Zawgyi ဖြင့်ဖတ်ရန်




တောင်ငူမြို့နယ် ရပ်ကွတ်ပွဲတွေမှာ ခြင်္သေ့ဦးအသင်းက လူငယ်ကစားသမားလေးတဦး အရမ်းခြေစွမ်းပြခဲ့တယ် သူရဲ့အရည်ခြင်းကြောင့် ခရိုင်တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်ယူ၁၇ မြန့်မာ့လက်ရွေးစင် အမျိုးသားဘော်လုံးအသင်းထိ ခြေစွမ်းပြပြီး နိုင်ငံကိုယ်စားပြု ဆုတဆိတ်တွေရယူခဲ့တယ် MLMစတင်ချိန်ကာလမို့ နေပြည်တော်အသင်းနဲအတူ MLMအကောင်းဆုံး ကစားသမားဆုကိုပါ ရှိခဲ့တယ်….






ဘဝတသက်တာ ကြည့်ခဲ့ရတဲ့ ရပ်ကွတ်ကျေးရွာ ပြည်နယ်တိုင်းပွဲတွေမှာ ကစားသမား ကောင်းများစွာ မြင်ခဲဘူးတယ် သူတဲ့ထဲက တော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ရွေးစင် ကစားသမား တွေ ပရိုကစားသမားတွေဖြစ်မလာဘူး လက်ရွေးစင်ဖြစ်သွားတဲ့ တချို့ ကစားသမား တွေထက် ရပ်ကွပ် ကျေးရွာ မြို့နယ်ခရိုင် အဆင့်တွေမှာ ခြေစွမ်းပိုမိုသာလွန်တဲ့ ကစားသမား တွေတချို့ဟာ ဘာကြောင့် အဆင့်တန်း တခုထိရောက်မလာသလဲဆိုတာ ငယ်စဉ်ကတော့ တွေးမရခဲ့ဘူး…

READ  မြန်မာ့ ထိပ်တန်း ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ထိုင်းကလပ်







Credit :KyawThuYa(သရဲနီမင်းသားကြီး)

Unicode ဖြင့်ဖတ်ရန်

ဒါအဆုံးသက်လားမြန်မာ

 

ရတနာပုံFCအသင်း ပျဉ်းမနားမြို့နယ်မှာ လူငယ်စီမံကိန်းအတွက် လူလာရွေးတော့ လူငယ်ကစားသမားလေးတယောက်ဟာ အားလုံးထဲမှာ ထင်ထင်ရှားရှားသတိပြုမိလောက်အောင် ခြေစွမ်းပြခဲ့တယ် ရတနာပုံအသင်းကလည်း အရမ်းသဘောကြခဲ့တယ် နောက်ဆုံး လူရွေးပြီး မန်းလေးမြို့ကို သွားတဲ့အခါမှာ အဲ့ဒီပါရမီရှင်ကစားသမားလေးဟာ ပါလာခြင်းမရှိခဲ့ပါဘူး….

အဲ့ဒီအချိန်မှာ ရတနာပုံအသင်းက နည်းပြအဖွဲ့ဝင်တဦးက သတိပြုမိပြီး ဒီလိုကလေးမျိုး ဘာကြောင့်မပါလာသလဲဆိုပြီး ပျဉ်းမနားထိ ပြန်လိုက်ခေါ်မှ အဲ့ဒီကစားသမားလေးဟာ ရတနာပုံယူနိုက်တက်ကို ရောက်ရှိခဲ့တယ် ဘာကြောင့်မပါလဲမသိပေမည့် အဲ့ဒီကလေးဟာ အရမ်းဆင်းရဲတဲ့မိသားစုဝင်တယောက်ပါ..

အဲ့ဒီကစားသမားလေးက ယနေ့ မြန်မာပြည်ရဲ့ ဒီနေ့အကောင်းဆုံးကစားသမား ဖြစ်လာတယ် အဲ့ဒီကစားသမားကတော့ အားလုံးသိကြတဲ့ ပြည်သူအချစ်တော် မြန်မာ့လက်ရွေးစင်တိုက်စစ်မှုးအောင်သူပါ အဲ့အချိန်ကရတနာပုံနည်းပြသာ ပြန်လိုက်မခေါ်ခဲ့ရင် ဒီနေ့ အောင်သူဆိုတာဖြစ်လာစရာ အကြောင်းမရှိပါဘူး ကျွန်တော်တို့ နိုင်ငံမှာ ဘယ်သူမှမသိလိုက်တဲ့ အောင်သူတွေ ဘယ်နှစ်ယောက်များ ရှိနေပြီလဲ….

တောင်ငူမြို့နယ် ရပ်ကွတ်ပွဲတွေမှာ ခင်္သြေ့ဦးအသင်းက လူငယ်ကစားသမားလေးတဦး အရမ်းခြေစွမ်းပြခဲ့တယ် သူရဲ့အရည်ခြင်းကြောင့် ခရိုင်တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်ယူ၁၇ မြန့်မာ့လက်ရွေးစင် အမျိုးသားဘော်လုံးအသင်းထိ ခြေစွမ်းပြပြီး နိုင်ငံကိုယ်စားပြု ဆုတဆိတ်တွေရယူခဲ့တယ် MLMစတင်ချိန်ကာလမို့ နေပြည်တော်အသင်းနဲအတူ MLMအကောင်းဆုံး ကစားသမားဆုကိုပါ ရှိခဲ့တယ်….

အဲဒီလို အရည်သွေးရှိတဲ့ ကစားသမားလေးဟာ နိုင်ငံကိုယ်စားပြုဖြစ်လာတဲ့ထိ ဖြက်သန်းရာ လမ်းတလျောက် သူ့ဖခင်ဟာလယ်ဧကများစွာကို ရောင်းခြခဲ့ရတယ် သူဟာပြည်စုံတဲ့မိသားစုကလို့ ဆိုနိုင်တယ် တကယ်လို့သာ အဲ့ဒီကစားသမားလေး ချို့တဲ့မိသားစုကဆိုရင် နိုင်ငံလတ်ရွေးစင်ထိ ရောက်နိုင်ပါ့မလား အဲ့လိုရောက်မလာနိုင်ဘဲ လွှင်စင်သွားတဲ့ ပါရမီရှင် ကြယ်ပွင့်တွေ ဘယ်လောက်တောင် များနေပြီလဲ အဲ့ဒီကစားသမားနာမည်က မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ပြည့်ဖြိုးဦးပါ.

READ  အခ်စ္စစ္ဆုိတာ

ဘော်လုံးကို မိုးပျံနေအောင်ကောင်းရုံနဲ့ လက်ရွေးစင်ကစားသမားဖြစ်ဖို့ မလွယ်ဘူးဗျ အခက်အခဲတွေအများကြီး မိဘတော်တော်များများက ကို့သားသမီးကို ဘော်လုံးသမားထက် ဆရာဝန်အင်ဂျင်နီယာလို ပညာတက်လူတန်စား ဒါမှမဟုက် ငွေရလွယ်တဲ့ စီးပွားရေးလုက်ငန်းတွေဘဲ လုက်စေခြင်ကြတယ် ဒီအချက်ကြောင့်ဘဲ ကစားသမားကောင်းများစွာဟာ ပရိုအဆင့်ကို ရောက်မလာကြဘူး….

တချိန်က မြန်မာနိုင်မှာ ပြည်နယ်တိုင်းဘော်လုံးပွဲတွေဆိုရင် ပရိပ်သတ်အားပေးမှုများခဲ့ပြီး အရမ်းအောင်မြင်ကြတယ် ပြိုင်ပွဲအဆင့်တန်းနဲ့ ကစားသမားတွေရဲ့အရည်သွေးကလည်း အရမ်းမြင့်မားကြတယ် ရွှေခေါတ်က တိုင်းလတ်ရွေးစင်အသင်းတွေဟာ လက်ရှိမြန်မာ့လတ်ရွေးစင်အသင်းထက် သာတယ်လို့ ရှေ့မှီနောက်မှီ လူကြီးတချို့က ပြောဆိုသံကြားတော့ သက်ပြင်းခြမိတယ်…

တချိန်က ကျောင်းသားအားကစားပွဲတော် အမျိုးသာအားးကစားပွဲတော်လို ပြိုင်ပွဲတွေ မကျင်းပရခြင်းဟာ မြန်မာအားကစား နိမ့်ကြရခြင်းရဲ့ အကြောင်းရင်းလို့ ရွှေခေါတ်ကစားသမားတွေဝေဖန်ကြတယ် တကယ်လည်းမငြင်းနိုင်တဲ့ အမှန်တရားပါ…

အခြေခံအဆောက်ဦး မရှိတဲ့နိုင်ငံမှာ လူငယ်တွေဘောလုံးကစားဖို့ ဘော်လုံးကွင်းရှားပါးတဲ့ နိုင်ငံမှာ ပါရမီရှင်လူငယ်တွေပေါ်ထွက်ဖို့ ခက်ခဲပါတယ် ဘရာဇီးလို လမ်းပေါ်မှာကစားပြီး မဖြစ်ထွန်းနိုင်ဘူးမေးရင် ဒီနိုင်ငံမှာဘော်လုံးအားကစားဆိုတာ ဘဝတခုလုံးကို ပြောင်းလဲနိုင်တဲ့ အနေထားမျိုးမဟုက်သလို ဘရာဇီးလို ဘော်လုံးကောင်းရုံနဲ့ မရပါဘူး….

ဘဝတသက်တာ ကြည့်ခဲ့ရတဲ့ ရပ်ကွတ်ကျေးရွာ ပြည်နယ်တိုင်းပွဲတွေမှာ ကစားသမားကောင်းများစွာ မြင်ခဲဘူးတယ် သူတဲ့ထဲက တော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ရွေးစင်ကစားသမားတွေ ပရိုကစားသမားတွေဖြစ်မလာဘူး လက်ရွေးစင်ဖြစ်သွားတဲ့ တချို့ ကစားသမားတွေ ွထက် ရပ်ကွပ်ကျေးရွာ မြို့နယ်ခရိုင် အဆင့်တွေမှာ ခြေစွမ်းပိုမိုသာလွန်တဲ့ကစားသမားတွေတချို့ဟာ ဘာကြောင့်အဆင့်တန်းတခုထိရောက်မလာသလဲဆိုတာ ငယ်စဉ်ကတော့ တွေးမရခဲ့ဘူး…

နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနဲ့ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေနေ မှာ အားကစားဝန်ကြီးဌာနဆိုတာ အမေ့ခံ အရေးမာတဲ့ဌာနအနေနဲ့သာရှိပါတယ် အဲ့ကြားထဲက စင်ကာပူစီးဂိမ်းလို အောင်မြင်မှ ထနာမည်ယူတာမျိုးဘဲ အရေးတယူလုက်ကြတာပါ ပြည်တွင်းလိဒ်တွေကို ပရိုအဆင့်ပြောင်းလဲလာချိန်မှာ အစပိုင်းအောင်မြင်မှုရပေမည့် ဒီလို မတည်ငြိမ်မှုတွေကဘဲ MNLကို ကျရှုံးစေပြီး ခရိုနီအားကိုးနဲ့ ဂျာအေးသူ့အမေရိုက် လူရွေးနေရတဲ့ အခြေနေတွေကိုပါ တွေ့နေရတယ်….

သက်တန်းအလိုက်ပြိုင်ပွဲတွေမှာ လက်လှမ်းမှီသလောက် လူအင်အားနဲ့ဘဲ နီးရာဆွဲသုံးတဲ့ လက်ပူတိုက် အကျိုးဆက်ကို ခုထိခံနေရစဲပါ ရေတိုအောင်မြင်နောက်လိုက်တာ ပြည်သူကိုပြားရည်နဲ့ဝမ်းခြခြင်တာဟာ ဘော်လုံးလောကကျရှုံးခြင်းရဲ့အစပါ…

ရွှေဆုလိုခြင်တယ်ဆိုရင်တော့ အဖက်ဖက်ကပြင်ဆင်နေတယ်ဆိုရုံနဲ့ မရပါဘူး နိုင်ငံတိုင်းကပြင်ဆင်နေကြတာ လာအို ဖိလစ်ပိုင်ကိုကြည့်ပါ ခြေစွမ်းက မြန်မာနဲ့ သိပ်မကွာတော့ပါဘူး ဒါကြောင့် ထိုင်းထက်သာအောင်ပြင်ဆင်မှ ရွှေမှန်းနိုင်မည့်အခြေနေ ဒါဆိုရင် မြန်မာတွေအောင်မြင်ဖို့ ထိုင်းထက်သာတဲ့ ရေရှည်စီမံကိန်းရှိမှ ရနိုင်မှာပါ…

လက်ရှိ ဦးဇော်ဇော်တယောက်ထဲ အိပ်စိုက်ပြီး ရပ်တည်နေတဲ့ မြန်မာလက်ရွေးစင်အသင်းတွေ အခြေနေဟာ ဒီအတိုင်းသာဆိုရင် ကျဆင်းမသွားရင်တောင် တိုးတက်လာစရာ မရှိပါဘူး မြန်မာကျရှုံးမှာရဲ့ အချက်တွေထဲမှာ နည်းပြကစားသမားတွေထက် အစိုးရရဲ့ ပြီစလွယ် အဖြစ်သာပံပိုးနေခြင်းကလည်း လူတော်တော်များများ မေ့နေကြပါတယ်…

မြန်မာဘော်လုံးလောကဦးမော့လာဖို့ ဘာတွေလိုမယ်ထင်ပါလဲ ထိုင်းမှာအကယ်ဒမီရာကျော်ရှိတယ် မြန်မာပြည်မှာကသုံးခုတည်း ထိုင်းတောရွာလေးတွေက ကျောင်းတိုင်းမှာ ဘော်လုံးကွင်းရှိသလို ရှိတဲ့ကွင်းကလည်း မြန်မာနိုင်ငံက မြို့နယ်ကွင်းအဆင့်လောက်ရှိပါတယ် ဒီလိုကွာဟချက်တွေကြီးမားနေတာကို နှိုင်းယှဉ်ပြီး မြန်မာညံတယ်လိုတော့ မမြင်စေခြင်ပါဘူး…

လက်ရှိအနေထားဟာ မြန်မာတွေအားထုက်မှုနဲ့ ထိုက်တန်ပါတယ် တချိန်က အုပ်စုအဆင့်ကလှည့်ပြန် ဘဝကနေ ဆီမီးဖိုင်နယ်တော့ နပ်မှန်လာတယ် ဒါဟာကျေနပ်နေဖို့မဟုက်ပေမည့် ဖြေသိမ့်စရာတခုလို့ မြင်ပြီး အပြောင်းအလဲတွေနဲ့ မြန်မန်တွေကိုရွှေခေါတ်ပြန်ရောက်ဖို့ ဆုတောင်းနေမိပါတယ် ဒါအဆုံးသက်မဟုက်သေးပါဘူး…

Credit :KyawThuYa(သရဲနီမင်းသားကြီး)

LEAVE A REPLY