Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၁၃ ရက္ေန႔က နတ္ရြာစံ သြားတဲ့ ထိုင္းဘုရင္ႀကီး ဘူမိေဘာရဲ႕ ႐ုပ္ကလပ္ မီးသၿဂႋဳဟ္ပြဲ အခမ္းအနားကို ဒီလ ၂၆ ရက္ေန႔ က်င္းပမွာျဖစ္ၿပီး ဒီလအတြင္း ႐ုပ္သံလႊင့္ ဌာန ေတြနဲ႔ ျပည္သူ ေတြအတြက္ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို ဘုရင္ႀကီး စ်ာပန အခမ္းအနား က်င္းပေရး ဦးေဆာင္ေကာ္မတီက ေၾကညာထားပါတယ္။

႐ုပ္သံလႊင့္ ဌာနေတြအေနနဲ႔ ေအာက္တိုဘာ ၁၃ ရက္မွ ၂၀ ရက္ေန႔ေတြအတြင္း ဘုရင္ႀကီးကို ေအာက္ေမ့လြမ္းဆြတ္ျခင္း ျပသတဲ့အေနနဲ႔ ႐ုပ္သံ/မီဒီယာအေရာင္ ေတာက္ပမႈကို ၄၀ ရာႏႈန္း ေလွ်ာ့ခ်ရန္၊ အစီအစဥ္တင္ဆက္သူေတြအေနနဲ႔ ဝမ္းနည္းျခင္းအထိမ္းအမွတ္ အနက္ေရာင္ဝတ္စံုသာ ဝတ္ဆင္ဖုိ႔၊ ေအာက္တိုဘာ ၂၁ မွ ၂၄ ရက္ေန႔ထိ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ဆိုင္းငံ့ထားဖုိ႔၊ စီးပြားေရးေၾကာ္ျငာနဲ႔ ရႊင္ျမဴးစရာ ဟာသကြက္ေတြ၊ ယဥ္ေက်း သိမ္ေမြ႔မႈ မရွိတဲ့ ဝတ္စားဆင္ယင္မႈေတြပါတဲ့ ေၾကာ္ျငာေတြ ဆိုင္းငံ့ထားဖုိ႔၊ ၂၅ ရက္ေန႔မွာ ႏိုင္ငံေတာ္ျပန္ၾကားေရးဌာနမွ တိုက္႐ုိက္ထုတ္လႊင့္ခ်က္နဲ႔ ဘုရင္ႀကီးနဲ႔ပတ္သက္တဲ့ ႐ုပ္သံမွတ္တမ္းေတြသာ တင္ဆက္ဖုိ႔၊ ေအာက္တိုဘာ ၂၆ ရက္မွာလည္း ဘုရင္ႀကီး စ်ာပနအခမ္းအနား တိုက္႐ုိက္ထုတ္လႊင့္ခ်က္သာျပသဖုိ႔၊ ေအာက္တိုဘာ ၂၇ မွ ၂၉ ရက္ေန႔ထိ ဘုရင္ႀကီးနဲ႔ပတ္သက္တဲ့ အစီအစဥ္ေတြသာ ထုတ္လႊင့္ဖုိ႔ အစိုးရျပန္ၾကားေရးဌာနက ထုတ္ျပန္ထားပါတယ္။

စ်ာပန အခမ္းအနား မွာ ေအာက္တိုဘာ ၂၅ ရက္ေန႔ မနက္ ၅ နာရီခြဲမွစ၍ သံဃာေတာ္ေတြ ပင့္ဖိတ္ သရဇၥ်ာယ္တာ၊ အလႉဒါနျပဳတာ၊ ၂၆ ရက္ေန႔ မနက္ ၇ နာရီမွာစ ဘုရင္ႀကီးရဲ႕ ႂကြင္းက်န္ရစ္တဲ့ ႐ုပ္ကလပ္ကို အခမ္းအနားနဲ႔ ဗိမာန္ေတာ္ကုိ စီတန္းလွည့္လည္ပင့္ေဆာင္တာ၊ ညေန ၅ နာရီခြဲမွ ည ၁၀ နာရီထိ ႐ုပ္ကလပ္ မီးသၿဂႋဳဟ္ တဲ့ အခမ္းနားေတြ ျပဳလုပ္မယ္လုိ႔ ဆုိပါတယ္။

၂၇ ရက္ေန႔မွာေတာ့ အ႐ုိးေကာက္တာ၊ ၂၈ ရက္မွာ အလႉအတန္းျပဳတာ၊ ၂၉ ရက္ေန႔မွာ အ႐ုိးကို ဗိမာန္ရွိရာ ျပန္ပင့္ေဆာင္ၿပီး ညေန ၅ နာရီမွာေတာ့ ေက်ာင္းတိုက္ ၂ တိုက္မွာ အ႐ုိးေတြ စံျမန္းဖို႔ ပို႔ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ေအာက္တိုဘာ ၂၆ ရက္ေန႔ ဘုရင္ႀကီး စ်ာပန အခမ္းအနား ကို ၿမိဳ႕ေတာ္ဘန္ေကာက္အျပင္ တႏိုင္ငံလံုးရွိ ခ႐ုိင္နဲ႔ ၿမိဳ႕နယ္အသီးသီးေတြမွာလည္း ဘုရင္ႀကီး ကို ေနာက္ဆံုး ဂါရဝျပဳ အခမ္းအနား ေတြ တၿပိဳင္နက္တည္း က်င္းပသြားမွာ ျဖစ္ပါတယ္။

ဘုရင္ႀကီး ကိုရည္စူးၿပီး မီးၿမိႇဳက္ပူေဇာ္ဖို႔အတြက္ ရပ္တိုင္းရြာတိုင္းမွာ Daffodil အမည္ရ စကၠဴပန္းေတြ အပြင့္ေပါင္း သိန္းသန္းခ်ီ ျပဳလုပ္ထားၾကၿပီး ဘုရင္ႀကီး ေမြးေန႔ ေရာင္ျဖစ္တဲ့ အဝါေရာင္ပန္းတြကို ေအာက္တိုဘာလတြင္း ဝါထိန္ေနေအာင္ ဌာနဆိုင္ရာ အေဆာက္အဦနဲ႔ ေနအိမ္ေတြမွာ အလွဆင္ယင္ စိုက္ပ်ိဳးထားဖို႔လည္း တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

ဘုရင္ႀကီး စ်ာပန က်င္းပတဲ့ကာလမွာ ေပ်ာ္ပြဲရႊင္ပြဲပါတီပြဲေတြ မက်င္းပဖို႔နဲ႔ စ်ာပန နဲ႔ သင့္ေလ်ာ္စြာ ဝတ္စားဆင္ယင္ဖို႔လည္း တိုက္တြန္းထားပါတယ္။

ဘုရင္ႀကီး နတ္ရြာစံ ၿပီးတဲ့ေနာက္ ျမဘုရားအနီးမွာထားရွိတဲ့ ႐ုပ္ကလပ္ေတာ္ ကို အမ်ားျပည္သူ ေတြ တႏွစ္ပတ္လံုး လာေရာက္ဂါရဝျပဳေနၾကရာမွာ ေအာက္တိုဘာ ၅ ရက္ေန႔ထိပဲ ဖြင့္လွစ္ေတာ့မွာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၃၀ ရက္ေန႔ ေနာက္ပိုင္းမွာ အားလံုံး ပံုမွန္ဝတ္စားဆင္ယင္ ေနထိုင္သြားလာႏိုင္ၿပီျဖစ္ၿပီး ဘုရင္ႀကီးရဲ႕ လွပခန္႔ညားလွတဲ့ ဗိမာန္ေတာ္ကိုေတာ့ အမ်ားျပည္သူေတြ ေလ့လာၾကည့္႐ႈႏိုင္ဖို႔ ႏိုဝင္ဘာ ၁ ရက္မွ ၃၀ ရက္ထိ ၁ လတာ ဖြင့္လွစ္ထားရွိေပးမယ္လို႔ ထိုင္းဒု-ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ထနဆဒ္ ပတိမာပကြန္းက သတင္းေထာက္ ေတြကို ေျပာပါတယ္။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

နတ်ရွာစံထိုင်းဘုရင်ကြီး ဈာပနအခမ်းအနားကာလ ဆောင်ရန်ရှောင်ရန်များ ထုတ်ပြန်

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်ကလပ် မီးသင်္ဂြိုဟ်ပွဲ အခမ်းအနားကို ဒီလ ၂၆ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဒီလအတွင်း ရုပ်သံလွှင့်ဌာနတွေနဲ့ ပြည်သူတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို ဘုရင်ကြီး ဈာပနအခမ်းအနား ကျင်းပရေး ဦးဆောင်ကော်မတီက ကြေညာထားပါတယ်။

ရုပ်သံလွှင့်ဌာနတွေအနေနဲ့ အောက်တိုဘာ ၁၃ ရက်မှ ၂၀ ရက်နေ့တွေအတွင်း ဘုရင်ကြီးကို အောက်မေ့လွမ်းဆွတ်ခြင်း ပြသတဲ့အနေနဲ့ ရုပ်သံ/မီဒီယာအရောင် တောက်ပမှုကို ၄၀ ရာနှုန်းလျှော့ချရန်၊ အစီအစဉ်တင်ဆက်သူတွေအနေနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဝတ်စုံသာ ဝတ်ဆင်ဖို့၊ အောက်တိုဘာ ၂၁ မှ ၂၄ ရက်နေ့ထိ ဖျော်ဖြေရေးအစီအစဉ်များ ဆိုင်းငံ့ထားဖို့၊ စီးပွားရေးကြော်ငြာနဲ့ ရွှင်မြူးစရာ ဟာသကွက်တွေ၊ ယဉ်ကျေးသိမ်မွေ့မှု မရှိတဲ့ ဝတ်စားဆင်ယင်မှုတွေပါတဲ့ ကြော်ငြာတွေ ဆိုင်းငံ့ထားဖို့၊ ၂၅ ရက်နေ့မှာ နိုင်ငံတော်ပြန်ကြားရေးဌာနမှ တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့ ဘုရင်ကြီးနဲ့ပတ်သက်တဲ့ ရုပ်သံမှတ်တမ်းတွေသာ တင်ဆက်ဖို့၊ အောက်တိုဘာ ၂၆ ရက်မှာလည်း ဘုရင်ကြီး ဈာပနအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ချက်သာပြသဖို့၊ အောက်တိုဘာ ၂၇ မှ ၂၉ ရက်နေ့ထိ ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေသာ ထုတ်လွှင့်ဖို့ အစိုးရပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဈာပနအခမ်းအနားမှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲမှစ၍ သံဃာတော်တွေ ပင့်ဖိတ် သရဇ္ဈာယ်တာ၊ အလှူဒါနပြုတာ၊ ၂၆ ရက်နေ့ မနက် ၇ နာရီမှာစ ဘုရင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို အခမ်းအနားနဲ့ ဗိမာန်တော်ကို စီတန်းလှည့်လည်ပင့်ဆောင်တာ၊ ညနေ ၅ နာရီခွဲမှ ည ၁၀ နာရီထိ ရုပ်ကလပ်မီးသင်္ဂြိုဟ်တဲ့ အခမ်းနားတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။

၂၇ ရက်နေ့မှာတော့ အရိုးကောက်တာ၊ ၂၈ ရက်မှာ အလှူအတန်းပြုတာ၊ ၂၉ ရက်နေ့မှာ အရိုးကို ဗိမာန်ရှိရာ ပြန်ပင့်ဆောင်ပြီး ညနေ ၅ နာရီမှာတော့ ကျောင်းတိုက် ၂ တိုက်မှာ အရိုးတွေ စံမြန်းဖို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ ဘုရင်ကြီး ဈာပနအခမ်းအနားကို မြို့တော်ဘန်ကောက်အပြင် တနိုင်ငံလုံးရှိ ခရိုင်နဲ့ မြို့နယ်အသီးသီးတွေမှာလည်း ဘုရင်ကြီးကို နောက်ဆုံး ဂါရဝပြု အခမ်းအနားတွေ တပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘုရင်ကြီးကိုရည်စူးပြီး မီးမြှိုက်ပူဇော်ဖို့အတွက် ရပ်တိုင်းရွာတိုင်းမှာ Daffodil အမည်ရ စက္ကူပန်းတွေ အပွင့်ပေါင်း သိန်းသန်းချီ ပြုလုပ်ထားကြပြီး ဘုရင်ကြီးမွေးနေ့ရောင်ဖြစ်တဲ့ အဝါရောင်ပန်းတွေကို အောက်တိုဘာလတွင်း ဝါထိန်နေအောင် ဌာနဆိုင်ရာ အဆောက်အဦနဲ့ နေအိမ်တွေမှာ အလှဆင်ယင် စိုက်ပျိုးထားဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဘုရင်ကြီး ဈာပနကျင်းပတဲ့ကာလမှာ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေ မကျင်းပဖို့နဲ့ ဈာပနနဲ့ သင့်လျော်စွာ ဝတ်စားဆင်ယင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဘုရင်ကြီးနတ်ရွာစံပြီးတဲ့နောက် မြဘုရားအနီးမှာထားရှိတဲ့ ရုပ်ကလပ်တော်ကို အများပြည်သူတွေ တနှစ်ပတ်လုံး လာရောက်ဂါရဝပြုနေကြရာမှာ အောက်တိုဘာ ၅ ရက်နေ့ထိပဲ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ နောက်ပိုင်းမှာ အားလုံံး ပုံမှန်ဝတ်စားဆင်ယင် နေထိုင်သွားလာနိုင်ပြီဖြစ်ပြီး ဘုရင်ကြီးရဲ့ လှပခန့်ညားလှတဲ့ ဗိမာန်တော်ကိုတော့ အများပြည်သူတွေ လေ့လာကြည့်ရှုနိုင်ဖို့ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ၁ လတာ ဖွင့်လှစ်ထားရှိပေးမယ်လို့ ထိုင်းဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ထနဆဒ် ပတိမာပကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

Credit : DVB