။ ပြီးတော့ စာပေနဲ့ပတ်သက်ပြီး လည်း ကျွန်တော်ရေးဖြစ်ပါတယ်။ တစ်ခါတလေလည်း တစ်ခြားနာမည်နဲ့ ရေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဘဝ အကြောင်းရေးမယ်ဆိုရင်တော့ စာအုပ်အထူကြီးဖြစ် သွားမယ်။ အခက်အခဲများစွာနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ရ တာတွေ၊ ကျွန်တော်ဘယ်လိုစိတ်ဓာတ်တွေနဲ့ ဘယ်လို ဖြတ်သန်းခဲ့ရတာလည်း ဆိုတာတွေပေါ့။ ကျွန်တော့် ကိုအခုအချိန်မှာ ပြုံးပြုံးပြုံးနဲ့ပဲ အမြဲ တမ်းမြင်နေကြ တယ်ပေါ့။ ဒါပေမဲ့ အဲဒီလိုအမြဲပြုံးနေတဲ့ လူရဲ့ရင်ဘတ် ထဲမှာလည်း တစ်ချို့ခံစားချက်တွေမှာ တစ်ခါတလေ မှာအခက်အခဲတွေ ဖြစ်တာပဲ။ စာဖတ်ရမှာပါ။ ကျွန်တော် စာပေကို တန်ဖိုးထားပါတယ်။ စာပေဟာ ကျွန်တော့်ရဲ့ ဘဝပြုပြင်ပြောင်းလဲခြင်းတွေမှာ အားအများကြီးဖြစ်စေ ခဲ့ပါတယ်။ နောက်ပိုင်းမှာ စာဖတ်ရမှာပါ” လို့ ဖိုးချစ်က ပြောပြပါတယ်။

သူ့ဘဝမှာအခက်အခဲတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ဘာသာရေးကိုဦးစားပေးလုပ် ဆောင်ဖြစ်ကာ ဘောလုံးအားကစားကိုလည်း ကစား ဖြစ်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချဖြစ်တယ်လို့ သိရပါတယ်။

“အခက်အခဲပြသနာဆိုတာလူတိုင်းမှာရှိတယ်။ တစ်သက်လုံးကြီး အခက်အခဲနေတာမျိုးတော့ မဟုတ် ဘူး။ ကျွန်တော်တို့ရဲဗုဒ္ဓဘာသာ မြန် မာအယူအဆအရ တော့ ဖြစ်ပျက်ဆိုပြီးရှိတယ်။ ပြဿနာအခက်အခဲက ဖြစ်နေပြီးပြန်ပျက်မှာပဲ။ တည်ဆောက်ထားတဲ့ဖြစ်ခြင်း တွေကလည်း ပျက်ခြင်းကိုသွားမှာပဲ။ အဲဒါကိုနှလုံးသွင်း လိုက်တဲ့အခါမှာတော့ ဒါကြီးကကြာ ကြာမဟုတ်ဘူး။ ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ အဲဒီလိုနှလုံးသွင်း ပြီးတော့ရင်ဆိုင် တယ်။ ဖြေရှင်းတယ်” လို့ သူ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ဘယ်လို စိတ် ထားမျိုးတွေနဲ့ ကျော်ဖြတ်ခဲ့လဲဆိုတာမျိုးကို ဖိုးချစ်က ပြောပြခဲ့ပါတယ်။

 

share from Popular News