Zawgyi ဖြင့်ဖတ်ရန်




Credit :popolay

Unicode ဖြင့်ဖတ်ရန်

သမိုင်းဘူတာပလက်ဖောင်းဈေးသည်များအား နေရာပြောင်းရွေ့ရန်စီစဉ်

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံ၏ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းချနေသော ဈေးသည်များကို နေရာပြောင်းရွေ့ရောင်းချနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားခဲ့ပါတယ်။

ရထားဘူတာပလက်ဖောင်းတွင် ဈေးရောင်းချမှုကြောင့် ရထားစီးခရီးသည်များနဲ့ ဈေးသည်များကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေတဲ့အတွက် ခရီးသွားပြည်သူများက ဈေးသည်များကို ရွေ့ပြောင်းပေးရန် လိုလားနေကြသည်။

လက်ရှိတွင် ပြောင်းရွေ့ပေးနိုင်ရန် စာရင်းကောက်ယူထားသော ဈေးသည် ၃၀၀ နဲ့ ၄၀၀ ကြားရှိနေပြီး ထမ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဈေးတည်ဆောက်ပြီးစီးသွားပါက အငှားစနစ်နဲ့ ရောင်းချပေးသွားမည်ဖြစ်သည်။
သမိုင်းဘူတာအနီးရှိ မီးရထားပိုင်မြေနေရာပေါ်တွင် ဈေးဆောက်လုပ်ပေးရန် မြေနေရာသတ်မှတ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်

Credit :popolay