.

Zawgyi ျဖင့္ဖတ္္ရန္

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္မွာ ရွင္အဇၩေဂါဏ ဆင္းရဲသားပေပ်ာက္ေရးအသင္းလို႔ အမည္ခံထားတဲ့ ပရဟိတအသင္းဟာ တရားမဝင္ ေငြေၾကးဆိုင္ရာလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့အတြက္ လက္ရွိလုပ္ငန္းေတြကို ရပ္ဆိုင္းၿပီး တရားဝင္မွတ္ပုံတင္ဖို႔ ျမင္းၿခံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက အခုလဆန္းပိုင္းက သတိေပး လိုက္ပါတယ္။

ပရဟိတအသင္းအေနနဲ႔ ေငြစုေငြေခ်းလုပ္ငန္းပုံစံ လုပ္လို႔မရတာေၾကာင့္ တရားဝင္မွတ္ပုံတင္ၿပီး ေဆာင္႐ြက္ဖို႔ ေျပာတာျဖစ္တယ္လို႔ ျမင္းၿခံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးညီညီေအာင္က ေျပာပါတယ္။

“သူက ေငြစုေငြေခ်း မွတ္ပုံတင္ခြင့္ျပဳခ်က္ရမွလုပ္လို႔ရမယ္။ သူကအလြတ္သေဘာမ်ိဳး ခြင့္မျပဳတာမဟုတ္ဘူး တရားဝင္ခြင့္ျပဳခ်က္ရေအာင္လုပ္ဖို႔ ေျပာတာပါ။ အသင္းအဖြဲ႕နဲ႔လုပ္လို႔မရဘူး ပရဟိတအသင္းက ဒီလို ေငြစုေငြေခ်းလုပ္လို႔မရဘူး။ သူလုပ္ရမယ့္ လုပ္ထုံးလုပ္နည္းေတြရွိပါတယ္၊ အဲဒီတိုင္းသူတို႔ေလွ်ာက္ဖို႔ပဲ ခြင့္ျပဳခ်က္ရရင္လုပ္ေပါ့ မရရင္မလုပ္နဲ႔ေပါ့”

တရားဝင္မွတ္ပုံတင္မရွိဘဲ ဆက္လုပ္ေနရင္ အေရးယူမယ္လို႔လည္း အုပ္ခ်ဳပ္ေရးပိုင္းက အေၾကာင္းၾကားထား ပါတယ္။

ရွင္အဇၩေဂါဏ ဆင္းရဲသားပေပ်ာက္ေရးအသင္းလို႔ အမည္ခံထားတဲ့အသင္းကို စၾတာမင္းပါရမီရွင္ ဦးသန႔္ဆိုသူက ဦးေဆာင္တာျဖစ္ၿပီး အသင္းဝင္ေၾကးကိုတစ္ဦး က်ပ္သုံးေသာင္းခြဲေကာက္ခံၿပီး တစ္လကို က်ပ္တစ္သိန္းႏႈန္း ျပန္လည္ထုတ္ေပးတယ္လို႔ သိရပါတယ္။

တစ္လကိုတစ္သိန္းႏႈန္းနဲ႔ ၃ လအထိထုတ္ေပးထားၿပီး ၃ သိန္းရရွိထားသူေတြရွိေၾကာင္းနဲ႔ ဘယ္လိုပုံစံ ထုတ္ေပးတယ္ဆိုတာကိုေတာ့ မသိရဘူးလို႔ ျမင္းၿခံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရွးမႉးက ေျပာပါတယ္။

အဲဒီလိုအသင္းအဖြဲ႕ဟာ ႏြားထိုးႀကီးၿမိဳ႕နယ္မွာလည္း အသင္းဝင္ေတြ စုေဆာင္းလုပ္ကိုင္ခဲ့တာရွိၿပီး လက္ရွိ ျမင္းၿခံၿမိဳ႕နယ္မွာ လုပ္ကိုင္ေနတာေၾကာင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ေခၚယူသတိေပးထားတာလို႔ သိရပါတယ္။

 

Unicode ဖြင့်ဖတ်ရန်

ဆင်းရဲ သားပပျောက်ရေးအသင်း အမည်ခံ ပရဟိတ အဖွဲ့ကို လုပ်ငန်းရပ်ဆိုင်းခိုင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့ ပရဟိတအသင်းဟာ တရားမဝင် ငွေကြေးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် လက်ရှိလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး တရားဝင်မှတ်ပုံတင်ဖို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အခုလဆန်းပိုင်းက သတိပေး လိုက်ပါတယ်။

ပရဟိတအသင်းအနေနဲ့ ငွေစုငွေချေးလုပ်ငန်းပုံစံ လုပ်လို့မရတာကြောင့် တရားဝင်မှတ်ပုံတင်ပြီး ဆောင်ရွက်ဖို့ ပြောတာဖြစ်တယ်လို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။

“သူက ငွေစုငွေချေး မှတ်ပုံတင်ခွင့်ပြုချက်ရမှလုပ်လို့ရမယ်။ သူကအလွတ်သဘောမျိုး ခွင့်မပြုတာမဟုတ်ဘူး တရားဝင်ခွင့်ပြုချက်ရအောင်လုပ်ဖို့ ပြောတာပါ။ အသင်းအဖွဲ့နဲ့လုပ်လို့မရဘူး ပရဟိတအသင်းက ဒီလို ငွေစုငွေချေးလုပ်လို့မရဘူး။ သူလုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ အဲဒီတိုင်းသူတို့လျှောက်ဖို့ပဲ ခွင့်ပြုချက်ရရင်လုပ်ပေါ့ မရရင်မလုပ်နဲ့ပေါ့”

တရားဝင်မှတ်ပုံတင်မရှိဘဲ ဆက်လုပ်နေရင် အရေးယူမယ်လို့လည်း အုပ်ချုပ်ရေးပိုင်းက အကြောင်းကြားထား ပါတယ်။

ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့အသင်းကို စတြာမင်းပါရမီရှင် ဦးသန့်ဆိုသူက ဦးဆောင်တာဖြစ်ပြီး အသင်းဝင်ကြေးကိုတစ်ဦး ကျပ်သုံးသောင်းခွဲကောက်ခံပြီး တစ်လကို ကျပ်တစ်သိန်းနှုန်း ပြန်လည်ထုတ်ပေးတယ်လို့ သိရပါတယ်။

တစ်လကိုတစ်သိန်းနှုန်းနဲ့ ၃ လအထိထုတ်ပေးထားပြီး ၃ သိန်းရရှိထားသူတွေရှိကြောင်းနဲ့ ဘယ်လိုပုံစံ ထုတ်ပေးတယ်ဆိုတာကိုတော့ မသိရဘူးလို့ မြင်းခြံမြို့နယ် အုပ်ချုပ်ရှေးမှူးက ပြောပါတယ်။

အဲဒီလိုအသင်းအဖွဲ့ဟာ နွားထိုးကြီးမြို့နယ်မှာလည်း အသင်းဝင်တွေ စုဆောင်းလုပ်ကိုင်ခဲ့တာရှိပြီး လက်ရှိ မြင်းခြံမြို့နယ်မှာ လုပ်ကိုင်နေတာကြောင့် အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူသတိပေးထားတာလို့ သိရပါတယ်။

 

Credit: RFA