Zawgyi ျဖင့္ဖတ္ရန္

ဟင္း မ်ိဳးစုံတို႔ကို ခ်က္ျပဳတ္ၾကရာတြင္ ခ်က္နည္းႏွင့္ ထည့္ခ်က္သည့္ အမ်ိဳးအစား ေပၚတြင္ မူတည္ၿပီး ဟင္း ၏ အရသာ မွာလည္း ကြဲျပားသြားၾကပါသည္။
ဟင္းလွ်ာ မ်ိဳးစုံတို႔ကို ပိုမိုထူးကဲေသာ အရသာ ကို ပိုင္ဆိုင္လိုပါက ေအာက္ပါနည္းတို႔ကို အသုံးျပဳနိုင္ၾကပါသည္။
၁။ ၾကက္သားဟင္း သည္ အာလူး နွင့္ အလိုက္ဖက္ဆုံးျဖစ္ပါသည္။ ၾကက္သား ကို ခ်က္သည္ျဖစ္ေစ၊ ေၾကာ္သည္ျဖစ္ေစ အာလူး နွင့္တြဲစားပါက အရသာ ပိုမိုထူးကဲပါသည္။ ကမာၻေက်ာ္ အစားအစာ တစ္ခုျဖစ္သည့္ KFC ၾကက္ေၾကာ္ ကို အာလူးေခ်ာင္းေၾကာ္မ်ားႏွင့္ တြဲစားၾကသည္မွာ သက္ေသျဖစ္ပါသည္။
၂။ ဘဲသား ကို ေပါင္းစားသည္ျဖစ္ေစ၊ ဘဲစတူး လုပ္စားသည္ျဖစ္ေစ မွိုအမည္းႏွင့္ ဂ်ပန္တို႔ဟူးကို ထည့္ေပးပါ။ ပိုမိုထူးကဲေသာ အရသာ ကို ပိုင္ေစပါမည္။ (နာမည္ႀကီးၿပီး လူအမ်ားႀကီးစားသုံးေနတဲ့ ဆိုင္အခ်ိဳ႕မွာ နည္းစနစ္ကို လူသိမွာစိုး၍ မွိုႏွင့္ တို႔ဟူး ပါမွန္းမသိေအာင္ အဖတ္ ကို ဆည္ထားတတ္ၾကပါသည္)
၃။ ဆိတ္သား ကို မခ်က္ခင္မွာ ဒိန္ခ်ဥ္ နွင့္ သံပရာသီး ကိုညွစ္ထည့္ၿပီး အရင္ႏွပ္ထားရပါမည္။ ၿပီးမွ ခ်က္လွ်င္ အညီနံ႕လည္းေပ်ာက္သလို အသား လည္းႏူးၿပီး ပိုစားေကာင္းပါသည္။
၄။ ဂဏန္း ကို အရသာပိုရွိေအာင္ ခ်က္စားရသည့္လွို႔ဝွက္ခ်က္သည္ ၾကက္ဥ ျဖစ္ပါသည္။ ခ်က္စား၊ ေပါင္းစားသည္ျဖစ္ေစ ၾကက္ဥ တစ္လုံးကိုေတာ့ ပါေအာင္ ထည့္ေပးပါ။
၅။ အေၾကာ္ ေၾကာ္စားေတာ့မည္ဆိုလွ်င္ ဘူးသီးေၾကာ္၊ ၾကက္သြန္ေၾကာ္စသည့္ မည္သည့္အေၾကာ္မဆို အေၾကာ္ေၾကာ္မည့္ မႈန႔္ႏွစ္ထဲကို ငွက္ေပ်ာသီး တစ္လုံး ေခ်ၿပီး ထည့္လိုက္ပါ။ ေ႐ႊၾကည္မႈန႔္ အနည္းငယ္ကိုထည့္ေပးပါ။ အေၾကာ္ မ်ား ေဖာင္းေဖာင္းေလးျဖစ္ၿပီး ပိုမိုႂကြတ္႐ြေစကာ အရသာလည္း ပိုေကာင္းေစပါမည္။
၆။ ေခါက္ဆြဲ ကို တ႐ုတ္ဆိုင္က ေခါက္ဆြဲ ေၾကာ္ျငာကဲ့သို႔ ေမႊးႀကိဳင္ေနေအာင္ ေၾကာ္စားခ်င္လွ်င္ အေၾကာ္အိုး ကို သီးသန႔္ထားပါ။ ဆီဝေနသည့္ အေၾကာ္ သီးသန႔္အိုးသည္ အနံ႕ႏွင့္ အရသာကိုပါ ကြာျခားေစပါသည္။
၇။ နာမည္ႀကီး Chinese Restaurant မ်ား၏ ဟင္းလွ်ာ အရသာ လွ်ို႔ဝွက္ခ်က္ မွာ ၾကက္ရိုးျပဳတ္ရည္ ျဖစ္ပါသည္။ မိုးလင္း ကတည္းက ျပဳတ္ထားသည့္ ၾကက္ရိုးျပဳတ္ရည္ ကို မည္သည့္ဟင္းကိုမဆို အနည္းငယ္စီ ခပ္ေပးပါက အရသာ ပိုမို ထူးကဲေစပါမည္။
၈။ ဝက္သား ကို အခ်ိဳခ်က္ကေလး စားခ်င္လွ်င္ သၾကား အနည္းငယ္ ထည့္လိုက္ပါ။ ဝက္သား တ႐ုတ္ခ်က္ အရသာ ေပၚလာေစမည္။
၉။ ရိုးဒယားနာမည္ႀကီး တုံယမ္း ဟင္းရည္ခ်က္စားမည္ဆိုလွ်င္ ထည့္ရမည့္ ေရွာက္႐ြက္ သည္ ေရွာက္ဘီလူး႐ြက္ ျဖစ္ပါသည္။ ရိုးရိုး ေရွာက္႐ြက္ ထည့္လိုက္လို႔ အရသာခါးသက္သက္ျဖစ္သြားၾကသူမ်ား သတိထားစရာပါ။
၁၀။ ကန္စြန္း႐ြက္ေၾကာ္ ကို အေရာင္မမည္းသြားေစေအာင္ ၾကက္သြန္ နွင့္ ဆားကို အုပ္ေပးလိုက္ပါ။ သို႔မဟုတ္ မေၾကာ္ခင္မွာ ေရခဲေရ ထဲကို ဆားထည့္ၿပီး စိမ္ေဆးပါ။
၁၁။ ထမင္း ကို ျဖဴျဖဴေဖြးေဖြးေလးနဲ႕ မ်က္ႏွာပန္းလွေစခ်င္ရင္ ဆန္ေဆး သည့္အခါ ေရွာက္သီး အရည္ေလး အနည္းငယ္ညစ္ထည့္ေပးပါ။
၁၂။ မုန႔္ဟင္းခါး အရသာထူးကဲေစျခင္း၏ လွ်ို႔ဝွက္ခ်က္ မွာ ငါးဖယ္ရိုး ျပဳတ္ရည္ျဖစ္ပါသည္။
၁၃။ အညာ တို႔ဟူးသုပ္ ၏ ထူးကဲေသာ အရသာ လွ်ို႔ဝွက္ခ်က္ မွာ စဥ့္အင္တုံ ထဲမွာ ေဖ်ာ္ထားသည့္ဆားရည္သည္ အဓိက ျဖစ္ပါသည္။
Credit : Royal Sai (ပူတာအို)

 

Unicode ဖြင့်ဖတ်ရန်

ထူးကဲသောအရသာဖြစ်စေသည့်ဟင်းလျာ၏ လျို့ဝှက်ချက်

ဟင်းမျိုးစုံတို့ကို ချက်ပြုတ်ကြရာတွင် ချက်နည်းနှင့် ထည့်ချက်သည့် အမျိုးအစားပေါ်တွင် မူတည်ပြီး ဟင်း၏အရသာမှာလည်း ကွဲပြားသွားကြပါသည်။
ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းတို့ကို အသုံးပြုနိုင်ကြပါသည်။
၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။
၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)
၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။
၄။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။
၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ်ကိုထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါမည်။
၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါသည်။
၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။
၈။ ဝက်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ဝက်သားတရုတ်ချက်အရသာ ပေါ်လာစေမည်။
၉။ ရိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထားစရာပါ။
၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။
၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။
၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။
၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။

Credit : Royal Sai (ပူတာအို)