Zawgyi ျဖင့္ဖတ္္ရန္

ဘုရားခန္းေရွ႕တြင္ မိသားစု နွင့္အတူ အိပ္ေနသည့္ နာမည္ႀကီး လူမိုက္ တစ္ဦးကို လူတစ္ စုက အိမ္ေပၚတက္ကာ ဓားျဖင့္ ဝိုင္းဝန္းခုတ္သတ္မႈ ေရႊျပည္သာ ၿမိဳ႕နယ္၌ ေအာက္တိုဘာ ၁၁ ရက္နံနက္ ၃ နာရီခြဲခန္႔က ျဖစ္ပြားခဲ့ သည္။

 

ေရႊျပည္သာၿမိဳ႕နယ္ (၆) ရပ္ ကြက္အတြင္းေနထုိင္သည့္ အသက္(၅၆)ႏွစ္အရြယ္ ဦးေက်ာ္ႏိုင္ သည္ မိသားစု နွင့္အတူ ေနအိမ္၌ အိပ္ေနစဥ္ ဓားရွည္မ်ားကိုင္ ေဆာင္ထားေသာ လူေျခာက္ဦးခန္႔ က ေနအိမ္ ေပၚသို႔တက္ကာခုတ္ခဲ့ ေၾကာင္း ေရႊျပည္သာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘အခု မသကၤာတဲ့သူတစ္ ေယာက္ေတာ့ ေခၚစစ္ေနတယ္။ ဝန္ေတာ့ ဝန္မခံေသးဘူး။ ရာဇဝင္ေႂကြး ဆပ္တာလို႔ေတာ့ စစ္ခ်က္အရ သိရတယ္’’ဟု ေရႊျပည္သာ စခန္းမွဴး ဒုရဲမွဴးခင္ေဇာ္ကေျပာသည္။

ေနအိမ္အေရွ႕တံခါး တြန္း ဖြင့္ကာ အိမ္အတြင္း သို႔ ဝင္လာ သည့္ အသက္(၅၃)ႏွစ္အရြယ္ ဦးတင္လွႏွင့္အတူ အမ်ိဳးသား ငါးဦးခန္႔က ဓားရွည္မ်ားကိုင္ ေဆာင္ကာ ဦးေက်ာ္ႏုိင္ကို ဝိုင္းခုတ္ခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကား ခ်က္၌ ေဖာ္ျပသည္။

‘‘သူ႔ အမ်ိဳးသမီး ေျပာတာ ေတာ့ အိမ္ေပၚတက္လာတာက ေလး၊ ငါး၊ ေျခာက္ေယာက္ ေလာက္ရွိတယ္ေျပာတယ္။ သူ လည္း ေၾကာက္ေၾကာက္နဲ႔ ေသ ခ်ာေတာ့ မသိလိုက္ဘူး။ သူတို႔ လူမိုက္အခ်င္းခ်င္းျဖစ္ၾကတာပါ။ ေသတဲ့သူကလည္း လူသတ္မႈနဲ႔ ႏွစ္ႀကိမ္၊ သံုးႀကိမ္ေလာက္ ေထာင္က်ဖူးတယ္’’ဟု ေရႊျပည္သာ ၿမိဳ႕မ ရဲစခန္း မွ ရဲအရာရွိကေျပာသည္။

READ  အိမ္ေျခမဲ့ ၃ ဦးကို သတ္ခဲ့သူဟု သံသယရွိသူကို ထိုင္းရဲ ဖမ္းဆီး

ဦးေက်ာ္ႏုိင္ ၏ ဦးေခါင္း၊ လက္ႏွစ္ဖက္ႏွင့္ ေျခေထာက္ တို႔ တြင္ ျပတ္ရွ ဒဏ္ရာ မ်ားရရွိခဲ့သည့္ အျပင္ ဘယ္ဘက္နံၾကားတြင္ လည္း ထုိးသြင္းဒဏ္ရာရရွိခဲ့ သျဖင့္ အင္းစိန္ ေဆး႐ံု သို႔ တင္ပို႔ ကုသစဥ္ ေသဆံုးခဲ့ေၾကာင္း ရဲ အရာရွိကဆိုသည္။

ေနအိမ္ ေပၚတက္ကာ ဓား ျဖင့္ ဝုိင္းခုတ္ခဲ့သူမ်ားကို ေရႊျပည္သာ ၿမိဳ႕မ ရဲစခန္း က ရာဇသတ္ ႀကီးပုဒ္မ ၃၀၂/၃၄ ျဖင့္ အမႈဖြင့္ စံုစမ္းလ်က္ရွိသည္။

Credit : 7day daily

Unicode ဖြင့်ဖတ်ရန်

 

ရွှေပြည်သာတွင် နာမည်ကြီးလူမိုက်ကို အုပ်စုလိုက် အိမ်ပေါ်တက်ပြီး ဓားဖြင့်ခုတ်

ဘုရားခန်းရှေ့တွင် မိ သားစုနှင့်အတူ အိပ်နေသည့် နာမည်ကြီးလူမိုက်တစ်ဦးကို လူတစ် စုက အိမ်ပေါ်တက်ကာ ဓားဖြင့် ဝိုင်းဝန်းခုတ်သတ်မှု ရွှေပြည်သာ မြို့နယ်၌ အောက်တိုဘာ ၁၁ ရက်နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ သည်။

 

ရွှေပြည်သာမြို့နယ် (၆) ရပ် ကွက်အတွင်းနေထိုင်သည့် အ သက်(၅၆)နှစ်အရွယ် ဦးကျော်နိုင် သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်နေစဉ် ဓားရှည်များကိုင် ဆောင်ထားသော လူခြောက်ဦးခန့် က နေအိမ်ပေါ်သို့တက်ကာခုတ်ခဲ့ ကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘အခု မသင်္ကာတဲ့သူတစ် ယောက်တော့ ခေါ်စစ်နေတယ်။ ဝန်တော့ ဝန်မခံသေးဘူး။ ရာဇဝင်ကြွေးဆပ်တာလို့တော့ စစ်ချက်အရ သိရတယ်’’ဟု ရွှေပြည်သာစခန်းမှူး ဒုရဲမှူးခင်ဇော်ကပြောသည်။

နေအိမ်အရှေ့တံခါး တွန်း ဖွင့်ကာ အိမ်အတွင်းသို့ ဝင်လာ သည့် အသက်(၅၃)နှစ်အရွယ် ဦးတင်လှနှင့်အတူ အမျိုးသား ငါးဦးခန့်က ဓားရှည်များကိုင် ဆောင်ကာ ဦးကျော်နိုင်ကို ဝိုင်းခုတ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြား ချက်၌ ဖော်ပြသည်။

READ  အိမ္ေထာင္ေရး ျပႆနာ ေၾကာင့္ မိသားစု ကို ဓားျဖင့္ခုတ္၊ ေယာကၡမ ေသဆံုး

‘‘သူ့အမျိုးသမီး ပြောတာ တော့ အိမ်ပေါ်တက်လာတာက လေး၊ ငါး၊ ခြောက်ယောက် လောက်ရှိတယ်ပြောတယ်။ သူ လည်း ကြောက်ကြောက်နဲ့ သေ ချာတော့ မသိလိုက်ဘူး။ သူတို့ လူမိုက်အချင်းချင်းဖြစ်ကြတာပါ။ သေတဲ့သူကလည်း လူသတ်မှုနဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ထောင်ကျဖူးတယ်’’ဟု ရွှေပြည်သာမြို့မ ရဲစခန်းမှ ရဲအရာရှိကပြောသည်။

ဦးကျော်နိုင်၏ ဦးခေါင်း၊ လက်နှစ်ဖက်နှင့် ခြေထောက်တို့ တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သည့် အပြင် ဘယ်ဘက်နံကြားတွင် လည်း ထိုးသွင်းဒဏ်ရာရရှိခဲ့ သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း ရဲ အရာရှိကဆိုသည်။

နေအိမ်ပေါ်တက်ကာ ဓား ဖြင့် ဝိုင်းခုတ်ခဲ့သူများကို ရွှေပြည်သာမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

Credit : 7day daily

LEAVE A REPLY