Zawgyi ျဖင့္ဖတ္ရန္

ေဘာလုံး အားကစား အေငြ႕အသက္ ပုံရိပ္မ်ားနဲ႔ ဖန္တီး ထားတဲ့ အဆိုေတာ္ လင္းလင္း နဲ႔ ခ်စ္သုေဝတို႔ရဲ႕ Soccer House Cafe’ ဆိုင္ေလး ကိုေတာ့ သုဝဏၰ ေဘာလုံး အားကစား ေလ့က်င့္ေရးကြင္းအတြင္းတြင္ ေအာက္တိုဘာလ ၂၁ ရက္ေန႔က စတင္ ဖြင့္လွစ္လိုက္ပါတယ္။

ထူးျခားတဲ့ ဆိုင္အျပင္အဆင္ နဲ႔ပတ္သက္ၿပီး အဆိုေတာ္ လင္းလင္း က “ေဘာလုံး အားကစား နဲ႔ ပတ္သက္တဲ့ ေနရာဆိုေတာ့ ေဘာလုံး နဲ႔ပတ္သက္တဲ့ဟာ ပါတာလုပ္မယ္လို႔ စဥ္းစားေတာ့ ေဘာလုံးအသင္း ေတြက အမ်ားႀကီးရွိတယ္။ လတ္တေလာ နာမည္ႀကီး တာေရာ ကိုယ့္ ျမန္မာအသင္း ေတြကလည္း အမ်ားႀကီးရွိတယ္။ ရွားရွားပါးပါး အမွတ္တရျဖစ္တဲ့ ၁၉၅၀/၆၀ /၇၀ ဝန္းက်င္က ႏိုင္ငံ့ဂုဏ္ေဆာင္ ဆရာသမားႀကီး ေတြရဲ႕ ပုံရိပ္ေတြနဲ႔ ဖြင့္လွစ္ျဖစ္ခဲ့တာပါ” လို႔ အဆိုေတာ္ လင္းလင္း က ေျပာပါတယ္။

ဒီဆိုင္မွာေတာ့ ေ႐ႊေရာင္လႊမ္း ခဲ့တဲ့ ေဘာလုံး ေလာကရဲ႕ အမွတ္တရ ပစၥည္းမ်ား၊ ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ ေဘာလုံး သမားမ်ားရဲ႕ ပုံရိပ္မ်ား အမွတ္တရအေနျဖင့္ ျပသထားတာေတြ႕ရပါတယ္။

“ကိုယ္တိုင္ကလည္း ေဘာလုံး ဝါသနာ ပါတယ္။ ေအးေအးေဆးေဆးလည္း စားသုံးႏိုင္မယ္။ အဓိကက ကားပါကင္လည္းက်ယ္တယ္။ ဆိုင္ အျပင္အဆင္ အေနနဲ႔ကလည္း ႏိုင္ငံံ့ဂုဏ္ေဆာင္ အားကစားသမားေတြရဲ႕ ပုံေလးေတြ၊ အားကစားပစၥည္းေတြ၊ ေဘာလုံးကန္တဲ့ အက်ႌေတြ၊ ဖိနပ္ေတြကအစ ေရာင္းခ်တာေရာ ျပင္ဆင္တာေရာ ျပဳလုပ္ထားပါတယ္” လို႔ လင္းလင္းက ဆိုပါတယ္။

Soccer House Cafe’ ကို နံနက္ ၆ နာရီမွ ည ၁၁ နာရီအထိ ဖြင့္လွစ္ထားတာျဖစ္ၿပီး အစားအစာမ်ားအေနနဲ႔ နံနက္စာ အစုံအလင္နဲ႔ တ႐ုတ္ အစားအစာ ၊ ယိုးဒယား အစားအစာ မ်ားအျပင္ မႏၲေလးမုန႔္တီ၊ မုန႔္ဟင္းခါး၊ လက္ဖက္ရည္တို႔ ရရွိႏိုင္ပါတယ္။

ဆိုင္တြင္ေရာင္းခ်တဲ့ အစားအစာ မ်ားကို က်န္းမာေရး နဲ႔ ညီၫြတ္ရန္ အေကာင္းဆုံးျပင္ဆင္ေပးကာ အရက္ေသစာမ်ား ကိုေတာ့ ေရာင္းခ်ျခင္းျပဳမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

ေနာက္ပိုင္းမွာေတာ့ Soccer House Cafe’ တြင္ မီဒီယာ နဲ႔ပတ္သက္ေသာ ပြဲအခမ္းအနားမ်ားျပဳလုပ္ႏိုင္မွာျဖစ္ၿပီး အဆိုပါ ပြဲျပဳလုပ္မႈ အတြက္ ေနရာေၾကးအျဖစ္ သတ္မွတ္ေတာင္းယူမွာမဟုတ္ဘဲ တတ္ႏိုင္တဲ့ ေငြေၾကးပမာဏကို ထည့္သြားႏိုင္ၿပီး ရရွိတဲ့ ေငြေၾကး ကိုေတာ့ သက္ႀကီးအားကစားပညာရွင္မ်ားကို လႉဒါန္း ကန္ေတာ့သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Credit ; Burma irrawaddy

 

Unicode ဖြင့်ဖတ်ရန်

ဘောလုံးအငွေ့အသက်များနဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ “Soccer House”

ဘောလုံးအားကစားအငွေ့အသက်ပုံရိပ်များနဲ့ ဖန်တီးထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ Soccer House Cafe’ ဆိုင်လေးကိုတော့ သုဝဏ္ဏဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအတွင်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။

ထူးခြားတဲ့ ဆိုင်အပြင်အဆင်နဲ့ပတ်သက်ပြီး အဆိုတော်လင်းလင်းက “ဘောလုံးအားကစားနဲ့ ပတ်သက်တဲ့ နေရာဆိုတော့ ဘောလုံးနဲ့ပတ်သက်တဲ့ဟာ ပါတာလုပ်မယ်လို့ စဉ်းစားတော့ ဘောလုံးအသင်းတွေက အများကြီးရှိတယ်။ လတ်တလောနာမည်ကြီးတာရော ကိုယ့်မြန်မာအသင်းတွေကလည်း အများကြီးရှိတယ်။ ရှားရှားပါးပါးအမှတ်တရဖြစ်တဲ့ ၁၉၅၀/၆၀ /၇၀ ဝန်းကျင်က နိုင်ငံ့ဂုဏ်ဆောင်ဆရာသမားကြီးတွေရဲ့ ပုံရိပ်တွေနဲ့ ဖွင့်လှစ်ဖြစ်ခဲ့တာပါ” လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။

ဒီဆိုင်မှာတော့ ရွှေရောင်လွှမ်းခဲ့တဲ့ ဘောလုံးလောကရဲ့ အမှတ်တရပစ္စည်းများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဘောလုံးသမားများရဲ့ ပုံရိပ်များ အမှတ်တရအနေဖြင့် ပြသထားတာတွေ့ရပါတယ်။

“ကိုယ်တိုင်ကလည်း ဘောလုံးဝါသနာပါတယ်။ အေးအေးဆေးဆေးလည်း စားသုံးနိုင်မယ်။ အဓိကက ကားပါကင်လည်းကျယ်တယ်။ ဆိုင်အပြင်အဆင်အနေနဲ့ကလည်း နိုင်ငံံ့ဂုဏ်ဆောင်အားကစားသမားတွေရဲ့ ပုံလေးတွေ၊ အားကစားပစ္စည်းတွေ၊ ဘောလုံးကန်တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေကအစ ရောင်းချတာရော ပြင်ဆင်တာရော ပြုလုပ်ထားပါတယ်” လို့ လင်းလင်းက ဆိုပါတယ်။

Soccer House Cafe’ ရဲ့ ဆိုင်အပြင်အဆင် /ယုဖြူဟန်/ဧရာဝတီ
Soccer House Cafe’ ကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပြီး အစားအစာများအနေနဲ့ နံနက်စာ အစုံအလင်နဲ့ တရုတ်အစားအစာ၊ ယိုးဒယားအစားအစာများအပြင် မန္တလေးမုန့်တီ၊ မုန့်ဟင်းခါး၊ လက်ဖက်ရည်တို့ ရရှိနိုင်ပါတယ်။

ဆိုင်တွင်ရောင်းချတဲ့ အစားအစာများကို ကျန်းမာရေးနဲ့ ညီညွတ်ရန် အကောင်းဆုံးပြင်ဆင်ပေးကာ အရက်သေစာများ ကိုတော့ ရောင်းချခြင်းပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ Soccer House Cafe’ တွင် မီဒီယာနဲ့ပတ်သက်သော ပွဲအခမ်းအနားများပြုလုပ်နိုင်မှာဖြစ်ပြီး အဆိုပါ ပွဲပြုလုပ်မှုအတွက် နေရာကြေးအဖြစ် သတ်မှတ်တောင်းယူမှာမဟုတ်ဘဲ တတ်နိုင်တဲ့ ငွေကြေးပမာဏကို ထည့်သွားနိုင်ပြီး ရရှိတဲ့ငွေကြေးကိုတော့ သက်ကြီးအားကစားပညာရှင်များကို လှူဒါန်းကန်တော့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit ; Burma irrawaddy