Zawgyi ျဖင့္ဖတ္္ရန္

လူေပါင္း ၅၈ ဦး ေသေစခဲ့တဲ့ လက္စ္ဗီးဂက္စ္ ေသနတ္ ပစ္ခတ္မႈ နဲ႔ပတ္သက္ၿပီး သူမ မသိရွိခဲ့ဘူးလို႔ ေသနတ္သမား ရဲ႕ ရည္းစား အမ်ိဳးသမီး အေဖာ္ျဖစ္သူက ေျပာလိုက္ပါတယ္။

ဖိလစ္ပိုင္ ကုိ အားလပ္ရက္ ခရီး ထြက္သြားတဲ့ ေသနတ္သမား ပက္ေဒါ့က္ ရဲ႕ ခ်စ္သူ ျဖစ္သူ မစၥဒန္ေလက ခရီးက ျပန္လာၿပီးေနာက္ အက္ဖ္ဘီအုိင္ကုိ ေျပာခဲ့တာပါ။

ေအာက္တုိဘာ ၄ ရက္ေန႔က အက္ဖ္ဘီအုိင္ ရဲ႕ ေမးျမန္းခ်က္ကုိ မစၥဒန္ေလ က ပက္ေဒါ့က္ ဟာ ၾကင္နာတတ္ၿပီး ေအးေဆးသိမ္ေမြ႔သူ ျဖစ္ေၾကာင္း၊ အခုလုိ အၾကမ္းဖက္မႈ လုပ္ရပ္ ကုိ အံ့ၾသထိတ္လန္႔ေၾကာင္း ေျပာခဲ့ပါတယ္။

“တခုခု လုပ္ေတာ့မယ္ဆုိတာမ်ိဳး ပက္ေဒါ့က္ က က်မကို ဒါမ်ိဳး ဘယ္တုန္းကမွ မေျပာခဲ့ဘူး။ ဘယ္တုန္းကမွလည္း မလုပ္ခဲ့ဖူးဘူး။ က်မ သူ႔ကုိ ခ်စ္တယ္၊ က်မ တုိ႔ ၂ ေယာက္ ေအးေဆးတည္ၿငိမ္တဲ့ အနာဂတ္ကို  အတူတကြ ေနထုိင္ဖုိ႔ က်မ ေမၽွာ္လင့္ထားတာ” လုိ႔ မစၥဒန္ေလက ေျပာပါတယ္။

ပက္ေဒါ့က္က ေဈးေပါတဲ့ ေလယာဥ္ လက္မွတ္ တေစာင္ ဝယ္ေပးၿပီး ဖိလစ္ပိုင္ မွ မိသားစု ထံ အလည္သြားေစခဲ့ကာ သူမကို အံ့ၾသေအာင္ လုပ္ခဲ့ေၾကာင္း၊ အဲ့ဒီေနာက္ ေဒၚလာ ၁ သိန္းေပးၿပီး အိမ္ဝယ္ ဖုိ႔လို႔ ရွင္းျပေၾကာင္း မစၥဒန္ေလက အက္ဖ္ဘီအုိင္ကို ေျပာခဲ့ပါတယ္။

သူမကို ပုိက္ဆံ ေပးလို႔ ဝမ္းသာေပမယ့္ သူမကို လမ္းခြဲ ဖုိ႔ ဒီလုိေပးခဲ့တာလားလုိ႔ စုိးရမ္ခဲ့ေၾကာင္း၊ ဒီလုိ အၾကမ္းဖက္ တဲ့ လုပ္ရပ္ႀကီး လုပ္ေဆာင္ေတာ့မယ္ ဆိုတာေတာ့ ဘယ္လိုနည္းနဲ႔မွ သူမ မသိရွိခဲ့ေၾကာင္း ေျပာခဲ့တယ္လုိ႔ ဘီဘီစီသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ရဲ ေတြက ေသနတ္သမား ပက္ေဒါ့က္ က “လၽွဳိ႕ဝွက္တဲ့ ဘဝ မ်ိဳး”နဲ႔ ေနထုိင္သူလို႔ ေျပာထားတာပါ။

ေသနတ္သမား က သူ႔ကုိယ္သူ သတ္ေသမယ့္အစား ထြက္ေျပးလြတ္ေျမာက္ဖုိ႔ စီစဥ္ထားႏုိင္တယ္လို႔ ရဲေတြက ေျပာလိုက္ၿပီး ေနာက္ထပ္ အေသးစိတ္ကိုေတာ့ ေျပာၾကားျခင္း မရွိပါဘူး။

အေမရိကန္ႏုိင္ငံ ေခတ္သစ္ သမုိင္း မွာ အဆိုးရြားဆံုး ပစ္ခတ္မႈ ျဖစ္တဲ့ ဂီတ ေဖ်ာ္ေျဖ ပြဲမွာ ေသနတ္သမား က  ဘာေၾကာင့္ ဒီလုိ ေသနတ္ပစ္ ခဲ့တယ္ဆုိတာ ခုထိမသိရေသးပါဘူး။

ေအာက္တုိဘာလ ၄ ရက္ေန႔မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ ကလာ့က္ေကာင္တီရဲ႕ ၿငိမ္ဝပ္ပိျပားေရး အရာရွိျဖစ္သူ ဂ်ိဳးဇက္ပ္လြန္ဘာဒုိက ဟုိတယ္က ပက္ေဒါ့က္ရဲ႕ ကားထဲမွာ က်ည္ဆန္ ၁၆၀၀ န႔ဲအတူ ေနာက္ထပ္ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ား ေတြ႕ေၾကာင္း ေသနတ္မပစ္ခင္ နာရီပိုင္းအလိုမွာ ပက္ေဒါ့က္ က ေလာင္းကစား လုပ္ခဲ့ေၾကာင္း၊ လက္စ္ဗီးဂက္စ္မွာ က်င္းပမယ့္ ကြင္းဖြင့္ဂီတဖြင့္ပြဲကို ေစာင့္ၾကည့္ဖုိ႔ ေအာ့ဂ္ဒန္ဟုိတယ္မွာ တပတ္ေစာၿပီး ႀကိဳတင္အခန္းငွားရမ္းခံေၾကာင္း ေသနတ္သမားနဲ႔ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ဂ်ိဳးဇက္ပ္လြန္ဘာဒုိ က ေသနတ္သမား ပက္ေဒါ့က္ ရဲ႕ ေသနတ္ ပစ္ခတ္ရတဲ့ အရင္းခံ အေၾကာင္းရင္းနဲ႔ ႀကံရာပါေတြ ပါဝင္မႈ မပါဝင္မႈကေတာ့ လၽွဳိ႕ဝွက္ဆန္းၾကယ္ ျဖစ္ေနတယ္၊ ခုခ်ိန္ထိ က်ေနာ္တုိ႔ နားမလည္ႏုိင္ဘူး” လို႔ ေျပာပါတယ္။

အခုခ်ိန္ထိ အၾကမ္းဖက္ အဖြဲ႔ေတြနဲ႔ ဆက္စပ္မႈရွိတာကိုလည္း မေတြ႔ဘူးလို႔ အက္ဖ္ဘီအိုင္က ေျပာပါတယ္။

Credit : DVB

 

Unicode ဖြင့်ဖတ်ရန်

၅၈ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုကို မသိရှိခဲ့ဟု သေနတ်သမား၏ ချစ်သူ ပြော

လူပေါင်း ၅၈ ဦး သေစေခဲ့တဲ့ လက်စ်ဗီးဂက်စ် သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သူမ မသိရှိခဲ့ဘူးလို့ သေနတ်သမားရဲ့ ရည်းစား အမျိုးသမီးအဖော်ဖြစ်သူက ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်ကို အားလပ်ရက် ခရီးထွက်သွားတဲ့ သေနတ်သမား ပက်ဒေါ့က်ရဲ့ ချစ်သူဖြစ်သူ မစ္စဒန်လေက ခရီးက ပြန်လာပြီးနောက် အက်ဖ်ဘီအိုင်ကို ပြောခဲ့တာပါ။

အောက်တိုဘာ ၄ ရက်နေ့က အက်ဖ်ဘီအိုင်ရဲ့ မေးမြန်းချက်ကို မစ္စဒန်လေက ပက်ဒေါ့က်ဟာ ကြင်နာတတ်ပြီး အေးဆေးသိမ်မွေ့သူ ဖြစ်ကြောင်း၊ အခုလို အကြမ်းဖက်မှု လုပ်ရပ်ကို အံ့သြထိတ်လန့်ကြောင်း ပြောခဲ့ပါတယ်။

“တခုခု လုပ်တော့မယ်ဆိုတာမျိုး ပက်ဒေါ့က်က ကျမကို ဒါမျိုး ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဘယ်တုန်းကမှလည်း မလုပ်ခဲ့ဖူးဘူး။ ကျမ သူ့ကို ချစ်တယ်၊ ကျမတို့ ၂ ယောက် အေးဆေးတည်ငြိမ်တဲ့ အနာဂတ်ကို အတူတကွ နေထိုင်ဖို့ ကျမ မျှော်လင့်ထားတာ” လို့ မစ္စဒန်လေက ပြောပါတယ်။

ပက်ဒေါ့က်က ဈေးပေါတဲ့ လေယာဉ်လက်မှတ်တစောင် ဝယ်ပေးပြီး ဖိလစ်ပိုင်မှ မိသားစုထံ အလည်သွားစေခဲ့ကာ သူမကို အံ့သြအောင် လုပ်ခဲ့ကြောင်း၊ အဲ့ဒီနောက် ဒေါ်လာ ၁ သိန်းပေးပြီး အိမ်ဝယ်ဖို့လို့ ရှင်းပြကြောင်း မစ္စဒန်လေက အက်ဖ်ဘီအိုင်ကို ပြောခဲ့ပါတယ်။

သူမကို ပိုက်ဆံပေးလို့ ဝမ်းသာပေမယ့် သူမကို လမ်းခွဲဖို့ ဒီလိုပေးခဲ့တာလားလို့ စိုးရမ်ခဲ့ကြောင်း၊ ဒီလို အကြမ်းဖက်တဲ့ လုပ်ရပ်ကြီး လုပ်ဆောင်တော့မယ် ဆိုတာတော့ ဘယ်လိုနည်းနဲ့မှ သူမ မသိရှိခဲ့ကြောင်း ပြောခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရဲတွေက သေနတ်သမား ပက်ဒေါ့က်က “လျှို့ဝှက်တဲ့ ဘဝမျိုး”နဲ့ နေထိုင်သူလို့ ပြောထားတာပါ။

သေနတ်သမားက သူ့ကိုယ်သူ သတ်သေမယ့်အစား ထွက်ပြေးလွတ်မြောက်ဖို့ စီစဉ်ထားနိုင်တယ်လို့ ရဲတွေက ပြောလိုက်ပြီး နောက်ထပ် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

အမေရိကန်နိုင်ငံ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှုဖြစ်တဲ့ ဂီတဖျော်ဖြေပွဲမှာ သေနတ်သမားက ဘာကြောင့် ဒီလို သေနတ်ပစ်ခဲ့တယ်ဆိုတာ ခုထိမသိရသေးပါဘူး။

အောက်တိုဘာလ ၄ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလာ့က်ကောင်တီရဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိဖြစ်သူ ဂျိုးဇက်ပ်လွန်ဘာဒိုက ဟိုတယ်က ပက်ဒေါ့က်ရဲ့ ကားထဲမှာ ကျည်ဆန် ၁၆၀၀ နဲ့အတူ နောက်ထပ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ တွေ့ကြောင်း သေနတ်မပစ်ခင် နာရီပိုင်းအလိုမှာ ပက်ဒေါ့က်က လောင်းကစားလုပ်ခဲ့ကြောင်း၊ လက်စ်ဗီးဂက်စ်မှာ ကျင်းပမယ့် ကွင်းဖွင့်ဂီတဖွင့်ပွဲကို စောင့်ကြည့်ဖို့ အော့ဂ်ဒန်ဟိုတယ်မှာ တပတ်စောပြီး ကြိုတင်အခန်းငှားရမ်းခံကြောင်း သေနတ်သမားနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့် ဂျိုးဇက်ပ်လွန်ဘာဒိုက သေနတ်သမား ပက်ဒေါ့က်ရဲ့ သေနတ်ပစ်ခတ်ရတဲ့ အရင်းခံ အကြောင်းရင်းနဲ့ ကြံရာပါတွေ ပါဝင်မှု မပါဝင်မှုကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေတယ်၊ ခုချိန်ထိ ကျနော်တို့ နားမလည်နိုင်ဘူး” လို့ ပြောပါတယ်။

အခုချိန်ထိ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတာကိုလည်း မတွေ့ဘူးလို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။

Credit : DVB