Zawgyi ျဖင့္ဖတ္္ရန္

 

ဆီးခ်ိဳ ေရာဂါ ရဲ႕ အေစာဆံုး လကၡဏာရပ္ ေတြကေသြးတြင္း သၾကားဓာတ္ တစ္မ်ိဳးျဖစ္တဲ့ ဂလူးကို႕စ္ ပမာဏက ပံုမွန္ထက္ျမင့္တက္ေနတာပဲျဖစ္ပါတယ္။ ဆီးခ်ိဳ ေရာဂါ ျဖစ္ကာစ လကၡဏာ ေတြက သိပ္မသိသာတာေၾကာင့္ အမႈမဲ့အမွတ္မဲ့ျဖစ္ေနတတ္ၾကပါတယ္။ အခ်ိဳ႕သူေတြမွာဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် ခႏၶာကိုယ္ မွာ ထိခိုက္ယိုယြင္းတာေတြျဖစ္လာတဲ့အခါမွ ဆီးခ်ိဳေရာဂါခံစားေနရတာကိုသိသြားတာမ်ိဳးလည္းရွိပါတယ္။

အမ်ိဳးအစား-၁ ဆီးခ်ိဳ ေရာဂါ မွာေတာ့ လကၡဏာရ ပ္ေတြျဖစ္ေပၚမႈက ျမန္ဆန္ေလ့ရွိျပီးေတာ္ေတာ္ေလးလည္း ျပင္းထန္တတ္ပါတယ္။ ရက္ပိုင္းအတြင္း ဒါမွမဟုတ္ရင္ သီတင္းပတ္ အနည္းငယ္အတြင္းမွာ ေရာဂါ လကၡဏာ ေတြ ကိုသိရတာမ်ိဳးေတြလည္းရွိပါတယ္။

အမ်ိဳးအစား-၁ ဆီးခ်ိဳ ေရာဂါ ခံစားေနရသူအမ်ားစုဟာ ကေလး အရြယ္ နဲ႕အရြယ္ ေရာက္စမွာကတည္းက ေရာဂါခံစားေနရတာကိုသိရွိႏိုင္ျပီး ေရာဂါ လကၡဏာ ေတြက အရြယ္သံုးပါးစလံုးမွာအတူတူပဲျဖစ္ပါတယ္။ အရြယ္ ေရာက္ျပီးသူေတြမွာေတာ့ ကေလးငယ္ေတြလိုမ်ိဳးေရာဂါခံစားေနရမႈကိုျမန္ျမန္ဆန္ဆန္ အတည္မျပဳနိုင္ပါဘူး။

အေတြ႔မ်ားတဲ့ ေရာဂါ လကၡဏာ ရပ္ေတြ

ဆီးခ်ိဳေရာဂါအမ်ိဳးအစား၂ရပ္စလံုးမွာ ေရာဂါ ခံစားေနရတယ္လို႔သိရွိႏိုင္တဲ့အခ်က္အခ်ိဳ႕ကခပ္ဆင္ဆင္ ျဖစ္ေနတတ္ပါတယ္။

ဆာေလာင္ျခင္း နဲ႔ပင္ပန္းႏြမ္းလ်ျခင္း – ခႏၶာကိုယ္ က စားသံုးလိုက္တဲ့ အစားအေသာက္ ေတြကို ဆဲလ္ ေတြက စြမ္းအင္အေနနဲ႔ အသံုးျပဳႏိုင္မယ့္ ဂလူးကို႔စ္ ေတြအျဖစ္ေျပာင္းလဲေပးပါတယ္။ တကယ္လို႔ ခႏၶာကိုုယ္ က အင္ဆူလင္ပမာဏကိုလံုေလာက္ေအာင္မထုတ္ေပးႏိုင္ရင္ျဖစ္ျဖစ္ ဆဲလ္ေတြက ခႏၶာကိုယ္ ကထုတ္လုပ္တဲ့ အင္ဆူလင္ကို ခုခံေနတဲ့အေနအထားမ်ိဳးျဖစ္ေနရင္ပဲျဖစ္ျဖစ္ ဂလူးကို႔စ္ကဆဲလ္ေတြထဲကိုမေရာက္ရွိႏိုင္ေတာ့ဘဲ အားမရွိသလိုခံစားရေစမွာျဖစ္ပါတယ္။ အဲ့လိုအခါမ်ိဳးမွာ ပိုမိုဆာေလာင္ေစျပီး ပံုမွန္ထက္ပိုပင္ပန္းတယ္၊လို႔ခံစား ရမွာ ျဖစ္ပါတယ္။ ဆီးခ်ိဳ ေဝဒနာ ခံစားေနရသူေတြအတြက္ရည္ရြယ္ထုတ္လုပ္ထားတဲ့ ျဖည့္စြက္စာေတြက ဆာေလာင္မႈကို ေလ်ာ့ပါးသက္သာေစဖို႔အတြက္နဲ႔ ေသြးတြင္း ဂလူးကို႔စ္ ပမာဏကိုထိန္းညွိရာမွာ အေထာက္အပံ့ ျဖစ္ေစဖို႔ ရည္ရြယ္ထုတ္လုပ္ထားေလ့ရွိပါတယ္။

ဆီးခဏခဏသြားျခင္းနဲ႔ပံုမွန္ထက္ေရပိုငတ္ျခင္း- လူတစ္ေယာက္ဟာပ်မ္းမွ်အားျဖင့္ ၂၄ နာရီအတြင္း ဆီးကို ၄ ၾကိမ္ကေန ၇ ၾကိမ္အထိသြားေလ့ရွိတယ္ဆိုေပမယ့္ ဆီးခ်ိဳေဝဒနာခံစားေနရသူေတြကေတာ့ ဆီးသြားတဲ့အၾကိမ္ေရ ကပိုမ်ားေနႏိုင္ပါတယ္။

ခံတြင္းေျခာက္ျခင္းနဲ႔အေရျပားယားယံျခင္း – ဆီးခဏခဏသြားရတဲ့အခါ ခႏၶာကိုယ္ရဲ႕အျခားက႑ေတြအတြက္ အစိုဓာတ္ေလ်ာ့နည္းသြားျပီး ေရဓာတ္ခမ္းေျခာက္တာနဲ႔ ခံတြင္းေျခာက္တာမ်ိဳးေတြကိုခံစားရႏိုင္ပါတယ္။ အေရျပား ေျခာက္ေသြ႔တာကယားယံျခင္းေတြကိုျဖစ္ေပၚေစပါတယ္။

အျမင္အာရံုေဝဝါးျခင္း – ခႏၶာကိုယ္ထဲကအရည္ပမာဏေျပာင္းလဲမႈက မ်က္လံုးအိမ္အတြင္းမွာရွိတဲ့ မွန္ဘီလူးကို ေရာင္ကိုင္းေစျပီး ပံုရိပ္ရဲ႕အရြယ္အစားကိုေျပာင္းလဲေစႏိုင္သလို အာရံုစိုက္ႏိုင္စြမ္းကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါရဲ႕လကၡဏာရပ္မ်ား

ေသြးတြင္း ဂလူးကို႔စ္ပမာဏအခ်ိန္ၾကာျမင့္စြာျမင့္တက္ေနတဲ့အခါေအာက္ပါေရာဂါလကၡဏာရပ္ေတြ ခံစားရႏိုင္ ပါတယ္။

မိႈပိုးကူးစက္ျခင္း (Yeast infections) – ဆီးခ်ိဳ ေဝဒနာ ခံစားေနရတဲ့ အမ်ိဳးသားေရာ၊အမ်ိဳးသမီးမွာပါ မိႈပိုးကူးစက္မႈ ကို ခံစားရႏိုင္ပါတယ္။ မိႈပိုးကူးစက္မႈက လက္ေခ်ာင္းေျခေခ်ာင္းေတြၾကား၊ရင္သားေအာက္ဘက္နဲ႔ လိင္အဂၤါ အတြင္းနဲ႔ လိင္အဂၤါတဝိုက္မွာအျဖစ္မ်ားပါတယ္။

အနာက်က္ေႏွးျခင္း- ေသြးတြင္းသၾကားဓာတ္ျမင့္မားေနမႈက ေသြးစီးဆင္းမႈကိုထိခုိက္ေစျပီး အာရံုေၾကာေတြကို ထိခိုက္ပ်က္စီးေစတာေၾကာင့္ အနာက်က္ေနွးေစတာျဖစ္ပါတယ္။

အမ်ိဳးအစား-၁ ဆီးခ်ိဳ ေရာဂါ လကၡဏာရပ္ မ်ား

အေၾကာင္းအရင္းမရွိဘဲကိုယ္အေလးခ်ိန္က်ဆင္းေနျခင္း- ခႏၶာကိုယ္ က အစားအစာေတြကေနစြမ္းအင္ကိုမရရွိတဲ့ အခါစြမ္းအင္အတြက္ ၾကြက္သားနဲ႔အဆီေတြကို စတင္ေလာင္ကၽြမ္းေစပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အစားအေသာက္ပံုစံေျပာင္းလဲတာမ်ိဳးမရွိဘဲကိုယ္အေလးခ်ိန္က်ဆင္းတာမ်ိဳးကိုျဖစ္ေပၚေစႏိုင္ပါတယ္။

မအီမသာျဖစ္ျခင္းနဲ႔ပ်ိဳ႕အန္ျခင္း –ခႏၶာကိုယ္က အဆီေလာင္ကၽြမ္းမႈအေပၚမွာပဲ အားျပဳထားရတဲ့အခါ ketones လို႔ေခၚတဲ့ ေသြးတြင္းအက္ဆစ္ထုတ္လႊတ္မႈကိုျဖစ္ေပၚေစပါတယ္။ ေသြးထဲမွာ ketones ပမာဏက အႏၱရာယ္ ျဖစ္ေစႏိုင္တဲ့အတိုင္းအတာအထိျမင့္တက္လာတဲ့အခါ diabetic ketoacidosis လို႔ေခၚတဲ့ ဆီးခ်ိဳ ေရာဂါ ရဲ ႕ ျပင္းထန္တဲ့ေနာက္ဆက္တြဲ ေရာဂါ ကိုခံစားရေစပါတယ္။

ေရးသားသူ Poe Ei Win
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing

 

Unicode ဖြင့်ဖတ်ရန်

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား
ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓာတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါမှာတော့လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီးတော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ကိုသိရတာမျိုးတွေလည်းရှိပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီးရောဂါလက္ခဏာတွေက အရွယ်သုံးပါးစလုံးမှာအတူတူပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကလေးငယ်တွေလိုမျိုးရောဂါခံစားနေရမှုကိုမြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။

အတွေ့များတဲ့ရောဂါလက္ခဏာရပ်တွေ

ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့သိရှိနိုင်တဲ့အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။

ဆာလောင်ခြင်းနဲ့ပင်ပန်းနွမ်းလျခြင်း – ခန္ဓာကိုယ်က စားသုံးလိုက်တဲ့အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓာကိုုယ်က အင်ဆူလင်ပမာဏကိုလုံလောက်အောင်မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ် ဆဲလ်တွေက ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကိုမရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်၊လို့ခံစား ရမှာ ဖြစ်ပါတယ်။ ဆီးချိုဝေဒနာခံစားနေရသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို လျော့ပါးသက်သာစေဖို့အတွက်နဲ့သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းညှိရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားလေ့ရှိပါတယ်။

ဆီးခဏခဏသွားခြင်းနဲ့ပုံမှန်ထက်ရေပိုငတ်ခြင်း- လူတစ်ယောက်ဟာပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ ၇ ကြိမ်အထိသွားလေ့ရှိတယ်ဆိုပေမယ့် ဆီးချိုဝေဒနာခံစားနေရသူတွေကတော့ ဆီးသွားတဲ့အကြိမ်ရေ ကပိုများနေနိုင်ပါတယ်။

ခံတွင်းခြောက်ခြင်းနဲ့အရေပြားယားယံခြင်း – ဆီးခဏခဏသွားရတဲ့အခါ ခန္ဓာကိုယ်ရဲ့အခြားကဏ္ဍတွေအတွက် အစိုဓာတ်လျော့နည်းသွားပြီး ရေဓာတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကိုခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာကယားယံခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။

အမြင်အာရုံဝေဝါးခြင်း – ခန္ဓာကိုယ်ထဲကအရည်ပမာဏပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့ မှန်ဘီလူးကို ရောင်ကိုင်းစေပြီး ပုံရိပ်ရဲ့အရွယ်အစားကိုပြောင်းလဲစေနိုင်သလို အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

အမျိုးအစား-၂ ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ

သွေးတွင်း ဂလူးကို့စ်ပမာဏအချိန်ကြာမြင့်စွာမြင့်တက်နေတဲ့အခါအောက်ပါရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။

မှိုပိုးကူးစက်ခြင်း (Yeast infections) – ဆီးချိုဝေဒနာခံစားနေရတဲ့ အမျိုးသားရော၊အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှု ကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်မှုက လက်ချောင်းခြေချောင်းတွေကြား၊ရင်သားအောက်ဘက်နဲ့ လိင်အင်္ဂါ အတွင်းနဲ့ လိင်အင်္ဂါတဝိုက်မှာအဖြစ်များပါတယ်။

အနာကျက်နှေးခြင်း- သွေးတွင်းသကြားဓာတ်မြင့်မားနေမှုက သွေးစီးဆင်းမှုကိုထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာဖြစ်ပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါလက္ခဏာရပ်များ

အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်ကျဆင်းနေခြင်း- ခန္ဓာကိုယ်က အစားအစာတွေကနေစွမ်းအင်ကိုမရရှိတဲ့ အခါစွမ်းအင်အတွက် ကြွက်သားနဲ့အဆီတွေကို စတင်လောင်ကျွမ်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစားအသောက်ပုံစံပြောင်းလဲတာမျိုးမရှိဘဲကိုယ်အလေးချိန်ကျဆင်းတာမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မအီမသာဖြစ်ခြင်းနဲ့ပျို့အန်ခြင်း –ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှုအပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ်ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့အတိုင်းအတာအထိမြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချိုရောဂါရဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါကိုခံစားရစေပါတယ်။

 

ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing

Credit to