Zawgyi ျဖင့္ဖတ္ရန္

ရခုိင္ျပည္နယ္ ရွိ လက္ရွိျဖစ္ပြားလွ်က္ရွိေသာ ပဋိပကၡ မ်ားတြင္ အေၾကာင္းအရာေပါင္းစုံ ပါ၀င္ပတ္သက္ေနသည္ဟု လူမႈ၀န္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးကေျပာဆိုလိုက္သည္။

ေအာက္တိုဘာ ၂ ရက္ေန႔မွစတင္ကာ ၆ ရက္ေန႔အထိ ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာၿမိဳ႕တြင္ ၅ ရက္ၾကာျပဳလုပ္ခဲ႔သည့္ ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီးရုံး၏ အမႈေဆာင္ ေကာ္မတီ (၆၈)ႀကိမ္ေျမာက္ အစည္းအေ၀း တတ္ေရာက္စဥ္ ယင္းကဲ႔သို႔ေျပာဆိုခဲ႔ျခင္းျဖစ္သည္။

ဘဂၤလားေဒ့ရွ္ ႏုိင္ငံသို႔ ထြက္ေျပးသြားေသာဒုကၡသည္မ်ားအား စနစ္တက်ျပန္လည္လက္ခံရန္လည္း ေဆာင္ရြက္ လ်က္ရွိၿပီး ၁၉၉၃ခုႏွစ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ သေဘာတူညီခ်က္အရ စီစစ္လက္ခံမည္ ျဖစ္ေၾကာင္းလည္း ေျပာသည္။

ရခိုင္ျပည္နယ္ တြင္ လုံၿခံဳေရး ဆုိင္ရာအင္အားသုံး တုိက္ခုိက္မႈမ်ားကုိ စက္တင္ဘာ(၅)ရက္ ေနာက္ပုိင္း မွစ၍ အဆုံးသတ္ခဲ႔ၿပီး ေရရွည္တည္တံ့သည့္ ေပါင္းစည္းေရးႏွင့္ ဖြ႔ံၿဖိဳးေရး လုပ္ငန္း မ်ားကုိ ေဆာင္ရြက္ရန္ စီစဥ္လ်က္ရိွေၾကာင္းလည္း သိရသည္။

ထို႔အျပင္ လူသားခ်င္း စာနာေသာ အေထာက္ အပံ့မ်ားေပးရာတြင္ လုံၿခံဳမႈႏွင့္လြတ္လပ္မႈကုိ ခ်ိန္ဆ ထည့္သြင္းစဥ္းစား ရမည္ျဖစ္ေၾကာင္း လည္းျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက အစည္းအေ၀းတြင္ေျပာဆိုခဲ႔သည္။

လူသားျခင္းစာနာမႈ အကူအညီ မ်ားေပးသည့္ကိစၥအျပင္ ပညာေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားႏွင့္ အျခားလုိအပ္သည္မ်ားကုိလည္း ႀကိဳးပမ္း ေဆာင္ရြက္ သြားမည္ျဖစ္ၿပီး မည္သည့္ခြဲျခားမႈမွမရွိသည့္ မွ်တေသာ ပူးေပါင္းပါ၀င္မႈမ်ားကုိ ႀကိဳဆုိေၾကာင္း ျပည္ေထာင္စု၀န္ႀကီးက ေဆြးေႏြး ေျပာၾကားခဲ႔သည္။

Credit : mizimma

Unicode ဖြင့်ဖတ်ရန်

ရခိုင်ပဋိပက္ခတွင် အကြောင်းအရာပေါင်းစုံ ပါဝင်ပတ်သက်နေသည်ဟု ကုလအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ပြော

ရခိုင်ပြည်နယ်ရှိ လက်ရှိဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများတွင် အကြောင်းအရာပေါင်းစုံ ပါဝင်ပတ်သက်နေသည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်သည်။

အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ ၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၅ ရက်ကြာပြုလုပ်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင် ကော်မတီ (၆၈)ကြိမ်မြောက် အစည်းအဝေးတတ်ရောက်စဉ် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသောဒုက္ခသည်များအား စနစ်တကျပြန်လည်လက်ခံရန်လည်း ဆောင်ရွက် လျက်ရှိပြီး ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ စီစစ်လက်ခံမည် ဖြစ်ကြောင်းလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာအင်အားသုံး တိုက်ခိုက်မှုများကို စက်တင်ဘာ(၅)ရက် နောက်ပိုင်း မှစ၍ အဆုံးသတ်ခဲ့ပြီး ရေရှည်တည်တံ့သည့် ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် လူသားချင်းစာနာသော အထောက် အပံ့များပေးရာတွင် လုံခြုံမှုနှင့်လွတ်လပ်မှုကို ချိန်ဆ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်း လည်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

လူသားခြင်းစာနာမှု အကူအညီများပေးသည့်ကိစ္စအပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် အခြားလိုအပ်သည်များကိုလည်း ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မည်သည့်ခွဲခြားမှုမှမရှိသည့် မျှတသော ပူးပေါင်းပါဝင်မှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားခဲ့သည်။

Credit : mizimma