Zawgyi ျဖင့္ဖတ္္ရန္

ၿမိတ္ခ႐ုိင္၊ ကၽြန္းစုၿမိဳနယ္ ေရကန္ေအာ္ေက်းရြာမွ အရြယ္မေရာက္ေသးတဲ့ မိန္းကေလး ငယ္ ၃ ဦးအား အဓမၼျပဳက်င့္မႈသံသယနဲ႔ ဖမ္းဆီးထားတဲ့ ေက်ာင္းထိုင္ ဆရာေတာ္ ကုိ ေအာက္တိုဘာ ၁၁ ရက္ေန႔က ၿမိတ္ခ႐ုိင္ တရား႐ုံး မွာ ႐ုံးထုတ္စစ္ေဆး ခဲ့တယ္လို႔ သိရပါတယ္။

ေရကန္ေအာ္ ေက်းရြာ မွ ေက်ာင္းထိုင္္ ဆရာေတာ္ အိကၠႏၵဝံသ မွာ လြန္ခဲ့တဲ့ ၈ လေလာက္က ေက်းရြာ မွ အသက္ ၁၁ ႏွစ္၊ ၁၂ ႏွစ္၊ ၁၃ ႏွစ္ အရြယ္မိန္းကေလး ၃ ဦးကုိ မတရားျပဳက်င့္ ခဲ့တယ္ဆုိၿပီး မိန္းကေလး တဦးရဲ႕ ဖခင္ ျဖစ္သူ ဦးဝင္းငယ္က ကံေမာ္ ရဲစခန္း မွာ အမႈဖြင့္ တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

ကံေမာ္ ရဲစခန္း က ၉/၂၀၁၇ ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆/၅၅၁ နဲ႔ အမႈဖြင့္ ေဆာင္ရြက္ထားေပမယ့္လည္း ဖမ္းဆီးႏိုင္ျခင္း မရွိခဲ့ဘဲ ေအာက္တိုဘာလ အတြင္းမွ ႐ုံးတင္ႏိုင္ခဲ့တာ ျဖစ္ေၾကာင္း ကၽြန္းစုၿမိဳ႕နယ္မဲဆႏၵနယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚတင္တင္ရီ က ေျပာပါတယ္။

“မိ္န္းကေလး ငယ္ ၃ ဦးကို မတရားျပဳက်င့္ထားတယ္။ အသက္ ၁၁၊ ၁၂ နဲ႔ ၁၃ ႏွစ္အရြယ္ မိန္းကေလးငယ္ ေတြကို က်ဴးလြန္ထားတယ္။ အဲဒီရြာမွာ ၃ ႀကိမ္၊ တျခားရြာမွာ ၂ ႀကိမ္၊ ေနာက္ရြာတရြာမွာလည္း ၁ ႀကိမ္ စုစုေပါင္း ၆ ႀကိမ္ေလာက္ က်ဴးလြန္ထားတယ္။ က်မ တို႔အေနနဲ႔ ခက္ခဲစြာ ေဆာင္ရြက္ခဲ့ရတယ္။ ၾသဇာ ရွိတဲ့သူေတြ ေငြေၾကးခ်မ္းသာတဲ့ သူေတြက နည္းမ်ဳိးစံုနဲ႔ ကာကြယ္ေပးထားတယ္။ သက္ဆိုင္ရာကလည္း သြားေရာက္ဖမ္းဆီးတာ မမိဘူး။ က်မ အေနနဲ႔ မဟန ဆရာေတာ္ႀကီးေတြကို ေလၽွာက္တင္ခဲ့ရတယ္။ သာသနာေရး ဝန္ႀကီးကို တင္ျပခဲ့ရတယ္။ ခ႐ုိင္ အတြင္းက ဆရာေတာ္ႀကီး ေတြရဲ႕ အကူအညီကို ရယူၿပီး ေဆာင္ရြက္ခဲ့ရတာပါ။ ျပည္သူ႔ ရဲေတြ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ ပူးေပါင္းကူညီမႈေၾကာင့္ ၈ လၾကာမွ ႐ုံးတင္ႏိုင္ခဲ့တာပါ။”

ေရကန္ေအာ္ေက်းရြာမွ ဒကာ ဦးေအာင္ျမင့္က ဆရာေတာ္ ဟာ မတရား ဖမ္းဆီးခံခဲ့ရတာလုိ႔ ေျပာၾကားခဲ့ပါတယ္။

“က်ေနာ့္အျမင္ကေတာ့ မိန္းကေလး ၃ ဦးက ဆရာေတာ္ ဆီကေငြ ၇ သိန္း ခိုးတယ္။ ဒါကို အုပ္ခ်ဳပ္ေရးမႉးက ျပန္ေလ်ာ္ခိုင္းတယ္။ သူတို႔ အေဖ ဦးဝင္းငယ္ ဆိုသူက ထိုင္းက ေရာက္လာၿပီး ေငြမေလ်ာ္ေပးခ်င္လို႔ ဆရာေတာ္ကို အမႈဖြင့္တာပါ။ ၃ လပိုင္းကတည္းက ျဖစ္ေနတာပါ။ ဒါကို ၿပီးခဲ့တဲ့ ၉ လပိုင္းကုန္မွာ ကၽြန္းစုၿမိဳ႕နယ္ရဲမႉး ဦးေဆာင္တဲ့ အင္အား ၉ ဦးပါတဲ့အဖြဲ႔က ဆရာေတာ္ကို လာဖမ္းသြားတာပါ။ အမ်ဳိးဘာသာ သာသနာ ကို ေစာင့္ေရွာက္တဲ့ သက္ေတာ္ ၅၉ ႏွစ္ရွိၿပီျဖစ္တဲ့ က်ေနာ္တို႔ ဆရာေတာ္ႀကီးအတြက္ ေစာင့္ေရွာက္ကူညီေပးေနတာပါ”လို႔ ေျပာပါတယ္။

ေရကန္ေအာ္ ဆရာေတာ္ ကို လက္ရွိ ဦးေအာင္တင္စိုး အမည္နဲ႔ လူဝတ္လဲထားတယ္လို႔ သိရပါတယ္။

ဦးေအာင္တင္စုိးကုိ တရား႐ုံးထုတ္စဥ္ ေထာက္ခံၾကတဲ့ ဒကာ၊ ဒကာမ အမ်ားအျပား လာေရာက္ ဝန္းရံခဲ့ၾကၿပီး အမႈကို ျပန္လည္သံုးသပ္ေပးဖို႔ နိုင္ငံေတာ္သမၼတထံ စာေပးပို႔ထားေၾကာင္း သိရပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

ကလေးငယ် ၃ ဦးအား အဓမ္မပြုကျင့်မှု သံသယဖြင့် ဖမ်းဆီးထားသည့် ကျောင်းထိုင်ဆရာတော်ကို ရုံးထုတ်

မြိတ်ခရိုင်၊ ကျွန်းစုမြိုနယ် ရေကန်အော်ကျေးရွာမှ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ် ၃ ဦးအား အဓမ္မပြုကျင့်မှုသံသယနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဆရာတော်ကို အောက်တိုဘာ ၁၁ ရက်နေ့က မြိတ်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရေကန်အော်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် အိက္ကန္ဒဝံသမှာ လွန်ခဲ့တဲ့ ၈ လလောက်က ကျေးရွာမှ အသက် ၁၁ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် အရွယ်မိန်းကလေး ၃ ဦးကို မတရားပြုကျင့်ခဲ့တယ်ဆိုပြီး မိန်းကလေးတဦးရဲ့ ဖခင်ဖြစ်သူ ဦးဝင်းငယ်က ကံမော်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကံမော်ရဲစခန်းက ၉/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၅၁ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပေမယ့်လည်း ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ဘဲ အောက်တိုဘာလအတွင်းမှ ရုံးတင်နိုင်ခဲ့တာ ဖြစ်ကြောင်း ကျွန်းစုမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောပါတယ်။

“မိန်းကလေးငယ် ၃ ဦးကို မတရားပြုကျင့်ထားတယ်။ အသက် ၁၁၊ ၁၂ နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တွေကို ကျူးလွန်ထားတယ်။ အဲဒီရွာမှာ ၃ ကြိမ်၊ တခြားရွာမှာ ၂ ကြိမ်၊ နောက်ရွာတရွာမှာလည်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်လောက် ကျူးလွန်ထားတယ်။ ကျမတို့အနေနဲ့ ခက်ခဲစွာ ဆောင်ရွက်ခဲ့ရတယ်။ သြဇာရှိတဲ့သူတွေ ငွေကြေးချမ်းသာတဲ့ သူတွေက နည်းမျိုးစုံနဲ့ ကာကွယ်ပေးထားတယ်။ သက်ဆိုင်ရာကလည်း သွားရောက်ဖမ်းဆီးတာ မမိဘူး။ ကျမအနေနဲ့ မဟန ဆရာတော်ကြီးတွေကို လျှောက်တင်ခဲ့ရတယ်။ သာသနာရေးဝန်ကြီးကို တင်ပြခဲ့ရတယ်။ ခရိုင်အတွင်းက ဆရာတော်ကြီးတွေရဲ့ အကူအညီကို ရယူပြီး ဆောင်ရွက်ခဲ့ရတာပါ။ ပြည်သူ့ရဲတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုကြောင့် ၈ လကြာမှ ရုံးတင်နိုင်ခဲ့တာပါ။”

ရေကန်အော်ကျေးရွာမှ ဒကာ ဦးအောင်မြင့်က ဆရာတော်ဟာ မတရားဖမ်းဆီးခံခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။

“ကျနော့်အမြင်ကတော့ မိန်းကလေး ၃ ဦးက ဆရာတော်ဆီကငွေ ၇ သိန်း ခိုးတယ်။ ဒါကို အုပ်ချုပ်ရေးမှူးက ပြန်လျော်ခိုင်းတယ်။ သူတို့ အဖေ ဦးဝင်းငယ် ဆိုသူက ထိုင်းက ရောက်လာပြီး ငွေမလျော်ပေးချင်လို့ ဆရာတော်ကို အမှုဖွင့်တာပါ။ ၃ လပိုင်းကတည်းက ဖြစ်နေတာပါ။ ဒါကို ပြီးခဲ့တဲ့ ၉ လပိုင်းကုန်မှာ ကျွန်းစုမြို့နယ်ရဲမှူး ဦးဆောင်တဲ့ အင်အား ၉ ဦးပါတဲ့အဖွဲ့က ဆရာတော်ကို လာဖမ်းသွားတာပါ။ အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့ သက်တော် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ကျနော်တို့ ဆရာတော်ကြီးအတွက် စောင့်ရှောက်ကူညီပေးနေတာပါ”လို့ ပြောပါတယ်။

ရေကန်အော်ဆရာတော်ကို လက်ရှိ ဦးအောင်တင်စိုး အမည်နဲ့ လူဝတ်လဲထားတယ်လို့ သိရပါတယ်။

ဦးအောင်တင်စိုးကို တရားရုံးထုတ်စဉ် ထောက်ခံကြတဲ့ ဒကာ၊ ဒကာမ အများအပြား လာရောက် ဝန်းရံခဲ့ကြပြီး အမှုကို ပြန်လည်သုံးသပ်ပေးဖို့ နိုင်ငံတော်သမ္မတထံ စာပေးပို့ထားကြောင်း သိရပါတယ်။

Credit : DVB