Zawgyi ျဖင့္ဖတ္ရန္

ထိုင္းဘုရင္ ဘူမိေဘာလ္အဒူယာဒက္ နတ္ရြာစံ ၿပီးတဲ့ေနာက္ ဘုရင္ႀကီး နဲ႔ပတ္သက္တဲ့ အမွတ္တရ ဓာတ္ပံုေတြ၊ ဗြီဒီယိုဖိုင္ေတြ၊ စာေတြ လူမႈကြန္ရက္မွာ အေတာ္မ်ားမ်ား ေရာက္လာပါတယ္။အဲဒီထဲက laemgate ဆိုတဲ့ ေဖ့စ္ဘြတ္ခ္ မ်က္ႏွာမွာ တင္ထားတဲ့ ဘုရင္ႀကီး မွ သမီးလတ္ သီရိဒံု ထံ လြန္ခဲ့တဲ့ ၁၂ ႏွစ္က ေပးပို႔ခဲ့တဲ့ စာတစ္ေစာင္ ဟာလည္း ေရပန္းစား လ်က္ရွိပါတယ္။
အဲဒီစာဟာ အမ်ားျပည္သူ အတြက္ အက်ိဳးရွိေစျခင္းငွာ မင္းသမီး ကိုယ္တိုင္ ေကာက္ႏုတ္ျဖန္႔ေ၀ထားၿပီး စာ ရဲ႕အဆံုးမွာလည္း ဖတ္ၿပီးေတာ့ ရင္ဆို႔တယ္လို႔ ေဖာ္ျပထားပါတယ္။စာပါအေၾကာင္းအရာကို ျမန္မာ လို ဆီေလ်ာ္ေအာင္ ဘာသာျပန္လိုက္ပါတယ္။
ေဖေဖ့ သမီးဒီေျမေပၚမွာ အရာတိုင္းဟာ အၿမဲဒြန္တြဲၿပီး ျဖစ္လာတယ္။ေမွာင္မည္းျခင္းနဲ႔ လင္းထိန္ျခင္း လိမၼာျခင္း နဲ႔ မိုက္မဲျခင္းမိိမိႏွစ္သက္ရာကို ေရြးခ်ယ္ရစတမ္းဆိုရင္လူတိုင္းဟာ အလင္းေရာင္ကိုသာ ႏွစ္သက္မယ္။
ေကာင္းမြန္ေသာအရာကိုသာ ႏွစ္သက္ မယ္။ဒါေပမယ့္ ကိုယ္ႏွစ္သက္တဲ့အရာကို ရခ်င္မွရမယ္။အဲဒီ လင္းထိန္ေသာ ေနရာ သို႔မဟုတ္ေကာင္းမြန္ေသာ ေနရာ ကို ေရာက္ဖို႔ဆိုရင္နည္းလမ္းရွိပါတယ္။
အဲဒါကေတာ့ သူတပါးကို ခ်စ္ခင္ျခင္း ပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ သူတပါးရဲ႕ ခ်စ္ခင္မႈ ကို ရခဲ့ရင္ ျပႆနာတိုင္းကို ေျဖရွင္းႏိုင္လိမ့္မယ္။ဒီကမၻာမွာ ခ်မ္းသာသုခေတြနဲ႔ပဲ ရွိေစခ်င္တယ္ဆိုရင္ ၿငိမ္းခ်မ္းမႈပဲ ရွိေစလိုတယ္ဆိုရင္ လူေတြရဲ႕ ခ်စ္ခင္မႈကို ရရွိမွျဖစ္မယ္။သမီး ကို ေဖေဖ ဒီလို ေျပာခ်င္တယ္။

၁။ အတိတ္မွာပဲ ျဖစ္္ေစ၊ ပစၥဳပၸန္မွာပဲ ျဖစ္ေစ၊ အနာဂတ္မွာပဲ ျဖစ္ေစ သူတပါးကို ကိုယ္နဲ႔ အတူတူ ေမြးဖြား လာသူ၊ ကိုယ္နဲ႔အတူတူအိုမယ့္သူ၊ ကိုယ္နဲ႔အတူ နာမယ့္သူ၊ ကိုယ္နဲ႔အတူ ေသမယ့္သူခ်ည္းပဲလို႔ သေဘာထားပါ။
၂။ ေလာကႀကီး  ကို အေကာင္းျမင္ပါ။ အဲဒီထက္ပိုေကာင္းေအာင္ ျမင္ပါ။။ ျပႆနာ ကို ဆီေလ်ာ္မွန္ကန္စြာ ေျဖရွင္းႏိုင္ဖို႔ ေလာကကို အမွန္တရား နဲ႔ ႐ႈျမင္ပါ

၃။ ထီးတည္းေနတတ္ေအာင္ ေနပါ။ ဆိုလိုတာက စိတ္ကို ေရာင့္ရဲမႈ နဲ႔ အေျခခံတာ၊ ရွိသေလာက္နဲ႔ဲ ရသေလာက္နဲ႔ ေရာင့္ရဲတင္းတိမ္တာ၊ စြဲလမ္းမႈမရွိတာ၊ ရွိလည္း ေကာင္းတယ္၊ မရွိရင္လည္း ရတယ္လို႔ သေဘာထားပါ၊ ကိုယ့္အေျခအေနနဲ႔ကိုယ္ တင္းတိမ္မႈ ရွိပါ။ ေလာဘႀကီး လို႔ ေနာက္ပိုင္းဒုကၡေရာက္သြားရတဲ့ ဖားျပဳတ္လို မျဖစ္ရဘူး (တရံေသာ အခါ ဖားျပဳပ္ သားအမိက ႏြားတေကာင္ကို ေတြ႔သတဲ့၊ ဖားျပဳပ္ေလးက ‘ႏြားကအႀကီးႀကီးပဲ ေမေမလို႔ ႀကီးလိုက္တာ’လို႔ ခ်ီူက်ဴးလိုက္ေတာ့ ဖားျပဳပ္ မကလည္း ငါလည္းႀကီးေအာင္ လုပ္တတ္တယ္ ဆိုၿပီး သူ႔ကိုယ္ကို ေဖာင္းလိုက္တယ္၊ ဒီေလာက္လား၊ ဒီေလာက္လား ဆိုၿပီး ထပ္ကာထပ္ကာ ေဖာင္းလိုက္ေတာ့ ဗိုက္ကြဲသြားတဲ့ ပံုျပင္ကို ဥပမာေပး)– အလုပ္ ကို ႏိုင္သေလာက္ပဲ လုပ္ပါ၊ မႏိုင္တဲ့၀န္ကို မထမ္းပါနဲ႔။– မိမိအေျခအေနနဲ႔ လိုက္ေလ်ာညီေထြတဲ့ အသက္ေမြး၀မ္းေက်ာင္းမွဳမ်ိဳးကိုသာ လုပ္ပါ။

၄။ စိတ္ ကို တည္တံ့ေအာင္ထားပါ။ ပ်င္းရိျခင္းရဲ႕ ျပစ္ဒဏ္နဲ႔ ၾကိဳးစားျခင္းရဲ႕ ဆုလာဘ္ ေတြ ကို ျမင္တတ္ပါေစ ၊ မေမွ်ာ္လင့္တဲ့အရာေတြ ၾကံဳဆံုလာရခဲ့ရင္လည္း ပူပင္၀မ္းနည္းမေနဘဲ အေႁခြအရံရွိျခင္း အေႁခြအရံမဲ့ျခင္း၊ သုချဖစ္ျခင္း ဒုကၡျဖစ္ျခင္း၊ ခ်ီးမြမ္းျခင္း ကဲ့ရဲ႕ျခင္း၊ လာဘ္ရွိျခင္း လာဘ္ပိတ္ျခင္း၊ ရာထူးတက္ျခင္း၊ ရာထူးက်ျခင္း ဆိုတဲ့ ေလာကဓံ တရားကို ေအာက္ေမ့ၿပီး ရွိပါေစေတာ့လို႔ သေဘာထားလိုက္ပါ ။

ေဖေဖ၂၀၀၄ ခုႏွစ္ ေအာက္တိုဘာ ၆ ရက္ ။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

ထိုင်းဘုရင့် သမီးတော် သီရိဒုံ ကို ရင်နင့်စေသော ခမည်းတော် ဘုရင်ကြီး ၏ ပေးစာ
ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက် နတ်ရွာစံ ပြီးတဲ့နောက် ဘုရင်ကြီး နဲ့ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ၊ စာတွေ လူမှုကွန်ရက်မှာ အတော်များများ ရောက်လာပါတယ်။အဲဒီထဲက laemgate ဆိုတဲ့ ဖေ့စ်ဘွတ်ခ် မျက်နှာမှာ တင်ထားတဲ့ ဘုရင်ကြီး မှ သမီးလတ် သီရိဒုံ ထံ လွန်ခဲ့တဲ့ ၁၂ နှစ်က ပေးပို့ခဲ့တဲ့ စာတစ်စောင် ဟာလည်း ရေပန်းစား လျက်ရှိပါတယ်။
အဲဒီစာဟာ အများပြည်သူ အတွက် အကျိုးရှိစေခြင်းငှာ မင်းသမီး ကိုယ်တိုင် ကောက်နုတ်ဖြန့်ဝေထားပြီး စာ ရဲ့အဆုံးမှာလည်း ဖတ်ပြီးတော့ ရင်ဆို့တယ်လို့ ဖော်ပြထားပါတယ်။စာပါအကြောင်းအရာကို မြန်မာ လို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။
ဖေဖေ့ သမီးဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း လိမ္မာခြင်း နဲ့ မိုက်မဲခြင်းမိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင်လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။
ကောင်းမွန်သောအရာကိုသာ နှစ်သက် မယ်။ဒါပေမယ့် ကိုယ်နှစ်သက်တဲ့အရာကို ရချင်မှရမယ်။အဲဒီ လင်းထိန်သော နေရာ သို့မဟုတ်ကောင်းမွန်သော နေရာ ကို ရောက်ဖို့ဆိုရင်နည်းလမ်းရှိပါတယ်။
အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်း ပါပဲ။ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှု ကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။သမီး ကို ဖေဖေ ဒီလို ပြောချင်တယ်။

၁။ အတိတ်မှာပဲ ဖြစ်စေ၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ သူတပါးကို ကိုယ်နဲ့ အတူတူ မွေးဖွား လာသူ၊ ကိုယ်နဲ့အတူတူအိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့အတူ သေမယ့်သူချည်းပဲလို့ သဘောထားပါ။
၂။ လောကကြီး  ကို အကောင်းမြင်ပါ။ အဲဒီထက်ပိုကောင်းအောင် မြင်ပါ။။ ပြဿနာ ကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရား နဲ့ ရှုမြင်ပါ
၃။ ထီးတည်းနေတတ်အောင် နေပါ။ ဆိုလိုတာက စိတ်ကို ရောင့်ရဲမှု နဲ့ အခြေခံတာ၊ ရှိသလောက်နဲ့ဲ ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်တာ၊ စွဲလမ်းမှုမရှိတာ၊ ရှိလည်း ကောင်းတယ်၊ မရှိရင်လည်း ရတယ်လို့ သဘောထားပါ၊ ကိုယ့်အခြေအနေနဲ့ကိုယ် တင်းတိမ်မှု ရှိပါ။
– လောဘကြီး လို့ နောက်ပိုင်းဒုက္ခရောက်သွားရတဲ့ ဖားပြုတ်လို မဖြစ်ရဘူး (တရံသော အခါ ဖားပြုပ် သားအမိက နွားတကောင်ကို တွေ့သတဲ့၊ ဖားပြုပ်လေးက ‘နွားကအကြီးကြီးပဲ မေမေလို့ ကြီးလိုက်တာ’လို့ ချီူကျူးလိုက်တော့ ဖားပြုပ် မကလည်း ငါလည်းကြီးအောင် လုပ်တတ်တယ် ဆိုပြီး သူ့ကိုယ်ကို ဖောင်းလိုက်တယ်၊ ဒီလောက်လား၊ ဒီလောက်လား ဆိုပြီး ထပ်ကာထပ်ကာ ဖောင်းလိုက်တော့ ဗိုက်ကွဲသွားတဲ့ ပုံပြင်ကို ဥပမာပေး)– အလုပ် ကို နိုင်သလောက်ပဲ လုပ်ပါ၊ မနိုင်တဲ့ဝန်ကို မထမ်းပါနဲ့။– မိမိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုးကိုသာ လုပ်ပါ။
၄။ စိတ် ကို တည်တံ့အောင်ထားပါ။ ပျင်းရိခြင်းရဲ့ ပြစ်ဒဏ်နဲ့ ကြိုးစားခြင်းရဲ့ ဆုလာဘ် တွေ ကို မြင်တတ်ပါစေ ၊ မမျှော်လင့်တဲ့အရာတွေ ကြုံဆုံလာရခဲ့ရင်လည်း ပူပင်ဝမ်းနည်းမနေဘဲ အခြွေအရံရှိခြင်း အခြွေအရံမဲ့ခြင်း၊ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ လာဘ်ရှိခြင်း လာဘ်ပိတ်ခြင်း၊ ရာထူးတက်ခြင်း၊ ရာထူးကျခြင်း ဆိုတဲ့ လောကဓံ တရားကို အောက်မေ့ပြီး ရှိပါစေတော့လို့ သဘောထားလိုက်ပါ ။ဖေဖေ၂၀၀၄ ခုနှစ် အောက်တိုဘာ ၆ ရက် ။

Credit : DVB