Zawgyi ဖြင့်ဖတ်ရန်




 

Unicode ဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံက ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ မျက်ရည်ကျခဲ့

ထိုင်းနိုင်ငံ၊ အယုဒ္ဒယမြို့ရှိ နာမည်ကျော် ဖရကဲဝို ဗုဒ္ဓဘုရားကျောင်းဆောင် အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်က မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ပြီးနောက် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ မျက်လုံးတော် နှစ်ဖက်လုံးမှ မျက်ရည်စီးကြောင်းများ ကျလာခဲ့ ထိုင်းသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

သတင်းဌါနအချို့က နမိတ်ဆိုးပြတဲ့ပုံရိပ်လို့ ဖော်ပြခဲ့ကြပေမယ့် ဘုရားကျောင်းဆောင် မီးလောင်တဲ့ အပူရှိန်ကြောင့် မျက်လုံးတော်မှာ ချယ်ထားတဲ့ ဆေးတွေပျော်ကျလာခဲ့ပုံရတယ်လို့ သုံးသပ်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်နေချိန် ယခုဖြစ်ရပ်က အတိတ်နမိတ်ကို အထူးယုံကြည်ကြသူများအတွက်တော့ စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့သည်။

share from : search myanmar