Zawgyi ဖြင့်ဖတ်ရန်
၁။အသားအရေ နူးညံ့စေတယ်
၂။သွားဖြူစေတယ်
၆။ လက်သည်း ကျန်းမာစေတယ်
Credit : ရွှေအင်းလေး
Unicode ဖြင့်ဖတ်ရန်
အလွန်အသုံးဝင်တဲ့ ဆိုဒါမှုန့်ရဲ့ အစွမ်းများ
Baking Soda လို့ခေါ်တဲ့ ဆိုုဒါမှုန့်ရဲ့ အသုံးဝင်ပုံတွေကတော့ တကယ်ကို အံ့မခန်းပါပဲ ။ Baking Sod ဟာ ဈေးနှုန်းအားဖြင့်လည်း မကြီးမားသလို စူပါမားကတ်များနှင့်ဈေးထဲရှိ ကုန်ခြောက်ဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ် ။ အလှအပရေးရာအတွက် ဆိုဒါမှုန့်ရဲ့ အကျိုးကျေးဇူးတွေက များပြားလှပါတယ် ။
၁။အသားအရေနူးညံ့စေတယ်
Baking Soda အနည်းငယ် ၊ ရေ နှင့်ဆပ်ပြာရည် အနည်းငယ်ခန့်ကို ရောပြီး လက်နှင့်ခြေထောက်တွေကို နှိပ်နယ်ပွတ်ပေးပါ ။ ပြီးနောက် ရေဖြင့် စင်ကြယ်စွာဆေးကြောပေးပါ ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အသားအရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ် ။
၂။သွားဖြူစေတယ်
Baking Soda မှုန့် အနည်းငယ်ကို ရေ(သို့) သံပုယိုရည် အနည်းငယ်ခန့် ရောပြီး ခပ်ပျစ်ပျစ်မွှေပါ ။ ပြီးနောက် သွားပွတ်တံပေါ်သို့တင်ပြီး သွားတွေကို အနှံ့ ပွတ်တိုက်ပေးပါ ။ ၁မိနစ်ခန့်ကြာလျှင် ပလုတ်ကျင်း ဆေးကြောပစ်ပါ ။ ကွမ်း ၊ ဆေးလိပ် ၊ ကော်ဖီ ၊ လက်ဖက်ရည်ကြောင့်သွားဝါခြင်း ၊ ဂျွတ်တက်ခြင်းကို သက်သာစေပြီး ဖြူုဝင်းလာပါလိမ့်မယ်။
၃။ချိုင်းချွေးနံ့ကို ပျောက်စေတယ်
ချိုင်းချွေးနံ့ ထွက်တတ်တဲ့ သူတွေအတွက် အသုံးဝင်ပါတယ် ။ Baking soda လက်ဖက်ရည် ၃ဇွန်းခန့်ကို သံလွင်ဆီ (သို့)အုန်းဆီ အစက်အနည်းငယ်ခန့် ချပြီး ရောနှောကာ ချိုင်းကို သုတ်လိမ်းပါ ။ ၃မိနစ်ခန့်ကြာလျှင် ရေဆေးကြောပေးပါ ။ ချွေးထွက်ခြင်းကြောင့် အန့အသက်ဆိုးတွေ ဖြစ်စေတဲ့ ဘတ်တီးရီးယားများကို သေစေနိုင်ပါတယ် ။
၄။ကိုယ်ခန္ဓာအနံ့အသက်ဆိုးများကို သက်သာစေတယ်
ဆိုဒါမှုန့်က အနံ့အသက်ဆိုးတွေကို သက်သာစေတဲ့ အကောင်းဆုံး ပစ္စည်းတစ်မျိုး ဖြစ်ပါတယ် ။ ဆိုဒါမှုန့်အနည်းငယ်ကို ချိုးရေထဲထည့်ပြီး နာရီဝက်ခန့် ရေစိမ်နေလိုက်ပါ ။ တစ်ပါတ် ၂ကြိမ်ခန့် ပြုလုပ်ခြင်းဖြင့် အနံ့အသက်ဆိုးတွေကို သက်သာစေသွားပါလိမ့်မယ်။
၅။ခံတွင်းအနံ့ဆိုးထွက်ခြင်းကိုလည်း ကုသပေးတယ်
ခံတွင်းအနံ့ဆိုး ထွက်တတ်သူများအနေဖြင့် ရေတစ်ခွက်ထဲသို့ ဆိုဒါမှုန့် အနည်းငယ်ထည့်ကာ ပလုတ်ကျင်းပေးပါ ။ ဆိုဒါမှုန့်ကို ရေထဲမှာ ကောင်းစွာပျော်ဝင်သွားအောင် မွှေပေးဖို့တော့ လိုပါတယ် ။ ဒီလို နေ့စဉ်ပုံမှန် ပလုတ်ကျင်းခြင်းအားဖြင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းသွားစေမှာပါ။
၆။လက်သည်းကျန်းမာစေတယ်
Baking Soda ၃ဆ နှင့် ရေ၁ဆ ကိုရောစပ်ပြီး လက်သည်းတွေကို ဆေးကြောပွတ်တိုက်ပေးမယ်ဆိုလျှင် လက်သည်းကျိုးကြေလွယ်ခြင်းများ မဖြစ်တော့ဘဲ လက်သည်းများကို ဖွေးသန့်ကျန်းမာစေပါတယ်။
Credit : ရွှေအင်းလေး