Zawgyi ဖြင့်ဖတ်ရန်
Credit : popolay
Unicode ဖြင့်ဖတ်ရန်
လမ်းခွဲစရာအကြောင်းမရှိသလို အရင်ကထက်တောင်ပိုချစ်သွားမယ်ဆိုတဲ့ ရွှေမှုန်ရတီ
မကြာသေးခင်က facebook မှာတင်ခဲ့တဲ့ လမ်းခွဲလိုက်တယ် ဆိုတာနဲ့ ရွှေမှုန်ချစ်သူ နဲ့ အခြားကောင်မလေးတစ်ယောက်နဲ့ ပုံတွေ ပျံ့နှံ့ခဲ့ပါတယ် ။ ထိုကိစ္စတွေနဲ့ ပတ်သက်ပြီး “သူ့ကို စိတ်ကောက်ပြီး တင်လိုက်တာပါ ။သူကမတင်စေချင်ဘူး ။ ညီမ အရမ်းကိုစိတ်ကောက်ပြီးတင်လိုက်တာပါ ။ ပြီးတော့လဲ စတာပါလို့ ပြန်တင်ထားလိုက်ပါတယ် ။ လမ်းခွဲစရာအကြောင်းမှ မရှိပါဘူး ။ ပရိတ်သတ်တွေသိတဲ့ အတိုင်းပါပဲ ။ သူနဲ့လည်း အားလုံး အဆင်ပြေပါတယ် ။ အစကတည်းက နှစ်ယောက်လုံးနားလည်မှုရှိပြီးသားဆိုတော့ အဆင်ပြေတယ် ။ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ သဲဘက်ကလည်း အပြောင်းလဲ ပဲ ဒိထက်ပိုတောင် ချစ်ဦးမှာပါ ။
ပရိတ်သတ်တွေက ရွှေမှုန်ကိုချေတယ်လို့ပြောကြတဲ့ အပေါ်လဲ ဘယ်လိုမှ မခံစားရပါဘူး ။ အနုပညာလှုပ်ရှားမှုတွေကတော့ အားလုံးမြင်ကြမှာပါ ဘာမှတော့ သိပ်ပြီးဖုံးကွယ်စရာမရှိပါဘူးလေ ။ ပရိတ်သတ်က သဲရဲ့ လှုပ်ရှားမှုတိုင်းကိုသိချင်မှာပါ ။ ကိုယ်ဘာတွေဖြစ်နေလဲ ၊ ဘာတွေ ခံစားနေရလဲ သိချင်မှာပါ အဲ့ဒိအတွက်ကြောင့် ပြောပြလို့ ရသမျှအားလုံးကို ပြောပြဖြစ်မှာပါ ။
အနုပညာ လှုပ်ရှားမှုတွေလဲ ဆက်တိုက်လုပ်ကိုင်နေပါတယ် ။ ရုံတင်ဖို့ ကားတွေလည်း အများကြီး ရှိပါသေးတယ် ။ တချို့ကားတွေ သိပ်တောင်မမှတ်မိဘူး ။ ဇာတ်ကားတွေ ရုံတင်မှသာတွေ့ရမှာပါ ။ ကာရိုက်တာတွေ မထပ်အောင်တော့ ကြိုးစားထားပါတယ်” ဆိုပြိး ပြောသွားခဲ့ပါတယ်။
Credit : popolay