ZawGyi ျဖင့္ဖတ္ရန္

ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွာ တိရစာၦန္ေတြကိုထိန္းသိမ္းတဲ့ ကၽြမ္းက်င္လုပ္သားေတြရွားပါးမႈ အခက္အခဲကို ရင္ဆိုင္ႀကံဳေတြ႔ေနရတယ္လို႔ တိရစာၦန္႐ုံတာ၀န္ရွိသူေတြက ဒီဗြီဘီကို ေျပာပါတယ္။

ဧက ၇၀ ေက်ာ္က်ယ္၀န္းတဲ့ ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွာ တိရိစာၦန္မ်ိဳးစိတ္ေပါင္း ၁၃၃မ်ိဳးနဲ႔ အေကာင္ေရေပါင္း ၁၀၀၀ ေက်ာ္ရွိေနတာမွာ အဲဒီတိရိစာၦန္ေတြကိုထိန္းသိမ္းဖို႔ ကၽြမ္းက်င္တဲ့ လုပ္သားကေတာ့ နည္းပါးလာေနတာျဖစ္ပါတယ္။

ႏိုင္ငံတကာက တိရိစာၦန္႐ုံဝန္ထမ္းေတြလို ျမန္မာႏုိင္ငံမွာ သတၱေဗဒဘာသာရပ္ ကၽြမ္းက်င္တဲ့ ဝန္ထမ္းေတြကိုလည္း ခန္႔အပ္ႏုိင္ျခင္းမရွိေသးဘူးလို႔ ရန္ကုန္တိစာၦန္ဥယ်ာဥ္ တိရိစာၦန္ေဆးကုဌာနေခါင္းေဆာင္ ေဒါက္တာျမင့္သိန္းကေျပာပါတယ္။

တိရိစာၦန္ေတြကို ထိန္းသိမ္းတဲ့ ဝန္ထမ္းေတြအတြက္ ဘဝအာမခံခ်က္နည္းပါးတဲ့အတြက္ ဒီလုပ္ငန္းကိုလုပ္ကိုင္လိုသူ နည္းပါးလာတာလည္းျဖစ္တယ္လို႔ ရန္ကုန္တိရစာၦန္ဥယ်ာဥ္ (က်ား ျခေသၤ့လိႈဏ္ဂူ တာ၀န္ရွိသူ ဦးလွမ်ိဳးကေျပာပါတယ္။

ရန္ကုန္တိရိစာၦန္ဥယ်ာဥ္ကို ပံုမွန္႐ံုးဖြင့္ရက္ေတြမွာ လူ ၁၀၀၀ ကေန ၃၀၀၀ အထိ လာေရာက္လည္ပတ္ၿပီး စေန၊ တနဂၤေႏြေန႔ေတြမွာေတာ လူ ၅၀၀၀ ကေန ၁၀၀၀၀ ၾကား လာေရာက္လည္ပတ္ၾကပါတယ္။

တိရိစာၦန္အေကာင္ေရေပါင္း တစ္ေထာင္ေက်ာ္အတြက္ ေန႔စဥ္အစာစရိတ္က ေငြက်ပ္ ၁၀ သိန္းနီးပါးအထိ ကုန္က်တယ္လို႔ တိရစာၦန္႐ုံ တာဝန္ရွိသူေတြကေျပာပါတယ္။

ရန္ကုန္တိရစာၦန္ဥယ်ာဥ္ကို စတင္တည္ေထာင္တဲ့ ၁၉၀၆ ခုႏွစ္မွာ ႏုိင္ငံေတာ္က တာဝန္ယူ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ထူးကုမၸဏီ အုပ္စုက တာဝန္ယူၿပီး ဆက္လက္လည္ပတ္ေ
နတာျဖစ္ပါတယ္။

Credit:DVB

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျွမ်းကျင်လုပ်သားရှားပါးနေ

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေကိုထိန်းသိမ်းတဲ့ ကျွမ်းကျင်လုပ်သားတွေရှားပါးမှု အခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဧက ၇၀ ကျော်ကျယ်ဝန်းတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၃မျိုးနဲ့ အကောင်ရေပေါင်း ၁၀၀၀ ကျော်ရှိနေတာမှာ အဲဒီတိရိစ္ဆာန်တွေကိုထိန်းသိမ်းဖို့ ကျွမ်းကျင်တဲ့ လုပ်သားကတော့ နည်းပါးလာနေတာဖြစ်ပါတယ်။

နိုင်ငံတကာက တိရိစ္ဆာန်ရုံဝန်ထမ်းတွေလို မြန်မာနိုင်ငံမှာ သတ္တဗေဒဘာသာရပ် ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကိုလည်း ခန့်အပ်နိုင်ခြင်းမရှိသေးဘူးလို့ ရန်ကုန်တိစ္ဆာန်ဥယျာဉ် တိရိစ္ဆာန်ဆေးကုဌာနခေါင်းဆောင် ဒေါက်တာမြင့်သိန်းကပြောပါတယ်။

တိရိစ္ဆာန်တွေကို ထိန်းသိမ်းတဲ့ ဝန်ထမ်းတွေအတွက် ဘဝအာမခံချက်နည်းပါးတဲ့အတွက် ဒီလုပ်ငန်းကိုလုပ်ကိုင်လိုသူ နည်းပါးလာတာလည်းဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (ကျား ခင်္သြေ့လှိုဏ်ဂူ တာဝန်ရှိသူ ဦးလှမျိုးကပြောပါတယ်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပုံမှန်ရုံးဖွင့်ရက်တွေမှာ လူ ၁၀၀၀ ကနေ ၃၀၀၀ အထိ လာရောက်လည်ပတ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာတော လူ ၅၀၀၀ ကနေ ၁၀၀၀၀ ကြား လာရောက်လည်ပတ်ကြပါတယ်။

တိရိစ္ဆာန်အကောင်ရေပေါင်း တစ်ထောင်ကျော်အတွက် နေ့စဉ်အစာစရိတ်က ငွေကျပ် ၁၀ သိန်းနီးပါးအထိ ကုန်ကျတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေကပြောပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို စတင်တည်ထောင်တဲ့ ၁၉၀၆ ခုနှစ်မှာ နိုင်ငံတော်က တာဝန်ယူ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထူးကုမ္ပဏီ အုပ်စုက တာဝန်ယူပြီး ဆက်လက်လည်ပတ်ေ
နတာဖြစ်ပါတယ်။

Credit:DVB