ZawGyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံမွ ဘဂၤါလီမြတ္စလင္ (မူရင္းတြင္ ႐ိုဟင္ဂ်ာ ဟု ေဖာ္ျပ) ၈၀၀,၀၀၀ ေက်ာ္အတြက္ ကမၻာ့အႀကီးဆံုး ဒုကၡသည္စခန္းႀကီးတစ္ခု တည္ေဆာက္ရန္ ဘဂၤလားေဒ့ရွ္အစိုးရ၏ စီမံကိန္းသည္ အႏၲရာယ္မ်ားသည္ဟု ကုလသမဂၢမွ ထိပ္တန္းအရာရွိတစ္ဦးက ေအာက္တိုဘာ ၇ ရက္တြင္ ေျပာၾကားခဲ့သည္။ ထိုစခန္းႀကီးထဲ၌ လူမ်ားျပည့္က်ပ္ညပ္လာမည္ ျဖစ္သည့္အတြက္ ကူးစက္ေရာဂါမ်ား လ်င္ျမန္စြာ ပ်ံ႕ႏွံ႔ႏိုင္ေသာေၾကာင့္ အႏၲရာယ္မ်ားသည္ဟု ေျပာျခင္းျဖစ္သည္။

ၾသဂုတ္ ၂၅ ရက္ေနာက္ပိုင္း ျမန္မာႏိုင္ငံဘက္မွ ေရာက္လာေသာ ၅၀၀,၀၀၀ ေက်ာ္ရွိသည့္ ဘဂၤါလီဒုကၡသည္မ်ားသည္ ယခင္ကတည္းက ဒုကၡသည္စခန္းမ်ားစြာထဲ ျပည့္ညပ္စြာ ရွိေနသည့္ ဘဂၤလားေဒ့ရွ္အတြက္ ႀကီးမားေသာ ၀န္ထုပ္၀န္ပိုးျဖစ္လာသည္။ထိုစဥ္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ဘဂၤလားေဒ့ရွ္အစိုးရသည္ ထိုဘဂၤါလီမ်ားအား ေနရာခ်ေပးရန္အတြက္ နယ္စပ္ၿမိဳ႕ ေကာ့ဘဇားအနီးရွိ ကူတူပေလာင္းဒုကၡသည္ စခန္းကို ထပ္မံတိုးခ်ဲ႕ရန္ စီစဥ္ခဲ့သည္။
သို႔ေသာ္ ဒါကာရွိ ကုလသမဂၢ၏ ေဒသခံ ညႇိႏႈိင္းေရးမွဴး ေရာဘတ္၀ပ္ကင္က ဘဂၤလားေဒ့ရွ္အေနႏွင့္ ယင္းအစီအစဥ္အစား ေနရာသစ္မ်ား ရွာေဖြကာ ဒုကၡသည္စခန္းမ်ား ထပ္မံတည္ေဆာက္သင့္သည္ဟု ေျပာၾကားခဲ့သည္။ “လူေတြအမ်ားႀကီးကို အရမ္းေသးငယ္တဲ့ ေနရာတစ္ခုထဲကို စုထည့္လိုက္မယ္ဆိုရင္ အထူးသျဖင့္ အဲဒီလူေတြဟာ ေရာဂါကူးစက္ခံရႏိုင္ေျခ အလြန္မ်ားတဲ့သူေတြဆိုရင္ ဒါဟာ အႏၲရာယ္မ်ားပါတယ္” ဟု ၀ပ္ကင္က ေျပာၾကားခဲ့သည္။ ထိုေနရာတြင္ ကူးစက္ေရာဂါမ်ား ျဖစ္ပြားပါကလည္း ယင္းေရာဂါမ်ားသည္ အလြန္လ်င္ျမန္စြာ ပ်ံ႕သြားလိမ့္မည္ ျဖစ္ၿပီး စခန္းအတြင္း မီးေဘးအႏၲရာယ္မ်ားလည္း ရွိေၾကာင္း ၎က အေလးေပးေျပာၾကားခဲ့သည္။

“စခန္းတစ္ခုတည္းကို စုျပံဳထားမယ့္အစား စခန္းေတြခြဲၿပီး ေနရာခ်ထားမယ္ဆိုရင္ လူေတြကို စီမံရတာ ပိုၿပီးလြယ္ကူမွာျဖစ္သလို က်န္းမာေရးနဲ႔ လံုျခံဳေရးပိုင္းကို ကိုင္တြယ္ရတာလည္း ပိုလြယ္ပါလိမ့္မယ္” ဟု ၎က ေျပာၾကားခဲ့သည္။

ဘဂၤလားေဒ့ရွ္အစိုးရ စီစဥ္ေနသည့္ ဒုကၡသည္စခန္းႀကီးသည္ ကမၻာ့အႀကီးဆံုးျဖစ္လာလိမ့္မည္ဟု ကုလသမဂၢ၏ေရႊ႕ေျပာင္း အေျခခ်မႈအျပည္ျပည္ဆိုင္ရာအဖြဲ႕ (IOM) က ဆိုသည္။ လက္ရွိအႀကီးဆံုး ဒုကၡသည္ စခန္းမ်ားမွာ ဒုကၡသည္ ၃၀၀,၀၀၀ စီရွိေသာ ယူဂႏၶာမွ ဘီဒီဘီဒီစခန္းႏွင့္ ကင္ညာမွ ဒါဒပ္ စခန္းတို႔ျဖစ္ၾကသည္။ ဘဂၤလားေဒ့ရွ္က ထို စခန္းႀကီးအတြက္ ေျမေနရာဧကသံုးေထာင္ လ်ာထားသည္။

writer: Ref: AFP

Credit:Eleven

Unicodeဖြင့်ဖတ်ရန်

 

မြန်မာနိုင်ငံမှ ဘင်္ဂါလီများအတွက် အလွန်ကြီးမားသော ဒုက္ခသည်စခန်းတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်၏ စီမံကိန်းသည် အန္တရာယ်များကြောင်း ကုလသမဂ္ဂ ပြောကြား

အောက်တိုဘာ ၇ ရက်က ကူတူပလောင်း ဒုက္ခသည်စခန်းတွင် ရိက္ခာအကူအညီရရှိရန် တိုကင်များအား ပြနေကြသည့် ဘင်္ဂါလီ ဒုက္ခသည်များ (Photo: AFP)
မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာ ဟု ဖော်ပြ) ၈၀၀,၀၀၀ ကျော်အတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးတစ်ခု တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စီမံကိန်းသည် အန္တရာယ်များသည်ဟု ကုလသမဂ္ဂမှ ထိပ်တန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထိုစခန်းကြီးထဲ၌ လူများပြည့်ကျပ်ညပ်လာမည် ဖြစ်သည့်အတွက် ကူးစက်ရောဂါများ လျင်မြန်စွာ ပျံ့နှံ့နိုင်သောကြောင့် အန္တရာယ်များသည်ဟု ပြောခြင်းဖြစ်သည်။

သြဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ ရောက်လာသော ၅၀၀,၀၀၀ ကျော်ရှိသည့် ဘင်္ဂါလီဒုက္ခသည်များသည် ယခင်ကတည်းက ဒုက္ခသည်စခန်းများစွာထဲ ပြည့်ညပ်စွာ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ထိုစဉ် ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ထိုဘင်္ဂါလီများအား နေရာချပေးရန်အတွက် နယ်စပ်မြို့ ကော့ဘဇားအနီးရှိ ကူတူပလောင်းဒုက္ခသည် စခန်းကို ထပ်မံတိုးချဲ့ရန် စီစဉ်ခဲ့သည်။
သို့သော် ဒါကာရှိ ကုလသမဂ္ဂ၏ ဒေသခံ ညှိနှိုင်းရေးမှူး ရောဘတ်ဝပ်ကင်က ဘင်္ဂလားဒေ့ရှ်အနေနှင့် ယင်းအစီအစဉ်အစား နေရာသစ်များ ရှာဖွေကာ ဒုက္ခသည်စခန်းများ ထပ်မံတည်ဆောက်သင့်သည်ဟု ပြောကြားခဲ့သည်။ “လူတွေအများကြီးကို အရမ်းသေးငယ်တဲ့ နေရာတစ်ခုထဲကို စုထည့်လိုက်မယ်ဆိုရင် အထူးသဖြင့် အဲဒီလူတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေ အလွန်များတဲ့သူတွေဆိုရင် ဒါဟာ အန္တရာယ်များပါတယ်” ဟု ဝပ်ကင်က ပြောကြားခဲ့သည်။ ထိုနေရာတွင် ကူးစက်ရောဂါများ ဖြစ်ပွားပါကလည်း ယင်းရောဂါများသည် အလွန်လျင်မြန်စွာ ပျံ့သွားလိမ့်မည် ဖြစ်ပြီး စခန်းအတွင်း မီးဘေးအန္တရာယ်များလည်း ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“စခန်းတစ်ခုတည်းကို စုပြုံထားမယ့်အစား စခန်းတွေခွဲပြီး နေရာချထားမယ်ဆိုရင် လူတွေကို စီမံရတာ ပိုပြီးလွယ်ကူမှာဖြစ်သလို ကျန်းမာရေးနဲ့ လုံခြုံရေးပိုင်းကို ကိုင်တွယ်ရတာလည်း ပိုလွယ်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေသည့် ဒုက္ခသည်စခန်းကြီးသည် ကမ္ဘာ့အကြီးဆုံးဖြစ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ရွှေ့ပြောင်း အခြေချမှုအပြည်ပြည်ဆိုင်ရာအဖွဲ့ (IOM) က ဆိုသည်။ လက်ရှိအကြီးဆုံး ဒုက္ခသည် စခန်းများမှာ ဒုက္ခသည် ၃၀၀,၀၀၀ စီရှိသော ယူဂန္ဓာမှ ဘီဒီဘီဒီစခန်းနှင့် ကင်ညာမှ ဒါဒပ် စခန်းတို့ဖြစ်ကြသည်။ ဘင်္ဂလားဒေ့ရှ်က ထို စခန်းကြီးအတွက် မြေနေရာဧကသုံးထောင် လျာထားသည်။

writer: Ref: AFP

Credit:Eleven