Zawgyi ျဖင့္ဖတ္ရန္

တြဲတာ ၁၀ လပဲ ရွိပါေသးတယ္။အသက္ ၂၅ ႏွစ္အရြယ္ ဆယ္လီနာဂိုးမက္စ္ နဲ႔ အသက္ ၂၇ ႏွစ္အရြယ္ The Weeknd တုိ႔ လမ္းခြဲ လိုက္ၿပီျဖစ္ေၾကာင္း သူတုိ႔နဲ႔ ရင္းႏွီးသူမ်ားက ေျပာလာတယ္လို႔ သိရပါတယ္။

ကမာၻလွည့္ေဖ်ာ္ေျဖပြဲလုပ္ေနတဲ့ The Weeknd အေနနဲ႔ ဆယ္လီနာနဲ႔ အခ်စ္ေရး ကိုလည္း အဆင္ေျပေအာင္ဖို႔ ခဲယဥ္းေနတယ္လို႔ သိရပါတယ္။ ဆယ္လီနာ က The Weeknd ရဲ႕ ေဖ်ာ္ေျဖပြဲေတြကို တက္ဖို႔ႀကိဳးစားရင္း ေ၀းကြာမႈကို ေလ်ာ့နည္းေအာင္ ႀကိဳးစားေပမဲ့လည္း အခုေတာ့ ႏွစ္ဖက္စလံုးက လက္ေလွ်ာ့လိုက္ၿပီလို႔ သိရပါတယ္။

“အခုေတာ့ ၿပီးသြားပါၿပီ။ ဒါေပမဲ့ သူတို႔ အဆက္အသြယ္မျပတ္ေတာ့ ရွိေနမွာပါ” လို႔ အတြင္းလူတစ္ဦးက ေျပာခဲ့တာျဖစ္

လက္ရွိ ခ်စ္သူ နဲ႔ လမ္းခြဲ လုိက္ေပမဲ့လည္း ဆယ္လီနာ အေနနဲ႔ ဂ်က္စတင္ဘီဘာ နဲ႔ ျပန္တြဲဖုိ႔ေတာ့ အစီအစဥ္မ ရွိဘူးလို႔ သိရပါတယ္။
ဆယ္လီနာဂိုးမက္စ္ နဲ႔ ဂ်က္စတင္ဘီဘာ တို႔ဟာ ၂၀၁၁ ကေန ၂၀၁၅ အထိ တြဲလိုက္ ျပတ္လိုက္ ျပန္ဆက္လုိက္ျဖစ္ေနခဲ့တာပါ။ အဲဒီေနာက္ ၿပီးခဲ့တဲ့ အပတ္ထဲမွာ ဂ်က္စတင္ဘီဘာ နဲ႔အတူ ဘုရားေက်ာင္း တက္ကာ ေကာ္ဖီဆုိင္ တစ္ခုမွာ မနက္စာ အတူစားေနပံုေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။


၂၀၁၆ ခုႏွစ္က အင္စတာဂရမ္ မွာ သူတုိ႔ႏွစ္ဦး ကေတာက္ကဆတ္ျဖစ္ခဲ့ၾကၿပီး ဂ်က္စတင္ဘီဘာ ဟာ အင္စတာဂရမ္အေကာင့္ကို ၆ လေလာက္ ပိတ္ထားတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ ဆယ္လီနာ တစ္ေယာက္ ေက်ာက္ကပ္လဲလွယ္တဲ့အထိ Lupus ေရာဂါ ကို ခံစားခဲ့ရၿပီးတဲ့ေနာက္ သူတုိ႔ႏွစ္ဦးဟာ ဆက္ဆံေရး အဆင္ေျပေအာင္ ျပန္လည္ႀကိဳးစားခဲ့တယ္လုိ႔ သိရပါတယ္။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

လမ်းခွဲ လိုက်ပြီလို့ သတင်းတွေထွက်နေတဲ့ ဆယ်လီနာ နဲ့ the Weeknd

တွဲတာ ၁၀ လပဲ ရှိပါသေးတယ်။အသက် ၂၅ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ် နဲ့ အသက် ၂၇ နှစ်အရွယ် The Weeknd တို့ လမ်းခွဲ လိုက်ပြီဖြစ်ကြောင်း သူတို့နဲ့ ရင်းနှီးသူများက ပြောလာတယ်လို့ သိရပါတယ်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ The Weeknd အနေနဲ့ ဆယ်လီနာနဲ့ အချစ်ရေး ကိုလည်း အဆင်ပြေအောင်ဖို့ ခဲယဉ်းနေတယ်လို့ သိရပါတယ်။ ဆယ်လီနာ က The Weeknd ရဲ့ ဖျော်ဖြေပွဲတွေကို တက်ဖို့ကြိုးစားရင်း ဝေးကွာမှုကို လျော့နည်းအောင် ကြိုးစားပေမဲ့လည်း အခုတော့ နှစ်ဖက်စလုံးက လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

“အခုတော့ ပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့ အဆက်အသွယ်မပြတ်တော့ ရှိနေမှာပါ” လို့ အတွင်းလူတစ်ဦးက ပြောခဲ့တာဖြစ်

လက်ရှိ ချစ်သူ နဲ့ လမ်းခွဲ လိုက်ပေမဲ့လည်း ဆယ်လီနာ အနေနဲ့ ဂျက်စတင်ဘီဘာ နဲ့ ပြန်တွဲဖို့တော့ အစီအစဉ်မ ရှိဘူးလို့ သိရပါတယ်။
ဆယ်လီနာဂိုးမက်စ် နဲ့ ဂျက်စတင်ဘီဘာ တို့ဟာ ၂၀၁၁ ကနေ ၂၀၁၅ အထိ တွဲလိုက် ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ အပတ်ထဲမှာ ဂျက်စတင်ဘီဘာ နဲ့အတူ ဘုရားကျောင်း တက်ကာ ကော်ဖီဆိုင် တစ်ခုမှာ မနက်စာ အတူစားနေပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်က အင်စတာဂရမ် မှာ သူတို့နှစ်ဦး ကတောက်ကဆတ်ဖြစ်ခဲ့ကြပြီး ဂျက်စတင်ဘီဘာ ဟာ အင်စတာဂရမ်အကောင့်ကို ၆ လလောက် ပိတ်ထားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆယ်လီနာ တစ်ယောက် ကျောက်ကပ်လဲလှယ်တဲ့အထိ Lupus ရောဂါ ကို ခံစားခဲ့ရပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ဆက်ဆံရေး အဆင်ပြေအောင် ပြန်လည်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

Credit : Duwun