Zawgyi ျဖင့္ဖတ္္ရန္

ေနျပည္ေတာ္(ေအာက္တိုဘာ ၁၂ရက္၊ ၂၀၁၇ခုႏွစ္)။ ။ အထင္ကရ ေစတီ တစ္ဆူအနီး ငံုးဥျပဳတ္ေရာင္းေနစဥ္ ႏွင္ထုတ္ခံရသည့္ အသက္(၆၀)အရြယ္ အစၥလာမ္ဘာသာဝင္ အမ်ိဳးသားႀကီးတစ္ဦးအား အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)၏ ဗဟို အမ်ိဳးသမီး ေကာ္မတီက လူသားခ်င္းစာနာေသာအားျဖင့္ အလွဴေငြ က်ပ္ ၇သိန္း၊ ၅ေသာင္းကို ပါတီ ႐ံုးခ်ဳပ္ တြင္ ယေန႔လွဴဒါန္းလိုက္သည္။

“ဒီလွဴဒါန္းမႈနဲ႔ ပတ္သက္လို႔ကေတာ့ ဒါဟာ လူသားခ်င္းစာနာတဲ့ ခံစားခ်က္မ်ိဳးနဲ႔ ဗဟိုအမ်ိဳးသမီးေကာ္မတီက ေပးလိုက္တာ။ လူသားအားလံုးဟာ ဘာသာတူတူ၊ မတူတူ သက္ႀကီးရြယ္အိုတစ္ေယာက္မွာ ခံစားရတဲ့စိတ္ကေတာ့ အားလံုးတူတယ္ဆိုတဲ့ စာနာမႈနဲ႔ ကၽြန္မတို႔ ေပးအပ္လိုက္တာပါ” ဟု ဗဟိုအမ်ိဳးသမီးေကာ္မတီအဖြဲ႔ဝင္ျဖစ္သူ အိမ္မဲၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚသႏၱာက မဇၩိမကို ေျပာသည္။

ေအာက္တိုဘာ ၅ရက္၊ သီတင္းကၽြတ္ လျပည့္ေန ႔က ေရႊတိဂံု ေစတီေတာ္၊  အေရွ႕ဘက္မုခ္တြင္ ရာေပါင္းမ်ားစြာေသာ ေဈးသည္မ်ားနည္းတူ ငံုးဥျပဳတ္ေရာင္းေနသည့္ အစၥလာမ္ဘာသာဝင္ ဦးေအာင္သန္းအား မ်ိဳးခ်စ္အမည္ခံ သံဃာႏွစ္ပါးႏွင့္ လူႏွစ္ဦးတို႔က ဘာသာေရးအေၾကာင္းျပကာ ေဈးဆက္မေရာင္းရန္ ႏွင္ထုတ္ခဲ့ျခင္း ျဖစ္သည္။

လူမႈကြန္ယက္ေဖ့စ္ဘြတ္တြင္ တိုက္႐ိုက္လႊင့္တင္ၿပီး ေဈးဆက္မေရာင္းရန္ ႏွင္ထုတ္ခဲ့သည့္ အဆိုပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္စဥ္ကို ေဝဖန္႐ႈတ္ခ်သူမ်ားစြာရွိခဲ့ၿပီး ျဖစ္စဥ္အၿပီး ေနာက္တစ္ရက္တြင္ ဗုဒၶဘာသာဝင္လူငယ္မ်ားက ဦးေအာင္သန္း၏ေနအိမ္သို႔ သြားေရာက္ေတာင္းပန္ခဲ့သလို အလွဳေငြမ်ားလည္း ေပးအပ္ခဲ့ေသးသည္။

“ရင္ၾကပ္ေရာဂါရွိတယ္။ အသက္အရြယ္ကလည္း ႀကီးရင့္တယ္။ သူ႔ကို လူသားခ်င္းစာနာတဲ့အေနနဲ႔ ႐ိုး႐ိုးသားသားပဲ ဒီေငြ ၇သိန္းကို ေဆးကုဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ပဲ လွဴဒါန္းလိုက္တာပါ” ဟု ယေန႔ လွဴဒါန္းမႈအေပၚ ေဒၚသႏၱာက ေျပာသည္။

READ  ျမန္မာႏိုင္ငံ စာစစ္ ဦးစီးဌာန မွ ၂ဝ၁၈ ခုႏွစ္တြင္က်င္းပမည့္ တကၠသိုလ္ဝင္ စာေမးပြဲ အတြက္ ေၾကညာခ်က္ထုတ္ျပန္

လွဴဒါန္းမႈ မ်ားႏွင့္ပတ္သက္၍ ဦးေအာင္သန္းက ေက်းဇူးအထူးတင္ေၾကာင္း၊ သူ႔အေနျဖင့္ မည္သို႔မွ် တံု႔ျပန္မည္ မဟုတ္ေၾကာင္း၊ ဘဝရပ္တည္ေရးအတြက္ အ႐ုပ္ေရာင္းသည့္ အလုပ္ကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

လႊတ္ေတာ္သို႔ တင္သြင္းလာေသာ ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၏ အစီရင္ခံစာမ်ားအရ ျမန္မာႏုိင္ငံတြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ရွိေနေသးေၾကာင္း၊ ေကာ္မရွင္က လက္လွမ္းမမီသည့္ ျဖစ္စဥ္မ်ားကိုလည္း မီဒီယာမ်ားကတစ္ဆင့္ ၾကားသိေနရေၾကာင္းႏွင့္ အဆိုပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္စဥ္မ်ားကို ဥပေဒအရ အေရးယူေဆာင္ရြက္ႏုိင္ရန္ မ်ားစြာ လုပ္ေဆာင္ရဦးမည္ျဖစ္ေၾကာင္း ေဒၚသႏၱာက သူမ၏ ပုဂၢလိကအျမင္ကို ေျပာသည္။

Credit : mizimma

Unicode ဖြင့်ဖတ်ရန်

ရွှေတိဂုံစေတီအနီး ဈေးရောင်း၍ နှင်ထုတ်ခံရသူကို NLD က ငွေကျပ် ၇သိန်းခွဲ လှူဒါန်း

 

နေပြည်တော်(အောက်တိုဘာ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ အထင်ကရ စေတီတစ်ဆူအနီး ငုံးဥပြုတ်ရောင်းနေစဉ် နှင်ထုတ်ခံရသည့် အသက်(၆၀)အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသားကြီးတစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအမျိုးသမီးကော်မတီက လူသားချင်းစာနာသောအားဖြင့် အလှူငွေ ကျပ် ၇သိန်း၊ ၅သောင်းကို ပါတီရုံးချုပ်တွင် ယနေ့လှူဒါန်းလိုက်သည်။

“ဒီလှူဒါန်းမှုနဲ့ ပတ်သက်လို့ကတော့ ဒါဟာ လူသားချင်းစာနာတဲ့ ခံစားချက်မျိုးနဲ့ ဗဟိုအမျိုးသမီးကော်မတီက ပေးလိုက်တာ။ လူသားအားလုံးဟာ ဘာသာတူတူ၊ မတူတူ သက်ကြီးရွယ်အိုတစ်ယောက်မှာ ခံစားရတဲ့စိတ်ကတော့ အားလုံးတူတယ်ဆိုတဲ့ စာနာမှုနဲ့ ကျွန်မတို့ ပေးအပ်လိုက်တာပါ” ဟု ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ဝင်ဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၅ရက်၊ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံစေတီတော်၊ အရှေ့ဘက်မုခ်တွင် ရာပေါင်းများစွာသော ဈေးသည်များနည်းတူ ငုံးဥပြုတ်ရောင်းနေသည့် အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းအား မျိုးချစ်အမည်ခံ သံဃာနှစ်ပါးနှင့် လူနှစ်ဦးတို့က ဘာသာရေးအကြောင်းပြကာ ဈေးဆက်မရောင်းရန် နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

READ  သမရိုးက် မဟုတ္ ျဖစ္တည္ခဲ့ေသာ ဗုဒၶ ရုပ္ပြားေတာ္ တစ္ဆူအေၾကာင္း

လူမှုကွန်ယက်ဖေ့စ်ဘွတ်တွင် တိုက်ရိုက်လွှင့်တင်ပြီး ဈေးဆက်မရောင်းရန် နှင်ထုတ်ခဲ့သည့် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ကို ဝေဖန်ရှုတ်ချသူများစွာရှိခဲ့ပြီး ဖြစ်စဉ်အပြီး နောက်တစ်ရက်တွင် ဗုဒ္ဓဘာသာဝင်လူငယ်များက ဦးအောင်သန်း၏နေအိမ်သို့ သွားရောက်တောင်းပန်ခဲ့သလို အလှုငွေများလည်း ပေးအပ်ခဲ့သေးသည်။

“ရင်ကြပ်ရောဂါရှိတယ်။ အသက်အရွယ်ကလည်း ကြီးရင့်တယ်။ သူ့ကို လူသားချင်းစာနာတဲ့အနေနဲ့ ရိုးရိုးသားသားပဲ ဒီငွေ ၇သိန်းကို ဆေးကုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ လှူဒါန်းလိုက်တာပါ” ဟု ယနေ့ လှူဒါန်းမှုအပေါ် ဒေါ်သန္တာက ပြောသည်။

လှူဒါန်းမှုများနှင့်ပတ်သက်၍ ဦးအောင်သန်းက ကျေးဇူးအထူးတင်ကြောင်း၊ သူ့အနေဖြင့် မည်သို့မျှ တုံ့ပြန်မည် မဟုတ်ကြောင်း၊ ဘဝရပ်တည်ရေးအတွက် အရုပ်ရောင်းသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

လွှတ်တော်သို့ တင်သွင်းလာသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးကြောင်း၊ ကော်မရှင်က လက်လှမ်းမမီသည့် ဖြစ်စဉ်များကိုလည်း မီဒီယာများကတစ်ဆင့် ကြားသိနေရကြောင်းနှင့် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် များစွာ လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဒေါ်သန္တာက သူမ၏ ပုဂ္ဂလိကအမြင်ကို ပြောသည်။

Credit : mizimma

 

LEAVE A REPLY