Zawgyi ျဖင့္ဖတ္ရန္

ေတာင္ႀကီးတန္ ေဆာင္တိုင္ မီးပံုးပ်ံ ျပိဳင္ပြဲ လာ ေရာက္လည္ပတ္သူမ်ား လိုက္နာ ရန္ စည္းကမ္းခ်က္ ၁၁ ခ်က္ကို ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပံုးပ်ံ ၿပိဳင္ပြဲ လံုၿခံဳေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးလုပ္ငန္းေကာ္မတီက ထုတ္ျပန္သည္။
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲ ေတာ္ လာေရာက္လည္ပတ္သူ မ်ားအေနျဖင့္ တုတ္၊ ဓား၊ လက္ နက္၊ ေလးခြမ်ားယူေဆာင္လာ ျခင္းမျပဳရန္ႏွင့္ တာ၀န္ရွိသူမ်ား က ေတြ႕ရွိပါက သိမ္းဆည္းၿပီး လက္နက္ဥပေဒျဖင့္ အေရးယူျခင္းခံရမည္ျဖစ္သည္။
ထို႔ျပင္ မူးယစ္ေဆး ၀ါးသံုးစြဲ ျခင္း၊ ေရာင္းခ်ျခင္းမျပဳလုပ္ရန္ႏွင့္ စစ္ေဆးေတြ႕ရွိပါက မူးယစ္ေဆး ၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒအရ အေရးယူျခင္းခံရမည္ ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
‘‘႐ိုးရာပြဲေတာ္မွာ အမ်ား ျပည္သူေတြ စိတ္အေႏွာင့္အ ယွက္မျဖစ္ေစဖို႔နဲ႔ ေဘးအႏၲရာယ္ ကင္းေအာင္ ပြဲေတာ္ လံုၿခံဳေရး အ တြက္ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပံုးပ်ံ ျပိဳင္ပြဲ လံုၿခံဳေရးႏွင့္ စည္း ကမ္းထိန္းသိမ္းေရးလုပ္ငန္းေကာ္ မတီကေန ဒီ ေျကညာခ်က္ ေတြကို ထုတ္ျပန္ထားတာပါ’’ဟု ေကာ္မတီမွ တာ၀န္ရွိသူက ေျပာသည္။
အဆိုပါ ထုတ္ျပန္ခ်က္မ်ား ကို အမ်ားျပည္သူ သိရွိေစရန္ သတင္း မီဒီယာ မ်ားႏွင့္ တန္ ေဆာင္တိုင္မီးပံုးပ်ံကြင္းအတြင္း လူအမ်ားျမင္ႏိုင္သည့္ ေနရာမ်ားတြင္ ဗီႏိုင္းဆိုင္းဘုတ္ႀကီးမ်ားခ်ိတ္ဆြဲေပးထားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံ ျပိဳင္ပြဲကို ေအာက္တိုဘာ ၂၆ ရက္မွ ႏို၀င္ဘာ ၄ ရက္ အထိ
၁၀ ရက္တိုင္ ေတာင္ႀကီးၿမိဳ႕ အေ၀ရာ မီးပံုးပ်ံ ကြင္းတြင္ က်င္းပမည္။

credit : 7day daily

 

Unicode ဖြင့်ဖတ်ရန်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲသို့ လာရောက်လည်ပတ်သူများလိုက်နာရန် စည်းကမ်းချက် ထုတ်ပြန်

 

တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ လာ ရောက်လည်ပတ်သူများ လိုက်နာ ရန် စည်းကမ်းချက် ၁၁ ချက်ကို တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တောင်ကြီး တန်ဆောင်တိုင်ပွဲ တော် လာရောက်လည်ပတ်သူ များအနေဖြင့် တုတ်၊ ဓား၊ လက် နက်၊ လေးခွများယူဆောင်လာ ခြင်းမပြုရန်နှင့် တာဝန်ရှိသူများ က တွေ့ရှိပါက သိမ်းဆည်းပြီး လက်နက်ဥပဒေဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေအရ အရေးယူခြင်းခံရမည် ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
‘‘ရိုးရာပွဲတော်မှာ အများ ပြည်သူတွေ စိတ်အနှောင့်အ ယှက်မဖြစ်စေဖို့နဲ့ ဘေးအန္တရာယ် ကင်းအောင် ပွဲတော်လုံခြုံရေးအ တွက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးနှင့် စည်း ကမ်းထိန်းသိမ်းရေးလုပ်ငန်းကော် မတီကနေ ဒီကြေညာချက်တွေကို ထုတ်ပြန်ထားတာပါ’’ဟု ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်များ ကို အများပြည်သူသိရှိစေရန် သတင်းမီဒီယာများနှင့် တန် ဆောင်တိုင်မီးပုံးပျံကွင်းအတွင်း လူအများမြင်နိုင်သည့် နေရာများတွင် ဗီနိုင်းဆိုင်းဘုတ်ကြီးများချိတ်ဆွဲပေးထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက် အထိ
၁၀ ရက်တိုင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပမည်။
credit : 7day daily