Zawgyi ျဖင့္ဖတ္ရန္

ဒီသားေလး ကိုမွတ္မိၾကလားမသိဘူး HIV ေရာဂါသည္ ဖခင္ ကိုယ္တိုင္ ဦးဇင္း ထံေပးအပ္ၿပီး လွည္ကူး ကေနေခၚလာခဲ့တဲ့ သားငယ္ေလး ပါ ၿပီးခဲ့တဲ့ ရက္ပိုင္ကပဲ သားငယ္ေလး ရဲ့ ဖခင္ ဟာ လူေလာကကို လက္ျပႏုတ္ဆက္ၿပီး အၿပီးပိုင္ထြက္ခြါသြားပါၿပီ
သားငယ္ေလး မွာ အေမ ရွိပါေသးတယ္ အေမ ရွိေပမယ့္လည္း အေမ ျဖစ္သူကလည္း ဒီ ေရာဂါ နဲ႔ပါပဲ သားငယ္ေလး ရဲ့ အေဖ နဲ႔ အေမ က တကယ္ေတာ့ ကြဲေနၾကတာပါ… သားငယ္ေလး ရဲ့ အေဖ ဆုံးသြားေၾကာင္းကို အေမ ျဖစ္သူကိုယ္တိုင္ ေက်ာင္း ကိုလာေရာက္ေျပာၾကား ခဲ့တာပါ ။
အေမ ျဖစ္သူ ေက်ာင္း ေရာက္လာေတာ့ သား နဲ႔အေမ  ျဖစ္သူရဲ့ ခဏတာေတြ႕ဆုံခန္းေလးက ခုထိ ဦးဇင္း ရဲ့ မ်က္လုံး ထဲ ထင္က်န္ေနဆဲပါပဲ ေက်ာင္း ၿခံထဲကို လူတစ္ေယာက္ဝင္လာရင္ ေက်ာင္း အတြင္းထဲကေန ေက်ာင္း ၿခံဝကိုလွမ္းၾကည့္ ဘယ္သူဘယ္ဝါဆိုတာ သဲသဲကြဲကြဲမျမင္ရပါဘူး …။
အဒီေန႔က ေန႔လယ္ ၂နာရီဝန္းက်င္ေလာက္ျဖစ္မယ္ ဦးဇင္း လည္း အမည္မရွိတဲ့ အရာေတြနဲ႔ပဲ အလုပ္ရွုပ္ေနတယ္ သားငယ္က ဦးဇင္း နားမွာ အ႐ုပ္ ေတြနဲ႔ေဆာ့ကစားေန တာေပါ့
ေက်ာင္း ဝန္းထဲကို လူတစ္ေယာက္ဝင္လာတာကို ဦးဇင္း ျမင္တယ္ ဦးဇင္း သိတာက လူတစ္ေယာက္ဆိုတာ ေလာက္ပဲျမင္တာ ေယာက်ာ္း လား မိန္းမ လာဆိုတာေတာင္ ဦးဇင္းမ သဲကြဲဘူး ဒါေပမယ့္….အနားမွာေဆာ့ေနတဲ့ သားငယ္က လွမ္းၾကည့္ၿပီး ပါးစပ္ကလည္း ေမေမ လို႔ေခၚၿပီး ေက်ာင္း ထဲဝင္လာတဲ့လူဆီ ကိုေျပးသြားတယ္ ဦးဇင္း အံ့ၾသသြားတယ္ ။
ဦးဇင္းေသခ်ာၾကည္တာေတာင္ ေယာက်ာ္း မိန္းမ မကြဲဘူး သားငယ္ က သူရဲ့ အေမဆို တာ ေသခ်ာသိေနတယ္ ဪ…..သား နဲ႔အမိရဲ့ ေမတၱာ တရားက ဘယ္လိုပင္ ေဝးကြာေနေပမယ့္ အရိပ္တစ္ခုနဲ႔လည္း အေမ နဲ႔ သား ရယ္လို႔ ခံစားသိနိုင္တယ္


အနံံတစ္ခုနဲ႔လည္း အေမ နဲ႔သားရယ္လို႔ ခံစားသိနိုင္တယ္ အသံတ စ္ခုနဲ႔လည္း အေမ နဲ႔ သား ယ္လို႔ ခံစားသိနိုင္တယ္
ေမတၱာတရားရဲ့ စြမ္းအားက အံ့ဖြယ္ရွိေပစြ သားအမိႏွစ္ေယာက္ ေပြ႕ဖက္ငိုယိုၿပီး ေက်ာင္းထဲဝင္လာၾကတယ္ သားလည္းငို အေမလည္းငိုေပါ့ ဦးဇင္း လည္း ဘာမွမေျပာပဲ နားလည္စြာပဲ သားအမိႏွစ္ေယာက္ကိုၾကည့္ေနလိုက္တယ္
အတန္ၾကာသည္အထိ တင္းၾကပ္စြာ ေပြ႕ဖက္ငိုေနလိုက္ၾကတာ ငိုလို႔အားရမွ ဦးဇင္း ကို သတိရဟန္တူပါရဲ့ ဦးဇင္း ထံမ်က္ႏွာမူလာၿပီး တပည့္ေတာ္ က သားေလး ရဲ့ အေမ ပါ ဘုရား သူ အေဖ နဲ႔တပည့္ေတာ္က ကြဲေနတာပါဘုရား သားေလးကို ဆရာေတာ္ဆီ သူ အေဖ ပို႔လိုက္တယ္ဆိုတာ ၾကားပါတယ္
ခုတပည့္ေတာ္ဒီကိုလာတာ သားေလး ကို ေတြ႕ခ်င္တာေရာ ေနာက္တစ္ခုက သူ အေဖ ဆုံးသြားၿပီ ဘုရား အဲဒါကိုလာၿပီး အသိေပးတာပါဘုရားတဲ့ တပည့္ေတာ္ သား ကိုေခၚဘို႔လာတာမဟုတ္ပါဘူး ဘုရား တပည့္ေတာ္ လည္း သိပ္မေနရေတာ့ဘူးဘုရားတဲ့ ေျပာလည္းေျပာ ငိုလည္းငို ဆရာေတာ္ ကိုလည္း တပည့္ေတာ္ ေနာက္ဘဝေပါင္း မ်ားစြာအထိ ေက်းဇူးတင္ေနမွာပါဘုရားတဲ့ သားေလးကိုလည္း လိမ္လိမ္မာမာေနဘို႔ တဖြဖြမွာ ဆရာေတာ္ စကားကိုလည္း နားေထာင္ေနာ္သားဆိုၿပီ မွာေနတဲ့ အေမရဲ့ေမတၱာ ဘယ္အရာနဲ႔ ေဖာ္ၾကဴးရမွန္း ေတာင္မသိေလာက္ေအာင္ပါပဲ
ခဏေနေတာ့ အိတ္ထဲကေန သားငယ္ေလးကို ဘိနပ္ေလး တစ္ရံထုတ္ၿပီးေပးတယ္ တပည့္ေတာ္ သားက ဘိနပ္ မျမဲဘူးဘုရား ခဏခဏေပ်ာက္တယ္ (ဟုတ္ပါတယ္ သားငယ္ ကို ေက်ာင္းေရာက္တဲ့ ေန႔ကစၿပီး တစ္ေန႔ တစ္ရံနီးပါ ဘိနပ္ ထုတ္ေပးရပါတယ္ ဘိနပ္ မေပ်ာက္ဖို႔လည္း ခဏခဏမွာရတယ္)
သားျဖစ္သူကို အေမျဖစ္သူက ဘိနပ္ ကေလးထုတ္ေပးၿပီး သားငယ္ ကိုစိတ္မခ်စြာ မွာရွာတယ္ က်န္းမာေရး ဂ႐ုစိုက္ဖို႔ ဘိနပ္စီးဘို႔ ေနာက္ဆို ဘိနပ္ မေပ်ာက္ဘို႔ တဖြဖြမွာရင္း ညေန၄နာရီေလာက္ သားငယ္ေလး ကို ႏုတ္ဆက္ၿပီးေက်ာင္းကေနျပန္သြားတယ္
ေနာက္ေန႔မနက္ၾကေတာ့ ေက်ာင္းဆရာ တစ္ေယာက္က ဦးဇင္း ကို လာေျပာတယ္ ဦးဇ င္းတဲ့ ေကာင္းဆက္မ်ိဳးဆက္က ဘာျဖစ္တာလည္းမသိဘူးတဲ့ ညအိပ္ရင္ သူ ဘိနပ္ ကေလးကို ဖက္ဖက္ၿပီအိပ္တာတဲ့ ရင္ထဲမွာ စိတ္မေကာင္းျဖစ္သြားမိတယ္
ထူးျခားစြာပဲ ဦးဇင္း ကို လည္း လာေျပာတယ္ ေဖႀကီးေဖႀကီးတဲ့ ဘိနပ္ကေလးကို ကိုင္ၿပီးလာျပတယ္ သားဘိနပ္မေပ်ာက္ေတာ့ဘူးေနာ္တဲ့ ရင္ထဲကခံစားခ်က္ကို သူ႔ခင္မ်ာ မေျပာတတ္ရွာေပမယ့္ ဒီ ဘိနပ္ ကေလးဟာ အေမ ေပးခဲ့တဲ့ တစ္ခုတည္းေသာ အေမြပစၥည္းေလးပါလားဆိုတဲ့အသိနဲ႔ သားငယ္ေလး တစ္ယုတယရွိေနတာျဖစ္မယ္။
ေအးခ်မ္းပါေစ သားငယ္ ေလးရယ္
အရွင္ဇနာနႏၵYGW
ရန္ကုန္မႏၲေလးအျမန္လမ္းသစ္ေဘး၈၉မိုင္၅ဖာလုံ
YGW ပရဟိတမိဘမဲ့ေက်ာင္း
ဖုန္း 09780000085
Source : https://goo.gl/8ZEt7E

Unicode ဖြင့်ဖတ်ရန်

သား ဘိနပ် မပျောက်တော့ဘူး ဖေကြီး

ဒီသားလေးကိုမှတ်မိကြလားမသိဘူး HIV ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံပေးအပ်ပြီး လှည်ကူးကနေခေါ်လာခဲ့တဲ့ သားငယ်လေးပါ ပြီးခဲ့တဲ့ ရက်ပိုင်ကပဲ သားငယ်လေးရဲ့ဖခင်ဟာ လူလောကကို လက်ပြနုတ်ဆက်ပြီး အပြီးပိုင်ထွက်ခွါသွားပါပြီ
သားငယ်လေးမှာ အမေရှိပါသေးတယ် အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီရောဂါနဲ့ပါပဲ သားငယ်လေးရဲ့ အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ… သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူကိုယ်တိုင် ကျောင်းကိုလာရောက်ပြောကြား ခဲ့တာပါ ။
အမေဖြစ်သူ ကျောင်းရောက်လာတော့ သားနဲ့အမေဖြစ်သူရဲ့ ခဏတာတွေ့ဆုံခန်းလေးက ခုထိဦးဇင်းရဲ့ မျက်လုံထဲ ထင်ကျန်နေဆဲပါပဲ ကျောင်းခြံထဲကို လူတစ်ယောက်ဝင်လာရင် ကျောင်းအတွင်းထဲကနေ ကျောင်းခြံဝကိုလှမ်းကြည့် ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမမြင်ရပါဘူး …။
အဒီနေ့က နေ့လယ် ၂နာရီဝန်းကျင်လောက်ဖြစ်မယ် ဦးဇင်းလည်း အမည်မရှိတဲ့ အရာတွေနဲ့ပဲ အလုပ်ရှုပ်နေတယ် သားငယ်က ဦးဇင်းနားမှာ အရုပ်တွေနဲ့ဆော့ကစားနေ တာပေါ့
ကျောင်းဝန်းထဲကို လူတစ်ယောက်ဝင်လာတာကို ဦးဇင်းမြင်တယ် ဦးဇင်းသိတာက လူတစ်ယောက်ဆိုတာ လောက်ပဲမြင်တာ ယောကျာ်းလား မိန်းမလာဆိုတာတောင် ဦးဇင်းမသဲကွဲဘူး ဒါပေမယ့်….အနားမှာဆော့နေတဲ့ သားငယ်က လှမ်းကြည့်ပြီး ပါးစပ်ကလည်း မေမေလို့ခေါ်ပြီး ကျောင်းထဲဝင်လာတဲ့လူဆီ ကိုပြေးသွားတယ် ဦးဇင်းအံ့သြသွားတယ် ။
ဦးဇင်းသေချာကြည်တာတောင် ယောကျာ်း မိန်းမမကွဲဘူး သားငယ်က သူရဲ့အမေဆိုတာ သေချာသိနေတယ် ဪ…..သားနဲ့အမိရဲ့ မေတ္တာတရားက ဘယ်လိုပင် ဝေးကွာနေပေမယ့် အရိပ်တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်
အနံံတစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ် အသံတစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်
မေတ္တာတရားရဲ့ စွမ်းအားက အံ့ဖွယ်ရှိပေစွ သားအမိနှစ်ယောက် ပွေ့ဖက်ငိုယိုပြီး ကျောင်းထဲဝင်လာကြတယ် သားလည်းငို အမေလည်းငိုပေါ့ ဦးဇင်းလည်း ဘာမှမပြောပဲ နားလည်စွာပဲ သားအမိနှစ်ယောက်ကိုကြည့်နေလိုက်တယ်
အတန်ကြာသည်အထိ တင်းကြပ်စွာ ပွေ့ဖက်ငိုနေလိုက်ကြတာ ငိုလို့အားရမှ ဦးဇင်းကို သတိရဟန်တူပါရဲ့ ဦးဇင်းထံမျက်နှာမူလာပြီး တပည့်တော်က သားလေးရဲ့အမေပါဘုရား သူအဖေနဲ့တပည့်တော်က ကွဲနေတာပါဘုရား သားလေးကို ဆရာတော်ဆီ သူအဖေပို့လိုက်တယ်ဆိုတာ ကြားပါတယ်
ခုတပည့်တော်ဒီကိုလာတာ သားလေးကို တွေ့ချင်တာရော နောက်တစ်ခုက သူအဖေဆုံးသွားပြီဘုရား အဲဒါကိုလာပြီး အသိပေးတာပါဘုရားတဲ့ တပည့်တော် သားကိုခေါ်ဘို့လာတာမဟုတ်ပါဘူးဘုရား တပည့်တော်လည်း သိပ်မနေရတော့ဘူးဘုရားတဲ့ ပြောလည်းပြော ငိုလည်းငို ဆရာတော်ကိုလည်း တပည့်တော် နောက်ဘဝပေါင်း များစွာအထိ ကျေးဇူးတင်နေမှာပါဘုရားတဲ့ သားလေးကိုလည်း လိမ်လိမ်မာမာနေဘို့ တဖွဖွမှာ ဆရာတော်စကားကိုလည်း နားထောင်နော်သားဆိုပြီ မှာနေတဲ့ အမေရဲ့မေတ္တာ ဘယ်အရာနဲ့ ဖော်ကြူးရမှန်း တောင်မသိလောက်အောင်ပါပဲ
ခဏနေတော့ အိတ်ထဲကနေ သားငယ်လေးကို ဘိနပ်လေးတစ်ရံထုတ်ပြီးပေးတယ် တပည့်တော်သားက ဘိနပ်မမြဲဘူးဘုရား ခဏခဏပျောက်တယ် (ဟုတ်ပါတယ် သားငယ်ကို ကျောင်းရောက်တဲ့ နေ့ကစပြီး တစ်နေ့ တစ်ရံနီးပါ ဘိနပ်ထုတ်ပေးရပါတယ် ဘိနပ်မပျောက်ဖို့လည်း ခဏခဏမှာရတယ်)
သားဖြစ်သူကို အမေဖြစ်သူက ဘိနပ်ကလေးထုတ်ပေးပြီး သားငယ်ကိုစိတ်မချစွာ မှာရှာတယ် ကျန်းမာရေးဂရုစိုက်ဖို့ ဘိနပ်စီးဘို့ နောက်ဆို ဘိနပ်မပျောက်ဘို့ တဖွဖွမှာရင်း ညနေ၄နာရီလောက် သားငယ်လေးကို နုတ်ဆက်ပြီးကျောင်းကနေပြန်သွားတယ်
နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်က ဦးဇင်းကို လာပြောတယ် ဦးဇင်းတဲ့ ကောင်းဆက်မျိုးဆက်က ဘာဖြစ်တာလည်းမသိဘူးတဲ့ ညအိပ်ရင် သူဘိနပ်ကလေးကို ဖက်ဖက်ပြီအိပ်တာတဲ့ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်
ထူးခြားစွာပဲ ဦးဇင်းကိုလည်း လာပြောတယ် ဖေကြီးဖေကြီးတဲ့ ဘိနပ်ကလေးကို ကိုင်ပြီးလာပြတယ် သားဘိနပ်မပျောက်တော့ဘူးနော်တဲ့ ရင်ထဲကခံစားချက်ကို သူ့ခင်မျာ မပြောတတ်ရှာပေမယ့် ဒီဘိနပ်ကလေးဟာ အမေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပစ္စည်းလေးပါလားဆိုတဲ့အသိနဲ့ သားငယ်လေး တစ်ယုတယရှိနေတာဖြစ်မယ်။
အေးချမ်းပါစေသားငယ်လေးရယ်
အရှင်ဇနာနန္ဒYGW
ရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး၈၉မိုင်၅ဖာလုံ
YGW ပရဟိတမိဘမဲ့ကျောင်း
ဖုန်း 09780000085
Source : https://goo.gl/8ZEt7E