Zawgyi ျဖင့္ဖတ္ရန္

 

အခ်င္းခ်င္း ေျပာဆိုဆက္ဆံတဲ့အခါ စကား ကို ၾကမ္းၾကမ္းတမ္းတမ္းမေျပာဖုိ႔၊ မ႐ိုင္းပ်ဖုိ႔ လူႀကီးသူမေတြက ဆံုးမ ၾကတယ္။ ေဒါသ အရမ္းထြက္လာရင္ေတာ့ မရပါဘူး။ ေျပာရင္းနဲ႔ စကားၾကမ္းသြားေရာ။ တခ်ိဳ႕ေတြက်ေတာ့လည္း အၿမဲတမ္းစကားကို ႐ိုင္း႐ိုင္းေျပာတယ္။ ေျပာပံုဆိုပံုကလည္း ဘယ္ေတာ့မွအခ်ိဳးမေျပဘူး။ ဒီလိုလူေတြနဲ႔ေတြ႕လာရင္ ဘယ္လိုျပန္ေျပာၾကမလဲ။

၁။ အခ်ိဳးမေျပတဲ့ လုပ္ေဖာ္ကိုင္ဖက္

အလု ပ္ထဲက အဆင္မေျပစရာေတြကို ေခါင္းထဲ တစ္ခ်ိန္လံုးထည့္ထားမေနပါနဲ႔။ ေဒါသႀကီး နဲ႔ အိပ္ရာ ဝင္ရတာ မေကာင္းဘူး။ ဒီလိုမ်ိဳး ေျပာလို႔ဆုိလို႔အဆင္မေျပတဲ့ လုပ္ေဖာ္ကိုင္ဖက္ကို အီးေမးလ္ကပဲေျပာမယ္လို႔ အေၾကာင္းျပန္လိုက္ပါ။ မ်က္ႏွာခ်င္းဆုိင္ၿပီး ေျပာမေနပါနဲ႔။

၂။ ပထမဆံုး ခ်ိန္းေတြ႕ ခ်ိန္မွာအဆင္မေျပတဲ့အခါ

အြန္လိုင္း မွာေတြ႕ၿပီး အျပင္မွာေတြ႕ဖုိ႔ ခ်ိန္းလိုက္ၾကတယ္။ ပထမဆံုးေတြ႕တဲ့အခ်ိန္မွာပဲ ဒီလူ နဲ႔အဆင္မေျပမွန္း မိနစ္ပိုင္းအတြင္းမွာတင္ သိလုိက္ရၿပီ။ အစားအေသာက္ ေတြကို ျပစ္တင္ေနမယ္၊ သူ႕အႀကိဳက္ဂိမ္း အေၾကာင္းပဲေတာက္ေလွ်ာက္ေျပာေနမယ္၊ အရင္ ရည္းစား ေတြအေၾကာင္းကို ပါးစပ္အရသာခံေျပာေနမယ္ဆုိ ကိုယ္က ဘယ္လိုမွအဆင္မေျပေတာ့ဘူး။ ဒါေတြက မေျပာသင့္တဲ့စကားမွန္း သူသိဖုိ႔ေကာင္းတယ္။ ဒါေပမဲ့ သူက ဂ႐ုမစိုက္ဘဲ ကိုယ့္ကို မေလးစား ဘဲ ေျပာခ်င္တုိင္းေျပာေနမယ္ဆုိရင္ေတာ့ ကိုယ္က ေဒါသထြက္လာမိမွာပဲ။ ေတြ႕ရာနဲ႔ေကာက္ထုၿပီး ျပန္ေျပာပလိုက္ခ်င္လာတယ္ေလ။ တကယ္ေတာ့ သူ႕မွာစိတ္ဒဏ္ရာတစ္ခုခု ရွိေနလို႔ ဒီလိုေတြလုပ္ေနတာပါ။ သူ႕မွာအဆင္မေျပတဲ့ နာက်င္စရာကိစၥေတြရွိေနသလားဆုိတာ ကိုယ္က ေမးျမန္းၿပီး နားေထာင္ေပးလိုက္ဖုိ႔ေကာင္းပါတယ္။ သူ႕ရဲ႕အတိတ္ ျဖစ္ရပ္ဟာ ကိုယ္နဲ႔အတူေလွ်ာက္မယ့္ အနာဂတ္မွာ မသက္ဆိုင္ဘူးဆိုတာ သူေရာကိုယ္ပါလက္ခံရပါမယ္။ ျပန္ရိုင္းပ်ဖုိ႔ မလိုပါဘူးေနာ္။

၃။ အာက်ယ္ အာက်ယ္ သမား

အထူးသျဖင့္ အမ်ိဳး ေတြေပါ့။ ကိုယ္နဲ႔အၿမဲေတြ႕ေနရတဲ့ မိသားစုဝင္ေတြက ဒါမ်ိဳးေတြမေျပာၾကဘူး။ သူတုိ႔ေရာက္လာမွ အာေပါင္အာရင္းသန္သန္နဲ႔ ေအာ္ဟစ္ေျပာေနတာမ်ိဳး ၾကံဳဖူးလား။ သူတုိ႔နဲ႕ၾကံဳေနရၿပီဆုိရင္ “ကၽြန္ေတာ္/ကၽြန္မနဲ႔ေနရင္ ဂ႐ုစိုက္ေပးပါလား၊ အရမ္းကို ဆတ္ဆတ္ထိမခံ ျဖစ္တတ္လို႔ပါေနာ္” ဆုိၿပီး ေလသံခ်ိဳခ်ိဳေလးနဲ႔ပဲေျပာလိုက္ပါ။ ကိုယ္က သူတုိ႔နဲ႔စရိုက္မတူဘူးဆိုတာကိုေရာ မႏွစ္သက္ဘူးဆုိတာကိုပါ သိသြားတာေပါ့။

၄။ ႐ိုမန္႔တစ္ ဆန္တဲ့ ခ်စ္သူ

ပံုမွန္အားျဖင့္ေတာ့ သူက အရမ္းကို ရိုမန္႔တစ္ ဆန္ျပ ခ်စ္ျပတတ္တာေလ။ အခန္႔မသင့္လို႔ ရန္ျဖစ္စကားမ်ားေတာ့မွ စကားေတြက ကန္႔လန္႔ေတြတုိက္လာတာ။ ဒီလိုမ်ိဳးမွာဆုိရင္ “ဒီ သီခ်င္း ေလးနားေထာင္ၾကည့္ပါလား”လို႔ ေျပာၿပီး သူေရာကိုယ္ပါႀကိဳက္မယ့္ သီခ်င္း ကို ပို႔ေပးလိုက္ပါ။ ဒါမွမဟုတ္ ဖြင့္ျပလိုက္ပါ။ အိုေကသြားပါလိမ့္မယ္။

၅။ အြန္လိုင္း ေပၚကေလွာင္ေျပာင္ေနသူ

ကိုယ္နဲ႔လည္းမရင္းႏွီးဘဲ အသားလြတ္ႀကီး အြန္လိုင္း ေပၚမွာ လာေစာ္ကားေနတာမ်ိဳးလား။ အခ်ိန္ကုန္ခံမေနနဲ႔ ဘေလာ့လိုက္တာအေကာင္းဆံုးနည္းပါပဲ။

Credit: mingalarbarmorning

Unicode ဖြင့်ဖတ်ရန်

စကားပြော ရိုင်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန်ပြောနိုင်မယ့် စကား (၅) ခွန်း

 

အချင်းချင်း ပြောဆိုဆက်ဆံတဲ့အခါ စကား ကို ကြမ်းကြမ်းတမ်းတမ်းမပြောဖို့၊ မရိုင်းပျဖို့ လူကြီးသူမတွေက ဆုံးမ ကြတယ်။ ဒေါသ အရမ်းထွက်လာရင်တော့ မရပါဘူး။ ပြောရင်းနဲ့ စကားကြမ်းသွားရော။ တချို့တွေကျတော့လည်း အမြဲတမ်းစကားကို ရိုင်းရိုင်းပြောတယ်။ ပြောပုံဆိုပုံကလည်း ဘယ်တော့မှအချိုးမပြေဘူး။ ဒီလိုလူတွေနဲ့တွေ့လာရင် ဘယ်လိုပြန်ပြောကြမလဲ။

၁။ အချိုးမပြေတဲ့ လုပ်ဖော်ကိုင်ဖက်

အလု ပ်ထဲက အဆင်မပြေစရာတွေကို ခေါင်းထဲ တစ်ချိန်လုံးထည့်ထားမနေပါနဲ့။ ဒေါသကြီး နဲ့ အိပ်ရာ ဝင်ရတာ မကောင်းဘူး။ ဒီလိုမျိုး ပြောလို့ဆိုလို့အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အီးမေးလ်ကပဲပြောမယ်လို့ အကြောင်းပြန်လိုက်ပါ။ မျက်နှာချင်းဆိုင်ပြီး ပြောမနေပါနဲ့။

၂။ ပထမဆုံး ချိန်းတွေ့ ချိန်မှာအဆင်မပြေတဲ့အခါ

အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့ဖို့ ချိန်းလိုက်ကြတယ်။ ပထမဆုံးတွေ့တဲ့အချိန်မှာပဲ ဒီလူ နဲ့အဆင်မပြေမှန်း မိနစ်ပိုင်းအတွင်းမှာတင် သိလိုက်ရပြီ။ အစားအသောက် တွေကို ပြစ်တင်နေမယ်၊ သူ့အကြိုက်ဂိမ်း အကြောင်းပဲတောက်လျှောက်ပြောနေမယ်၊ အရင် ရည်းစား တွေအကြောင်းကို ပါးစပ်အရသာခံပြောနေမယ်ဆို ကိုယ်က ဘယ်လိုမှအဆင်မပြေတော့ဘူး။ ဒါတွေက မပြောသင့်တဲ့စကားမှန်း သူသိဖို့ကောင်းတယ်။ ဒါပေမဲ့ သူက ဂရုမစိုက်ဘဲ ကိုယ့်ကို မလေးစား ဘဲ ပြောချင်တိုင်းပြောနေမယ်ဆိုရင်တော့ ကိုယ်က ဒေါသထွက်လာမိမှာပဲ။ တွေ့ရာနဲ့ကောက်ထုပြီး ပြန်ပြောပလိုက်ချင်လာတယ်လေ။ တကယ်တော့ သူ့မှာစိတ်ဒဏ်ရာတစ်ခုခု ရှိနေလို့ ဒီလိုတွေလုပ်နေတာပါ။ သူ့မှာအဆင်မပြေတဲ့ နာကျင်စရာကိစ္စတွေရှိနေသလားဆိုတာ ကိုယ်က မေးမြန်းပြီး နားထောင်ပေးလိုက်ဖို့ကောင်းပါတယ်။ သူ့ရဲ့အတိတ် ဖြစ်ရပ်ဟာ ကိုယ်နဲ့အတူလျှောက်မယ့် အနာဂတ်မှာ မသက်ဆိုင်ဘူးဆိုတာ သူရောကိုယ်ပါလက်ခံရပါမယ်။ ပြန်ရိုင်းပျဖို့ မလိုပါဘူးနော်။

၃။ အာကျယ် အာကျယ် သမား

အထူးသဖြင့် အမျိုး တွေပေါ့။ ကိုယ်နဲ့အမြဲတွေ့နေရတဲ့ မိသားစုဝင်တွေက ဒါမျိုးတွေမပြောကြဘူး။ သူတို့ရောက်လာမှ အာပေါင်အာရင်းသန်သန်နဲ့ အော်ဟစ်ပြောနေတာမျိုး ကြုံဖူးလား။ သူတို့နဲ့ကြုံနေရပြီဆိုရင် “ကျွန်တော်/ကျွန်မနဲ့နေရင် ဂရုစိုက်ပေးပါလား၊ အရမ်းကို ဆတ်ဆတ်ထိမခံ ဖြစ်တတ်လို့ပါနော်” ဆိုပြီး လေသံချိုချိုလေးနဲ့ပဲပြောလိုက်ပါ။ ကိုယ်က သူတို့နဲ့စရိုက်မတူဘူးဆိုတာကိုရော မနှစ်သက်ဘူးဆိုတာကိုပါ သိသွားတာပေါ့။

၄။ ရိုမန့်တစ် ဆန်တဲ့ ချစ်သူ

ပုံမှန်အားဖြင့်တော့ သူက အရမ်းကို ရိုမန့်တစ် ဆန်ပြ ချစ်ပြတတ်တာလေ။ အခန့်မသင့်လို့ ရန်ဖြစ်စကားများတော့မှ စကားတွေက ကန့်လန့်တွေတိုက်လာတာ။ ဒီလိုမျိုးမှာဆိုရင် “ဒီ သီချင်း လေးနားထောင်ကြည့်ပါလား”လို့ ပြောပြီး သူရောကိုယ်ပါကြိုက်မယ့် သီချင်း ကို ပို့ပေးလိုက်ပါ။ ဒါမှမဟုတ် ဖွင့်ပြလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။

၅။ အွန်လိုင်း ပေါ်ကလှောင်ပြောင်နေသူ

ကိုယ်နဲ့လည်းမရင်းနှီးဘဲ အသားလွတ်ကြီး အွန်လိုင်း ပေါ်မှာ လာစော်ကားနေတာမျိုးလား။ အချိန်ကုန်ခံမနေနဲ့ ဘလော့လိုက်တာအကောင်းဆုံးနည်းပါပဲ။

Credit: mingalarbarmorning